ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အကျင့်သီလ (၂)



မင်းကြီး ဟာ တွေတွေဝေေ၀ ဖြစ်သွားတယ် . . ရင်ထဲမှာလည်း ၀မ်းနည်းနေတယ်. . . အဲသည်အချိန်မှာ နောက်ထပ် ကိုယ်ပွား ပေါ်လာပြန်တယ်. .


"သင်ဘယ်သူလည်း . . "

"ကျွန်ုပ်ကို ဓမ္မဟု သိရှိပါ. . သီလရှိရာတွင် ကျွန်ုပ်နေနိုင်တယ်. . . သီလကိုယူသွားသော ပုဏ္ဏား နောက်သို့ ကျွန်ုပ်လိုက်ရပါတော့မယ်. . . "

"အို. . . ဓမ္မရယ်. . "

တစ်ဖန်မကြာခင်မျာပဲ ပြဟလားဒ်မင်းရဲက ခန္ဓာကိုယ် အတွင်းက အလျှံ တပြောင်ပြောင် တောက်လောင်တဲ့ တတိယ ကိုယ်ပွား တစ်ခု ထွက်လာတယ်. .

"အို . . .သင်ကရော. . . ဘယ်သူလဲ. . . . "

"ကျွန်ုပ်က သစ္စာလို့လဲ ခေါ်တယ်. . . အမှန်တရားလို့လည်းခေါ်ကြပါတယ်. . . ဓမ္မတည်ရာမှာသာနေပါတယ်. . . "

"သင် က ဓမ္မနောက်ကို လိုက်မှာပေါ. . . . "

"ဟုတ်ကဲ့ပါအရှင်. . . . "

တစ်ဖန် စတုတ္ထမြောက် ကိုယ်ပွား တစ်ခု ပေါ်လာပြန်ရော. . . ဘုရင်ကြီးမမေးခင်မှာ သူက ဖြေတယ်. .

"ငါကား စာရိတ္တဖြစ်တယ်. . . "

"သင်ကော ဘယ်သို့သွားမည်လဲ. . . "

"ငါက သစ္စာ အမှန်တရားနောက် ကိုလိုက်မယ်. . . . "

ပဉ္စမကိုယ်ပွား ပေါ်ပေါက်လာချိန်မှာ ပြင်းထန်တဲ့ အသံကြီး ပေါ်လာတယ်. .

"ငါသည်ကား ဗလခေါ် အင်အားပဲ၊ သင်နှင့် ငါမနေ စာရိတ္တနောက်သို့ ငါလိုက်သွားမယ်. . . "

အဲသည်လို သီလ၊ ဓမ္မ၊ သစ္စာ ( အမှန်တရား ) ၊ စာရိတ္တ၊ ဗလ တို့ ထွက်သွားပြီးချိန်မှာ ကိုယ်ရောင် ကိုယ်ဝါ အသွင် ထွန်းလင်းတောက်ပလျက် ကောင်းခြင်း မင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံတဲ့ နတ်ဒေ၀ီတစ်ပါးဟာ မင်းကြီးရဲက ကိုယ်တွင်းက ထွက်ပေါ်လာပြန်တယ်. .

"ကျွန်ုပ်သည်. . ရှရီ (လက်ချမီး ) နတ်သမီးဖြစ်တယ်. . ကျွန်ုပ်သည် သင့်ရဲ့ ကျက်သရေနဲ့ ချမ်းသာ သုခ အဖြာ ဖြာကို တိုးပွားစေခဲ့တယ်. . နှစ်ပေါင်းများစွာ သင့်ထံမှ တည်နေခဲ့သော်လည်း ယနေ့တော့ သင့်ကို ငါ စွန့်ခွာရတော့မယ်. . .သီလ၊ ဓမ္မ၊ သစ္စာ ( အမှန်တရား ) ၊ စာရိတ္တ၊ ဗလ တို့ရှိရာ. ငါလိုက်ပါရမှာ အမှန်ဖြစ်တယ်. . အဲဒီငါးဦး ငါးမျိုးထံမှာ သာ ကျွနု်ပ် တည်တယ်. . ."

"အိုဒေ၀ီမြတ် ခေတ္တနေပါဦး၊ ကျွန်ုပ်မှာ ဘယ်လိုမှားယွင်းမှုပြုခဲ့ပါပြီလဲ ပြောပြပါ. . . ကျွန်ုပ်ထံလာသော ပုဏ္ဏား က ဘယ်သူလဲ . . "

"အသင်မင်းကြီး၊ ပုဏ္ဏားငယ်ကား နတ်ဒေ၀တို့ရဲ့ အရှင်သခင် အရှင် အိန္ဒရာ သိကြားမင်းဖြစ်ပါတယ်. . . သင့်ရဲ့ ဘုန်းတန်ခိုးလျော့သွားအောင်. . နတ်ဘုံကို မသိမ်းသွင်း မတိုက်ခိုက်နိုင်အောင် သိကြားမင်း ဟာ သင့်ထံမှာ သီလကို တောင်းခံသွားခြင်းဖြစ်ပါတယ်. . . . . အို ပြလဟား . . ဒီလောကမှာ ကြီးကြယ် မြင့်မြတ်တဲ့ အကျိုးတရားတွေ ဖြစ်ထွန်းစေနိုင်တဲ့ အရာတွေဟာ ဤတရားတွေပဲ . . အဲဒီတရားတွေကို အခြေပြုတာ ရိုးသားခြင်း အကျင့်သီလပဲ. . . ."

မင်းကြီး ဟာ နောင်တကြီးစွာ ရတယ်. . လူ့ဘ၀မျာ ရိုးသားသော အကျင့်သီလ ရှိတဲ့ သူတွေမှာသာ မြဲတဲ့ ချမ်းသာ သုခ ဖြစ်လေ့ရှိပါတယ်. . . သီလနဲ့ ကင်းကွာ တဲ့ ချမ်းသာ သုခဟာ မတည်မြဲပဲ ပျောက်ကွယ် သွားတတ်ပါတယ်. . .

လောကကြီးမှာ မိမိကိုယ်ကို ထိန်းသိမ်းမှု အကျင့်သီလဟာ တန်ခိုးနဲ့ တန်ဖိုးအကြီးဆုံးပါပဲ. .
သူပျက်ရင် အရာ အားလုံးပျက်တာမို့ မိမိကိုယ်မိမိ ထိန်းသိမ်းမှု အကျင့်သီလကို နည်းနည်းလေးမှ မပျက်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်. .

လူဆိုတာ ခန္ဓာကိုယ်ကို ရေမိုးနဲ့ သန့်စင်နိုင်ပါတယ်. . ရိုးသားခြင်းနဲ့ စိတ်ဓာတ်အား မှန်ကန်ခြင်းကိုတော့ သစ္စာတရားနဲ့ သာ သန့်စင်နိုင်ပါတယ်. .


ထူးအောင်မြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

6 comments:

  1. မှတ်သားဖွယ်ရာ စကားလေးနဲ့ ပုံပမာလေးပါပဲ။
    ကောင်းလိုက်တာ....

    ReplyDelete
  2. မြန်မြန်လာဖတ်တယ်... လှူဆိုး..အပိုင်း ၂ ပိုင်းခွဲပြီး လည်ပင်းရှည်အောင်လုပ်တယ်.. .:D


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  3. အော်.. အကျင့်သီလ အကျင့်သီလ. လူတစ်ယောက်မှာ အကျင့်သီလ မရှိတော့ရင်.. ဘာမှ ကို မရှိတော့သလိုပဲနော်...
    ကောင်းပါတယ်ဗျာ.. ပုံပြင်လေးက တကယ် မှတ်သားလောက်စရာပါ။
    ကျေးဇူး တင်ပါတယ်.

    ReplyDelete
  4. ခုမှ ဖတ်ဖြစ်ပေမယ့် တန်ဖိုးရှိတဲ့ စာစုလေး မို့လို့ ဖတ်လို့ သိပ်ကောင်းပါတယ်။ ကောင်းသော အကျင့်သီလကို ထိန်းသိမ်းနိင်ဖို့ အရေးကြီးကြောင်း ပါ ဆင်ခြင်မိပါတယ်။

    ReplyDelete
  5. တန်ဖိုးရှိတဲ့ပို့စ်ကောင်းလေးတစ်ပုဒ်ပါဘဲ။
    ပျော်ရွင်ချမ်းမြေ့ကြပါစေ။
    ခင်မင်လျှက်
    တောသားလေး

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။