ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အာဇာနည်နေ့



"ဆယ့်ကိုးဇူလိုင် မမေ့နိုင်"
"ဇူလိုင်ဆယ့်ကိုး တပ်လှန့်နှိုး"


ကဗျာဆရာအများပင် အာဇာနည်နေ့ကို စာဖွဲ့ခဲ့ကြသည်. . . ဇူလိုင် ဆယ့်ကိုးရက်နေ့ကား မမေ့နိုင်စရာပင်. . . ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ. . ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သောနေ့ ဖြစ်ပါသည်. . .

ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများသည် မြန်မာနိုင်ငံ သူ့ကျွန်ဘ၀ ကျရောက်နေသဖြင့် ကိုယ်ကျိုးစွန့် ကြိုးပမ်းခဲ့ကြသည်. . .လွပ်လပ်ရေးအတွက် စားလည်း သည်စိတ်၊ သွားလည်းသည်စိတ် ဖြင့် မိမိဘ၀ကို မြုပ်နှံလျက် တိုင်းပြည်နှင့် လူမျိုးအတွက် ဆောင်ရွက်ခဲ့သည်.. .

၁၉၄၇ ဇူလိုင်လ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များ ရုံးဟောင်း၌ ၀န်ကြီးများ အစည်းအဝေး ကျင်းပသည်. . .ဗိုလ်ချုပ်က သဘာပတိအဖြစ် ဆောင်ရွက်၍ ကက်ဘိနက် ၀န်ကြီးအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ဒီးဒုတ်ဦးဘချို ၊ ဦးဘ၀င်း ၊ဦးရာဇာတ်၊ သခင်မြ ၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွား၊ ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ ၊ ပျော်ဘွယ် ဦးမြ တို့ တက်ရောက်ကြသည်. . .

နံနက် (၁၀) နာရီ (၁၅) မိနစ်တွင် အစည်းအဝေးစ၏. . .

မိုးတဖွဲဖွဲရွာနေသည်. . . ရပ်ရှစ်ခွင်ဝယ် ဝေမှိုင်းနေသည်. . စနေမိုးသည် တဖွဲဖွဲနှင့် စွေနေသည်. .
လူငါးယောက် ၊ ဂျစ်ကားတစ်စီး ၊စစ်ယူနီဖောင်း နှင် အတွင်းဝန်ရုံးသို့ ချင်းနင်းဝင်ရောက်သွားသည်. . . မကြာမီ သေနတ်သံများ ကြားရသည်. .

ဗိုလ်ချုပ်နှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံလိုက်၇သတဲ့. . . . ထိုသတင်းသည် ပြန့်သွားလေသည်. . . ကိုယ်ကျိုးစွန့်သူတို့က ရက်စက်လိုက်ကြပြီး တရားကို နတ်စောင့်သည် ဟု ဆိုကြသည်. . . တစ်တိုင်းပြည်လုံး ယူကျုံးမရ ဖြစ်ခဲ့ကြရသည်. . .

ဗိုလ်ချုပ်သည် ဆင်းရဲ ဒုက္ခ အမျိုးမျိုးခံ၍ တိုင်းပြည်အတွက်. . ဆောင်ရွက်ခဲ့သည်. . . အသက်ကို ပမာဏမထားဘဲ ရန်သူ့မျက်မှောက်တွင် လှို့ဝှက်စွန့်စားမှုများ ပြုခဲ့ရသည်. . . ဆင်းရဲ ပင်ပန်းခံ၍ ဂျပန်ပြည်သွား စစ်ပညာသင်ခဲ့သည်. . . . ဖက်ဆစ်ဆော်လှန်ရေး တိုက်ပွဲများ ကိုယ်တိုင် ဆင်နွဲခဲ့သည်. . ထိုစဉ် အသက်နှင့် ခန္ဓာမြဲခဲ့သည်. . .

လွပ်လပ်ရေးအတွက် ဘိလပ်သွား၍ အောင်ဆန်း အက်တလီ စာချုပ်ချုပ်ခဲ့သည်.. . .လွပ်လပ်ရေး ရရန် လပိုင်းသာ လိုတော့သည်. . . ပန်းကောင်း အညွန့်ကျိုးဖြစ်ရပြီ . . . အတွင်း သစ္စာဖောက် လောက်ကောင်တို့၏ သစ္စာမဲ့မှုကို ခံလိုက်ရသည်. . . ထိုနေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်. . .

အကြင်သူသည် မိမိတို့ကိုယ်ကျိုးကို စွန့်လွှတ်သည်. . ကိုယ့် ပုဂ္ဂလိက အကျိုးအတွက်. . . . အရေးမထား . . .အများ အကျိုးအတွက် ဆောင်ရွက်သည်. . . . .တိုင်းပြည်အတွက် ကြိုးပမ်းသည်. . . ထိုသူများကို အများက အလေးထားသည်. . . ကြည်ညိုသည်. . . . . . .


ပုံကို ဒီလင့်က ယူပါတယ်


ကြည်နိုင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

2 comments:

  1. သတိရတိုင်း ခံစားရတယ်
    ငယ်ငယ်ကတည်းက အာဇာနည်နေ့ကို နင့်နင့်သည်းသည်း ခံစားတတ်အောင်လဲ ဦးနှောက်ထဲ ရိုက်သွင်းပေးခဲ့သူတွေကြောင့် ခုချိန်ထိလဲ ခံစားနေရတုန်းပါဘဲ..

    ReplyDelete
  2. ကိုယ့်အသက်ကို ပဓာန မထားပဲ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်ကြိုပမ်းခဲ့တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များကို.. မနာလိုသူ မသာမာသူတွေ က လုပ်ကြံသွားတဲ့.. နေ့ကို ကျွန်တော်တို့ ပြည်သူပြည်သားတွေ အားလုံးအနေနဲ့. အာဇာနေ့အဖြစ် သတ်မှတ်ပြီး ဂုဏ်ပြု ကြနေရပေမယ့်.. စိတ်ထဲမှာတော့ အဲဒီနေ့က အဖြစ်အပြက်တွေကို ပြန်ဖတ်မိမြင်ယောင်ပြီး.. အရမ်းဝမ်းနည်းရပါတယ်ဗျာ...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။