ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
Showing posts with label Birthday Celebration. Show all posts
Showing posts with label Birthday Celebration. Show all posts

မွေးနေ့အလှူ

ပုသိမ်မြို့ ဘိုးဘွားရိပ်သာ

အသက် (၈၄) နှစ် အဘိုးနှင့် အသက် (၉၅) နှစ် အဘွားက မွေးနေ့ဆုတောင်းပေးပုံ







ယနေ့ မေလ ၁၆ရက်နေ့ က ကျွန်မ မေ16 ရဲ့ မွေးနေ့ဖြစ်ပါတယ်. . . . ကျွန်မမွေးနေ့မှာ ပုသိမ်မြို့ စက်တော်ရာ ဘုရား အနီးမှာရှိတဲ့ ဘိုးဘွားရိပ်သာမှာ မနက်စာ ကို ဒီနေ့မနက် (၆) နာရီ မှာ သွားရောက်လှူဒါန်းခဲ့ပါတယ်. . . .

ပုသိမ်မြို့ ဘိုးဘွားရိပ်သာမှာ စုစုပေါင်း အဘိုး၊ အဘွား (၃၇) ယောက်ရှိပါတယ်. . . အသက်အရွယ်အားဖြင့် ၇၀ ကျော် ကနေ အသက် (၉၅) နှစ်ထိရှိတဲ့ အဘိုးအဘွားများကို တွေ့ခဲ့ရပါတယ်. . . အဲဒီထဲက (၂၅) ယောက်ကတော့ ကောင်းကောင်းမွန်မွန် သွားလာ လှုပ်ရှားနိုင်ပြီး ကျန် တဲ့ ဘိုး၊ဘွား (၁၁) ယောက်ကတော့ သူတို့ နေရာမှာ ကိုသွားပြီး စားစရာများကို ယူသွားပေးရပါတယ်. . . . .. သူတို့ တွေက လှုပ်ရှားမှု အများကြီး မလုပ်နိုင်တော့လို့ပါ.

မနက်စာအနေနဲ့ အဘိုးအဘွားများကို မုန့်ဟင်းခါး ၊လက်ဖက်ရည်၊ ကော်ဖီ၊ အီကြာကွေး၊ ပလာတာ ၊ဘဲသားမုန့် စသည်တို့ အပြင် မိမိတို့ လှူဒါန်းလိုသည့် မုန့်များကိုလည်း လှူဒါန်းနိုင်ပါတယ်.. . .အဘိုးအဘွားများကို မနက်စာ အပြင် နေ့လည်စာ၊ ညနေစာ တို့ကို လည်း လှူဒါန်းနိုင်ပါတယ်...

ကျွန်ကတော့ ဒီနေ့ မနက်စာကို ကော်ဖီ၊ အီကြာကွေးနဲ့ ဘဲသားမုန့် များကို ကျွေးမွေးလှူဒါန်းခဲ့ပါတယ်. . . ထို့အပြင် အဘိုးအဘွားများ နှစ်သက်သည့် အချိန်စားနိုင်ရန် ခေါက်ဆွဲခြောက်ထုပ်များကို လည်း လှူဒါန်းခဲ့ပါတယ်. . .

ကျွန်မတို့တစ်တွေလည်း တစ်နေ့မှာ အသက်အရွယ်အိုမင်းလာကြမှာပါ. . . ထို့ကြောင့် အဘိုးအဘွားများကို ကိုယ့်ရဲ့ ဆွေမျိုးသားချင်းများ လို ကိုယ်တတ်နိုင်တဲ့ဘက် မှ ပြုစုစာင့်ရှောက်ခြင်းအား ဖြင့်လည်း ကုသိုလ်များကို ရယူနိုင်ပါတယ် . . . . . .

ဒီနေ့မှာ ကျရောက်တဲ့ ကျွန်မမွေးနေ့ အလှူကို စာဖတ်သူ ညီအကို မောင်နှမများကို ကုသိုလ် အမျှ ပေးဝေ လိုပါသောကြောင့် ဒီပို့စ်လေးကို မွေးနေ့ အမှတ်တရ အနေနဲ့ရေးသားဖော်ပြလိုက်ရပါတယ်ရှင်.

အားလုံးကိုချစ်ခင်လေးစားလျှက်...

may16 ရဲ့မွေးနေ့ပွဲ

Happy Birthday May16 !!
Birthday Flower လေးလည်း အရင်ပေးပြီး မွေးနေ့ရှင်ကို အနမ်း ၁၀၀၀ နဲ့နှုတ်ဆက်လိုက်ပါတယ်.. မင်္ဂလာပါ may16

ဒီနေ့ကတော့ ညီမ may16ရဲ့ မွေးနေ့ပါ.
ညီမငယ်may16ရဲ့မွေးနေ့အထိမ်းအမှတ်အတွက်
( ကိုယ်တိုင်ချက်ပြုတ်ထားတာတော့မဟုတ်ပါ ) ညီအကိုမောင်နှမအားလုံးကို အစားအသောက်တွေနဲ့ဧည့်ခံပါတယ်ရှင် ပျော်ပျော်ရွှင်ရွှင်နဲ့စားသွားကြပါနော်

အင်္ကျီလေးရယ် ၊နာရီလေးရယ်၊ ပိုက်ဆံအိပ်ရယ်၊နေကာမျက်မှန်ရယ်. ဒီမွေးနေ့လက်ဆောင်တွေက ကျွန်မ၀ယ်လာခဲ့တာပါ..

မွေးနေ့ကိတ်ကို လည်း သူ့အတွက် Order မှာထားတာပါ

ဒီကိတ်ကို သူကိုယ်တိုင်ခွဲပြီးကျွေးမှာပေါ. အားလုံး ကို အဝေတည့်အောင်ကျွေးမှာပါ မလုနဲ့နော် :P

မွေးနေ့ပွဲလာတဲ့လူတွေရောက်ရောက်ချင်း အမောပြေအောင် အအေးနဲ့ အသီးလေးတွေ
အရင်သုံးဆောင်ပါနော်..

သူငယ်ချင်း အမျိုးသားတွေအတွက်တော့ အရက်နဲ့ဘီယာ ကြိုက်တာသောက်နော်.
အမြည်းကတော့ အာလူးကြော်နဲ့ဆာတေး၊ပုဇွန်ကြော်၊ ကြက်ကြော်၊ထမင်းလိပ်
သီးစုံကြော်နဲ့ ဟော့ပေါ့တွေကို စီစဉ်ထားတယ်..
ကြိုက်သလိုစားပါနော်...


အချိုပွဲတွေလည်းစားအုံးနော် ကျွန်မကြိုက်တာတွေပဲစီစဉ်ထားတယ် (တော်၂ကောင်းတယ်နော်)
ဒူးရင်းသီး၊ချောကလက်၊ ဟမ်ဘာဂါ၊ရေခဲမုန့်

ကျောက်ကျော၊ လက်ဖက် ကိတ်မုန့် ၊နာနာတ်သီးတွေလည်း အားပေးပါအုံးနော်..


ရေခဲမုန့်လည်း အချိုတည်းပါအုံး

ကော်ဖီအေးလေးလဲသောက်ပါ

အသီးနဲ့အစားပိတ် အအေးလေးကိုလည်း အားပေးပါအုံး


မေ၁၆ မွေးနေ့မှာ ပျော်ရွှင်ကြည်နူးမှုအပေါင်းနဲ့ပြည့်စုံပြီးတော့
လိုရာဆန္ဒတွေအားလုံး ပြည့်ဝပါစေလို့ဆုတောင်းပါတယ်ရှင်.

ပန်းကဗျာ


အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

မပန်းကဗျာအတွက်.....မွေးနေ့ပွဲလေး

ကျွန်မ မေ၁၆ ၏....
အရမ်းအရမ်းကို... ချစ်ရပါသော အစ်မ ပန်းကဗျာ၏ (၂.၃.၂၀၀၉) တွင်ကျရောက်သော မွေးနေ့လေးပါ။
မမရေ.... ဘ၀နှင့် ဆန္ဒ ထပ်တူကျပါစေ၊ မေတ္တာချစ်ခြင်းကံကောင်းခြင်းတွေလဲ ရရှိပါစေနော်...။


Send this eCard !

မမအတွက်မွေးနေ့လက်ဆောင်လေးပါ။ မမအကြိုက်နဲ့ထပ်တူဖြစ်ပါစေ။
မမပဲများဖို့နာရီလေးပါ။

မမဖို့ညီမလေးအကြိုက်လက်စွပ်။


မမပဲများဖို့ လက်ကိုင်အိတ်။


မမပဲများဖို့ ဖိနပ်လေး။
မမလည်ဆွဲလေးနော်။


လက်ဆောင်တွေတော့ပေးလို့ပြီးပြီနော်။

မွေးနေ့ကိတ်ပေးရဦးမယ်။



မမရေ မွေးနေ့ပွဲလာတဲ့ မောင်နှမတွေကိုလည်း ညီမ ဧည့်ခံလိုက်ဦးမယ်နော်။ ဘာစားချင်လဲ မသိဘူး ကောင်းနိုးရာရာလေးတွေတော့အကုန်လုပ်ထားတယ်။ လက်ဆောင်ပေးပြီး ဒီတိုင်းတော့ မပြန်ကြနဲ့နော် တစ်ခု ခုတော့ စားသွားပါ...ရှင်။










အားလုံးပဲ ပျော်ရွှင်ကြပါစေ။ မမလဲ အထူးပျော်ရွင်ပါစေနော်။

ကဲ .....မေ၁၆ ကတော့ ပန်းကဗျာအိမ်သွားပြီး ၀ါးတီးလိုက်ဦးမယ်။

ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။