ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လူ့တိရစ္ဆာန်

လူ့အဖြစ်ကို ရပြီးမှ
တိရစ္ဆာန်အကျင့်ကို ကျင့်နေသူကို
လူ့တိရစ္ဆာန် လို့ခေါ်ပါတယ်...

တချို့လူတွေဟာ
အတ္တသိပ်ကြီးကြတယ်..
တစ်ကိုယ်ကောင်း သိပ်ဆန်တယ်
မြေခွေးလို ကောက်ကျစ်တယ်

ကိုယ့်တစ်ဦးတည်း ကောင်းစားရေးကို
ကြည့်ပြီး လုပ်တယ်။

သူတစ်ပါး ဘာဖြစ်ဖြစ် စိတ်မ၀င်စားဘူး
မိမိအဆင်ပြေဖို့ပဲ ကြည့်တယ်။

အဲလိုလူတွေဟာ
တိရိစ္ဆာန်အကျင့်ကို ကျင့်တဲ့သူပဲ
ဘယ်လောက် ရွံ့စရာကောင်းလဲ။

တိရစ္ဆာန်  ဖြစ်လို့
တိရစ္ဆာန်လို ခေါ်တာထက်
လူဖြစ်ပြီး လူ့အကျင့်ကို မကျင့်ဘဲ
တိရစ္ဆာန်အကျင့်ကို ကျင့်လို့
လူ့တိရစ္ဆာန် လို့ အခေါ်ခံရတာဟာ

တိရစ္ဆာန် ထက်တောင်
ပိုပြီးတော့ အောက်တန်းကျပါတယ်

လူဟာ လူလိုပဲ ကျင့်ရပါတယ်
တိရစ္ဆာန် လိုမကျင့်ရပါဘူး

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

သာကီဝင်မင်းသား ခြောက်ယောက် ရဟန်းပြုကြပုံ

ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်ပြီးသောအခါ နန္ဒမင်းသားစသော သာကီဝင်မင်းသားများစွာတို့ ဘုရားထံ ရဟန်းပြုကြလေသော် သားနှစ်ယောက် သုံးယောက်ရှိသော အိမ်တော်မှ တစ်ယောက်မျှ ထွက်၍ ရဟန်းမပြုလျှင် တာဝန်မကျေသကဲ့သို့ ဖြစ်နေရကား မဟာနာမ်နှင့် အနုရုဒ္ဓါ ညီနောင်နှစ်ပါးတိုင်ပင်ကြရာ အနုရုဒ္ဓါမင်းသားက ရဟန်းပြုမည်ဟု ၀န်ခံလေသည်။ ထိုအချိန်မှာ ရှင်ဘုရင်ဖြစ်နေသာ ဘဒ္ဒိယမင်းသည် အနုရုဒ္ဓါမင်းသာနှင့် ရင်းနှီးသော သူငယ်ချင်းပေတည်း။

ထို့ကြောင့် အနုရုဒ္ဓါသည် ဘဒ္ဒိယမင်းထံသွား၍ ရဟန်းပြုဖို့ရန် အဖော်ညှိလေရာ ဘဒ္ဒိယဘုရင်လည်း ရဟန်းပြုဖို့ ၀န်ခံပြန်၏  ဤနည်းအားဖြင့် အာနန္ဒာ၊ ဘဂု၊ ကိမိလ၊ ဒေ၀ဒတ်နှင့် ဆတ္တာသည် ဥပါလိ ၇ ယောက်လုံး ဘုရားထံရောက်လာကြလေသည်။ ထိုအခါ "သာကီဝင်မင်းမျိုးသည် အလွန်မာနကြီးပါသည် ။ ထိုမာနကို နှိမ်ချိုး၍ ဥပါလိကို ရှိခိုးနိုင်ဖို့ရာ ဥပါလိကို ပထမ ရဟန်းပြုပေးပါ "  ဟု လျှောက်၍ နောက် မိမိတို့ ရဟန်း ပြုကြလေသည်။


ORDINATION OF SIX PRINCES OF THE SAKYA CLAN

After the attainment of Supreme Buddhaship by the Great being, Nanda and many other princes of the Sakya clan became monks under the discipline of the Blessed One. It therefore appeared to those households of the same clan, with two or three sons in each family , that they would be failing in their duty if none came forth to be ordained.The two brothers Mahanama and Anuruddha discussed this subject, and Anuruddha agreed to be ordained.

Bhaddiya who was then a ruling monarch, happened to be an intimate friend of Anuruddha. Anuruddha therefore went to king Bhaddiya and persuaded him to become a monk along with him, and Bhaddiya agreed. Accordingly, seven of then including Ananda, Bhagu, Kimila, Devadatta and Upali, the barber came to the Buddha. There they made their requesth that Upali be admitted first, in order that their Sakya pride might be humbled through having their former attendant as their senior. They were then ordained accordingly.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

သမီးလေးဖတ်ဖို့

သမီး...

ကိုယ့်မှာ ချစ်သူရှိတဲ့အခါ
သူ့ကိုယူနိုင်အောင် ကြိုးစားပါ

ဒါမှမဟုတ်
ကိုယ်အားကိုးရမယ်ထင်လို့
လက်ထပ် ယူထားတဲ့ သူကို
ချစ်မြတ်နိုးအောင် ကြိုးစားပါ

ဒီနှစ်ခု စလုံးကိုမှ
မလုပ်နိုင်ဘူးဆိုရင်တော့
တစ်ယောက်တည်းနေတတ်အောင် ကြိုးစားပါ

ဘုရားသခင်ရဲ့ အလိုဆန္ဒကို ဆန့်ကျင်ပြီး
တစ်ယောက်တည်းနေမယ် ဆိုရင်တော့
ပျင်းစရာ ကောင်းနေမလားလို့

ဒါပေမယ့်
ဘ၀ပေး ကုသိုလ်အရ
တစ်ယောက်တည်း နေဖို့
ကံ  ပါလာရင်လည်း အားမငယ်နဲ့.

မိဘတွေအနားမှာပဲ တစ်သက်လုံး 
ပျော်ပျော်ရွှင်ရွှင် နေသွားနော်

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . . 

 

ချွေးထုတ်ပြီး အဆိပ်အပုပ်ရှင်းထုတ်နည်း (၂)

အဆိပ်အပုပ်များကို ပေါင်းငွေ့ခံရေချိုးပြီး ချွေးထုတ်နည်းဖြင့်လည်း ချွေးထုတ်နိုင်ပါတယ်..

ရေစိမ်ကန် သို့မဟုတ် ရေပူစမ်းမှာ ရေနွေးချိုးခြင်းဖြင့်လည်းအဆိတ်အပုပ်များကို ကိုရှင်းထုတ်နိုင်ပါတယ်. . . ရေနွေးချိုးပြီးနောက် အရေပြားနှင့် ပတ်ဝန်းကျင်တို့၏ အပူရှိန်မြင့်မားမှုကြောင့် အလွယ်တကူ ချွေးထွက်လာပါတယ်. . . ကိုယ်တွင်းကမကောင်းသော အခိုးဓာတ်၊ လေနှင့် အခြားသော အရာများသည် ချွေးရည်များသည် ထွက်လာပါသည်။  အရေပြားများကို သန့်စင်ရာတွင် ဒီနည်းဟာ ထိရောက်ပြီး လုံခြုံ စိတ်ချရပါသည်။ သို့သော သွေးတိုးနှင့် နှလုံးရောဂါသမားများ သည် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ဒီနည်းကို အသုံးပြုသင့်ပါသည်. . ဒီနည်းဖြင့် ချွေးထုတ်ရာတွင် ချွေးထွက်မှုမများအောင် ရှောင်ကြဉ်ရပါမည်. . .

အစားအသောက် စားသုံးခြင်းဖြင့် အဆိတ်အပုပ်များကိုလည်းရှင်းထုတ်နိုင်ပါသည်

အစားအသောက်ဖြင့် ချွေးထုတ်ခြင်းက ပိုမိုလွယ်ကူပါသည် ခန္ဓာကိုယ်ချည့်နဲ့သူများနှင့် ပိုမို ကိုက်ညီမှုရှိပါသည်။ပဲနီလေး (သို့) ပဲစိမ်းဖြင့် ဆန်ပြုတ်ပြုတ်သောက်ပြီး ချွေးထုတ်နိုင်ပါသည်. . . ဆန်ပြုတ်သောက်ခြင်းဖြင့် ချွေးမထွက်ပါက ဆန်ပြုတ်ပူပူတွင် အပူအစပ်ထည့်ပြီး သောက်သုံးနိုင်ပါသည်.  အစာအိမ်နှင့် လိပ်ခေါင်းရှိသူများသည် ငရုပ်သီးကိုရှောင်ကျဉ် ရပါမည်။ ကြံသကာနှင့် ချင်းပြုတ်ရည်ကိုလည်း သောက်နိုင်ပါသည်။

စောင်ခြုံပြီးလည်း ချွေးထုတ်နိုင်ပါသည်

 အင်္ကျီအ၀တ်အစားထူထူဝတ်ခြင်း၊ အပူချိန်မြင့်သော အခန်းတွင်း စောင်ခြုံပြီးနေခြင်းအားဖြင့်လည်း ချွေးတုထတ်နိုင်ပါသည်။ ဒီနည်းဖြင့် ချွေးထုတ်မည်ဆိုပါက ရေများများသောက်ဖို့လိုပါသည်။ ကျောက်ကပ်မထိအေအာင်အတွက် ဆီးရည်ထဲအညစ်အကြေး ပျော်ဝင်နှုန်းမြင့်မနေရန် ဆီးရွှင်၊ဆီးများအောင် ဂရုစိုက်ပေးရပါသည်။

ဆေးပညာနည်းနာဖြင့် အဆိပ်အပုပ်ရှင်းထုတ်ခြင်းသည် အချိန်တိုအတွင်း အထိရောက်ဆုံး စွမ်းဆောင်ချက်များဖြစ်ပါသည်။  ယခုဖော်ပြပါနည်းများဖြင့် ရံဖန်ရံခါ အဆိပ်အပုတ်များကိုရှင်းထုတ်သင့်ပါသည်. . ကာလကြာရှည်စါာ အားကိုးမှီခိုဖြင့် မဖြစ်စေဖို့အကြံပြုလိုပါသည်။

မင်းစံအိမ်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။