ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ယုံတမ်းစကား



ယုံတမ်းစကား

နှုတ်ဖျားဖွဖွ ၊ ညင်ရွရွသာ
ပြောပြပြန်လဲ၊ မချင့်မရဲနဲ့
မျက်ရွဲလုံးလည်၊ ရွန်းရွန်းကြည်မို့
သည်တစ်ကြိမ်ကြုံ၊ ခေါင်းညိတ်ယုံရ
ရင်ခုန်သံလို တေးဆိုတဲ့။

ရှောင်မလွတ်ဘူး ၊ခေါင်းကိုက်မူးပြီ
သူရူးဆိုက၊ ဆိုလေကြပါ
စိတ်မှရောက်ရာ ၊သွားချင်ပါငဲ့
မိုးမှာ မွေ့နန်း၊ သည်းတစ်ခြမ်းကြွေ
စိမ့်စမ်းချောင်းဖောက် ၊ မျက်ရည်ပေါက်ကြောင့်
စိတ်ကောင်ငြင်ငြို၊ တွေးငိုနဲ့။

သစ္စာအလှ၊ နက်မှောင်စွလေ
ကြည့်ကြရင်ဆိုင်၊ သူပါငိုင်မိ
မေးခိုင်မလှုပ်၊ ဟင့်. ကျောက်ရုပ်လို
ပုစ္ဆာမသိ၊ ဖြေမရှိလား
နာမ်မိတွေ့ဖက်၊ နှုတ်ခွန်းဆက်ထင့်
စိတ်သက်လှုပ်ရှား၊ ရင်ဖိုသွားပြီ
ကိုယ့်အား ချော့သိပ်၊ မျက်စိမှိတ်လို့
အိပ်ရေးတစ်ဝက် နှိုးခက်ရဲ့။

ထီလာစစ်သူ

အားလုံးကိုချစ်ခင်လေးစားလျှက်...

4 comments:

  1. ယုံတမ်းစကားတဲ့လား။ ပန်းကဗျာတစ်ယောက် ဘယ်သူ့ယုံတမ်းစကားတွေကို ယုံနေမိခဲ့လို့ ဒီကဗျာကို ရွေးတင်ပါလိမ့်နော်။းဝ)

    ReplyDelete
  2. ထီလာစစ်သူရဲ့ မဖတ်ဖူးသေးသော ကဗျာလေးကို လာဖတ်သွားပါတယ်နော်.... နားလည်အောင်တော့ တွေးနေဆဲပါပဲ... (ကျွန်တော်က ကဗျာတွေကို ခပ်မြန်မြန်နားမလည်တတ်လို့ပါ...)

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  3. ဒီဘက်ခေတ်မှာ ဒီလို အဖွဲ့အနွဲ့မျိုး ရှားပါးသွားပြီ။
    စကားလုံးတွေက ကျစ်လစ်လွန်းတော့ တစ်ကြောင်းချင်းစီကို ဘာသာပြန်ရတာတောင် ခက်သလိုပဲ..။

    ReplyDelete
  4. ခုခေတ်မှာ ယုံတမ်းစကားပြောသူတွေလည်း များနေပြီ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။