ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
Showing posts with label ဧရာဝတီစာကြည့်တိုက်အကြောင်း. Show all posts
Showing posts with label ဧရာဝတီစာကြည့်တိုက်အကြောင်း. Show all posts

ရွှေပါရမီယဉ်ကျေးမှုသင်တန်း









ဧရာဝတီစာကြည့်တိုက် ၀န်ထမ်းမိသားစုများက ကြီးမှူးဖွင့်လှစ်သည့် ရွှေပါရီ ယဉ်ကျေးမှုသင်တန်း အမှတ်စဉ်(၁) ကို ဧရာဝတီတိုင်း ၊ ပျဉ်းကတိုးကုန်း ကျေးရွာ၊ အ.မ.က (၂၁၁)တွင် (၂၆.၁၂.၂၀၁၀) မှ (၂၈.၁၂.၂၀၁၀) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပါတယ်. . . သင်တန်းမှူးဆရာတော် အဖြစ် ဘဒ္ဒန္တဣန္ဒောဘာသ -မဟာမြိုင်ကျောင်း၊ မငြိမ်းလှကုန်း၊ ပုသိမ်မြို့မှ ဦးစီးသင်ကြားခဲ့ပါတယ်. .



ဦးထုပ်များ ဝေပေးနေစဉ်

သင်တန်းတက်ရောက် သူများ အား စာအုပ်၊ခဲတံ၊ပေတံ ၊ သင်တန်းစာအုပ် များ နှင့် ဆောင်းတွင်းကာလတွင် ကလေးများ နွေးထွေးစေရန်အတွက် သိုးမွေး ဦးထုပ်များကိုလည်း ပေးဝေခဲ့ပါတယ်...အဲဒီအပြင်...နေ့စဉ် အာဟာရအလှူ လည်းရှိသလို၊ ဆေးကုမ္ပဏီ တစ်ခုက လည်း Decolgen ၊ Vicee နှင့် အခြားဆေးဝါးများကို လည်း ပေးဝေလှူဒါန်းခဲ့ပါတယ်. . . .သင်တန်းစတင်ဖွင့်လှစ်သည့် ပထမနေ့မှစ၍ မုန့်ဟင်းခါး၊ ဒုတိယနေ့တွင် ကြာဇံကြော်၊ တတိယနေ့တွင် သာကူ စသည့် အာဟာရများကို ကျွေးမွေးလှူဒါန်းခဲ့ ပါသည်. .

အာဟာရကျွေးမွေးနေစဉ်



ရွှေပါရမီယဉ်ကျေးမှုသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကတော့ . . . .

၁။ လူငယ်များ၏ သန္တာန်မှာ မှန်ကန်သော အသိဥာဏ်များ တိုးတက်ဖွံ့ဖြိုးလာစေရန်။

၂။ ယင်းအသိဥာဏ်ဖြင့် မိမိဆောင်ရွက်ချက်များအပေါ်တွင် အမှားအမှန်ကို ခွဲခြားဝေဖန်တတ်ပြီး အတ္တလွန်ကဲ သော လုပ်ရပ်များကို ရှောင်ကြဉ်ရန်။

၃။ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်လိုသော စိတ်ကောင်း၊ စိတ်မြတ်များ ဖြစ်ပေါ်လာစေရန်။

၎။ ထူးခြားသော မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းများကို တန်ဖိုးထားတတ်ပြီး ယင်းမြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းများ မြန်မာ့ လူငယ်လောကထဲ၌ ပြန်လည်ရှင်သန်လာစေရန်။

၅။ မိဘ၊ဆွေမျိုးစသော ပတ်ဝန်းကျင် လူသားများနှင့် ယဉ်ကျေးစွာ ဆက်ဆံတတ်ပြီး ကျစ်လျစ်ခိုင်မာလျက် ငြိမ်းချမ်းသာယာသော မြန်မာ့လူ့ဘောင်အဖြစ် တည်ဆောင်နိုင်ရန်။

၇။ ဆင်းရဲအားလုံးချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရင် အခြေခံလမ်းစရရှိရန်။

စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်. . . .

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

စာကြည်တိုက်တစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အခြေခံလိုအပ်သော(B)ငါးလုံး

၁။ Budget - ရန်ပုံငွေ ငွေကြေးရှိရမည်။

၂။ Building- အဆောက်အဦးရှိရမည်၊ကောင်းရမည်၊ နေရာကောင်းရမည်။

၃။ Books - စာအုပ်များ ရှိရမည်၊ရှိသင့်သောစာအုပ်များရှိရမည်။

၎။ Brain - ၀န်တမ်း များနားလည်တတ် ကျွမ်းရမည်။

၅။ Borrower - စာအုပ်ဌားသူ၊ စာဖတ်သူပြည်သူ လူထုက စည်းကမ်းစံနစ်တကျ အားပေးရမည်၊ ထိန်းသိမ်းကူညီရမည်။

ဧရာဝတီစာကြည့်တိုက်သမိုင်းမှတ်တမ်း

ဧရာဝတီစာကြည့်တိုက်သည်ပုသိမ်မြို့၏ မြို့တော်ဂုဏ်ဆောင် ဝိသေသထူးတစ်ခု ဖြစ်ပါသည်။ စာကြည့်တိုက်၏တည်နေရာမှာ ပုသိမ်မြို့မြို့လယ်တွင် အလွန်အချက် အခြာကျ၍ လမ်းပန်းဆက်သွယ်ရေးအရ သွားလာရန်လွယ်ကူသော ကမ်းနားလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ပုသိမ်-ရန်ကုန်သင်္ဘောဆိပ် မေတ္တာဦး တံတားအနီးတွင် ပုသိမ်မြစ်(ငဝန်မြစ်)ကိုမျက်နှာမူ၍ တည်ဆောက်ထားသည့် မြို့တော်ခန်းမ အဆောက် အအုံအတွင်း၌လှပသေသပ်စွာ ဖွဲ့စည်းတည်ဆောက်ထားပါသည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးးရေးကောင်စီ ဥက္ကဌ၊တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မြန်မာနိုင်ငံတော်အတွင်းလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုအတွက် နည်းပေးလမ်းပြ သြဝါဒများမြွက်ကြားခဲ့ရာတွင် နိုင်ငံတော် အတွင်းတိုင်းနှင့် ပြည်နယ်အလိုက်စာကြည့်တိုက်များ ပေါ်ပေါက်လာစေရေး အတွက် အောက်ပါအတိုင်း လမ်းညွှန်မှုပြုခဲ့ပါသည်-

(၁) ပြည်နယ်/တိုင်းမြို့ကြီးများတွင် အဆင့်မီသောပြည်နယ်/တိုင်းစာကြည့်တိုက်များ ဖွင့်လှစ်ထူထောင်ရန်။

(၂) အဆိုပါစာကြည့်တိုက်များသည် ပြည်သူတို့အတွက်ဗဟုသုတ ဖြန့်ဖြူးးရာဌာနေ ဖြစ်သည်အပြင် အများပြည်သူစိတ်အေးချမ်းမြေ့စွာ စာပေဖတ်ရှုလေ့လာရင်း အပန်းဖြေနားနေစရာအဖြစ် ဖွဲ့စည်းစီမံဆောင်ရွက်ရန်။

(၃) စာကြည့်တိုက်များ၏ပတ်ဝန်းကျင်တွင် အရိပ်အာဝါသကောင်းရရှိစေမည့် သစ်ပင်များ၊ ပန်းအလှပင်များ၊ ရေပန်း၊ ရေကန်၊ စင်္ကြန်လျောက်လမ်း စသည်တို့ဖြင့် ဝေဆာအောင်စနစ်တကျ အကွက်ချ တည်ဆောက်ရန်။

(၄) စာကြည့်တိုက်အဆောက်အအုံ များကိုလည်း သဘာဝအလင်းရောင်၊လေကောင်း လေသန့် နှင့် အအေးဓါတ်ရရှိစေရန်အတွက် ထူထူထဲထဲ ဆောက်လုပ်သွားရန်။

(၅) စာကြည့်တိုက်များတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ဗဟုသုတ ပညာစာအုပ်များ ပြည့်ပြည့်စုံစုံထားရှိရန်။

(၆) စာကြည့်တိုက်များတွင် လိုအပ်ချက်ပေါ်မူတည်၍ ကွန်ပျူတာများ ထားရှိရန် နှင့်ကွန်ပျူတာကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုနိုင်ရန်သင်တန်းများပို့ချသင် ကြားပေးရန်။

(၇) ကလေးစာဖတ်ခန်းဖွဲ့စည်းထားရှိပြီး၊ ကလေးများအတွက်ပျော်ရွှင်မှုလည်းဖြစ်၊ ဥာဏ်ရည်လည်း တိုးတက်ဖွံ့ဖြိုးလာစေမည့် ကွန်ပျူတာအသုံးပြု ကစားနည်း များစီစဉ်ထားရှိပေးရန်။

ဤတွင်နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ၊ဧရာဝတီတိုင်း အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် သူရရွှေမန်းမှ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းအကြံဥာဏ်ရယူ၍၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင်ခေတ်မီပြီးအဆင့်မီသောဧရာဝတီစာကြည့်တိုက်ကို ဧရာဝတီတိုင်း၏ ဂုဏ်ဆောငမြို့တော်ခန်းကြီးတွင်ဖွင့်လှစ်ရန် စတင်အကောင်အထည်ဖော်ခဲ့ပါသည်။

ဧရာဝတီစာကြည့်တိုက်အား၊ ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းပြီးနောက် စာကြည့်တိုက်၏ နေ့စဉ်လုပ်ငန်း ဆောင်တာများအား ပုံမှန်လည်ပတ်နိုင်ရေးအတွက် ဝန်ထမ်း(၈)ဦးအား စိစစ်ရွေးချယ်ပြီး၊ ကိုယ်စီတာဝန်များဖြင့် ခန့်အပ်ခဲ့ပါသည်။ ပုသိမ်မြို့၊မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ဧရာဝတီစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနား တွင်၊ ဧရာဝတီစာကြည့်တိုက်၏ ရှေ့တွင်ခန့်ငြားစွာ စိုက်ထူထားသည့် ကြေးပြားတွင် ရေးထွင်းထားသော ကမ္ပည်း ကျောက်စာ တိုင်မှတ်တမ်းကို ၂ဝဝ၁ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့ (၁၃း၄၅) ချိန်တွင် စက်ခ လုတ်ဖွင့်၍ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင၊် ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သူရရွှေမန်းက ဧရာဝတီစာကြည့်တိုက် တည်ထောင်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခဲ့ပါသည်။တိုင်းမှူးသည် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ တိုင်းအဆင့်မှီ စာကြည့်တိုက်ကြီးထူ ထောင်ဖွင့်လှစ်ရန် လမ်းညွှန်ချက်ကိုဦးထိပ်ပန်ဆင်၍ တိုင်းအဆင့်မှီ စာကြည့်တိုက်ကြီး အဖြစ် ရက်ပေါင်း (၄ဝ)အတွင်း အကောင်အထည်ဖေါ် တည်ဆောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

ဧရာဝတီစာကြည့်တိုက်ကို အဆင့်မြင့်သော အီလက်ထရွန်းနစ် စာကြည့်တိုက် (e-library)အဖြစ် တည်ထောင် ထားပါသည်။ လူကြီးများအတွက် ကွန်ပျူတာ(၁ဝ)လုံး၊ ကလေးများအတွက် ကွန်ပျူတာ(၅)လုံး၊ ရုံးသုံး(၁)လုံး စုစုပေါင်း ကွန်ပျူတာ(၁၆)လုံး တပ်ဆင်ထားပါသည်။ ကလေးများ အတွက် အလွယ်တကူ လေ့လာသင်ကြားနိုင်သော စီဒီများ၊ အခြေခံ/အဆင့်မြင့် ကျောင်းသား/သူများ အတွက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓါတုဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ နက္ခတ္တ၊ ဘာသာစုံလေ့လာ သင်ကြားနိုင်သော (educational CD များ)၊ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ၊ သုတေသီ များအတွက် အထွေထွေ ဗဟုသုတ မှီငြမ်းကိုးကားနိုင်သော စွယ်စုံကျမ်းများ၊ပြတိုက်များ၊ ဂန္ဓဝင်စာအုပ် များ၊ မြေပုံများပါသည့်(reference CD များ)၊ ကုန်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီပိုင်ရှင်နှင့် ဝန်ထမ်းများမှီငြမ်းနိုင်သော နိုင်ငံတကာ စီးပွားရေး၊ဆက်ဆံရေးနည်းလမ်း များ၊ နည်းဥပဒေသ များ၊ စာပေးစာယူရေးသားနိုင်သော (Business CD များ)၊ ဆေးပညာ ဘာသာရပ်ဆိုင်ရာရောဂါများ၊ ကုထုံးများ၊ ဆေးဝါးများအကြောင်း ပါဝင်သည့်(Medical CD များ)၊ အင်ဂျင်နီယာ၊ အီလက်ထရောနစ်၊ သိပ္ပံနှင့်နည်းပညာ ဘာသာရပ်ဆိုင်ရာ နည်းပညာ များအလိုက် ကိုယ်တိုင် အလွယ်တကူ လေ့လာနိုင်သော သင်ခန်းစာများပါဝင်သည့်(Tutorial CD များ)၊ လုပ်ငန်းခွင်သုံး (Software CD) များပါဝင်သည့် (Installation CD များ)၊ ဝါသနာအလိုက် အိမ်အလှပြင်ခြင်း၊ ဥယျာဉ်စိုက်ပျိုးပြုစုခြင်း၊ ကားပြင်ခြင်း၊ ဂစ်တာ/စန္ဒယား တီးနည်း၊ ချက်ပြုတ်နည်း၊ အင်္ကျီဒီဇိုင်းများ ပါဝင်သည့်(Hobby CD များ)၊ တေးသီချင်း (Music(karaoke CD))များ၊ ဥာဏ်ရည်ဥာဏ်သွေး ဖွံ့ဖြိုးတိုး တက်လာစေ မည့် (Sport & Game CD များ)၊ စုစုပေါင်း CD (၈ဝဝ)ကျော် ဝယ်ယူစုဆောင်း ထားရှိပါ သည်။ ထပ်မံ၍လည်း CD များဝယ်ယူဖြည့်ဆည်း လျှက်ရှိနေပါသည်။ နောင်တွင် စာကြည့်တိုက်၌ Computer Application Course သင်တန်းများလည်း ပို့ချလျှက်ရှိပါသည်။ ဧရာဝတီစာကြည့်တိုက်သို့ အသင်းဝင်လို သူများ သည် တစ်ယောက်လျှင် နှစ်စဉ်ကြေး (၁၂ဝဝိ/-)နှုနှ်း၊ ( e-library) အသင်းဝင်လို သူ များသည် လစဉ်ကြေး (၁ဝဝဝိ/-) နှုန်း Internet ကြည့်ရှုလိုသူများသည် (၁နာရီလျှင် ၆ဝဝိ/-) နှုန်း ပေးသွင်းရမည် ဖြစ်ပြီး၊ နေ့စဉ် (တနင်္လာနေ့မှအပ) နံနက်(၁ဝ)နာရီမှ ည(၆)နာရီအထိ စာကြည့်တိုက်ဖွင့်လှစ်ထားချိန် အတွင်း စာအုပ်ငှား ရမ်းခြင်း၊ ဖတ်ရှုလေ့လာခြင်း၊ Computer များအားအသုံးပြု၍ CD များဖတ်ခြင်း၊ CD များ အသုံးပြုလေ့လာနိုင်ပါသည်။

စာကြည့်တိုက်ဖွင့်လှစ်ပြီးနောက် စိတ်ဝင်စားသူအသင်းသားများ နေ့စဉ် တိုးပွားလာရာ ယခုအခါ စာကြည့်တိုက်အသင်းဝင်(၃၃ဝဝ) ကျော်ခန့်နှင့် (e-library) အသင်းဝင်သူ (၁၇၅ဝ) ကျော်ရှိပါသည်။ ဆက်လက်၍ ဌာနဆိုင်ရာများ၊ ကျောင်းသူ/ကျောင်းသားများနှင့် စာပေ ဝါသနာရှင် လုပ်သားပြည်သူများနှင့် နယ်မြို့များ မှအသင်းဝင်လိုသူများ အလွယ်တကူ အသင်းဝင်ရောက်နိုင်ရေးအတွက် စီမံဆောင်ရွက် ပေးထားပါသည်။ နေ့စဉ်နှင့်အမျှ စာကြည့်တိုက်အသင်းဝင်သစ်များ တဖွဲဖွဲဝင်ရောက် လျှက်ရှိပြီး၊ စာဖတ်သူ၊ စာကြည့်သူ ၊ စာအုပ်ငှားသူများနှင့် စည်ကားလျှက်ရှိနေပါသည်။

ဧရာဝတီစာကြည့်တိုက် လှုပ်ရှားမှုများ










"ဧရာဝတီစာကြည့်တိုက်နှင့် ပတ်သက်ပြီး ဝေဖန် အကြံပြုစာများကို

နွေးထွေးစွာ ကြိုဆိုလျှက်"


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။