ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အိုခြင်းဆင်းရဲခြင်းကို သက်သာစေသော နည်းလမ်းများ



လူသည် အိုခြင်းတရားကို သေခြင်း၊ နာခြင်းတရားများနှင့်အတူ ရှောင်ရှားလွှဲဖယ်၍ မသွားနိုင်ကြချေ။ အိုခြင်းတရားကို တစ်ချိန် တွင်ရောက်ရှိခံစားကြရမည်သာဖြစ်ဧ။်။ ထိုအိုမင်းမစွမ်းဘ၀နှင့်ကြုံ ဆုံရသောအခါတွင် စိတ်နှလုံးချမ်းသာစွာဖြင့် အိုရမလား၊စိတ်သော ကကြီးစွာဖြင့် အိုရမှာလားဆိုသည်မှာ မည်သူမျှ အတတ် အအပ်မပြော နိုင်ကြချေ။

သို့သော် တတ်အပ်သေချာစွာ ပြောနိုင်သော အရာတစ်ခု ကား ရှိချေသည်။ ယင်းကား အခြားမဟုတ်။ အိုခြင်းဆင်းရဲကို သက်သာလျော့ပါးစေသည့် နည်းလမ်းများဖြင့် မိမိတို့ကိုယ်ကိုယ် လေ့ကျင့် နေထိုင်သွားပါလျှင် ဆင်းရဲဒုက္ခများအတွင်း ပင်ပန်းကြီးစွာ အိုရသော ဘ၀မှ လွတ်ကင်းလာနိုင်သည်ဆိုသည့် အမှန်တရား ပင်ဖြစ် ပါသည်။

လူတိုင်းသည် တစ်နေ့တွင် အိုခြင်းတရားနှင့် မုချရင်ဆိုင်တွေ့ကြ ရမည်ဖြစ်၍ လူအိုဘ၀သို့မရောက်မီအချိန်တွင် မိမိတွေ့ကြုံရမည့်အိုခြင်းဆင်းရဲကို နည်းပါးသက်သာစွာဖြင့် ရင်ဆိုင်နိုင်ရန် ကြိုတင်စီမံ ပြင်ဆင်ထားခြင်းသည်အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် ငွေကို
စနစ်တကျစုဆောင်းထားခြင်း၊ မိမိနှင့် သေဖို့နေရာအိမ်ကလေးတစ် လုံးကို ရယူပိုင်ဆိုင်ထားခြင်း၊ အိုမင်းသောဘ၀တွင် စိတ်ပျော်ရွှင်နိုင် စေမည့် ၀ါသနာပါရာ လုပ်ငန်းတစ်ခု၊ အလေ့အထတစ်ခုကို လေ့ကျင့် ပျိုးထောင်ထားခြင်း တို့ကို ကြိုတင်စီိမံထားသင့်ပါသည်။

တစ်ဖန် မိမိကိုယ်တိုင် အိုမင်သောဘ၀သို့ ရောက်လာသောအခါ အောက်ပါအချက်(၈)ချက်ကို မိမိနှင့်အတူရှိနေအောင် လေ့ကျင့်နှလုံး သွင်းထားပါလျှင် မိမိခံစားနေရသော အိုခြင်းဆင်းသည် ခံနိုင်ရည်ရှိလာ ပြီး မိမိဘ၀တွင် နေပျော်လာအောင် အံ့သြစွာ အကျိုးပေးနိုင်မည်ကား အမှန်ပင်ဖြစ်လေသည်။

၁။ မိမိရောက်ရှိ ကြုံတွေ့နေရသော အခြေအနေကိုတွေး၍ စိတ်မဆင်းရဲနေပါနှင့်။ ဖြစ်သမျှအကြောင်း အကောင်းချည်းဟုသဘော ထားပါ။

၂။ မိမိဧ။် လက်ရှိ မိတ်ဆွေတစ်ဦး သေဆုံးသွားသော် စိတ်ဓာတ်မကျပါနှင့်။ အခြားမိတ်ဆွေတစ်ဦးကို ရှာ၍ပေါင်းပါက ဘ၀ဟူ သည် နေတတ်လျှင် အလွန်ပျော်စရာကောင်းပါသည်။

၃။ အစစအရာရာနှင့် အဆင်ပြေအောင် ကြိုးစားပါ။ လူငယ် များနှင့်ခေတ်ကာလအပေါ် မကောင်းမြင်ခြင်း၊ အပြစ်မြင်ခြင်းမရှိပါစေ နှင့်။ တစ်ယူသန်စိတ်ကိုဖယ်၍ အလိုက်အထိုက်နေတတ်ပါစေ။

၎။ အ၀တ်အစားသန့်ရှင်းစွာဝတ်ပါ။ အနေအထိုင် သပ်ရပ် သန့်ရှင်းခြင်းဖြင့် စိတ်ကြည်လင်ခြင်းကို ရစေပြီး လူကို ကျန်းမာစေပါ သည်။

၅။ စာဖတ်ခြင်း၊ စိုက်ပျိုးခြင်း၊ တရားနှလုံးသွင်းစသော ၀ါသနာပါရာ အလုပ်တစ်ခုကိုနေ့စဉ်လုပ်ပါ။

၆။ အမြဲတမ်း မိမိဧ။်ရုပ်အသွင်ကို ကြည်လင်လန်းဆန်းနေ အောင် ထားပါ။ ထပ်ခါတလဲပြောခြင်း၊ ညည်းညူခြင်းတို့ကို ရှောင်ပါ။

၇။ လူတကာအပေါ် မေတ္တာထားပါ။ သနားညှာတာပါ။ စိတ်ကို ရင့်ကျက်ကြံခိုင်ပါစေ။

၈။ မည်သည့်အခါမှ ငါအိုနေပြီ၊ ကျန်းမာရေးမကောင်း တော့ဘူး၊ သေတော့မှာပဲ ဟုတစိမ့်စိမ့်တွေး မနေပါနှင့်။ သင့်လိုပဲ အိုမင်းသူ၊ ရောဂါရသူ၊ သေဆုံးသူတွေ ကုဠေပေါင်းများစွာသည် သင့်ရှေ့က သွားနေကြသည်ကို သတိပြုပါ။

ဦးဝမ်ထိန်

အားလုံးကိုချစ်ခင်လေးစားလျှက်...

7 comments:

  1. အမရေ နည်းလမ်းကောင်းလေး ဖတ်မှတ်သွားတယ်၊ ပျော်ရွှင်ပါစေနော်။

    ReplyDelete
  2. ပန်းကဗျာလဲ အဲဒီရှစ်ချက်ကို သေချာမှတ်ထားဦးနော်းဝ)

    တစ်နေ့ကျ အိုရဦးမှာဆိုတော့ မှတ်သားသွားလိုက်ဦးမယ်။

    ReplyDelete
  3. မှန်ပါ့ သယ်ရင်းရယ် ဒါကြောင့် တင်တာလေ :P

    ReplyDelete
  4. သိပ်တန်ဖိုးရှိတဲ့စာလေးဗျာ..


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  5. လိုက်နာသင့်တဲ့ အချက်ကလေးတွေပါဘဲ.. ဘ၀မှာ ခုလိုသာ နေထိုင်သွားကြမယ်ဆိုရင် နေပျော်ချင်စရာကောင်းတဲ့ ဘ၀ကို လူတိုင်းပိုင်ဆိုင်နိုင်မှာပါ... ကျေးဇူးပါနော်

    ReplyDelete
  6. စိတ်ကို ထားတတ်ရင် ဘဝက သက်သောင့် သက်သာ ရှိပါတယ်

    ReplyDelete
  7. နေတတ်ရင် ချော်လဲတာတောင်မှ ပျော်စရာပဲ မဟုတ်လား။ မလဲဖူးတာထက် စာရင် လဲဖူးတာ အတွေ့အကြုံပေါ့ ဆိုပြီးတော့လေ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။