ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လောကနီတိ

  • အိမ်ယာထောင်ထား အကြင်ယောကျာ်းသည် ပျင်းရိမူမကောင်း။
  • ရဟန်းသည် ကိုယ်နှုတ်နှလုံးကို စောင့်ထိန်းခြင်းမရှိမူ မကောင်း။
  • မင်းအစိုးရသည် မဆင်မခြင် ပြုလေ့ရှိလျှင်မကောင်း။
  • ပညာရှိသည် အမျက်ထွက်တတ်မူမကောင်း။

  • A family man who is lazy is not good.
  • A monk who does not control thought, world and deed in unvirtuous.
  • An authority who acts wantonly is not good.
  • A sage, given anger is not good.
အကြင်အရပ်၌-
  • နောက်လိုက်မရှိ၊ ခေါင်းဆောင်ချည်းသာများအံ့။
  • နာခံသူမရှိ၊ ပညာရှိဆရာ လုပ်လိုသူချည်းသာများအံ့။
  • နှိမ့်ချသူမရှိ၊ အကြီးအမြတ် ဖြစ်လိုကြသူများသာဖြစ်အံ့။

-ထိုသူတို့ လုပ်သမျှ ကိစ္စအ၀၀ သည် ပျက်စီးရတတ်၏။

A place,

  • Where there are no followers but all are leaders.
  • Who want to act wise with no listener,
  • To be great with no one humble is bound to see the ruin of whatever is done.
မင်းအစိုးရမည်သည် -

  • တိုင်းပြည်၏ အခွန်အတုတ်ရမရ၊ မျိုးရိက္ခာ ပြည့်စုံခြင်းရှိမရှိ ကိုယ်တိုင်သိအောင် ပြုရာ၏.
  • အမှုထမ်းများ တာဝန်ကျေအောင် ထမ်းဆောင်ခြင်း ရှိမရှိကိုလည်း ကိုယ်တိုင်သိအောင်ပြုရာ၏။
  • နှိမ့်ချ အရေးယူထိုက်သူများကို နှိမ့်ချ အရေးယူ၍ ချီးမြှောက်စားထိုက်သူများကို ချီးမြှောက်စားရာ၏။

Government must be directly in the know-

  • If revenue is received or not and if seeds and food supplies are sufficient or not.
  • If those in service are dutiful or not.
  • If those on whom action must be taken is taken and those worthy of reward are reward.


အားလုံးကိုချစ်ခင်လေးစားလျှက်...

7 comments:

  1. လောကနီတိလေးတွေ မှတ်သားသွားပါတယ်။ အင်္ဂလိပ်ကို ကောင်းကောင်းမဖတ်တတ်လို့ မြန်မာစာဘဲ ရွေးပြီးဖတ်သွားပါတယ်။းဝ)

    များများတင်နိုင်ပါစေ။

    ReplyDelete
  2. လောကနီတိက တဖြည်းဖြည်း မျိုးဆက်သစ်တွေ မသိတော့ဘူး.. ဒီလို ပြန်ဖြန့်ပေးတာ အလွန်ကောင်းပါတယ်..


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  3. ဖတ်လို့လည်းကောင်း၊ ကျင့်ဖို့လည်း ခက်တဲ့ နီတိတွေပါလားနော်.

    ReplyDelete
  4. အောက်ဆုံးအချက်ကိုကျင့်နိုင်ရင်ပိုကောင်းမယ်နော်...

    ReplyDelete
  5. လောကနီတိလေးတွေက ပြန်လာဖတ်ရပါပြီ
    အခါအားတိုင်း လာဖတ်ရတာ အဆင်ပြေလို့ ကျေးဇူးတင်ပါတယ်

    ReplyDelete
  6. လောကနီတိလေးတွေကိုဖတ်ရတာ ကျွန်တော်အရမ်းနှစ်သက်ပါတယ်..။
    ဘယ်ဘလော့တွေကိုဘဲရောက်ရောက် ကျွန်တော်အရင်ဆုံးရှာ
    ဖတ်တာလောကနီတိလေးတွေပါ..ဒီဘလော့လေးတော့ကျွန်တော်
    ပိုပြီးနှစ်သက်ပါတယ်ခင်ဗျာ..လောကနီတိလေးတွေကို အင်္ဂလိပ် လိုပါလေ့
    လာခွင့်ရလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ..နှစ်သက်တာလေးတွေကိုကူး
    ယူသွားတဲ့စိတ်မဆိုးပါနဲ့ခင်ဗျာ...

    ReplyDelete
  7. Excellence! I am able to Express only this for i didn't know well how to type Myanmar Language here.....

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။