ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
Showing posts with label ဟင်းချက်နည်း. Show all posts
Showing posts with label ဟင်းချက်နည်း. Show all posts

အာလူးကတ်တလစ်



ရာသီဥတု က ပူတော့ တစ်နေ့တစ်နေ့ အိမ်မှာ ဟင်းချက်ရတဲ့သူတွေ က ငြီးငြူကြပါတယ်. . . ဘာချက်စားရင်ကောင်းမလည်း ဆိုပြီး မေ16 လည်း ဘယ်ရမလည်း စာအုပ်ထဲက ဟင်းချက်နည်းတွေ ဖတ်ပြီး ဘယ်ဟာကို ဘယ်လိုလုပ်ဆိုပြီး ဆရာလုပ်လိုက်တာပေါ. . . အိမ်ကလူတွေ လည်း မေ16 ပြောတဲ့ အတိုင်း ချက်စားပြီး စားကောင်းတယ်လို့ပြောတာပဲ . . .

ဒါနဲ့ ဘဘော့ဂ်ပေါ်က မိတ်ဆွေတွေလည်း ဟင်းချက်ဖို့ ခေါင်းစားနေသူများ အတွက် မေ16 က အိမ်မှာ ချက်စားတဲ့ ဟင်းတွေရဲ့ ဟင်းချက်နည်း ကို မျှဝေပေးလိုက်ပါတယ်. . . (အမှန်ပြောရရင်တော့ အချွန်နဲ့ မတာပါ )

ဘာပဲ ဖြစ်ဖြစ် ချက်ချင်သူများ အချိန်မရွေး ချက်စားလို့ရအောင် သတ်သတ်လွတ် အာလူး ကက်တလစ် ချက်စားနည်းကို ဖော်ပြပါ့မယ် .. . .

အာလူး - ၂၅ ကျပ်သား
ဆီ - ၁၀ ကျပ်သား
ကြက်သွန်နီ - ၆ ဥ
ကြက်သွန်ဖြူ - ၂ ဥ
ဂျုံမှုန့်ဇွန်းကြီး -၂ ဇွန်း
မဆလာ - ၁ ထုပ်
ဆား - အနည်းငယ်

အာလူးကိုပြုတ်၍ ထောင်းပြီး ဂျုံမှုန့်နှင့် ဆား အနည်းငယ်ဖြင့် နယ်ထားပါ. . . ကြက်သွန်ဖြူ ၊ ကြက်သွန်နီ တို့ကို နုတ်နုတ်စဉ်းပါ. . . ဆား၊ မဆလာ တို့ဖြင့် သမအောင် ပြုပြီး ဆီအိုးထဲတွင် ထည့်၍ လုံးပါ. . . ထောင်းထားသော အာလူးနှင့် ဂျုံမှုန့်ကို အပြားပြုလုပ်ပြီး ကြက်သွန်ဖြူနီ သမ၍ လုံးထားသည်များကို အလယ်တွင် ထည့်ပြီး ဌာပနာ ပြီး ကြော်ပါ. . . အနီရောင်သမ်းလာလျှင် ချ၍ စားသုံးနိုင်ပါပြီ . . . .

အသားထည့်ပြီး လည်း လုပ်လို့ရပါတယ် . . . အသားထည့်မယ်ဆိုရင် ကြက်သား၊ ၀က်သား မိမိထည့်လိုသည့် အသား (၂၀သား) ခန့်ကို နုတ်နုတ်စဉ်းပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား ၊ မဆလာတို့ဖြင့် ဆီအိုးထဲတွင် အသားနူးအောင် ထည့်လုံးပြီး အာလူး အလယ်တွင် ဌာပနာပြီး ကြော်ကာ စားသုံးနိုင်ပါသည်. .

ကဲ ဒီအာလူးကတ်တလစ်ကြော်ကို လုပ်စားကြည့်ပါအုံးနော် စားလို့ကောင်းတယ် ဆိုရင် မေ16 ကိုလည်း ခေါ်ကျွေးကြပါအုံးနော်


အားလုံးကိုချစ်ခင်လေးစားလျှက်...


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။