ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

တေးထားတာနော်

တေးထားတာနော်

သား . . . ကျွန်တော်မင်္ဂလာဆောင်ရင် အဖေ့ကို မဖိတ်ဘူး ။

အဖေ . . . ဘာဖြစ်လို့တုန်းကွ ??? ၊

သား . . . အဖေ မင်္ဂလာဆောင်တုန်းက ကျွန်တော့်ကို မဖိတ်ဘူးလေ။

(ဘလော့မှ ညီအကိုမောင်နှမများ မင်္ဂလာဆောင်ရင် ..မဖိတ်ပဲ မနေပါနဲ့နော် )

အချောင်ပွတာပဲ

လူတစ်ယောက်ဟာ ရဲစခန်းထဲဝင်လာပြီး တာဝန်ကျ ရဲဝန်ထမ်းရဲ့ရှေ့မှာ ကြောင်အသေတစ်ကောင် ဘုန်းကနဲက ပစ်ချလိုက်ပါတယ်.. . . .

လူငယ်. . . . . . ဒါကြီးကျွန်တော့်အိမ်ရှေ့မှာ ဒါကြီး ဘယ်သူလာပစ်သွားလည်းမသိဘူးဗျာ. . .

ရဲဝန်ထမ်း . . . . . ကောင်းပြီလေ ခင်ဗျားနာမည်နဲ့ လိပ်စာသာပြောပါ. . . အဲ သုံးလကြာလို့မှ ပိုင်ရှင် မပေါ်ဘူးဆိုရင် ခင်ဗျားပိုင်ပြီလို့မှတ်လိုက်.

အားလုံးပျော်ရွှင်ပါစေ
P.S (Connection ကောင်းတုန်းလေးကို ဖတ်ထားတဲ့ ဟာသလေးကို အမြန်တင်လိုက်တာပါ.)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

၎။မယ်တော်မာယာ အိပ်မက်မြင်ပုံ


ဘုရားအလောင်း သန္ဓေတည်ချိန်၌ မယ်တော်မာယာ အိပ်မက်မြင်ပုံ

ဝါဆိုလပြည့်နေ့၌ မယ်တော်မာယာသည် နံနက်စောစောကပင် အလှူဒါနကြီးကို လှူ၍ ဥပုသ်စောင့်သုံးပြီးလျှင် အသရေရှိသော တိုက်ခန်းသို့ ၀င်၍ သလွန်တော်၌ လျောင်းစက် အိပ်ပျော်စဉ် ထူးဆန်းသော အိပ်မကိကို မြင်သည်မှာ နတ်မင်းကြီး ၄ ပါးတို့သည် ဟိမ၀န္တာ၌ရှိသော ဆေး ဒန်း မြင်းသိလာ ကျောက်ဖျာ အပြင်သို့  သလွန်တော်နှင့် တကွဆောင်ယူ၍ အင်ကြင်းပင်ကြီးအောက်၌ ချထားကြလေသည်. . .
ထို့နောက် နတ်မိဖုရားတို့က အန၀တတ်အိုင်သို့ ဆောင်ယူ၍ ရေချိုးပေးပြီးလျှင် နတ်အ၀တ်များကို ဆင်ယင်စေပြီးမှ ငွေတောင်အတွင်ဿး၌ရှိသော ရွှေဗိမာန်သို့ သွင်း၍ အိပ်ရာ၌ အိပ်စေကြလေသည်။ ထိုအခါ ဘုရားအလောင်းသည် ဆင်ဖြူတော်ဖြစ်၍ သူ၏နေရာရွှေတောင်ပေါ်မှ သက်ဆင်းကာ ငွေတောင်သို့လာပြီးလျှင် ရွှေဗိမာန်သို့ ၀င်ပြီးနောက် မယ်တော်၏ လက်ယာနံပါးကို ဖောက်၍ ၀င်သကဲ့သို့ မြင်မက်လေသည်.

4. THE DREAM OF MAHA-MAYA WHEN SHE CONCEIVED THE FUTURE BUDDHA

Just one full moon day in the month of Wazo(July) Queen Maha-Maya rose early and dispensed huge sums of money in great charity. She then took the eight precepts and entered her elegantly furnished chamber of state. And lying down on the royal couch, she fell asleep and dreamed the following strange dream:-
The four guardian angels came and lifted her up, together with hear couch and took away to the Himalaya Mountains. There, in the Manosila table-land they laid her upon a huge slab of sulfurousl rock under a very bigh sal tree. Then came the wives of these guardian angles, and conducted her to Anotatta Lake, and bathed her to remve every human stain. And after clothing her with diving garments they took her into a goldern mansion which was inside a Silver Hill. There they laid her down upon a diving couch. Now the Furture Buddha had become a superb white elephant and was wandering about at no great distance on the Golden Hill. Descending thence, he ascended the Silver Hill and went into the golden mansion. And splitting her on her right side, he entered her womb. Thus the comcption took place.

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

ဒေါက်ဖိနပ်စီးသူများအတွက်

ခုခေတ်မှာ ဒေါက်ဖိနပ်စီးသူတွေက ရိုးရိုးဖိနပ် စီးသူတွေထက် များပြားလှပါတယ်. . . . အလှအပပစ္စည်းများ ဟာ လည်း နေ့ချင်းညချင်း တိုးတက်လာသလို အလှအပကို ရှာဖွေပြီး လှပအောင် နေလာသူတွေလည်း များလှပါတယ်. .. ဒေါက်ဖိနပ်မြင့်မြင့်စီးတဲ့ မိန်းမပျိုများကို နောက်ပြောင်ကျီစယ်မိလိုက်ရင် "ဒေါက်ဖိနပ်စာမိမယ်" လို့ အရင်က ခေတ်တစ်ခေတ်ရှိပေမယ့် ခုခေတ်မှာတော့ အမျိုးသားရော( High Heeled Shoe) ၊ အမျိုးသမီးတွေပါ ဒေါက်ဖိနပ် တွေကို စီးနေကြပါပြီ. ဒေါက်ဖိနပ်စီးရင် ကျန်းမာရေးနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ကောင်းကျိုး ၊ ဆိုးကျိုးတွေရဲ့ အမေးအဖြေလေးတွေကို ဖော်ပြချင်ပါတယ်ရှင်. . . .


ဒေါက်ဖိနပ်စီးရင် ဘာတွေဖြစ်နိုင်လဲ???. . . .
ဒေါက်ဖိနပ်စီးတဲ့လူတွေဟာ လမ်းလျှောက်ရင် ယိုင်လဲတတ်ပါတယ်. . . ခြေလှမ်းကျဲကျဲ လှမ်းလို့မရသလို (ရေအိုင်၊ ဗွက်အိုင်)များကို ကျော်ခွဖို့ခက်ပါတယ်. . . အရေးအကြောင်းရှိရင် ပြေးရမယ်ဆိုရင် လည်း မလွယ်ပါဘူး. . . နေလောင်ထားတဲ့ ကတ္တရာလမ်းတွေပေါ်မှာ လမ်းလျှောက်ရင်လည်း ဒေါက်ဖိနပ်က နစ်ကျန်ရစ်ခဲ့အုံးမှာပါ. . . . ကော်ဇောတွေပေါ်လျှောက်ရင် တော့ ကော်ဇောတွေပေါက်ပြဲကုန်မှာပါ. . .

ဒေါက်ဖိနပ်စီးတဲ့ အတွက် ကျန်းမာရေး ထိခိုက်နိုင်ပါသလား ?
ဒေါက်ဖိနပ်စီးတဲ့ အခါ ခြေချောင်းလေးတွေ ကြပ်သိပ်နေတဲ့အတွက် ဖိနပ်ပေါက်ပြီး မီးလောင်ဖုလေးတွေလည်း ဖြစ်တတ်ပါတယ် . . ဘောဒီဝိတ်ဟာ ခြေဖ၀ါးဦးပိုင်းကို ကျရောက်နေလို့ ခြေဖ၀ါးမာတာ တွေ၊ ဖ၀ါးမှာ အသားမာတက်လာ နိုင်သလို ခြေမအရင်းကြီးထွားလာပြီး ခြေချောင်းလေးတွေဖက်ကို ကပ်သွားတဲ့ ခြေဖ၀ါးပုံ ပျက်ပန်းပျက်တာတွေ ဖြစ်လာနိုင်ပါတယ် . . . ခြေသကြွယ်နဲ့ ခြေခလယ်ကြားမှာ တစ်သျှူးအာရုံကြော တွေမာတောင့်လာတဲ အဖုကြီးတွေလည်း ပေါ်လာတတ်ပါတယ်. . ခြောက်လလောက် ဒေါက်ဖိနပ်ကို တောက်လျှောက် စီးလာရင်တော့ ခြေမျက်စိတွေတောာင့်တင်းတဲ့ (Angle Sprain) တွေဖြစ်လာနိုင်ပါတယ်. . .
ခြေချောင်းလေးတွေကလည်း တူပုံသဏ္ဖ္ထန် ကိုပြောင်းသွားနိုင်ပါတယ်. . . ဒူးခေါင်းအပေါ်မှာ ဘော်ဒီဝိတ် တစ်ချို့ကိုလွှဲထားပေးလိုက်ရ တဲ့အတွက် ကြာရှည်ဒေါက်ဖိနပ်စီးသူတွေမျာ ဒူးဆစ်စားတဲ့ရောဂါ ဖြစ်လာနိုင်ပါတယ်. . .ဘော်ဒီဝိတ်အရှေ့ကို အားစိုက်ကျနေလို့ ခါးကို နောက်ကော့ပေးထားရပြန်ပါတယ် ကြာရင် ခါးနာလာပါတယ်. . . ဒါ့အပြင် ခေါင်းကိုက်တာ၊ ခြေထောက်သွေးကြောပိတ်တာတွေဖြစ် လာတတ်ပါတယ်. . . . အဆိုးဆိုးကတော့ ဖနောင့်အရွတ်ကြီး နဲ့ ခြေသလုံးကြွက်သားတွေကို တိုတောင်းသွားစေ တာပါပဲ ဒီအရွတ်ကြီး ၀င်သွားပြီဆိုရင် ဖနောင့်တွေ အမြဲနာနေတော့မှာပါ. . . ရိုးရိုးဖိနပ်ကို ဘယ်လိုပဲပြောင်း စီးစီး ဂွင်မကျတော့ပါဘူး. . . .

ဒေါက်ဖိနပ်ကို ဘယ်လောက်မြင့်မြင့်စီးသင့်ပါသလဲ ???
ကျန်းမာရေး ရှူဒေါင့်အရ ဒေါက်ဖိနပ်ကို ၂လက်မဒေါက်ကို တစ်နေ့ နှစ်သုံးနာရီထက်ပိုမစီးသင့်ဘူး လို့ဆိုပါတယ်. . ..

ဒေါက်ဖိနပ်စီးလို့ အကျိုးရှိပုံများ. . .
အမျိုးသမီးများ ဟာ ကလေးမွေးလိုက်တဲ့အခါမှာ တင်ပုဆုံရိုးထဲက ကြွက်သားတွေ လျော့ရွဲကုန်တတ်ပါတယ် . .. ဒီကြွက်သားတွေ ပြန်လည်သန်မာလာဖို့ အတွက်လေ့ကျင့်ခန်းများ လုပ်ပေးရပါတယ်. . . .အဲလိုလုပ်တဲ့ အခါမှာ လေ့ကျင့်ခန်းလုပ်ရခက်သူတွေကို နှစ်လက်မဒေါက်ဖိနပ် တွေစီးပြီး လမ်းလျှောက်ခိုင်းပါသတဲ့. . . . လို့ ဖော်ပြထားပါတယ်. . .

ဒေါက်တာမြင့်ဦး (Beauty Magazin)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

လောကနီတိ

လောက၌ အသက်ရှင်လျက်သေသူဟု ဆိုအပ်သောသူငါးယောက်တို့ကား -
- အလွန်အမင်းဆင်းရဲခြင်းနှင့် ဒုက္ခိတဘ၀ရောက်ရသူ
- နာတာရှည် ရောဂါဝေဒနာ ဖိစီးနှိပ်စက်ခံရသူ
- ကြောင်းကျိုးမှားမှန် ဧကန်မသိ မိုက်မဲခြင်းကြီးလှသူ
- ဥစ္စာချေးငှား၊ များစွာ ကြွေးမြီ ထူပြောသူ
- မင်းဝယ် ကိုယ်ကြပ်ခစားထမ်းရွက်ရသူ

- The disabled and extreme poverty,
- the long-term infirm,
- the foolish who knows not what is good or bad,
- the one who owes others enormously,
- the one who has to serve the king closely, may be considered lifeless thought alive.

ပညာရှိတို့သဘောကား -
- ကျရောက်လတ္တံ့သော ဘေးကို တွေ့မြင်လျှင် အဝေးကပင် ရှောင်တတ်၏။
- မျက်မှောက်ဒိဌ ကြုံတွေ့ရသော ဘေးကိုမူကား ကြောက်ရွံ့မရှိ ရဲရင့်စွာရင်ဆိုင် ဖြေရှင်းတတ်ပေ၏။

The nature of the wise -
- A voids imminent danger when he sees it.
- Courageously unravels the danger befall.

- လောက၌ကျောက်ထီးသည်လေး၏
- ထို့ထက် ဆရာမိဘတို့ အဆုံးအမသြ၀ါဒက ပို၏လေး၏
- အရာရာတို့ထက် မြတ်စွာဘုရား၏ တရားစကားသည်ကား အလေးဆုံး အမြတ်ဆုံးဖြစ်၏။

- Weighty is a stone umbrella.
- Weightier still are the words of elders.
- Weightiest and noblest of them all are the words of Buddha.

အားလုံးကိုချစ်ခင်လေးစားလျှက်
ပန်းကဗျာ

မြန်မာထမင်းဝိုင်း

မနက်စောစော ...
သမီးရေထတော့ အာရုံဆွမ်း ကပ်မယ်ဆို ဆွမ်းချက်ရအောင် တဲ့...မေမေရဲ့သတိပေးနိုးသံလေးကြာတော့မှ ကမန်းကတန်းထ ၊ မျက်နှာသစ်သွားတိုက် ကိုယ်လက်သုတ်သင်ပြီး ဆွမ်းချက်ရန်ပြင်ဆင်၍ မြတ်စွာဘုရားအား အာရုံဆွမ်းကပ်ဖြစ်ခဲ့ပါတယ်။ မနက်အာရုံမတက်ခင် ကျေးငှက်လေးများ အသံနှင့် အေးမြတဲ့ မနက်ခင်းသစ်နဲ့အတူ ဘုရားအား ပူဇော်ဆက်ကပ်ရသော အာရုံပီတီမှာ အတိုင်းမသိ ကြည့်နှုးရပါတယ်။

ဘုရားရှိခိုးပုတီးစိပ်အပြီးမှာ...မေမေက သမီးဒီနေ့ ဘာဟင်းစားမလဲ ဈေးသွားတော့မယ်....။ ဟင်းစားတွေ စဉ်းစားရတာ လဲ ခေါင်းခြောက်တယ်လို့ပြောပါတယ်။ အင်း....မေရေ...ညကတည်းက စားချင်တာ တစ်မျိုးတော့ရှိတယ်။ ချဉ်ပေါင်ရွက် ချဉ်ရည်ဟင်းလေး စားချင်တယ်။ ကျန်တာတော့ မေ ပါသာ အဆင်ပြေတာ ၀ယ်ခဲ့ ပါလို့ပြောလိုက်တယ်။ ချဉ်ပေါင်ရွက် ချဉ်ရည်ဟင်းလေး စားချင်စိတ်နှင့်အတူ သတိရ သွားတာကတော့ ကျမ ပထမနှစ် မြန်မာစာ ဘာသာရပ်တွင်သင်ကြားခဲ့ရသော မြန်မာထမင်းဝိုင်းကဗျာလေးများ ဖြစ်ပါတယ်။

ဦးဆောင်းရေးတဲ့ ချဉ်ပေါင်ညို....

ဖျဉ်းနားတိုတွင် ၊ ချဉ်ပေါင်ညို ပေါ်စဖူးရယ်နဲ့၊ ငါးလူးရယ်မျှင်မျှင် ၊ကြေးမသင် ရေလုံပြုတ်ပါလို့၊ အင်ကုတ် ကယ်ကျယ်ကျယ်နှင့်..... ဆိုတဲ့ ကဗျာလေးမှာ ကဗျာစာဆို ဦးဆောင်းက ချဉ်ပေါင်ညို နဲ့ ငါးသေးသေးလေးတွေ ရောချက်ထားတဲ့ ချဉ်ပေါင်ညိုဟင်း ကို ရေးဖွဲ့ထားပါတယ်။ ဘယ်လောက်စားကောင်းလိုက်မလဲနော်။

နောက်...သာဝတ္တိဦးကြီး ရဲ့ မောင်ကြီးတို့ပျော်စံရာ...
ဟင်းချဉ်ပေါင်ဘက်၊ ပြုတ်ဘူးရွက် နှင့် ပိချက်ရေ ရပြီးလျှင်၊ ဆန်ထမင်း ရဲကျော်ကို ၊ ၀န်ကတော်ပုံလောက်ပြေးအောင်၊ ကျွေးပါမယ့်လေး...တဲ့ ကဲကြည့်ပါဦး ချည်ပေါင်ဟင်း ၊ ငါးပိ နဲ့ ဘူးရွက်ပြုတ် ဟင်းစပ်တည့် တယ်နော်။

နောက်ရှိသေးတယ် ပျော်ပုံကသစ်သနဲ့
ကိုက်ညွန့်ငယ်ဖူးစီ ချဉ်ပေါင်နီကို ၊ ရာသီဓလေ့ ၊ ပုဇွန်လုံး ခွံဖုံးထေ့လို့ ၊တော့ဓလေ့ ငယ်တဆင်၊ လယ်ကြွက်ကင် နှင့် တို့ဖရုံ အချိုချက် ဟင်းဘက်စုံလှတဲ့။
ပုဇွန်လုံးနဲ့ချက်ထားတဲ့ ချဉ်ပေါင်နီဟင်းရယ်...လယ်ကြွက်ကင်ရယ်။သူတို့ ယာထဲကထွက်တဲ့ ဖရုံသီး အချိုချက်ရယ် စားရတဲ့ သူဘယ်လောက် ခံတွင်းတွေ့ပြီး လျှာလည်လိုက်မလဲနော်။

မြန်မာလူမျိုး များ... မြန်မာ အစားအစာကို ခုံမင်စွဲလမ်းတတ်တာ.... စာဆိုတွေရဲ့ ကဗျာ မှာ အထင်းသားမြင်တွေ့ ရပါတယ်။ အခုနေများ ကဗျာစာဆို ဦးကြီးနဲ့ ဦးဆောင်း တို့ရှိနေခဲ့လျှင် ဟမ်ဘာဂါ နှင့် မြန်အစားအစာ ဘယ်ဟာပိုပြီး မြိန်လဲ လို့ ကျွေးလဲကျွေးရင်း မေးလိုက်ချင်မိပါတော့တယ်။

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

အတုံ့အလှည့်



တစ်ခါတုန်းက မြေခွေးနဲ့ ငှက်ကျားဟာ အလွန်ခင်မင် တဲ့ မိတ်ဆွေတွေဖြစ်ပြီး တစ်ဦးနဲ့ တစ်ဦး လည်ပတ်ကြသတဲ့ ဒါနဲ့မြေခွေးက ငှက်ကျားကို ညစာ ဖိတ်လိုက်တယ်. သူ့ကို ကျီစယ်ဖို့ ဘာမှချမပေးဘဲ အလွန်ပြားချပ်တဲ့ ပန်းကန်မှာ စွပ်ပြုတ်ရည်ကို ငှဲ့ကျွေးသတဲ့. . . ဒါကို မြေခွေးကလျှာနဲ့ အသာကလေး လျှက်လို့ရပေမယ့် ငှက်ကျား အဖို့မှာ နှုတ်သီးဖျား စိုရုံလောက်ရှိတာပေါ့လေ. .
ငှက်ကျား ဟာ ဘယ်စားလို့ရပါ့မလဲ. . . ဒီတော့ အစာငတ်ပြီးနေရော. . . ပေါ.
"၀မ်းနည်းပါတယ်ဗျာ၊ ဒီစွပ်ပြုတ်ကို ခင်ဗျားမကြိုက်ဘူးထင်ရဲ့" . . . လို့ မြေခွေးကပြောသတဲ့ . . .
ဒီတော့ ငှက်ကျားက "တောင်းပန်စရာမလိုပါဘူး၊ အခုလိုဖိတ်တဲ့ အတွက် ကျွန်တော့ဆီလည်း မကြာခင် အလည်လာပြီး ညစာလာစားပါအုံး" လို့ ချိန်းဆိုလိုက်သတဲ့ . . ..
ငှက်ကျား ချိန်းဆိုတဲ့နေ့ကို မြေခွေးက ညစာစားဖို့လာသတဲ့. .
ထမင်းစားပွဲမှာ သူတို့ထိုင်လိုက်တယ်. . ညစာဟာ အ၀ကျဉ်းကျဉ်းလည်တံ အလွန်ရှည်တဲ့ ကရားထဲရှိသတဲ့. . . ဒီကရား မှာ မြေခွေးရဲ့ နှာသီးကို ဘယ်သွင်းလို့ရမလဲကွယ်. . . ဒါကြောင်းမြေခွေးဟာ ကရားရဲ့ နှုတ်ခမ်းအပြင်ဘက် ကိုသာလျက်ရုံပဲလေ. . .
ဒီတစ်ခါငှက်ကျားက ဆိုသတဲ့ "အခုလိုညစာကျွေးရတာ ကျွန်တော်တောင်းပန်ဖို့ မလိုပါဘူး " လို့ပြောလိုက် သတဲ့ . . .

ကိုယ်ကမကောင်းကြံလျှင် သူကလည်း မကောင်းကြံသည်. .

လင်းထွန်း (အီစွတ်စကားပုံများနှင့်ပုံပြင်များ)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ကြမ်း - ၉ - ကြမ်း

အချို့သောသူများ၌ ဥစ္စာရှိ၏ . . . အဆောင်အယောင်ရှိ၏. . . သို့သော် အနေအထိုင်မတတ်၊ ကြမ်း - ၉ - ကြမ်းကြောင့် လူရာမ၀င်သလိုဖြစ်နေသည် . .

အချို့သောသူများ၌ ဥစ္စာရှိ၏ . . . ကျောင်းပညာ၊ အတတ်ပညာ၊ လက်မှုပညာတတ်ပါလျက်နှင့် သတိမပြုမိသော ကြမ်း - ၉ - ကြမ်းကြောင့် လူအထင်အမြင်အသေးခံရ၏ . . .

အချို့သောမိန်းကလေးများ ရုပ်ရည်လှပပါလျက် . .ကြမ်း - ၉ - ကြမ်းကြောင့် ရုပ်ကလေးသနားကမားနဲ့ လူက အောက်တန်းကျလိုက်တာ ဟု ပြောဆိုခံရတတ်၏ . .

"နာမည်ဆိုးရမည်ကိ သေရမည်ထက်ကြောက်ပါ "ဟူသော အီဂျစ်စကားပုံရှိသည်. . .
တန်ဖိုးမဲ့သော ၊ လူအထင်သေးခံရသော ၊ နာမည်ဆိုးရသော ကြမ်း - ၉ ကြမ်းမှာ . .

၁. ပလုတ်ပလောင်း ပါးဖြဲနားဖြဲနားဖြဲ စားသော အစားကြမ်း ၊
၂. ဒူးထောင်ပေါင်ကားအိပ်သော အအိပ်ကြမ်း၊
၃. ခြေနင်းပြင်း၍ ဟိုယိုင်သည်ယိုင်သွားသော အသွားကြမ်း၊
၎. ပေပေရေရေထိုင်သော အထိုင်ကြမ်း၊
၅. လက်ခုပ်လက်ဝါးတီး၍ အော်ကျယ်ဟစ်ကျယ် ရယ်သော အရယ်ကြမ်း၊
၆. အရိုအသေမထားသော ကိုယ်ကြမ်း
၇. ဆဲရေးတိုင်းထွာပြောသော နှုတ်ကြမ်း
၈. အမှုနှင့်မလိုက်အောင် ရိုက်နှက်ဆုံးမသော အဆုံးအမကြမ်း၊
၉. သူတစ်ပါးအား ထစ်ခနဲ့ရှိလျှင် စိတ်လိုက်မာန်ပါ မကောင်းကြံတတ်သာ စိတ်ကြမ်း။

သုတမရှာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မမှတ်၊ အကျင့်မြတ်ကွာ၊ဤ ငါးဖြာ အမှန်ရိုင်းစိုင်းကြောင်း ဆိုသကဲ့သို့ ကြမ်း - ၉ - ကြမ်းသည်လည်း ရိုင်းစိုင်းကြောင်း အမှန်ပင်ဖြစ်၏ ....

သုတေသီဘုန်းမြင့်သွေး(ဘ၀တန်ဖိုး အမှန်တိုးအောင် )
မှထုတ်နှုတ်တင်ပြလိုက်ပါသည်...

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

အလိုအပ်ဆုံး

အရွယ်အို အမေဗျာဆရာမကြီး ကို သား(၃) ဦးက မွေးနေ့လက်ဆောင်များ အဖြစ် . . .
ပထမသားကြီးက - ကောင်းမွန်သပ်ရပ် ကျယ်ဝန်းလှပတဲ့ တိုက်အိမ်ကြီးတစ်လုံး ၀ယ်ပေးလိုက်ပါတယ်....

"သားကြီးရယ် အိမ်ကြီးကကျယ်ဝန်းလှပါတယ် . . . အမေ့အတွက် တစ်ခန်းရှိတယ်ဆို လုံလောက်ပါပြီကွယ် . . . အိမ်ကြီးကကျယ်လွန်းတော့ ထိန်းသိမ်းရ၊ အမှိုက်လှည်းရ၊ သန့်ရှင်းရေးလုပ်ရတာ တာဝန်ကြီးပြီး အမေ့အတွက် ပင်ပန်းလှပါတယ်ကွယ်. . . . လို့ပြောသတဲ့ . . . "
သားလတ်ကတော့ ကားတစ်စီးဝယ်ပေးလိုက်ပါတယ် . . .
"သားရယ် အမေက အရွယ်အိုလှပြီ ဆိုတော့ ခရီးမသွားနိုင်ပါဘူးကွယ် . . . . အတတ်နိုင်ဆုံး အိမ်ထဲမှာပဲနေတာ ဆိုတော့ ကားကအမေ့အတွက် အပိုပစ္စည်းတစ်ခုလို ဖြစ်နေတယ်. . . ထိန်းသိမ်း စောင့်ရှောက် ရတာ တာဝန်တစ်ခု ပါပဲကွယ် . . . "
သားငယ်လေးကတော့ လေ့ကျင့်သင်ကြားပေးထားလို့ ကဗျာပုဒ်ရေ ၁၀၀၀ ကျော်ရွတ်နိုင်တဲ့ ကြက်တူရွေးလေး တစ်ကောင် ၀ယ်ပေးလိုက်ပါတယ်. . . .
"သားလေးရေ အမေက အရွယ်အိုဆိုတော့ ကဗျာ၊ စာဝါသနာပါပေမယ့် စိတ်သာရှိပြီး . . . မျက်စိမွဲတော့ မရေးနိုင်၊ မဖတ်နိုင် ဖြစ်နေတာ. . . သားလေးပေးတဲ့ ကြက်တူရွေးလေးက အမေမသိသေးတဲ့ ကဗျာတွေရွတ်ပြတာကို နားထောင်ရတာ ပီတိဖြစ်လိုက်တာ. . . . ပြီးတော့ အမေ့စိတ်ကူးနဲ့စပ်ဆိုတားတဲ့ ကဗျာလေးတွေ ပြန်ရွတ်ပြတော့ နောက်တစ်နေ့မှာ သူက ပြန်ရွတ်ပြနိုင်တယ်ကွယ်. . . . ကဗျာသံ၊ စာသံကြားနေရတော့ ၀မ်းသာ ကြည်နူးစိတ်ချမ်းသာရတယ် ကွယ်. . . "
"သားလေးရဲ့ကြက်တူရွေးက အစ်ကိုကြီးတွေရဲ့ အိမ်တွေ၊ ကားတွေထက်၊ အမေ့အဖို့တော့ တန်ဖိုးရှိလှပါသကွယ် . . . . "
အာလုံး လိုအပ်ချက်နဲ့ဖြစ်လာတာတွေအားလုံး ဆန္ဒတွေတူညီပါစေ. . . .

ရှိန်တင်ဦး (ပေါင်းတည်)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ဝါသနာကို အရင်းခံလို့

ကိုဝင်းဇော် Tag ထားတဲ့ "၀ါသနာကို အရင်းခံလို့" ဆိုတဲ့ခေါင်းစဉ်လေးကို အတတ်နိုင်ဆုံးကြိုးစားပြီး ရေးသားလိုက် ပါတယ်...

ငယ်စဉ်ဘ၀မှာ ကျွန်မရဲ့ဝါသနာကတော့ လူနာတွေကို ဆေးကုပေးတဲ့ ဆရာဝန် တစ်ယောက်ဖြစ်ချင်ခဲ့တာပါ. . . မိဘတွေကလည်း ဆရာဝန်လုပ်ချင်တယ်လို့ပြောတော့ အရမ်းသဘောကျပါတယ် ပြီးတော့ စာကြိုးစားဖို့ တိုက်တွန်းခဲ့ပါတယ်. . . . နောက်တစ်ခုက သီချင်းနားထောင်တာကို အရမ်းကြိုက်ပါတယ်. . . ကျွန်မမှာ အကိုတွေများတော့ သူတို့ဂစ်တာတီးရင် သီချင်းဆိုတာကို လည်း ၀ါသနာကြီးပါတယ်. . . .
ဒီလိုနဲ့ သိပ္ပံဝိဇ္ဖာ ခွဲတဲ့ (၈) တန်း မှာ ဂုဏ်ထူး နည်းနည်းနဲ့ပဲ အောင်ခဲ့ပါတယ် အိမ်က မောင်နှမတွေက ရော ဖေဖေနဲ့မေမေကပါ အားမရခဲ့ပါဘူး . . . ၁၀ တန်းရောက်တော့လည်း စာကျက်ပျင်းတဲ့ ကျွန်မကို ဒီပုံစံနဲ့တော့ ဆရာဝန်ဖြစ်ပါလိမ့်မယ် လို့ ၀ိုင်းပြီး ပြောခဲ့ကြပါတယ်. . . .
သူတို့ပြောတဲအတိုင်းပဲ (၁၀) တန်းကို ကိုးလို့ကန့်လန့်အမှတ်နဲ့အောင်ခဲ့ပါတယ် . . . ကျွန်မတို့ (၁၀) တန်းအောင်တုန်း က တက္ကသိုလ် တက်ဖို့ ၃ နှစ်နီးပါးစောင့်ခဲ့ရပါတယ်. . . .ဒီတော့ Institute လည်းမ၀င်တဲ့ အတူတူ ရိုးရိုးမေဂျာ တစ်ခုကို တက်ခဲ့ပါတယ်. . . ဖြစ်ချင်တဲ့ဆရာဝန်ဖြစ်မလာတော့ အဲဒီအချိန်မှာတော့ ဘာကိုမှလည်း အရမ်းဝါသနာမထုံခဲ့ပါဘူး . . . ကျောင်းပိတ်ရက်တွေမှာ အများဆုံးလုပ်ဖြစ်ခဲ့တဲ့ အလုပ်တွေကတော့ စာဖတ်ခြင်း၊ ဗီဒီယိုကြည့်ခြင်း၊ သီချင်းနားထောင် တယ် အဲဒါတွေကို ၀ါသနာထုံပါတယ်. . . (အားရင်အားသလို အအိပ်လည်း တအားမက်ပါတယ် )
ကျောင်းပြီးသွားတော့ လည်း အိပ်လိုက်စားလိုက်ပါပဲ ဒါနဲ့ ဘာလုပ်ရင်ကောင်းမလည်း . . . စဉ်းစားနေတုန်း . . . ကွန်ပျူတာတွေစပြီးသုံးတဲ့ အချိန်ဆိုတော့ အလုပ်လုပ်ရင်လည်း အဆင်ပြေအောင် သူငယ်ချင်း ၁ ယောက်နဲ့ MCC မှာ ကွန်ပျူတာသင်တန်းတက် ဖြစ်ခဲ့ပါတယ်. . . . အဲဒီ အချိန်အထိလည်း ရည်ရွယ်ချက်ရော ၀ါသနာရော ယောင်ဝါးဝါးပါပဲ. . . . .
အဲဒီအချိန်မှာ အကိုတစ်ယောက် က ကွန်ပျူတာနဲ့ပတ်သက်ပြီး ဘွဲ့တစ်ခုယူဖို့ တိုက်တွန်းပါတယ် ဒါနဲ့ပဲ ကျောင်းဆက်တက်လိုက်ပါသေးတယ် (တက်နေတဲ့ကျောင်းက အသက် ၃၀ နားအထိပဲ) . . . . ကျောင်းပြီးတော့ ခုကျွန်မတို့မြို့မှာပဲ ၂၀၀၁ ခုနှစ်ကစပြိး အလုပ်ဝင်ဖြစ်ပါတယ်. . . . ဒီအလုပ်ကလည်း တစ်ခါမှ လုပ်မယ်လို့မရည်ရွယ်ပဲနဲ့လုပ်ဖြစ်ခဲ့ တာပါ. ကျောင်းပြီးပြီးချင်း ကျောင်းကဆရာမက လုပ်ကြည့် ပါလို့ တိုက်တွန်းတာနဲ့ ၀င်လုပ်ဖြစ်တာပါ. . .
အလုပ်ရဲ့သဘာဝကတော့ ရိုးရှင်းပါတယ် . . . ကွန်ပျူတာ အသုံးပြုသူတွေကို သူတို့မသိတာတွေကို ကူညီပေးရတာပါ. . . ဒီအလုပ်ကို စလုပ်ခဲ့တာ ၂၀၀၉ ခုနှစ် သြဂုတ်လဆိုရင် (၈) နှစ်တိတိရှိပါပြီ. . . အလုပ်စ၀င် ကတည်းက ကျွန်မအလုပ်မှာ Internet & e-mail ကို တပ်ဆင်ပြီးသားပါ . . . အဲဒီအချိန်မှာတော့ မြန်မာပြည်မှာ e-mail & Internet အသုံးပြုသူဦးရေ နည်းပါတယ်. . .
ကျွန်မလည်း ကျောင်းမှာသင်တုန်း က အဲဒါတွေမပါတော့ စာတွေဖတ်ပြီး လိုက်လုပ်ကြည့်ရပါတယ် . . . ဒါနဲ့ပဲ Internet ကို နှံ့နှံ့စပ်စပ် သုံးဖြစ်ခဲ့ပါတယ် . . . . Internet ပေါ်က သူငယ်ချင်းတွေ အများကြီးတွေ့ခဲ့ရသလို မိတ်ဆွေစစ်တွေလည်း အများကြီးရခဲ့ပါတယ်. . .
ခု ကျွန်မတို့ ဒီ ဧရာဝတီစာကြည့်တိုက် Blog လေးကို လုပ်ဖြစ်တာကတော့ ကျွန်မနဲ့ အလုပ်တူဖြစ်တဲ့ ညီမလေး may16 ကြောင့်ပါ. . . သူကဘလော့လုပ်ရတာကို စိတ်ဝင်စားတော့ အမရေ ရုံးအတွက်လုပ်ရအောင် ဆိုတာနဲ့ အတူတူ လုပ်ဖြစ်ခဲ့တာပါ. . . . .
ကျွန်မတို့လုပ်ငန်းက စာအုပ်များ ငှားရမ်းခြင်း၊ နဲ့ Computer သင်တန်းများဖြင့် ပြည်သူတွေကို ပညာ ဖြန့်ဖြူးပေးရာနေရာဖြစ်ပါတယ် . . ဒါကြောင့် စာကြည့်တိုက်က ကောင်းမွန်တဲ့စာပေများနဲ့ အသိပညာတွေကို ဒီထက်မကပိုမို ပျံ့နှံ့စေချင်တဲ့ စေတနာ နဲ့ Internet က ဘလော့ပေါ်မှာ တင်ခြင်းအားဖြင့် ဒီဘလော့ဂ်လေးကို လုပ်ခြင်းဖြစ်ပါတယ်. . .

ခုတော့ ကျွန်မ၀ါသနာက နေ့တိုင်း ဗဟုသုတရမယ့်စာများ တင်ဖို့ရယ်. . . . . ဘလော့ပေါ်က သူငယ်ချင်းများ ဆီက စာအသစ်တွေတင်တိုင်းကို ဖတ်ဖို့ ကို ၀ါသနာပါပါတယ် . . . . .အားလပ်ရက်တွေမှာတော့ ခရီးသွားခြင်းနဲ့ သီချင်းနားထောင်ခြင်းများကတော့ ငယ်ကတည်းက ခုအချိန်ထိဝါသနာပါတဲ့ အလုပ်တွေဖြစ်ပါတယ် ငယ်တုန်းကဖြစ်ချင်တာနဲက ခုလုပ်နေရတဲ့ အလုပ်ကတော့ မတူပါဘူး ဒါပေမယ့် ခုလက်ရှိရောက်နေတဲ့ အလုပ်ကို ၀ါသနာအားဖြင့် လုပ်နေတာမဟုတ်ပေမယ့် ခုချိန်မှာတော့ ကျွန်မအလုပ်နဲ့ဝါသနာက တစ်ထပ်တည်းနီးပါး ကျနေခဲ့ပါပြီ. . ရှင်. . . .

ဒီပို့စ်လေးနဲ့ကိုဝင်းဇော် Tag ကို ပြန်လည် ရေးသားလိုက်ပါတယ်ရှင်. . .

Blog မောင်နှမများဖြစ်တဲ့ . . . . ..

ညခင်းနဲ့လမင်း (www.nyahkinyaelamin.co.cc)
ကိုနွယ်ရိုး (www.nweyoe.co.cc)
ကိုကိုမောင် (www.kokmaunguk.blogspot.com)
ကိုအိမ် (www.eainhome.co.cc)
ညီမလေး mydiary (www.mydiary.isgreat.org)
ညီမလေး မေခလာ (www.maykhalar.blogspot.com)

တို့ ကို မိမိတို့ရဲ့ဝါသနာလေးတွေကို ရေးပေးကြပါလို့ ထပ် Tag လိုက်ပါတယ် . . . . .



အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

အချစ်နှင့်ငွေ


ကျွန်မဖတ်ထားသော အချစ်နှင့်ငွေ အပေါ်မှာ အမြင်ခြားနားမှုလေး ကို တင်ပြချင်ပါတယ်ရှင်.

"အရာရာကို ငွေကပြီးမြောက်စေသည်" ဟူသော အဆို ကို အသုံးပြုသူများ၏ အမြင်ကတစ်မျိုး . . .
"ငွေက အသက်ရှည်ခြင်းကို ၀ယ်၍မရပါ. . အချစ်ကို ၀ယ်၍မရပါ " ဟူသော အမြင်ရှိသူများ၏ အတွေးက တစ်ဖုံ. . .
ယခုကျွန်မဖော်ပြမည့် အကြောင်းမှာ ငွေအကြောင်းလည်းမဟုတ်ပါ . . အချစ်နှင့် ပတ်သက်ပြီး အငြင်းပွားမည်လည်း မဟုတ်ပါ. . . . အချစ်နှင့်ငွေအကြောင်းကို မျှတစွာ ပြောလိုခြင်းဖြစ်ပါတယ် . . .
"အချစ်ကို ၀ယ်၍မရပါ" ဟူသော အဆိုသည် အချစ်၏ တန်ဖိုးကို အမြင့်ဆုံးထားပြီး မြင်သူ၏ အဆိုဖြစ်ပေလိမ့်မည်. . "အရာရာကို ငွေကပြီးမြောက်စေသည်: ဟူသော အဆိုသည်လည်း အချစ်၏ တန်ဖိုးကို လျှော့တွက်ထားသူ၏ အဆိုဖြစ်ပေ လိမ့်မည်.. . .
ငယ်ရွယ်သူတို့၏ ဘ၀တွင်. အရွယ်ရောက်လာပြီး ချစ်စိတ်ပေါ်ပေါက်လာသော အခါ ချစ်မိသူ တစ်ဦးတစ်ယောက်အား ကြည့်လိုက်လျှင် ရုပ်ရည်၊ ပညာ၊ ငွေကြေး အစရှိသော နောက်ခံတို့ ပေါ်လာသည် မဟုတ်ပါ. . . ထိုအရာအားလုံးသည် ချစ်ခြင်း၏ အောက်တွင် မှေးမှိန်လျှက်ရှိပေသည်. . ဥပမာ အားဖြင့် တောအုပ်တစ်ခုထဲတွင် သစ်ပင်တစ်ပင်ကို အာရုံစိုက်ကြည့်လိုက်ပါက. တောအုပ်ပျောက်ကွယ်သည်ဟူသော စကားပုံမျိုးဖြစ်သည်. . .
အချစ်ကိုတန်ဖိုးထားခြင်းမှာ ငယ်ရွယ်သူတို့အတွက် လိုအပ်ဆုံး အချက် ဖြစ်ကောင်းဖြစ်မည်မှာ အသေအချာ မှန်ကန်လှပေလိမ့်မည် . . . သို့သော် လိုအပ်ချက်ဟူသည် မည်သည့်နေရာတွင်မျှ တစ်ခုတည်းရှိသည်မဟုတ်. . ဦးစားပေး အဆင့် (Priority) သတ်မှတ်ချက်ရှိသည်. . . . . လူ့လောကလိုအပ်ချက်များသည် အချစ်တစ်ခုတည်းနှင့် မပြည့်စုံ နိုင်ကြောင်းတွေ့ရှိလာ ပါလိမ့်မည်. . . ထို့ကြောင့်ငွေဖြင့်ဝယ်မရသော အချစ် သည်ပင် ငွေရှိမှ ပြီးပြည့်စုံခြင်း ဖြစ်လာသော သဘောများကို တကယ့်လက်တွေ့ဘ၀တွင် တွေ့လာရ ပါလိမ့်မည်...
ငယ်ရွယ်စဉ်ကအချစ်က ရှေ့ကသွားသလို အိမ်ထောင်တည်ဆောက်ပြီး၍ မိသားစုဖြင့် ဘ၀တစ်ခုကို တည်ဆောက်သော အခါ အချစ်က နောက်ကမဟုတ်သော်မှ ငွေကြေးသို့မဟုတ် နားလည်မှု၊ စာနာမှု သဘောထားကြီးမှုနှင့် အနစ်နာခံမှုစသော လိုအပ်ချက်တို့နှင့် ဘေးချင်းယှဉ်ပြီးသော အနေသို့ရောက်လာ ပေလိမ့်မည်. . . တကယ့်အိမ်ထောင်တစ်ခု တည်မြဲရန်မှာ အချစ်ထက် ဖော်ပြပြီးသော အခြေခံ လိုအပ်ချက် တို့ က အထောက်အပံ့ဖြစ်ကြောင်းကို လက်တွေ့ဘ၀တွင် သိလာမှာ ဖြစ်ပါသည် . . .
ထိုအချက်ကို သတိမမူမိလျှင် ငွေသည်အချစ်ကို ၀ယ်မရနိုင်သော်လည်း . . . ငွေကြောင့် အချစ်သည် ပြီးပြည့်စုံသည် ဟူသော အချက်ကို ကောင်းစွာနားလည်နိုင်ပါလိမ့်မည်. . . .

"အရာရာကို ငွေကပြီးမြောက်စေသည်" ဟူသော အယူအဆကား လူ့ဘ၀တွင်ရုပ်ဝတ္တု အားလုံး ပြီးပြည့်စုံကာမျှဖြင့် ပြည့်ဝသည်ဟု ဆိုရာရောက်သဖြင့် အချစ်သည် စိတ်၏ချမ်းသာမှုကို အဓိက ဖြစ်စေသည် ဟူသော အချက်ကို မေ့ထားခြင်းဖြစ်ပါသည် . . . လူတို့၏ ပျော်ရွင်မှုတွင် ရုပ်ပျော်ရွင်မှုလိုအပ်သလို စိတ်ပျော်ရွင်မှုလည်း လိုအပ်ပါသည်. . . . . ရုပ်ဝတ္တုပစ္စည်း မှန်သမျှ ကို ငွေဖြင့်ဝယ်နိုင်ရနိုင်သည် မှန်၏ သို့သော်စိတ်ဝတ္တုဖြစ်သော အချစ်ကိုမူငွေပေးရုံဖြင့် အပြည့်အ၀မ၀ယ်ယူနိုင်ပါ... ငွေဖြင့် ၀ယ်ရနိုင်သော ရုပ်ပျော်ရွင် ချမ်းသာမှုတွင် စိတ်မပါလျှင် ဆားမပါသော ဟင်းကဲ့သို့ အရသာမဲ့ဖြစ်နေမည်ဖြစ်ပါတယ်. . .
ထို့ကြောင့်ငွေဖြင့် အချစ်ကို ၀ယ်နိုင်သည်ဟု ထင်ပါကလည်း မျှတသော အမြင်မဖြစ်နိုင်ပေ. . . . . ငွေနှင့်ဝယ်ရသော အရာဝတ္တု များ မှန်သမျှ၌လည်း စိတ်ခံစားမှုသည်လည်း အရေးကြီးကြောင်း သဘောပေါက်ပြီးမှသာ ပြီးပြည့်စုံသော ခံစားမှုကို ရပေလိမ့်မည်. . . ဖြစ်ပါသည်. ..
အချစ်သည်လူငယ် သူ့ဘ၀အတွက် ပထမဖြစ်သည်မှာ မှန်၏ . . အလားတူပင် ငွေသည် လူ့လောကတွင် အသုံးကျသော အစွမ်းဆောင်နိုင်ဆုံးပစ္စည်း ဖြစ်သည်မှာလည်း မှန်၏ . . . ထိုနှစ်ခုကို နှိုင်းယှဉ် ဆုံးဖြတ်၍ မရနိုင်ပေ. . . . "မတူသော အခြေခံရှိသည့် အရာနှစ်ခုကို နှိုင်းယှဉ်၍မဖြစ်နိုင်ပေ." . . . ထို့ကြောင့်နေရာနှင့် အကန့်အသတ်ရှိသည်ကို နားလည်၍ နေရာ အလိုက် ပြောင်းလဲ နိုင်စွမ်းရှိသည့် သဘောကို လက်ခံသင့်ပါသည် . .
သို့မှသာ အချစ်သည်လည်း တန်ဖိုးရှိ၍ ငွေသည်လည်း တန်ဖိုးရှိပေလိမ့်မည်. . . . အချစ်သည် စိတ်ပျော်ရွင်မှုအတွက် အမြင့်မားဆုံး စွမ်းဆောင်နိုင်သလို ငွေသည်လည်းရုပ်ပြည့်စုံမှုအတွက် အခြေခံအကျဆုံး ဖြစ်ပါသည်. . . . .

ထို့ကြောင့် အချစ်ကို ငွေဖြင့်ဝယ်မည့်အစား အချစ်ကို အချစ်ဖြင့် ပေးချေ၍ ငွေက အထောက်အပံ့ပြုသင့် သလို အချစ်ကို ၀ယ်၍မရ ဟူသော အစွဲဖြင့် ငွေတန်ဖိုးအားလျော့တွက်ကာ အချစ်ကို အမြင့်ဆုံးထား မည့် အစား ငွေကြေးပြည့်စုံသော အချစ်သည် အရသာ ထူးလှသည်ဟု လက်ခံထားနိုင် လျှင် အကောင်းဆုံးရလဒ် ဖြစ်လာမှာ ဖြစ်လာပါလိမ့်မည်. . . . . ..

မောင်ကောင်းမြင့် (အပျိုစင်မဂ္ဂဇင်း)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

အသက်ရှည်ရာ အနာကင်းကြောင်း။

ဝသဘမင်းကြီးသည် ရဟန္တာအရှင်မြတ်ငါးရာတို့အား ပင့်ဖိတ်၍ ဆွမ်းကျွေးတော်မူပြီးနောက်...

တပည့်တော်၏ သက်တမ်းကို ဒိဗ္ဗစက္ခုဖြင့် ကြည့်ရှုပေးတော်မူပါဘုရား....ဟု လျှောက်ထားလေသည်။

ဒိဗ္ဗစက္ခု ရသော ရဟန္တာများကလည်း.....

ဒကာတော် မင်းကြီး ယနေ့မှစ၍ (၁၂)နှစ် အထိ အသက်ရှည်မည်။ ကုသိုလ်ကောင်းမူပြုလော့ ဟု မိန့်ကြားတော်မူကြ၏။

ထိုအခါမင်းကြီးက...
တပည့်တော် ၏ ဇာတာကို ပုဏ္ဏာများစစ်ဆေးရာတွင်လည်း (၁၂)နှစ်သာလျှင်အသက်ရှည်မည်ဟု ဆိုပါကြောင်း တပည့်တော်သည် အသက်ရှည်လိုသူဖြစ်သဖြင့် ကျင့်အပ်သောတရားများကို ပေးသနားပါ...ဟု လျှောက်ထားသည်။

ရဟန္တာအရှင်မြတ်တို့က ကောသလ မင်းကြီးအား မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားများကို ၀သဘမင်းကြီးအား ဟောပြတော်မူသည်။

ဝသဘမင်းကြီး ကျောင်းကန်နေရာ မွမ်းမံပြင်ဆင်ခြင်း၊ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဥပုသ်သီတင်းဆောက်တည်ခြင်း၊ ရေစစ်၊ ကျောင်းကန်နေရာ၊ ရောဂါရှိသော ရဟန်းသံဃာတို့အတွက် ဆေးလှူခြင်း၊ ဤသို့ပြုလျှင် အသက်ရှည်မြဲလေတည်း...ဟု ဟောကြားတော်မူသည်။

ဤနည်းအတိုင်းလိုက်နာ သဖြင့် ၀သဘမင်းင်္ကြီးသည် ရှေ့အဖို့(၄၄)နှစ်ကြာအောင် အသက်ရှည်တော်မူ၏။

ပိုစ့်လေး၏ ရည်ရွယ်ချက်ကတော့....လူတိုင်း အိုနာသေ ကိုမလွဲမသွေကြုံတွေ့ကြရမှာပါ...။ အန်တုလို့မရပါ။
မြတ်စွာဘုရားတောင်မလွန်ဆန်နိုင်ပါဘူး။ ဒါန ဆိုတဲ့ ကုသိုလ်တရားကိုအခြေခံကာ...သီလ ကို မြဲမြံ၍...အိုနာသေကင်းရာ နိဗ္ဗာန်ရောက်ကြောင်းတရားများ တဆင့်ထက်တဆင့် ကြည်ညိုပွားများ အားထုတ်နိုင်ကြစေရန် ရည်ရွယ်ပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

လက်ဆောင်



ကျွန်မတို့အားလုံး သူငယ်ချင်းများ ၊ မိတ်ဆွေများ၊ ဆွေမျိုးများကို လက်ဆောင်လေးတွေ ပေးခဲ့ဖူးကြပါတယ်.. . ပေးတဲ့နေရာမှာ ကိုယ်ပေးတဲ့လက်ဆောင် ဟာတန်ဖိုးရှိဖို့ မလိုဘူး.. ပေးတဲ့သူရဲ့စေတနာသာလိုအပ်ပါတယ်.. ပေးသင့်ပေးထိုက်တဲ့ အချိန်မှာ ပေးသင့်ပေးထိုက်တာကို ပေးရင် လက်ခံတဲ့သူကလေည်း ကျောက်တုံးတစ်တုံး ဖြစ်နေပါစေ စိန်တစ်ပွင့်လို တန်ဖိုးထားပါတယ်...
လက်ဆောင်ပေးရာတွင် တန်ဖိုးကြီးစရာမလိုပဲ အတွေးဖြင့်ဆင်ခြင်ပေးရန်သာလိုပါသည်.... စာဖတ်ဝါသနာ မပါသည့် သူကို စာအုပ်လက်ဆောင်ပေးခြင်းသည် အချည်းအနှီးဖြစ်ပေလိမ့်မည်. . . ဂေါက်ရိုက်ဝါသနာပါသည့် သူကိုလည်း ဂေါက်နှင့်ပတ်သက်သည့် လက်ဆောင်များ ကိုသာပေးပါ က သူ့အတွက် အလွန်တန်ဖိုးရှိမည် ဖြစ်ပါသည်. .
အောင်မြင်ချင်လျှင် ပေးကမ်းရသည်. . . "ပေးကမ်းခြင်းသည်အောင်မြင်ရာ" ဆိုသည်မှာ ရှေးကတည်းက ကျင့်သုံးလာ ကြသည့်နည်းတစ်ခုဖြစ်သည်. .
ပေးကမ်းရာတွင် အကြောင်းမဲ့ပေးခြင်းမဖြစ်ရ. . . . ဥပမာ. မွေးနေ့လက်ဆောင် နှစ်ပတ်လည်၊ နှစ်သစ်ကူး၊ ခရစ်စမတ်၊ လက်ထပ်ပွဲ စသည့် အထိမ်းအမှတ်နေ့များတွင် လက်ဆောင်ပေးသင့်ပါသည်. .
နိုင်ငံခြားသွားလျှင် ကိုယ့်နိုင်ငံနှင့်ပတ်သက်သည့် အမှတ်တရ အထိမ်းအမှတ်ပစ္စည်းများကို လက်ဆောင်အဖြစ်ပေးသင့်ပါသည်. . . နိုင်ငံခြားသားများသည် တိုင်းတစ်ပါးမှ အထိမ်းအမှတ်ပစ္စည်းလေးများကို အထူးနှစ်သက်တတ်သည်. . . လက်ဆောင်ရသူအနေဖြင့် ကိုယ့်ကို ဂရုစိုက်သူအဖြစ် ထင်မြင်စေနိုင်ပါသည်. . . . လတ်တလော အကျိုးမခံစားရလျှင်သာရှိမည်. . . စေတနာအကျိုးကိုတော့ ခံစားရပါလိမ့်မည်. . . .

သူငယ်ချင်းများ အားလုံးလည်း ကိုယ့်ချစ်သူခင်သူများအတွက် အမှတ်တရ လက်ဆောင်လေးများရွေးချယ် ပေးနိုင်ပါစေလို့. . . .

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ဒေါသအကြောင်း



ကျမ မေ၁၆ ကို....အစ်မ ပန်းကဗျာက လှမ်းမေးပါတယ်။ ဒီနေ့ ဘာပိုစ့်တင် မလဲတဲ့။ တင်မယ် စာရှာအုံးမယ်လို့ ပြောသာပြောလိုက်တယ်....ဘာတင်ရမှန်းမသိသေး။ ကျမတို့ဘလော့လေးက စာကြည့်တိုက်ဘလော့လေးဖြစ်လို့ ဗဟုသုတ လေးတွေပဲဖြန့်ဝေချင်ပါတယ်။....ကိုယ့်အတွက်လည်းအကျိုးရှိ ဘလော့ပေါ် မှစာဖတ်သူ မောင်နှမများအနေနှင့် ဖတ်ရကျိုးလဲနပ် စေချင်ပါတယ်။ ပိုစ့်အတွက်... စာများရှာဖတ်ရင်းနဲ့ အမှတ်မထင် မြတ်စွာဘုရားရဲ့ ဒေါသငြိမ်းအေးနည်း လေးကို ရှာတွေ့ခဲ့ပါတယ်။

ကဲဖတ်ကြည့်ရအောင်....

ဘာရဒွါဇ ပုဏ္ဏားကြီးက မြတ်စွာဘုရားသခင်ကို အမြဲဆဲရေး ရှုတ်ချပြီး တစ်နေ့တော့ မေးခွန်းမေးတယ်။ သူပြောတာတွေကို စိတ်မဆိုးဘူးလားတဲ့၊ မြတ်စွာဘုရားသခင်က ပြန်ဖြေတယ်။ ပုဏ္ဏားကြီးတဲ့၊ မိတ်ဆွေများက ပုဏ္ဏားကြီးကို လက်ဆောင်များ လာမပေးဘူးလားတဲ့၊ လာပေးတဲ့အခါ ပုဏ္ဏားကြီးက လက်ခံထားရင် ဒီပစ္စည်းဟာ ပုဏ္ဏားကြီးလက်ထဲမှာ ကျန်ရစ်မှာပဲ၊ လက်မခံပဲ ပေးလာသူကို ပြန်ပေးလိုက်ရင် သူ့လက်ထဲ ပြန်ရောက် သွားတယ်။ ဒကာကြီးလက်ထဲ ဘယ်ရှိတော့မလဲတဲ့၊ ဒီလိုပဲ၊ ဆဲရေးတိုင်းထွာ ရှုတ်ချသူတွေ ပေးတဲ့ ဒေါသကို ကိုယ် လက်ခံထားရင် ကိုယ်ပဲ ဒီဒေါသရပြီး ပူလောင်မှာ၊ ကိုယ်က လက်ခံယူမထားပဲ ပြန်ပေးလိုက်တော့ သူ့ဒေါသ သူ့ဆီကို ပြန်ရောက်သွားတာပေါ့ လို့ မြတ်စွာဘုရားက ဖြေတယ်။

ကဲ ကျမတို့လည်း ဒေါသပေးလာသူတို့အား သူတို့လက်ထဲ ပြန်ထည့်ပေးလိုက်ခြင်းဖြင့် အေးငြိမ်းမှုကို ရယူကြရအောင်။


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

ဖုံးကွယ်နေသော အစွမ်းသတ္တိ


ဖုံးကွယ်နေသော အစွမ်းသတ္တိ

မိုးနှင့်သရက် ၊ အိုးနှင့် ကြွက်တို့ကို သိရှိရန် ခက်ခဲသကဲ့သို လူ ၏အစွမ်းသတ္တိကိုလည်း သိရှိရန် ခက်ခဲလှလေသည်။ ရွှေကောင်း မကောင်း ဖယောင်းက သက်သေခံသကဲ့သို အစွမ်းသတ္တိ ရှိမရှိကိုလည်း အလုပ်က သက်သေခံ၏။

ရှေးအခါက ယုန်တစ်ကောင်ရှိသည်။ သို့သော်သူသည် သစ်ပင်တတ်နိုင်သော အစွမ်းသတ္တိရှိမရှိကို မသိချေ။ တနေ့ သောအခါ ခွေးတစ်ကောင်က လိုက်သဖြင့် အသက်ဘေးမှ ချမ်းသာရန် သစ်ပင်ပေါ်သို့ တက်ပြေးရာ သစ်ပင်ထိပ်သို့ ရောက်သွား၏။ သစ်ပင်ပေါ်တက်နိုင်သော အစွမ်းသတ္တိ ရှိမရှိကို မသိသော ယုန်သည် ခွေးလိုက်ခံရခြင်းကြောင့်သာ သစ်ပင်ပေါ်တက်နိုင်သော သတ္တိရှိကြောင်း သိရှိရလေသည်။

ထိုအတူ လူများ ကြုံတွေ့ တတ်လေသည်။ လူပေါင်းများစွာပင် ခဲခက်သော အလုပ်များကို လုပ်နိုင် မလုပ်နိုင်မသိ။ သို့သော် မလုပ်လျှင် မဖြစ်သည့်အရေးများကြောင့် ၀င်ရောက်လုပ်ကိုင်ရာမှ ကောင်းမွန်စွာ လုပ်ကိုင် နိုင်သော သတ္တိရှိကြောင်း တွေ့ကြရလေသည်။

တစ်ခါက အက်ဒီဆင် အမည်ခံ ပုဂ္ဂိုလ်ကြီးထံသို့ လူတယောက်လာ ရောက်ပြီး ကျုပ်မှာ ငွေလဲမရှိ၊ အလုပ်လဲ မရှိ၊ ကူညီပါအုံုးု ပြော၏။ ထိုအခါ အက်ဒီဆင်က ကောင်းပြီ ၊ စက်တမျိုးတီထွင် ပေးဖို့ ကုမ္ပဏီတစ်ခုက ခိုင်းနေတယ်။ ကျုပ်မှာ အချန်မရှိဘူး၊ ခင်ဗျားပဲ ကျုပ်အစား လုပ်ပေးလိုက်ပါ ဟု ပြော၏။ သို့သော် ထိုလူက တစ်သက်လုံး ကျုပ်ဘယ်စက်မျိုးမှ မတီထွင်ခဲ့ဖူးဘူး ဟု ပြန်ပြော၏။

အက်ဒီဆင်က ကိစ္စမရှိဘူး လုပ်မှာသာလုပ်ပါ၊ ကျုပ်လခပေးထားမပေါ့ ဟု အားပေးစကားပြော၏၊ ထိုသူသည် အက်ဒီဆင်၏ အားပေးချက်ကြောင့် စက်အမျိုးမျိုးတီထွင်ရာ နောက်ဆုံး စက်တခု အောင်မြင်သွား၏။ ယင်းစက်ကို ကုမ္ပဏီတစ်ခုက ရွှေဒင်္ဂါး တစ်ထောင်ပေး ၍ ၀ယ်ယူ၏။

ယင်းနောက် အဆိုပါ ပုဂ္ဂိုလ်သည် စက်အမျိုးမျိုးကို ဆက်လက်တီထွင်အောင်မြင်ပြန်၏။ သို့သော် သူ၍အစွမ်းသတ္တိမည်မျှရှိသည်ကို ကား သေသည်အထိ မသိချေ၊ အောင်မြင်လိုသူတိုင်း ဖုံးကွယ်နေသော အစွမ်းသတ္တိကို အလုပ်လုပ်ခြင်းဖြင့် သိအောင်လုပ်ရမည်။ မိမိပိုင်ဆိုင်သော အစွမ်းသတ္တိကို သိထားသူသည် အထက်တန်းရောက်ရမည်မှာ မလွဲတည်း။


တက္ကသိုလ် (ဆုမြိုင်) ရေးသားသော... အောင်မြင်ရေးနည်းတစ်ရာ စာအုပ်မှ
နှစ်သက်၍
ကူးယူ မှတ်သားထားခြင်းကို ပြန်လည် ဝေမျှပါတယ်။


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

လောကနီတိ

* မကောင်းသော အရပ်။
* မကောင်းသော မိတ်ဆွေ။
* မကောင်းသော အမျိုးအနွယ်။
* မကောင်းသော ဆွေမျိုးခင်ပွန်း။
* မကောင်းသော မယား။
* မကောင်းသော ကျေးကျွန်။
ဤ သူတို့ကို ဝေးစွာ စွန့်ပစ်ရာ၏.

* A bad place ,
* A bad friend,
* A bad descendent,
* A bad relative,
* A bad wife,
* A bad servant,
All these should be abandoned.

အကြင်အပေါင်းအဖော်သည် -
* ရောဂါဝေဒနာ ကျရောက်စွဲကပ်သော အခါ၌ လည်းကောင်း ၊
* ငတ်မွတ်ခေါင်းပါး ဘေးဒုက္ခရောက်သော အခါ၌ လည်းကောင်း ၊
* ဥစ္စာစည်းစိမ် ဆုံးရှုံးပျက်စီးသော အခါ၌ လည်းကောင်း ၊
* ရန်သူဖမ်းဆီးခြင်းခံရသော အခါ၌ လည်းကောင်း ၊
* တရားရုံးများ၌ အမှုကိုရင်ဆိုင်ရသော အခါ၌ လည်းကောင်း ၊
* နာရေးကိစ္စ ဈာပနနှင့်ကြုံရသော အခါ၌ လည်းကောင်း ၊
မိမိနှင့်အတူရပ်တည်ပေ၏. ထိုသူသည် အဆွေခင်ပွန်းကောင်းမည်၏။

He who stands together-
* When disease strikes,
* When hunger strikes,
* When impoverished,
* When captured by enemy,
* When having to face the court,
* When there is death in the home,
Such a companion is a true friend.

* အများအကျိုးအတွက် တစ်စုံတစ်ယောက်၏ အကျိုးကို စွန့်၍ ဆောင်ရွက်ရာ၏။
* ပြည်ရွာတိုင်းကျိုး အမျိုးသားအကျိုးအတွက်ကိုမူကား အရာရာကို စွန့်၍ ဆောင်ရွက်ရာ၏။

* For the good of all, an individual's interest should be overlooked.
* For the good of the nation and the people all other interests should be overlooked.

* မိမိအတွက် အကျိုးမပြုသည့် အရပ်ဒေသကို ရှောင်ကြဉ်ရာ၏။
* သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အကျိုးဖြစ်ထွန်းမည့် အရပ်ဒေသကို ရှာကြံရာ၏။
* နေရာသစ်၌ အကျိုးဖြစ်မဖြစ် တွက်စစ်သေချာ မလေ့လာ မစူးစမ်းဘဲနေရာဟောင်းကို မစွန့်ခွာရာ။

* One should avoid a place which brings no benefit.
* One should seek a place of benefit.
* One should not abandon the old place recklessly without knowing the condition of the new.

* မိတ်ဆွေစစ် ခင်ပွန်းကောင်းသည် အရင်းမှာ အဖျားတိုင်အောင် ချိုသော ကြံ၏သဘောနှင့် တူ၏။
* မိတ်ဆွေ အတုအယောင်သည်ကား အရင်းပိုင်းသာချို၍ အဖျားရောက်သော် ရသာပေါ့ပျက် အချိုရည်မထွက်သော ကြံ၏ သဘောနှင့်တူ၏။

* A good friend is like a sugar-cane which is sweet from stem to top.
* A bogus friend is like a sugar-cane that is sweet only at the stem but loses its taste at the top.

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

ဂဏန်းသားအမိ

တစ်ခုသော သာယာတဲ့နေ့တစ်နေ့မှာ ဂဏန်းနှစ်ကောင်ဟာ သူတို့ရဲ့ တွင်းကထွက်ပြီး သောင်ပြင်မှာ အပျင်းပြေ လမ်းလျှောက်ကြသတဲ့ . .

ဒီတစ်ခါမှာ မိခင်ကဆိုသတဲ့. . .
"သားရယ် မင်း လမ်းလျှောက်တာ သိပ်အကျည်းတန်တယ် . . . လမ်းလျှောက်တဲ့အခါ ဟိုယိမ်းဒီယိမ်း မတိမ်းပဲ တည့်တည့် မတ်မတ်သွားမှပေါ့ . . . . " လို့ပြောသတဲ့. . .

အဲဒီအခါမှာ သားငယ်ကဘယ်လိုပြန်ပြောလည်း ဆိုတော့ . .
"ကျေးဇူးပြုပြီး အမေကိုယ်တိုင် နမူနာ လျှောက်ပြပါ . . တဲ့ "
"ကျွန်တော် ဟာ အမေသွားသလို သွားပါ့မယ်. . . " တဲ့.. ..

စံပြသင်ခန်းစာသည် အကောင်းဆုံးလမ်းညွှန်ဖြစ်သည်။
(Example is the best precept)

လင်းထွန်း (အီစွတ်စကားပုံများနှင့် ၊ ပုံပြင်များ)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

စိတ်နဲ့ကိုယ်ပြည့်ကျပ်နေတဲ့ဝေဒနာ

လူ့ဘ၀မှာ လူတိုင်းလူတိုင်း လုပ်စရာတွေ အရေးပေါ်ကိစ္စတွေ၊ တစ်နေ့တာ ပြီးအောင်လုပ်ရမယ့် အလုပ်တွေက မနည်းပါဘူး. . . ဒီအလုပ်တွေကြောင့် တွေးပြီး ပူပင်နေရတာကြောင့် တစ်ခါတစ်လေ ဘာလုပ်လို့ဘာကိုင် ရမှန်းတောင်မသိအောင် မျိုးကို ဖြစ်လေ့ရှိပါတယ်... ကိုယ့်ရဲ့မှတ်တမ်း စာအုပ်ကို.... ကြည့်လိုက်တိုင်း လုပ်စရာတွေ ကိုကြည့်ပြီး တစ်ခါတစ်လေ. . . စိတ်ရှုပ်မိပါတယ်.. .
အိမ်က ကိုယ်ပိုင် အလုပ်တွေရော၊ ရုံးဝန်ထမ်းလုပ်တဲ့ ကိုယ်လိုလူတွေအတွက်တော့ အလုပ်တွေ များကြီး ပုံလာရင် ဘယ်ကစပြီး ဘာကိုင်ရမှန်းမသိပါဘူး . . အဲဒီအခါမျိုးမှာ လူတွေရဲ့ ဦးနှောက်ထဲမှာ ပြည့်ကျပ်လာတဲ့ အခါ အလိုလို စိတ်တွေတိုလာသလို၊ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ပြည့်လာတဲ့ အခါမှာ စိတ်တွေရှုပ်ထွေးရတာ မျိုးဖြစ်လာလေ့ရှိပါတယ် . .
လူသားတွေရဲ့ လိုချင်မှုတွေ ၊ လိုအပ်မှုတွေက တဖြည်းဖြည်း ပိုများလာတဲ့ ကာလကြီးနဲ့ရင်ဆိုင်နေရတာကိုး. . . ရှေးခတ်တုန်းက လူတွေမှာ ရုပ်ဝတ္တု လိုအပ်မှု ဒီလောက်မများပါဘူး. . . စာပုံနှိပ်စက်၊ ကွန်ပျူတာ မပေါ်ခင်တုံးက ပေရွက်မှာ စာရေးခဲ့ရတာ ၊ စာရွက်ပေါ်လာ တော့ စာရွက်ပေါ်မှာ လက်ရေးတွေနဲ့ရေးခဲ့ရတုန်းက စာအုပ်တွေ များတော့ ရှားပါးပြီး အလွန်တန်ဖိုးရှိပါတယ်. . . ရှားပါးခြင်းက တတိယကမ္ဘာ အဆင့်ထက် နိမ့်တဲ့ စတုတ္ထ ကမ္ဘာတွေမှာ ရင်ဆိုင်နေကြရပေမယ့်. . . ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံတွေမှာ တော့ "ပေါများခြင်း" ဝေဒနာကို ခံစားရနေပါပြီ..
လူသားအားလုံး ဟာ ကိုယ့်တာဝန်နဲ့ကိုယ်. ကိုယ်တိုင် ပြည့်ကျပ်ခြင်းဝေဒနာကို ခံစားနေရတာပါ. . . ပိုက်လုံးတစ်ခုဟာ ရေစီးလို့မရအောင် ပိတ်ဆို့နေခဲ့ရင် မကောင်းတဲ့ရေတွေလျှံထွက်လာတတ်သလို လူတွေရဲ့ ဦးနှောက်မှာလည်း တင်းကြမ်းကျပ်ညှပ်အောင် လုပ်စရာတွေမှတ်နေရင် ဦးနှောက်ပိတ်ဆို့မှုတွေ ဖြစ်လာပြီး အာရုံစူးစိုက် မှုက အားနည်းသွားတာပေါ. . . အိမ်မှာရော အလုပ်မှာရော ဦးနှောက်ပိတ်ဆို့မှုတွေများလာတဲ့ အခါမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဖြေလျော့ရမလဲဆိုတာ အရေးကြီးပါတတယ် ဒါကြောင့် စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ရမယ့်နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်. . .

၁. ပိတ်ဆို့နေတဲ့ ဦးနှောက်ကိုဖွင့်ပေးခြင်း။
ဘာကိုမှာ မိမိရရ အာရုံစိုက်လို့မရရင် မျက်လုံးကိုမှိတ်ပြီး အသက်ကို ဖြည်း၂မှန်၂ရှူပါ. . တရားမှတ်ဖူးသူတွေ အတွက်တော့ အန်မတန်လွယ်ကူပါတယ် . . ဘာကိုမှမစဉ်းစားပဲ အသက်ရျှူတာကိုပဲ အာရုံစိုက်ပါ.

၂. အရောင်တစ်ခုခုကို အာရုံစိုက်ခြင်း ။
ဥပမာ အပြာရောင်ကို မျက်လုံးမှိတ်ထားတုန်း အာရုံထဲမြင်အောင်လုပ်ပြီး မျက်လုံဖွင့်လိုက်တဲ့အခါမှာ အပြာရောင်ကို ရှာဖွေပါ . (ဥပမာ ကောင်းကင်ပေါ. ) ကိုယ်ကအရောင်တစ်ခုကို စူး၂နစ်စိုက်တဲ့ အခါမှာ ဦးနှောက်မှာ တင်းကျပ်တာတွေ ပူပင်မှုတွေ ပျောက်နေပါတယ်..

၃. အမြင်အာရုံပြောင်းပါ။
ဒီအဆင့်မှာတော့ မျက်လုံးကိုပြန်မှိတ်ပြီး အသက်မှန်မှန် ရှုသွင်းရှုထုတ်ရပါမယ်။စိတ်ကလည်း ဒီအဆင့်ရောက် ရင်ပြေလျော့လာပါပြီ။ ဒီတစ်ခါတော့ အရာ ၀တ္တုတစ်ခုခုကို ပါ အ၀ိုင်းပုံဖြစ်စေ၊ အရှည်ပုံဖြစ်စေ၊ ကားတစ်စီးပုံဖြစ်စေ အာရုံ စိုက်ကြည့်ပါ။

၎။ စိတ်ဖြေလျှော့ပြီး အာရုံစိုက်ပါ။
ကိုယ်တိုင် အရောင်နဲ့ ပုံ တစ်ခုကိုအာရုံစိုက်တဲ့အခါ (ဥပမာ အစိမ်းရောင်ကားတစ်စီး)မှာ ဆူညံသံတွေ၊ အခြားအရောင်တွေ၊ အခြားလှုပ်ရှားမှုတွေက ဖျက်လိုဖျက်ဆီး အဖြစ်ဝင်ရောက်လာပါတယ်။ ဒီလိုဝင်ရောက် လာတာ ကိုယ်တိုင်အာရုံစိုက်မှု အားမကောင်းလို့ပါ။ စိတ်ကိုတင်းပြီး အာရုံစိုက်ရမယ်အစား စိတ်ကို ဖြေလျှော့ကာ မှန်မှန်လေး အသက်ရှုပြီး အာရုံစိုက်ပါ။

၅။ အကျွမ်းဝင်နေတဲ့ ကိစ္စတွေမှာ အာရုံစိုက်မှု။
အာရုံ စူးစိုက်မှုကို ဖြေလျှော့ပြီး လုပ်နိုင်တဲ့အခါမှာ ကိုယ်နေ့စဉ် လုပ်ရတဲ့ အလုပ်မှလည်းသီးခြား အာရုံစိုက်ကြည့် ရမှာပါ။ ကားမောင်းရင်း ကားမောင်းတဲ့ ကိစ္စကိုသာ အာရုံစိုက်ပြီး တခြားကိစ္စတွေ ခေါင်းထဲ ၀င်မလာအောင် လုပ်နိုင်လာတာ တွေ့ရပါမယ်။

၆။ ပိုမိုခက်ခဲတဲ့ ကိစ္စကို အာရုံစိုက်မှု။
နိစ္စဓူဝ လုပ်ရတဲ့ အလုပ်တွေကို အာရုံစိုက်နိုင်မှု ကျွမ်းကျင်လာတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် စိတ်တင်းကျပ်မှု၊ စိတ် ညစ်ညူးမှု၊ ဦးနှောက် ပိတ်ဆို့စေမှုတွေဖြစ်တတ်တဲ့ ကိစ္စတွေ အပေါ်မှာ တဆင့်တက်ပြီး အာရုံစိုက်ရတော့မှာပါ။

ဒါကြောင့် အထက်မှာ ရေးပြထားသလိုပဲ ဘယ်ကစရှင်းရမှန်းမသိဘဲ စိတ်တွေရှုပ်လာရင်. အဓိကကျတဲ့ အလုပ်တွေကို အရင်ဦးစားပေးလုပ်ပြီးတော့ ကိုယ့်ရဲ့တင်းကျပ်နေတဲ့စိတ်တွေကို အထက်ပါနည်းလမ်းအတိုင်း လျော့ချလိုက်ရင် စိတ်တွေရွင်လန်းချမ်းမြေ့ စွာနဲ့ စိတ်ကြည်လင်လန်းဆန်းမှာမလွဲပါတော့ပါဘူးရှင်. . . .
စိတ်ရောကိုယ်ပါရွင်လန်းချမ်းမြေ့ပါစေ. . . .

Wellness Magazine
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ပြင်ရမည့်စကားပုံနှစ်ခု

မြန်မာလူမျိုးများကြားတွင် အမှားကြာ အမှန်ဖြစ်နေသော စကားပုံနှစ်ခုရှိ၏ ။ ပထမ တစ်ခုကား " သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ " အပေါ်ရံကြည့်လျှင် လူမိုက်အားပေး ဖြစ်နေသည် ကိုတွေ့ရ၏ ။ ထိုစကားပုံ၏ အဓိပ္ပါယ်ကို အကုန်ဖော်ကြည့်လျှင် သင်ကောင်းလျှင် ကျွန်ုပ်ကောင်းမည်. . . သင်မိုက်မဲ ဆိုးယုတ်နေလျှင် ကျွန်ုပ်လည်း မိုက်မဲ ဆိုးယုတ်မည်ဟူသော. . . အဓိပ္ပါယ်ကို ဆောင်နေသည် . . ပါးရိုက်လျှင် နားကိုက်မည်ဟူသော စကားပုံနှင့် အတူတူ ပင်.... သင်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကျွနုပ်ကား ဆိုးလိမ့်မည်မဟုတ်ဟု ခံယူထားမှ ကိုယ်ကျင့်သီလ နှင့် သဘောထားကြီးမှုကို အလေးပေးရာ ရောက်လေလိမ့်မည်. . . ထိုစကားပုံ အစား .

"ဥစ္စာဓနဆင်းရဲသော်လည်း စာရိတ္တမဆင်းရဲပါ။"

"ငွေကြေးမွဲသော်လည်း ရိုးသားမှုချမ်းသာသည်။ "

"သင်ကောင်းဖို့သည် ဒုတိယ။"

"ကျွန်ုပ်ကောင်းဖို့သည် ပထမ။"

ခွင့်လွှတ်ခြင်းသည် ကလဲ့စားချေခြင်းထက် နှစ်ဆထိရောက်သည်။

ဟူသော စကားပုံများကို အစားထိုး သုံးစွဲသင့်သည်။

ပြုပြင်သင့်သည့် ဒုတိယစကားပုံကား "အူမတောင့်မှ သီလစောင့်နိုင်မည်" ဟူ၍ဖြစ်သည်။ ဤစကားပုံအရ ဆိုလျှင် စီးပွားရေါ် အဆင်ပြေမှသာလျှင် သူတစ်ပါးဥစ္စာကို ခိုးခြင်းမှာ ရှောင်ကြဉ်နိုင်မည်. . စီးပွားရေး အဆင်မပြေလျှင်ကား ရသမျှ ခိုးတော့မည်... သီလမစောင့်ဟူ၍ ဖြစ်သည်.။
ခိုးမှုကို အားပေးသည့်သဘောဖြစ်နေ၏။ ပြောင်းလွဲသုံးစွဲသင့်သည်မှာ သီလစောင့်မှ အူမတောင့်မည်ဟူ၍ ဖြစ်သည်။ သီလစောင့်သည့် အတွက် အူမတောင့်ရသော မြို့တစ်မြို့နှင့် တိုင်းပြည်တစ်ပြည်ကို တင်ပြချင်ပါသည်။
မြို့ကား အမရပူရမြို့ပင်ဖြစ်၏. ဘိုးတော်ဘုရားမင်းလက်ထက်က ဘုရင်ရော မြို့သူမြို့သားများအားလုံး က ဂရုဓမ်တရားလေးပါးကို စွဲမြဲကြသည့် အတွက် မိုးလေ၀သကောင်းမွန်ကာ ဆန်ရေစပါးပေါများသော မြို့အဖြစ် သူ့ခေတ်က လွန်စွာ ထင်ရှားကျော်ကြားခဲ့ပေသည်။ ငါးရားငါးဆယ်ဇာတ်နှင့် စရိယာပိဋကတ်၌ လာသော ဂရုဓမ္မဇာတ်၌လည်း ကုရုတိုင်း က္ကုန္ဒပတ္တနရဂိုရ်ပြည်ရှိ ဓနဉ္စယကောရမင်းကြီး နှင့်တစ်ကွ တိုင်းသူပြည်သားများသည်လည်း ဂရုဓမ်တရားလေးပါးကို စောင့်ထိန်းလိုက်နာကြသည့် အတွက် တစ်ပြည်လုံး မိုးလေ၀သမှန်ကန်ကာ ဆန်ရေစပါးပေါများခဲ့သည်။
တစ်ခါတွင် ကာလိင်္ဂတိုင်း ဒန္တပူရပြည်ကြီးတစ်ခုလုံး မိုးခေါင်ရေရှား ကာ အငတ်ဘေးကြီးဆိုက်သည်။ တိုင်းသူပြည်သားများ မင်း၏ ဟစ်တိုင်သို့လာပြီး အငတ်ဘေးကြီး ငြိမ်းအေးပပျောက်အောင်လုပ်ပေးရန် တောင်းဆိုကြသည်. အများအကြံပေးချက်အရ မင်းကြီး ဥပုပ်သီလစောင့်ကာ ကျက်သရေရှိသော တိုက်ခန်းသို့ ၀င်ပြီး မြေစာမြက်ကို ခင်းအိပ်လေသည်။ သို့သော မိုးကားရွာ၍မလာ..တစ်ဖန် လောကီအယူအဆကို အားသန်ကြသော ဗေဒင်ဆရာတို့က မင်္ဂလာဆင်ရှိလျှင် မိုးရွာသည်ပြော၍ မင်္ဂလာဆင်ကို သွားရောက် အလှူခံကြပြန်သည်. သို့သော် မိုးကားရွာမလာ..... နောက်ဆုံး၌ ပညာရှိသူတော် ကောင်းများ၏ အကြံပေးချက် အရ အရိုးဆုံး နည်းလမ်းတစ်ခုဖြစ်သည့် ဂရုဓမ်တရားလေးပါးကို ကူးယူကျင့်သုံးသော အခါ မိုးလေ၀သပြန်ကောင်းကာ သာယာဝပြောခဲ့ပေသည်...

ဂရုဓမ်တရားလေးပါး
၁။တိုင်းသူပြည်သားတို့သည် ၀ါတွင်းဝါပ တစ်လလေးသီတင်းဥပုပ်စောင့်ရခြင်း။
၂။ငါးပါးသီလကို ခါးဝတ်ပုဆိုးလိုမြဲမြံရခြင်း။
၃။ရတနာသုံးပါးကို နေ့ညအမြဲမပြတ် ၀တ်ကပ်ဝတ်တက်ပြု၍ မေတ္တတရား အထူးပွားများရခြင်း။
၎။မိဘဘိုးဘွားဆရာသမားများကိုလည်းကောင်း ၊ အကျင့်သီလနှင့်ပြည့်စုံသော သူမြတ်တို့ကိုလည်းကောင်း၊ မင်္ဂလာတရားတော်နှင့် အညီ ရိုသေမြတ်နိုးရှိခိုးပူဇော်ခြင်း။

ထို့ကြောင့် မြန်မာပြည်တစ်ကောင်းမင်း လက်ထက်တွင် ယင်းဂရုဓမ်လေးပါးကို အမိန့်ပြန်တမ်းထုတ်၍ တစ်ပြည်လုံးကို လိုက်နာကျင့်သုံးစေခဲ့ကြောင်းသိရှိရပါသည်။
သို့အတွက် ဒါနပြုပါ. . ထိုသို့ပြုရာတွင် သီလကို အပျက်မခံပါနှင့် မိမိပြုခဲ့သော ဒါန၏ကောင်းကျိုးကို သက်ရှည် ကျန်းမာစွာဖြင့် ခံစားလိုလျှင် ငါးပါးသီလကို လုံခြုံအောင်စောင့်ပါဟု တိုက်တွန်းချင်ပါသည်...


မေတ္တာရှင် (ရွှေပြည်သာ) သီလအစွမ်း

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ပီတိမင်းသားနှင့် ပျံလွှားငယ်(၅) (ဇာတ်သိမ်းပိုင်း)

ထူးခြားဆန်းကြယ်သော နှလုံးသား

အဲသည်အခိုက်အတန့်မှာ ကြေးရုပ်ရဲ့ ရင်ဘတ်အတွင်းဘက်က တစ်စုံတစ်ရာ ကြေကွဲသွားသလို "ဖျပ်" ဆိုတဲ့ အသံထွက်ပေါ်လာပြီးတော့ ကြေးရုပ်ဟာ ဦးခေါင်းထက်ကနေ ပေါင်ခြံရင်းအထိ ထူးထူးဆန်းဆန်း ကွဲအက်သွားပါ တော့တယ်. . . အအေးဓာတ်ပဲ လွန်ကဲသွားလွန်းလို့လား . . စကားပြောတတ်တဲ့ မင်းသားရုပ်တုက စိတ်ထိခိုက်လွန်းလို့ နှလုံးသား ကွဲသွားပြီးတော့ ရင်သားပါကွဲအက်သွားလေသလား . .
နောက်တစ်နေ့နံက်မှာ မြို့တော်ဝန်နဲ့ သူ့အကြံပေး အဖွဲ့က မြို့တော်ကို လှည့်ပတ်ကြည့်ရှုရင်းနဲ့ မင်းသားကြေးရုပ် ရဲ့ ခြေရင်းဆီသို့ ရောက်လာကြပါတယ်. . . မျက်လုံး ဟောက်ပက် . . ရင်ဘတ်ကွဲအက်ပြီး ညိုမွဲ မည်းခြောက်နေတဲ့ ကြေးရုပ်ကို မြင်ရတဲ့အခါ သူတို့ရဲ့ မျက်နှာတွေ ရှုံ့မဲ့သွားကြတယ်. . .
"အောင်မယ်လေးဗျာ . . ပီတိမင်းသားရဲ့ ကြေးရုပ်က စုတ်ပြတ်နေပါလား . . . ."
"ဟုတ်ပါတယ်. . သိပ်ကျက်သရေမဲ့ နေတာပဲ ၀န်မင်းရဲ. . . ."
မြို့တော်ဝန်မင်းနဲ့ အစဉ်သဘောတူညီလေးရှိကြတဲ့ အတိုင်ပင်ခံလူကြီးမင်း များ က တစ်ညီတစ်ညွတ်တည်း ထောက်ခံလိုက်ကြတယ်. . . " ဟော . . ကြည့်စမ်းပါအုံး . . ကြေးရုပ်ရဲ့ခြေရင်းမှာလဲ ပျံလွှားငှက်ငယ် တစ်ကောင် သေနေတယ် . . . . ကြံကြံဖန်ဖန်ဗျာ "
"ဟုတ်ပေတယ် မြို့ဝန်မင်း . . ငှက်တွေဟာ သည်မှာလာပြီး မသေရဘူးလို့ အမိန့်ထုတ်ပြန်လိုက်ရင် ကောင်းမယ်.... "
မြို့ဝန်မင်း ထွက်သွားပြီးတဲ့နောက် အကြံပေးလူကြီးမင်းများရဲ့ ဆင့်ကဲအမိန့်ကြောင့် ကြေးရုပ် ကို ဖြုတ်ချပြီး ကြေးရည်ကျိုဌာန သို့ပို့လိုက်ကြတယ် . .. ပီတိမင်းသားရဲ့ ကြေးရုပ်ကို အရည်ကျိုတဲ့အခါ ခဲနှလုံးသားက ထူးထူး ခြားခြား အရည်မပျော်ဘဲ ကျန်ရစ်တယ်. . . ကြေးရည်ကျိုဌာနက ကြီးကြပ်ရေးမှူးက ခဲနှလုံးသားကို ဆယ်ယူ စစ်ဆေးလိုက်တဲ့ အခါ နှစ်ခြမ်းကွဲနေတာကို ထူးခြားစွာတွေ့ရပြန်တယ်. . . .
"ဟဲ . . . ဟဲ အတော်ထူးဆန်းသဗျို့ . . သည်နှလုံးကွဲကြီး က အရည်ကြိုလို့မပျော်ဘူး . . . ကဲကဲ အပြင်အမှိုက်ပုံ မှာ ပစ်လိုက်ပါတော့ . . . "
ကြီးကြပ်ရေးမှူးရဲ့ အမိန့်အရ ခဲနှလုံးကွဲကို အလုပ်သမားတစ်ယောက် က အပြင်အမှိုက်ပုံထဲ ပစ်ထဲ့လိုက်တယ်... နှလုံးကွဲကျသွားတဲ့နေရာကို ကြည့်မိလိုက်တဲ့ လူတွေက ခပ်စောစောက အမှိုက်ပုံထဲပစ်ထည့်ထားခဲ့တဲ့ ပျံလွှားငှက် အသေကောင်နဲ့နှလုံးကွဲတို့ ယှဉ်တွဲနေကြတာကို တွေ့ကြပေလိမ့်မယ်. . . .

အဖိုးတန်ဆုံးအရာနှစ်ခု

အဲသည်အချိန်မှာ ဘုရားသခင်က သူ့ရဲ့ စေတမန်နတ်သား တစ်ပါးကို အမိန့်ပေးလိုက်တယ်. .
"အမောင်နတ်သား . . လူ့ပြည်သို့ဆင်းပြီး စန်စူစီမြို့ထဲက အဖိုးတန်ဆုံးအရာ သတ္တုနှစ်ခုကို ယူလာစမ်း.."
နတ်သားက ခဲနှလုံးကွဲနဲ့ ငှက်အသေကောင်တို့ကို ယူဆောင်လာပြီး ဘုရားသခင်အား ဆက်သလိုက်တယ်. ..
"မှန်ပေတယ် အမောင်နတ်သား သည်အရာ ၀တ္တုနှစ်ခုက "မေတ္တာနှင့်သစ္စာ" တို့ရဲ့ အထိမ်းအမှတ်မို့ အဖိုးတန် ဆုံးပါပဲ. . . သည်ပျံလွှားငှက်ယ်ကို င့ါရဲ့ဥယာဉ်ထဲမှာ အမြဲတမ်းသီချင်းသီဆို နေဖို့ ငါခွင့်ပြုလိုက်ပြီ . . ပီတိမင်းသားကိုလည်း င့ါရဲ့ ရွှေမြို့တော်မှာ အမြဲတမ်း ပျော်ပျော်ရွင်ရွင် နေထိုင်ခွင့်ပြုလိုက်ပြီ. . . "
ဒါ့ကြောင့် ပီတိမင်းသားနဲ့ပျံလွှားငှက်ငယ်တို့ဟာ ဘုရားသခင်ရဲ့နိုင်ငံတော်မှာ အတူယှဉ်တွဲပြီး အမြဲတစေ ပျော်ပျော်ပါးပါး နေထိုက်သွားနိုင်ကြတော့တယ်. . . .
(ဆင်းရဲခြင်းဒုက္ခတို့ ပြည့်လျှံနေတဲ့ လောကဘုံမှာ မေတ္တာ နှင့် သစ္စာ ပန်းတို့ အမြဲဖူးပွင့်ဝေဆာနိုင်ကြပါစေ.)

(ကမ္ဘာကျော် စာရေးဆရာ Oscar Wilde ၏ The Happy Prince ကို ရသမြောက်အောင် ဘာသာပြန်ဆိုထားပါသည်။ )
ဒေါက်တာမင်းတင်မွန်

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ပီတိမင်းသားနှင့် ပျံလွှားငယ်(၄)

ဆင်းရဲသူများအတွက် ရွှေရွက်လွှာ

အဲသည်နောက်မျာ ပျံလွှားငှက်ငယ်က မင်းသားထံ ပျံသွားပြီး သူမြင်တွေ့ရခဲ့သမျှကို ပြောပြတယ်..
"ပျံလွှားငှက်ငယ် . . ငါ့တစ်ကိုယ်လုံးဟာ အဖိုးတန် တဲ့ရွှေရွက်လွှာတွေနဲ့ ဖုံးအုပ်ထားပါတယ်. . . အဲသည့်ရွှေရွှက်လွှာ တွေကို အမောင်ခွာယူပြီး တော့ ငါ့မြို့တော်က ဆင်းရဲသားတွေကို ဝေငှပေးလိုက်ပါကွယ်... "
ပျံလွှားငှက်ငယ်ဟာ မင်းသားအမိန့်ရှိသည့်အတိုင်း မင်းသားကိုယ်ပေါ်က ရွှေရွက်လွှာများကို တစ်ရွက်ပြီးတစ်ရွက် ခွာယူတယ် . . . ပြီးတော့ဆင်းရဲသားတွေကို လိုက်လံဝေငှပေးတယ်. . အာဟာရဓာတ်ပြည့်ဝလာကြတဲ့ ကလေးတွေရဲ့မျက်နှာကလေး များ ဟာ နှင်းဆီသွေးရောင်သန်းလာကြတယ်. . . ပြီးတော့ ကလေးတွေ လမ်းပေါ်မှာ မြူးတူးကစားကြတယ်. . . ကြာလာတဲ့အခါမှာ မင်းသားကိုယ်ပေါ်က ရွှေရွက်လွှာတွေ ကုန်ပါရော. . အဲသည် တော့ မင်းသားကြေးရုပ်ဟာ ကိုယ်ရောင်ကိုယ်ဝါမတောက်ပတော့ ဘဲ မွဲပြာရောင်ပေါက်ပြီး မှိန်နေတာပေါ့. ...
ဒါနဲ့ ဆောင်းရာသီရောက်လာလို့ နှင်းပန်းနှင်းပွင့်တွေ အဖတ်လိုက် ဝေကျလာကြတယ် . . . ပျံလွှားငှက်ငယ်က ချမ်းရှာလွန်းလို့ ခိုက်ခိုက်တုန်နေပါတယ်. . ဒါပေမယ့် သူချစ်တဲ့ ပီတိမင်းသားနဲ့ သူမခွဲနိုင်ဘူးတဲ့. . . ပေါင်မုန့်ဖိုရဲ့ တံခါးအပြင်ဘက်မှာ စွန့်ပစ်ထားတဲ့ ပေါင်မုန့်အစအနလေးများကို ကောက်ယူစားသောက်ပြီး သူ့ကိုယ်သူနွေးအောင်. အတောင်ပံနှစ်ဘက်ကို ရိုက်ခတ်ရှာတယ်. . . သို့ပေမယ့် ရာသီဥတုကအေးလွန်းတော့ လွန်ကဲတဲ့ အအေးဒဏ်ကို သူမတွန်းလှန်နိုင်ဘူး . . . သူ့အင်အားက ကုန်ခန်းလာပြီ. . . သူ့သွေးကလည်း . . အေးစက်လွန်းလို့ ခဲလာနေပြီ . . သူ့ရဲ့နောက်ဆုံး အချိန်က နီးကပ်လာပြီဆိုတာကို ပျံလွှားငှက်ငယ် သိလိုက်ပါပြီ . . .

နောက်ဆုံးနုတ်ဆက်ခဲ့ပါတယ်

ဒါကြောင့်ရှိသမျှခွန်အားလေးကို အသုံးပြုပြီး ပီတိမင်းသားရဲ့ ပခုံးပေါ်ကို သူနောက်ဆုံး အကြိမ်အဖြစ် ပျံတက်လိုက် ပါတယ်. . . "အရှင်မင်းသား ကျွန်တော်သွားတော့မယ်နော် "ပျံလွှားငှက်ငယ်က နောက်ဆုံး နုတ်ဆက် တဲ့အနေနဲ့ တိုးတိုးလေး နှုတ်ဆက်လိုက်ပါတယ်. . .
"ပျံလွှားငှက်ငယ်ရယ် . . . အခုလို အချိန်မနှောင်းခင်လေး မှာ အီဂျစ်နိုင်ငံဆီသို့သွားဖို့ အမောင်ဆုံးဖြတ်လိုက် တာ ငါသိပ်ဝမ်းသာပါတယ် ကွယ်. . . အမောင် ဒီမျာ နေတာကြာလွန်းလို့ ရာသီတောင် သိပ်အေးနေပြီကွယ့် .. မသွားခင် ကလေးမှာ င့ါရဲ့ နှုတ်ခမ်းတွေကို နမ်းသွားပါဦးကွယ်. . ငါက အမောင်ကို သိပ်ချစ်တာ. . . "
"ကျွန်တော်သွားရမှာက အီဂျစ်နိုင်ငံဆီမဟုတ်ပါဘူး သခင်ရယ် ကျွန်တော် က သေခြင်းရဲ့ အိမ်ကို သွားရမှာပါ. . သေခြင်းဆိုတာလည်း အိပ်ပျော်ခြင်း ရဲ့ အစ်ကိုပဲမဟုတ်လား . . . " အဲလိုပြောပြီးတော့ ငှက်ငယ် က ခွန်အားအကုန်စိုက်ထုတ်ပြီး မင်းသားရဲ့နှုတ်ခမ်းကို နမ်းလိုက်ပါတယ်. . . နမ်းရှုပ်ပြီးလို့ ပျံလွှားငှက်ငယ်ရဲ့ ဇီဝိန် ပြတ်ကြွေသွားလို့ ငှက်ငယ်ရဲ့ ကိုယ်ခန္ဓာဟာ မင်းသားရဲ့ခြေရင်းသို့ပြုတ်ကျသွားတော့တယ်...

ဇာတ်သိမ်း ကိုဆက်ဖတ်ပါရန်. .
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ပီတိမင်းသားနှင့် ပျံလွှားငယ်(၃)

အငိုတိတ်သွားသော ကလေးငယ်

နောက်တစ်နေ့ မိုးသောက်တဲ့အခါပျံလွှားငှက်ငယ်က မြစ်ဆိပ်သို့ ပျံသွားပြီးရေချိုးတယ်။ ပြီးတော့ "ငါအီဂျစ်နိုင်ငံ ကိုသွားတော့မယ်ဟေ့လို့ "ဟစ်ကြွေးလိုက်ပါတယ်...မိုးချုပ်ပြီး လမင်းပေါ်ထွက်လာတဲ့အခါမှာ ပီတိမင်းသားထံ ပျံလွှားငှက်ငယ် ပျံသွားပါတယ်... "အရှင်မင်းသား . . . ကျွန်တော်နှုတ်ဆက်ဖို့လာခဲ့တာပါ... ကျွန်တော် ကနေ့ည အီဂျစ်ကိုသွားတော့မယ်. . . . " "ပျံလွှားငှက်ငယ်. . ငါ့ထံပါးမှာ တစ်ညလောက်ခိုနားပါဦးလားကွယ်. . "
"ဆောင်းရာသီရောက်နေပြီသခင်ရဲ့၊ အီဂျစ်နိုင်ငံမှာနေရောင်တွေက ပူနွေးတယ်. . . ထန်းပင် အုန်းပင်များ ထက်မှာ ကျွန်တောတို့ခိုနားပြီး နေစာလှုံနိုင်တယ်. . . ကျွန်တော်တို့ရဲ့အဖော်တွေက ဘားလတက် ဘုရားရှိခိုးကျောင်းရဲ့ အမိုးထက်မှာ အသိုက်တွေဆောက်ကြမယ်. . . ကျွန်တော်လည်း ၀ိုင်းကူဆောက် ပေးရမှာပါ.. ကျွန်တော်ဆက်နေလို့မဖြစ်တော့ ဘူး အရှင်မင်းသားရဲ့ . . " လို့ပြောတယ်. . .
မင်းသား က "ပျံလွှားငှက်ငယ် . . ဟိုးကုန်းမြင့်အောက်က စတုရန်းကွက်မြက်ခင်းပေါ်မှာ ကလေးမတစ်ယောက မတ်တတ်ရပ်ပြီးငိုနေရှာတယ်. . . သူ့ဖခင်က သူ့ကိုမီးခြစ်တွေရောင်းခိုင်းလိုက်တာ. . . မီးခြစ်တွေက ရေမြောင်းထဲ ကျသွားလို့ ပျက်စီးကုန်ပြိး ငွေမပါဘဲ အိမ်ပြန်သွားရင် သူ့အဖေကသူ့ကို ကြိမ်လုံးနဲ့ရိုက်တော့မယ်ကွယ့် . . ဒါကြောင့်သူငိုနေတာ.. ကျန်နေတဲ့ ငါ့နီလာမျက်လုံး တစ်လုံးကိုဖြုတ်ယူပြီး ကလေးမကို ပေးလိုက်ပါ. . ငှက်ငယ်ရယ် . . နီလာလုံးပါလာရင် သူ့ဖခင်က ၀မ်းသာပြီး သမီးကိုဖက်လှဲ တကင်း ကြိုဆိုမှာပေါ့ကွယ်.."
"ငှက်ငယ်က ကောင်းပါပြီ အရှင်မင်းသား . . . ကျွန်တော်သည်မှာ တစ်ညထပ်မံပြီးခိုနားပါမယ်. . . ဒါပေမယ့်အရှင်မင်းသားရဲ့ ကျန်နေတဲ့မျက်လုံးကို ကျွန်တော်မဖြုတ်ရက်ဘူး.. ဖြုတ်လိုက်ရင် အရှင်မင်းသား အကန်းဖြစ်သွားမှာပေါ့ . . . " "ပျံလွှားငှက်ငယ် . . ငါအမိန့်ပေးသလိုလုပ်စမ်းပါကွာ...... "ငှက်ငယ်က မလွဲသာတော့ ဘဲ နီလာမျက်လုံးကို ဖြုတ်ယူလိုက်ရတယ်. . . ပြီးတော့ အရှိန်နဲ့ပျံဆင်းသွားပြီး ကလေးမရဲ့လက်ထဲကို နီလာလုံး ထည့်ပေးလိုက်တယ်....
"ဟင်. . .သိပ်လှတဲ့ ဖန်လုံးလေးပါလား ဖေဖေ့ကို ငါပြန်ပြမယ်. . " ကလေးမလေးကအငိုတိတ်ပြိး မြူးမြူးကြွကြွနဲ့ အိမ်သို့ပြန်ပြေးသွားပါတယ်. . . သူ့အဖေက နီလာလုံးမှန်းသိတော့ သမီးကိုဖက်ထားတာပေါ့ . . .

သစ္စာရှိသော ပျံလွှားငှက်ငယ်

ပျံလွှားငှက်ငယ်က အဲသည်အဖြစ်ကလေးကို လိုက်ကြည့်ပြီးမြင်လိုက်ရတော့ သိပ်ပျော်သွားတယ် ပြီးတော့ မင်းသားထံ ပြန်လာတယ်. . . "အရှင်မင်းသား သခင်က မျက်စိနှစ်ဘက်လုံး ကန်းနေပြီမို့ သခင်နားမှာပဲ ကျွန်တော် အမြဲနေပါတော့မယ်. . . " မင်းသားက "မဖြစ်ဘူး ပျံလွှားငှက်ငယ်ရဲ့ . . ရာသီဥတုပူနွေးတဲ့ အီဂျစ်နိုင်ငံကို မင်းသွားမှဖြစ်မယ်. . " " ဟင့်အင်း အရှင်မင်းသားနဲ့ပဲ အမြဲအတူနေမယ် " လို့ပြောပြီး ငှက်ငယ်က မင်းသားရဲ့ ခြေဖမိုးထက်မှာ နားဝပ်ပြိး အိပ်စက်ပါတော့တယ်.. .
နောက်နေ့မှာ မင်းသားရဲ့ပခုံးပေါ်မှာ နားပြီးသူမြင်တွေ့ခဲ့တဲ့ အဖစ်တွေကို တစ်နေကုန်ပြောပြပါတယ်. . . အဲဒီမှာ မင်းသားက "ချစ်ဖွယ်ကောင်းတဲ့ ပျံလွှားငှက်ငယ် အမောင်ပြောတဲ့အကြောင်းအရာတွေထက် အံ့သြစရာကောင်း တာက ယောကျာ်းများနှင့် မိန်းမများ ခံစားနေရတဲ့ ဒုက္ခများ အကြောင်းပေါ... သင် ငါတို့မြို့ပေါ်ကို အမောင်ပျံသွားပါ. . ဘာတွေမြင်ရသလဲဆိုတာ ငါ့ကို ပြောပြနော် လို့ပြောသတဲ့.. . "
ပျံလွှားငှက်လေးလည်း မြို့ကြီးပေါ်ကို ပျံသွားလိုက်ကြည့်တယ်. . . ချမ်းသားတဲ့လူတွေက ကလှပတဲ့ အိမ်ကြီးထဲမှာ ပျော်၂ရွင်၂ ခံစားနေခိုက်မှာ သူတောင်းစားများက သူတို့အိမ်ဝမှာ ရပ်စောင့်နေတာကိုတွေ့ရတယ်.. . မှောင်နေတဲ့လမ်းကြားမှာ အာဟာရပြတ်ပြိး မျက်နှာဖြူဖပ်ဖြူရော်နဲ့ တစာစာ ငိုကြွေးနေတဲ့ ကလေးတွေကိုတွေ့ရတယ်. . .


အပိုင်း(၄) ကိုဆက်ဖတ်ပါရန်..
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ပီတိမင်းသားနှင့် ပျံလွှားငယ်(၂)

မေတ္တာစေတမန်ငှက်ငယ်


“ ဟို. . . အဝေးကြီးမှာ . . ” ပီတိမင်းသားက ဂီတလိုသာယာတဲ့ အသံတိုးတိုးနဲ့ဆက်ပြောပါတယ်။ “ ဟိုး. . အဝေးကြီးက လမ်းကြားကလေး တစ်ခုမှာ ဆင်းရဲသူမတစ်ယောက်ရဲ့ အိမ်တစ်အိမ်ရှိတယ် ။ အိမ်ရဲ့ပြတင်း ပေါက် တစ်ခုကိုကျော်ဖြတ်ပြီးတော့ စားပွဲမှာ မိန်းကလေး တစ်ယောက်ထိုင်နေတာ ကို ငါတွေ့ရတယ် . . သူမရဲ့မျက်နှာက ပိန်လှီခြောက်တွန့်ြီ့း သောက လှိုင်းတွေထနေပါတယ် . . . သူမရဲ့လက်ဖ၀ါးတွေက ကြမ်းတမ်း လို့ပဲ. . ပြီးတော့ အပ်ထိုးထားမိတဲံ ဒဏ်ရာတွေမှာ သွေးခြေတွေဥနေလို့ တျာတျာနီနေတယ်. . သူမက အပ်ချုပ်သည်လေ. . . မကြာခင် ဘုရင်မရဲ့ အလှဆုံး အပျိုရံတောလကလေး ၀တ်ဖို့အတွက် ၀တ်ရုံရှည်ပေါ်မှာ မေတ္တာပန်းကလေးတွေကို ထိုးသီပေးနေတာလေ. . ၀တ်ရုံကိုလာမယ့် ကပွဲကြီးမှာ ၀တ်ဆင်ရမှာမို့ အပ်ချုပ်သူမ က မနားတမ်း ချုပ်နေရတာ…… ”

“ အခန်းထောင့်မှာ ရှိတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့အိပ်ရာ ထက်မှာတော့ သူမရဲ့ သားလေး လျောင်းအိပ်နေပါတယ်. . ဖျားပြီး ကိုယ်ပူနေရှာတယ်. . ဆာလွန်းလို့လဲ တတွတ်တွတ်ငိုနေရှာတယ် . . သူ့မိခင် ကသူ့ကို တိုက်ကျွေးဖို့ နို့ရည်လည်းမရှိဘူး. . . ဆေးလည်းမရှိဘူး . . မြစ်ရေကိုပဲ တိုက်ပေးထားရတယ်လေ. . ပျံလွှားငှက်ငယ်ရယ် င့ါဓားရှည်လက်ကိုင်က ပတ္တမြားကို ဖြုတ်ယူပြီး ကလေးမိခင်ကို သွားပေးပါလားကွယ်…”

ငှက်ငယ်လေးက“ အရှင်မင်းသား . . ကျွန်တော့အဖော်တွေက အီဂျစ်နိုင်ငံမှာ စောင့်နေကြတယ်. . မနက်ဖြန်ခါကျရင် သူတို့တတွေ နိုင်းလ် မြစ်ဝှမ်းအတိုင်း ပျံသန်းပြီး ကြာပန်းတွေနဲ့ စကားပြောကြလိမ့်မယ်.. ကျွန်တော်လည်း သူတို့နဲ့အတူလိုက်ပါချင်ပါတယ်. . . ” လို့ပြောတာပေါ..

မင်းသားလေး က “ပျံလွှားငှက်ငယ်. . ငါ့ထံပါးမှာ တစ်ညတာခိုနားပြီး ငါ့ရဲ့ စေတမန်လုပ်ပေးပါလာကွယ်. . . ” လို့ပြောတော့ မင်းသားရဲ့ မျက်နှာက အလွန်ညှိုးငှယ်နေတဲ့အတွက် ပျံလွှားငှက်ငယ် က စိတ်မကောင်းဖြစ် မိတယ်… ငှက်ငယ်လေး က “ ‘ဒီနေရာကသိပ်ချမ်းပါတယ် ဒါပေမယ့် ကျွန်တော် တစ်ညတာ ဒီမှာနေပြီးတော့ အရှင်မင်းသားရဲ့ စေတမန် အဖြစ်ဆောင်ရွက်ပေးပါ့မယ် လို့”. ပြောလိုက်ပါတယ်.. မင်းသားလေးက “ ကျေးဇူးပဲ ပျံလွှားငှက်ငယ်ရယ်. . ကျေးဇူးပဲ. . .”

ပျံလွှားငှက်ငယ်ဟာ မင်းသားရဲ့ ဓားရှည်လက်ကိုင်ပေါ်က ပတ္တမြားလုံးကြီးကို ဆွဲနုတ်ပြီး သူ့နှုတ်သီးမှာ ကိုက်ချီပြီးတော့ မြို့ပေါ်က ပျံသန်းသွားပါတယ်… အိမ်ခေါင်မိုးတွေကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ပြီးတဲ့ အခါ မြို့ တစ်ဖက်စွန်းက ဆင်းရဲသူမရဲ့ အိမ်သို့ရောက်လာပါတယ်. . ဆင်းရဲသူမ က စားပွဲပေါ်မှာ အိပ်ပျော်နေရှာပါတယ်… ဒါနဲ့ငှက်ငယ်က ပတ္တမြားလုံးကြီးကို စားပွဲပေါ်က အပ်ချည်လုံးတွေဘေးမျာ ချထားပေး လိုက်တယ် အဲသည်နောက် သားငယ်ကို ပျံလွှားငှက်ငယ်ကြည့်လိုက်တော့ သားငယ်ကမအိပ်နိုင်ပဲ လူးလှိမ့်နေ တာကို တွေ့ရတယ်.. . ဒါကြောင့်သူ့တောင်ပံလေးတွေနဲ့ ယပ်တောင်သဖွယ် ခပ်ပေးသတဲ့ . .

“အင်း . မေမေ ယပ်ခပ်ပေးလို့ အေးနေတာပဲ” . . သားငယ်က အဲလိုယူဆပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တယ်.. . မိုးလင်းတော့ ပျံလွှားငှက်ငယ်က မြစ်ဆီသို့ ပျံသွားပြီးရေချိုးတယ်.. . “ကနေ့ညတော့ ငါအီဂျစ်ကို အရောက်သွားတော့မယ်” လို့ မြူးပျော်နေပါတယ်.. . .


ဖြူစင်၍ ကြင်နာတတ်သော နှလုံးသားပိုင်ရှင်


စန္ဒာလမင်းထွန်းလင်းလာတဲ့အခါမှာတေ့. ပီတိမင်းသားဆီပျံသွားပြီး . “ အရှင်မင်းသား အီဂျစ်နိုင်ငံကို မှာစရာ ကိစ္စများရှိပါသလား . . ကျွန်တော့ အခု ခရီးစထွက်ပါတော့မယ်... “ပျံလွှားငှက်ငှက်ရယ် ငါ့ထံပါးမှာ တစ်ညလောက် ထပ်မနေနိုင်ဘူးလားကွယ်…”

“ကျွန်တော့ အဖော်တွေက အီဂျစ်နိုင်ငံမှာ စောင့်နေကြပါတယ်.. မနက်ဖြန်ကျရင် နိုင်းလ်မြစ်ဝှမ်းဘေးက လယ်ခင်းတွေမှာ စပါးနှံတွေကို တပျော်တပါး ကောက်စားကြလိမ့်မယ် ”

“ပျံလွှားငှက်ငယ်ရယ် . ဟိုးမြို့တစ်ဘက်စွန်းနားက အိမ်တစ်ဆောင်ရဲ့ အမိုးအောက်မှာ အခန်းကျဉ်းထဲမှာ လူငယ်တစ်ယောက်ကို ငါတွေ့ရတယ်…သူ့ရဲ့မျက်လုံးတွေက ကျယ်ဝန်းပြီးစိတ်ကူးစိတ်သန်းများနဲ့ ရီဝေနေကြ တယ်. သူက ပြဇာတ်တစ်ပုဒ်ရေးနေတာကွယ့်. . ပြဇာတ်က အဆုံးမသတ်ရသေးဘူး သူသိပ်အေးလွန်းလို့ ဆက်မရေးနိုင်ဘဲ ခိုက်ခိုက် တုန်နေရှာပါတယ်… ”

ဖြူစင်ပြိး ကြင်နာတတ်တဲ့ပျံလွှားငှက်ငယ်လေးက သနားစိတ်ဝင်လာပြီး “ကောင်းပါပြီ အရှင်မင်းသား၊ အရှင်မင်းသားရဲ့ စေတမန်အဖြစ် ကျွန်တော်တစ်ညထပ်မံပြီး တာဝန်ထမ်းဆောင်ပါ့မယ် . . . .”

“ဒါဆိုရင် ငါ့မျက်ဝန်းထဲက နီလာ ၂လုံးရှိပါသေးတယ်.. . အမောင် နီလာမျက်လုံးတစ်လုံးကို ဖြုတ်ယူပြီးတော့ ဟိုလူငယ် ဆီပို့ပေးပါလိုက်ပါကွယ်…

“အို. . အရှင်မင်းသား သင့်မျက်လုံးများကို ကျွန်တော်မဖြုတ်ရက်ပါ.. ပျံလွှားငှက်ငယ်က ၀မ်းနည်းလှိုက်လှဲစွာ ပြောပြီး မျက်ရည်တွေရစ်ဝဲလာပါတယ် ”

“ပျံလွှားငှက်ရယ် ငါအမိန့်ပေးသလို ဆောင်ရွက်စမ်းပါကွယ်…. ” ဒါကြောင့်ပျံလွှားငှက်ငယ်ဟာ မင်းသားရဲ့မျက်လုံးကို ဖြုတ်ယူပြီးတော့ လူငယ်ရဲ့ အခန်းဆီသို့ ပျံသွားတယ်. လူငယ်က သူ့လက်ပေါ်မှာ ခေါင်းတင်ပြီး အိပ်ပျော်နေတဲ့ အတွက် ငှက်ငယ်ရဲ့ အတောင်ပံရိုက်ခတ်သံကို မကြားရဘူးပေါ.. သူ့မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ စားပွဲပေါ်က တောက်ပနေတဲ့ နီလာလုံးကြီးကို တွေ့ရတာပေါ. .. “ငါ့ကို ချီးမွမ်းတဲ့ လူပေါ်လာ ပြီ သည်ကျောက်ကို ငါ့ကို ချီးမွမ်းတဲ့လူက ပေးလိုက်တာဖြစ်မှာပဲ. ငါ့ရဲ့ ပြဇာတကို ပြီးအောင် ဆက်ရေး နိုင်တော့မယ်လို့ပြောပြီး ” အိပ်ပျော်သွားတာပေါ..


အပိုင်း(၃) ကိုဆက်ဆက်ဖတ်ရှုပါ…

အားလုံးကိုချစ်ခင်လေးစားလျှက်

ပန်းကဗျာ

ပီတိမင်းသားနှင့် ပျံလွှားငယ်

မနေ့ကရေးသားခဲ့သော မေတ္တာနှင့်သစ္စာ ပို့စ်လေးနဲ့ပတ်သက်ပြီး သရုပ်ဖော် ဇာတ်လမ်းလေးကို မူရင်း အဓိပ္ပါယ် မပျက်အောင် ဘာသာပြန်ဆိုပြီး လူနှင့်တိရိစ္ဆာန်ကြား မေတ္တာနှင့်သစ္စာတရားများ ထားရှိနိုင်ပုံကို ဖော်ပြလိုက်ပါတယ်. . .

မေတ္တာနှင့်သစ္စာကို ရင်မှာပိုက်ပါလို့. . . ရွေရောင်ဝင်းနေသည့် ကြေးရုပ် ”

မြို့တော်ကို စီးကြည့်နိုင်တဲ့ ကုန်းမြင့်ထက်မျာ ပီတိမင်းသားရဲ့ ကြေးရုပ်ဟာ ကျောက်ခုံမြင့်တစ်ခုပေါ်မှာ မားမားမတ်မတရပ်တည်နေပါတယ်။ ကြေးရုပ်တစ်ခုလုံးကို ရွေရွက်ပါးပါးလွှာကလေးတွေနဲ့ ခြေဆုံးခေါင်းဆုံး စီခြယ်ထားလို့ မင်းသားရဲ့ကြေးရုပ်ဟာ နေရောင်မျာ ၀င်းလက်နေပါတော့တယ်။
မင်းသားရဲ့မျက်လုံးနှစ်လုံးက အဖိုးတန်နီလာနှစ်လုံးပါ။ သူ့ရဲ့ခါးမှာ ချိတ်ထားတဲ့ ဓားရှည်ရဲ့လက်ကိုင်ထိပ်မှာ လည်း ကြီးမားတဲ့ ပတ္တမြားတစ်လုံး တပ်ထားပါတယ်။
ချမ်းအေးတဲ့ညတစ်ညမှာ ပျံလွှားငှက်ငယ်တစ်ကောင်ဟာ မြို့ပေါ်ကိုဖြတ်သန်းပြီး ပျံသန်းလာပါတယ်။ သူ့အဖော် များကတော့ ရာသီပူနွေးတဲ့ အီဂျစ်နိုင်ငံဆီ ပျံသန်းသွားနှင့်ကြပြီ။ သူတစ်ဦးသာလျှင် မြစ်ကမ်းပါးက ခါးသွယ်တဲ့ မြက်ပင်မယ်ကို ချစ်ခင်တွယ်တာမိလို့ နောက်ချန်ကျန်ရစ်ခဲ့တာပါ။
“သည်နေ့ည ငါဘယ်မှာ နားခိုရပါ့မလဲ သည်မြို့ကြီးမှာ ငါတည်းခိုစရာနေရာ အများကြီးရှိပါ လိမ့်မယ်။ ဟော . . တွေ့ပြီ ဟိုး . . ကုန်းမြင့်ထက်က ကြေးရုပ်ဆီမှာ လေကောင်းလေသန့်လဲရတယ်။ ဘေးအန္တရယ်လည်း ကင်းဝေးတယ်.. . . အဲသည်မှာငါ ခိုနားမှာပဲ . . . ”
ပျံလွှားငှက်ငှယ်ဟာ ရွှေရောင်ဝင်းနေတဲ့ ပီတိမင်းသားရဲ့ခြေဖမိုးထက်မှာ ဆင်းသက်ခိုနား လိုက်ပါတယ်. . . “သည်တစ်ညတော့ ငါရွေအိပ်ရာထက်မှာ အိပ်စက်ရမှာ ပါလား။ ငါတော်တော်ကံကောင်းတာပဲ. . . . ”

ထူးဆန်းသည့်မျက်ရည်တစ်စက်.

ပျံလွှားငှက်ငယ်ဟာ ကျေနပ်စွာ နှလုံးသွင်းလိုက်ပြီးတော့ အိပ်စက်ဖို့ပြင်ဆင်လိုက်ပါတယ်.. . သူ့ရဲ့ဦးခေါင်းကို အတောင်ပံတစ်ဘက်အောက်မှာ လျှို့ဝှက်ဖို့အပြုမှာ. . . . ရေစက်ကြီးတစ်ပေါက်ဟာ သူ့ကိုယ်ပေါ်သို့ ဖောက်ခနဲ ကျလာပါတယ်. . .
“ဟင် . . . တယ်ထူးဆန်းပါလား. . ကနေ့ညမှာ ကောင်းကင်တစ်ခုလုံး ကြယ်ရောင်လရောင်နဲ့လင်းလို့. . . ဘယ်မိုးတိမ်မှာလဲမရှိဘဲနဲ့ ဘာကြောင့်မိုးတိမ်စက်ကြီး ကျလာရသလဲ. . . ဥရောပမြောက်ပိုင်းရဲ့ ရာသီဥတုဟာ သိပ်ဆိုးဝါးတာပဲ. . . . ”
ထိုကအခိုက်တွင်. ဒုတိယရေစက်ကြီးတစ်ပေါက် ဟာ ငှက်ငယ်ရဲ့ ကိုယ်ပေါ်သို့ ဖောက်ခနဲကျလာပြန်တယ်။
“အင်း…သည်နေရာက ရွှေရောင်ဝင်းနေပေမယ့် မိုးစက်တွေကိုမှ မကာကွယ်ပေးနိုင်ရင် ဘာများ အသုံးကျမှာလဲလို့ ငါတစ်ခြားတစ်နေရာမှာ သွားတည်းခိုတာကောင်းပါလိမ့်မယ်….. ”
ငှက်ငယ်ဟာ. လျှို့ဝှက်ထားတဲ့ ဦးခေါင်းကိုထုတ်ပြီး အတောင်ပံနှစ်ဘက်ကိုဖြန့်ကာ ထပျံတော့မယ်အလုပ်မှာ တတိယ အကြိမ်ရေစက်ကြီးတစ်ပေါက် သူ့ကိုယ်ပေါ်သို့ ကျလာပြန်တယ်… “အင်း….” လို့ အာမေဍိတ်သံပေးပြီး ငှက်ငယ်ဟာ အပေါ်ကို မော့ကြည့်လိုက်ပါတယ်.. . . . .

ဝမ်းနည်းပူဆွေးခြင်းကို မသိခဲ့သော ပီတိမင်းသား

ပီတိမင်းသားရဲ့မျက်ဝန်းအစုံဟာ မျက်ရည်များနဲ့ပြည့်လျှံနေပြီးတော့ မျက်ရည်ဥတို့က တစ်လုံးပြီးတစ်လုံး သူ့ရဲ့ ရွှေပါးပြင်ပေါ်မှ လိမ့်ဆင်းနေကြတယ်။ လရောင်ဖွေးဖွေးအောက်မှာ သူ့မျက်နှာက လှလွန်းလို့ ပျံလွှားငှက်ငယ် က သနားလာမိတယ်။
"သင်ဟာ ဘယ်သူလည်း . . ငှက်ငယ်ကမေးလိုက်တယ်.. . ."
"ငါက . . . . ပီတိမင်းသားပါ. . ."
"နို့ . . သင်ဘာကြောင့် ငိုနေရတာလဲ . . . သင့်မျက်ရည်တွေကြောင့် ကျုပ်ကိုယ်တောင် . . . ရွှဲရွှဲစိုကုန်ပြီ. . . " "င့ါ ကိုခွင့်လွှတ်ပါ ငှက်ငယ်လေးရယ်. . . ငါအသက်ရှင်နေတုန်းက ၀မ်းနည်းပူဆွေးခြင်းကို ငါမသိခဲ့ဘူး. . . ငါက စန်စူစီမြို့ရဲ့ နန်းတော်ထဲကို ၀မ်းနည်းပူဆွေးခြင်းဆိုတာကို ၀င်ရောက်ခွင့်မပြုဘူးး. . . နေ့အခါမှာ စိမ်းလန်းတဲ့ဥယာဉ်ထဲမှာ အပေါင်းအဖော်တွေနဲ့ ငါကစားရတယ်။ နေ၀င်ချိန်ရောက်လာတော့ နန်းတော်ရဲ့ ခန်းမဆောင်ကြီးမှာ ကပွဲကို ငါဦးဆောင်ရတယ်. . . ငါ့ဘ၀ဟာ ပျော်စရာအတိဖြစ်နေလို့ ငါသိပ်ပျော်ခဲ့တာပေါ့ ကွယ်. . . ဒါကြောင့် နန်းတွင်းသားများက ငါ့ကို ပီတိမင်းသားလို့ ခေါ်ဆိုကြတယ်လေ. . ."
"ဒါပေမယ့် . . . ခုတော့ငါသေပြီလို့ သည်ကုန်းမြင့်ထက်မှာ င့ါကိုတင်ထားကြတော့ င့ါမြို့တော်ရဲ့ အကျည်းတန် တဲ့ရှုကွက်တွေနဲ့ ကြေကွဲစရာကောင်းတဲံ မြင်ကွင်းတွေကို ငါအထင်းသား . . . မြင်နေရတာပေါ. . ဒါကြောင့်လေ ငါ့ရဲ့ နှလုံးသားကို ခဲသတ္တုနဲ့လုပ်ထားပေမယ့် . . ငါမဖြေဆည်နိုင်ပါဘူးကွယ်. . ..ဒါကြောင့် ငါငိုနေရတာပေါ့." "အင်း . . ငါက သူရွှေအတိလို့ထင်နေတာ . . . သူ့နှလုံးသားက ခဲတဲ့. . . ပျံလွှားငှက်ငယ်က သူ့ကိုယ်သူ ပြောလိုက်တယ်. . . ယဉ်ကျေးသူပီပီ မင်းသားရဲ့ ကိုယ်ရေး ကိုယ်တာကိစ္စကို မမေးကောင်းဘူးလို့ သူတွေးလိုက် တယ်.. . .. ."

အပိုင်း (၂) ကိုဆက်ဖတ်ပါရန်….
ဒေါက်တာမင်းတင်မွန် (မေတ္တာနှင့်သစ္စာသရုပ်ဖော်)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

မေတ္တာ နှင့် သစ္စာ

မေတ္တာ
လောက၌ အလှဆုံးတရားသည် … မေတ္တာ။
ကမ္ဘာလောကကြီးတစ်ခုလုံးကို အလှဖုံးစေနိုင်သော တရားသည်လည်း . . . မေတ္တာ။
သက်ရှိလောကအလုံးစုံကို သာယာ ချမ်းမြေ့နိုင်သည်မှာလည်း . . . မေတ္တာ။
လူလူချင်း ချစ်ခင်ကြင်နာ၊ စည်းလုံးညီညာ၊ ဖက်လဲတကင်း ရိုင်းပင်း ကူညီစေတတ်သော စွမ်းအားသည်လည်း. . . မေတ္တာ။
ရေနွေးအိုးကဲ့သို့ ပွက်ပွက်ဆူနေသော အမျက်ဒေါသကို ငြိမ်းသတ်စေနိုင်သော ရေစင်ရေအေး သည်လည်း . . . မေတ္တာ။
မေတ္တာသည် ဘေးရန်ကင်းရှင်းစေလိုသောသဘော၊ ကိုယ် စိတ်နှစ်ဖြာချမ်းသာစေ လိုသဘော၊ ကြီးပွားတိုးတက် စေလိုသော သဘောဖြစ်၏။
မေတ္တာသည် နူးညံ့သိမ်မွေ့၏။ သည်းခံခွင့်လွှတ်နိုင်၏။ အနစ်နာခံနိုင်၏။ ချစ်ခင်ယုယလို၏။ ကူညီရိုင်းပင်းလို၏။ ပေးကမ်းစွန့်ကြဲလို၏။
မိဘတို့သည် အနစ်နာခံ၊ အဆင်းရဲခံ သည်းညည်းခံ၍ သားသမီးများ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး ၊ ကောင်းစားရေးတို့ကို မနေမနား ကြိုးစားဆောင်ရွက်နေကြ သည်မှာ မိဘမေတ္တာကြောင့်ဖြစ်၏။ အေးမြသော မိဘမေတ္တာရိပ်ဝယ် ခိုလှုံကြရသော သားသမီးများ သည် ပူပင်သောက ငြိမ်းအေးခွင့်ရကြ၏။ ဘေးရန်ကင်းဝေး ကြ၏။ ကြည်နူးရွှင်လန်းကြရ၏။ လောကကို ရင်ဆိုင်ဝံ့ကြ၏။ မေတ္တာသည် မေတ္တာကို တုံ့ပြန်စေနိုင်၏။
တစ်ဦး မေတ္တာ တစ်ဦးမှာ ဆိုသော စကားသည် လူလူချင်းသာမက လူနှင့်တိရိစ္ဆာန်အကြား ၊ တိရစ္ဆာန်နှင့် တိရိစ္ဆာန်အကြားတို့၌လည်း မှန်ကန်သည်သာတည်း။
ရန်ကို ရန်ဖြင့် မငြိမ်းအေးစေနိုင်၊ မေတ္တာဖြင့်သာ ငြိမ်းအေးစေနိုင်၏။ မေတ္တာလွှမ်းခြုံလျှင် ဘေးရန်လုံ၏။
မေတ္တာသည် အစွမ်းထက်မြက်ဆုံးသော ပီယဆေးဖြစ်၏။ မေတ္တာရှင်အား လူနတ်ဗြဟ္မာနှင့် သတ္တ၀ါများ အားလုံးတို့ ချစ်ခင်ကြည်ညိုကြ၏။ မိမိ မေတ္တာဖြင့် သူတစ်ပါးတို့၏ မေတ္တာကို ညှို့ယူနိုင်၏။
မေတ္တာကို လူတိုင်းပိုင်ဆိုင်နိုင်၏။ အခကြေးငွေ ပေးဝယ်၍မရပါ။ မေတ္တာဖြင့်သာ ၀ယ်ယူနိုင်သည်။
မေတ္တာသည် သင်၏ဘ၀ကိုလည်းကောင်း၊ သင့်မိဘမောင်ဘွားများအားလည်းကောင်း၊ သင်ကျင်လည်နေသည့် လောကကြီးတစ်ခုလုံးကိုလည်းကောင်း၊ လန်းဆန်းချမ်းမြေ့ သာယာစေမည်မှာ ဧကန်သာတည်း။

သစ္စာ
လောက၌ အမြတ်ဆုံးတရား. . အလိုအပ်ဆုံးတရား. . . ။
သစ္စာမြေပေါ်တွင် ရပ်တည်ပြီးသာ ကိုယ်ကျင့်တရားကို တည်ဆောက်နိုင်သည်။ လူလူချင်းတန်းတူဆက်ဆံ နိုင်သည်။
သစ္စာသည် လူ့အဖွဲ့အစည်းများကို မယိမ်းမယိုင်မကွေ့မကောက်ဘဲ ဖြောင့်ဖြောင့်တန်းတန်း ရှေ့သို့ တိုးတက် သွားစေ၏။
သစ္စာသည် မှန်ကန်မှု.. တရားမျှတမှုဖြစ်၏။
သစ္စာသည် မတရားမှုမှန်သမျှကို ဆန့်ကျင်၏။ လူလူချင်း နှိပ်စက်ညှင်းပန်းခြင်း၊ ချုပ်ချယ်အနိုင်ကျင့်ခြင်း၊ စီးပွားရေးဖြင့် အမြတ်ထုတ်ခြင်း၊ လိမ်လည်လှည့်စားခြင်း၊ ခိုးဝှက်လုယက်ခြင်း၊ နယ်ချဲ့ တိုက်ခိုက်ခြင်း စသည့် မတရားမှုများကို ပိတ်ပင်ဟန့်တား၏။
သစ္စာကို မြတ်နိုးသူအား သစ္စာတရားက ပြန်လည်စောင့်ရှောက်သဖြင့် ကောင်းကျိုးအဖြာဖြာကို ခံယူရမည်ဖြစ်၏။ သစ္စာရှင်သည် မုသားစကားကို မနှစ်သက်၊ မမှန်သောစကားကို မဆို၊ ဆိုပြီးသောကတိစကားကို မပယ်ဖျက်၊ ဆောင်ရွက်ရမည့် ၀တ္တရားများကိုလည်း မပျက်မကွက်ဆောင်ရွက်၏။ ၀စီသစ္စာနှင့် အရိယသစ္စာတို့၏ အရသာသည် အရသာ အပေါင်းတို့တွင် အချိုမြိန်ဆုံးသော အကောင်းမြတ်ဆုံးသော အရာဖြစ်၏။

မေတ္တာနှင့်သစ္စာ
ကမ္ဘာ့အလှဆုံးတရားနှင့် အမြတ်ဆုံးတရား. . .
လူတိုင်း၏ ဘ၀ကိုသာယာမြင့်မြတ်သော တရားနှစ်ပါး. . .
လူသားတို့၏ ဘ၀များနှင့် ကမ္ဘာလောကကြီးကို အကောင်းဘက် အပေါင်းလက္ခဏာ ဘက်သို့ပြုပြင် ပြောင်းလဲ စေရာတွင် အားအကြီးဆုံးသော စွမ်းအားနှစ်ပါး. . .
မေတ္တာရှင်သည် သစ္စာရှင် ဖြစ်နိုင်သည်။ သစ္စာသည် မေတ္တာရှင်ဖြစ်နိုင်သည်။
မေတ္တာနှင့်သစ္စာ တို့၏ တန်ဖိုးကို သိနားလည်သူတို့သည် ဤတရားနှစ်ပါးကို ရင်ဝယ်ပိုက်ထွေးထားကြမည် ဖြစ်သည်။
လူသားတိုင်း၏နှစ်လုံးသားဝယ် မေတ္တာနှင့်သစ္စာတရားတို့ ပွင့်လန်း ဝေဆာလာသောအခါ ဤကမ္ဘာလောကကြီး သည် အမြင့်မားဆုံးသော အတိုင်းအတာအထိ ငြိမ်းချမ်းသာယာ စည်ပင်ဝပြော လာမည်ဖြစ်သတည်း။
မေတ္တာရှေ့ဆောင် ပြုတိုင်းအောင်…
သစ္စာဆောင်က ဘ၀တိုင်းလှ။
မေတ္တာက မအောင်မြင်နိုင်သော ဘေးရန်သည်မရှိ။
သစ္စာက မစွမ်းဆောင်ပေးနိုင်သော အရာသည်မရှိ။
မေတ္တာတရားဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်ကြစို့. . . ။
သစ္စာတရားဖြင့် ဘ၀ ငြိမ်းချမ်းရေးကို တည်ဆောက်ကြစို့. . . ။

ဒေါက်တာမင်းတင်မွန် (မေတ္တာ နှင့် သစ္စာ)
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ကျေးဇူးရှင်ကြီးပါ

တစ်နေ့တွင် ခင်ပွန်းဖြစ်သူ အပြင်မှအိမ်သို့ ပြန်ရောက်လာသည်။ ခန်းဆီးနောက်ကွယ်၌ ဖိနပ်မပါဘဲ ရပ်နေသည့် ခြေထောက်နှစ်ဖက်ကို တွေ့လိုက်ရသည်။ သို့ဖြစ်၍ဇနီးဖြစ်သူကို ဒေါသတကြီးမေးလိုက်သည်။
"ဟေ့ -မိန်းမ ဒါဘာသဘောလဲကွ"
"မောင် --မောင်တို့ခင်တို့ တယ်လီဖုန်းရအောင် ဘယ်သူလုပ်ပေးလဲ။မောင် မှတ်မိသေးတယ်မဟုတ်လား"
"မင်းကိုမေးတာ တယ်လီဖုန်းအကြောင်းမဟုတ်ဘူး ဒီခြေထောက်နှစ်ချောင်းကို မေးနေတာ"
"မောင်ရယ် မောင်တို့ခင်တို့ ကားပါမစ်ကျအောင် ဘယ်သူလုပ်ပေးလဲ၊မောင်သိတယ်မဟုတ်လား"
"အေး မော်တော်ကားအကြောင်း မေးနေတာမဟုတ်ဘူး"
"မောင်ရယ်--- မောင်ရာထူးတိုးအောင် ဘယ်သူလုပ်ပေးလဲ"
"အေး --ငါမေးနေတာက ငါတို့တိုးတက်ကြီးပွားအောင် လုပ်ပေးတဲ့ ကျေးဇူးတွေ အကြောင်းမဟုတ်ဘူးကွ....။
ငါတို့ရဲ့ ကျေးဇူးရှင်ကြီး ဘာဖြစ်လို့ ဖိနပ်မပါဘဲ ရပ်နေရသလဲဆိုတာ မေးနေတာကွ...."

ရယ်စရာမဂ္ဂဇင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

မပန်းကဗျာအတွက်.....မွေးနေ့ပွဲလေး

ကျွန်မ မေ၁၆ ၏....
အရမ်းအရမ်းကို... ချစ်ရပါသော အစ်မ ပန်းကဗျာ၏ (၂.၃.၂၀၀၉) တွင်ကျရောက်သော မွေးနေ့လေးပါ။
မမရေ.... ဘ၀နှင့် ဆန္ဒ ထပ်တူကျပါစေ၊ မေတ္တာချစ်ခြင်းကံကောင်းခြင်းတွေလဲ ရရှိပါစေနော်...။


Send this eCard !

မမအတွက်မွေးနေ့လက်ဆောင်လေးပါ။ မမအကြိုက်နဲ့ထပ်တူဖြစ်ပါစေ။
မမပဲများဖို့နာရီလေးပါ။

မမဖို့ညီမလေးအကြိုက်လက်စွပ်။


မမပဲများဖို့ လက်ကိုင်အိတ်။


မမပဲများဖို့ ဖိနပ်လေး။
မမလည်ဆွဲလေးနော်။


လက်ဆောင်တွေတော့ပေးလို့ပြီးပြီနော်။

မွေးနေ့ကိတ်ပေးရဦးမယ်။



မမရေ မွေးနေ့ပွဲလာတဲ့ မောင်နှမတွေကိုလည်း ညီမ ဧည့်ခံလိုက်ဦးမယ်နော်။ ဘာစားချင်လဲ မသိဘူး ကောင်းနိုးရာရာလေးတွေတော့အကုန်လုပ်ထားတယ်။ လက်ဆောင်ပေးပြီး ဒီတိုင်းတော့ မပြန်ကြနဲ့နော် တစ်ခု ခုတော့ စားသွားပါ...ရှင်။










အားလုံးပဲ ပျော်ရွှင်ကြပါစေ။ မမလဲ အထူးပျော်ရွင်ပါစေနော်။

ကဲ .....မေ၁၆ ကတော့ ပန်းကဗျာအိမ်သွားပြီး ၀ါးတီးလိုက်ဦးမယ်။

တောင်သူလယ်သမားနေ့

မြန်မာနိုင်ငံတော်သည် နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်တွင် နှစ်ပေါင်းရာနှင့် ချီသော ညှိုးငယ်စွာ နေခဲ့ရသောကြောင့် တိုင်းပြည်၏ လူများစု ဖြစ်သော တောင်သူလယ်သမားများမှာ လူစဉ်မမှီဘဲ အောက်ကျနောက်ကျဖြစ်ခံရသည်။ထိုအခြေအနေသည် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံတော် လွတ်လပ်ရေးရသည် အထိ ဆက်လက် တည်ရှိ ခဲ့ရသည်။လွတ်လပ်ရေးရပြီးနောက် ဖဆပလ အစိုးရ လက်အောက်တွင် တောင်သူ လယ်သမား တို့ ဘ၀သည် ထူးခြားစွာ တိုးတက်ခြင်းမရှိဘဲ ဒုံဟောင်းဘ၀ထဲ၌ လည် ပတ်နေရသည်။

၁၉၆၂ ခုနှစ် မတ်လ( ၂ ) ရက် နေ့တွင် တော်လှန်ရေးကောင်စီ လက်ထက်သို့ ရောက်သောအခါ တောင်သူလယ်သမားတို့၏ ဘ၀သည် ပြောင်းလဲမှု အချိုးအကွေ့ ရောက်ရှိလာသည်။

တောင်သူလယ်သမားများသည် အဓိကကျသော အင်အားစုကြီးဖြစ်၍ ထိုတောင် သူလယ်သမားတို့အား အမှတ်တရ ဂုဏ်ပြုသော နေ့တစ်နေ့ သည် ထီးထီးထွက်ပေါ်လာရန် အရေးတကြီး လိုအပ်နေကြောင်း နှိးနှောဖလှယ်ပွဲများမှာ တောင်သူဦးကြီးများက ပြခဲ့သဖြင့် ၁၉၆၂ ခုနှစ် မှ စ၍ နှစ်စဉ် ဇန်န၀ါရီလ (၁)ရက် နေ့တွင် တောင်သူလယ်သမားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

တောင်သူလယ်သမားကြီးများက ဇန်န၀ါရီလသည် တောင်သူလယ်သမားများအနေဖြင့် လယ်ရာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေသဖြင့် လည်းကောင်း၊ ဇန်န၀ါရီလသည် အင်္ဂလိပ်နှစ်သစ်၏ အစလဖြစ်၍ နှစ်သစ်ကူးကာလကို ဂုဏ်ပြုသလိုဖြစ်နေခြင်း ကြောင့်လည်းကောင်း၊ ယင်းနေ့အစား တော်လှန်ရေးကောင်စီ သမိုင်းပေးတာဝန်အရ တိုင်းပြည်တာဝန်ကို စတင် ထမ်းဆောင်သောနေ့ဖြစ်သော မတ်လ(၂)ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲ ပေးသင့်ကြောင်း တင်ပြကြသဖြင့် မတ်လ(၂)ရက်နေ့ကို တောင်သူလယ်သမား နေ့ အဖြစ် သတ်မှတ်ရန် တညီတညွတ်တည်း သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်နှင့်ချီပြီး လယ်ယာစိုက်ပျိုးရေး နိုင်ငံအဖြစ် ရပ်တည်လာခဲ့သည့် အားလျော်စွာ မြန်မာတိုင်းရင်းသားတို့ အနက်အမျာစုမှာလည်း တောင်သူလယ်သမားများ ဖြစ်ကြသည်။ထို့ကြောင့် နိုင်ငံတော်တိုးတက် ဖွံ့ဖြိုးရေးနှင့် တောင်သူလယ်သမားတို့ အားတိုးတက်ဖွံဖြိုးရေးမှာ ခွဲ၍ မရနိုင်အောင် ဆက်စပ်နေပေသည်။

အခြားတစ်ဖက်တွင်လည်း တောင်သူလယ်သမားများသည် အသက်ရှင်ရေး အတွက် အဓိကဖြစ်သော ဆန်စပါးနှင့် အခြားသီးနှံများကို ဆင်းရဲပင်ပန်းစွာဖြင့် စိုက်ပျိုးထုတ်လုပ်နေသူများဖြစ်သောကြောင့် သူတို့သည် နိုင်ငံတော်၏ ကျေးဇူးရှင်များလည်း ဖြစ်ကြသည်။သူတို့၏ ကျေးဇူးတရားကို မမေ့ဘဲ သူတို့ဘ၀ ဖွံဖြိုးတိုးတက် သာယာလာအောင် ကြံဆောင် ကြိုးပမ်းပေးခြင်းဖြင့် ကျေးဇူးဆပ်သင့် ကြသည်။သို့သော် တောင်သူလယ်သမားတို့၏ ဘ၀နှင့် တိုးတက်ဖွံဖြိုးရေး ဘ၀သည် တစ်ဆက်တည်း ရှိနေသဖြင့် ကျေးဇူးဆပ်သင့်ကြသည်။သို့သော် တောင်သူ လယ်သမားတို့၏ ဘ၀နှင့် တိုးတက်ဖွံဖြိုးရေးဘ၀သည် တစ်ဆက်တစ်စပ်တည်း ရှိနေသဖြင့် တောင်သူလယ်သမားတို့၏ ကျေးဇူးကို ပြန်လည်ပေးဆပ်လိုလျှင် နိုင်ငံတော်ဖွံဖြိုးရေးလုပ်ငန်းများ၌ ကျရာတာဝန် များကို ကျေပန်စွာ ထမ်းဆောင်ခြင်းသည်သာ အဓိပ္ပာယ် အရှိဆုံး၊အထိရောက်ဆုံးသော ပေးဆပ်ခြင်း ဖြစ်ကြောင်း သိရှိနားလည် သင့်ကြပေသည်။

မတ်လ(၂)ရက်နေ့တွင်ကျရောက်မည့် တောင်သူလယ်သမားနေ့ကိုဂုဏ်ပြု၍ ရေးသားဖော်ပြ လိုက်ပါတယ်..


ဦးဝမ်ထိန် (ကမ္ဘာ့နေ့ကြီးရက်ကြီးများ နှင့် မြန်မာ့နေ့ကြီးရက်ကြီးများ)


အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ



ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။