လားတစ်ကောင် ဟာ စားကျက်ခင်းမှာ မြက်စားနေတုန်း ၀ံပုလွေတစ်ကောင် က ကိုက်စားဖို့ လာတာကို မြင်တွေ့လိုက်တယ်. . . ဒါကြောင့် သူဟာ ခြေထောက် နာချင်ယောင်ဆောင်လိုက်တယ်. . .
ဝံပုလွေက အနီးကို ရောက်လာပြီးနောက် "ဘာကြောင့် သင့်ခြေထောက်မှာ ဒဏ်ရာ ရရှိနေသလဲလို့ မေးတာပေါ့. . လားက ခြံစည်းရိုးတစ်ခုကို ခုန်တုန်း က ဆူးစူးတာပါ. . .ပြီးတော့ အကြံပေးလိုက်တယ်. . . သူ့ကို မစားမီ ဒီဆူးကို နှုတ်ပေးဖို့ပါ. . . ဒါမှ ၀ံပုလွေစားတဲ့ အခါမှာ လည်ချောင်း မှာ ဆူး မစူးနိုင်တော့ဘူးတဲ့. . "
ငနဲ့ က လှည့်ကွက်ထဲ ၀င်လာပါရော. . ဒါနဲ့ လားရဲ့ ခြေထောက်ကို ငုံ့ကြည့်လိုက်တယ်. . . .၀ံပုလွေက သူ့ခြေထောက်ကို အသေအချာကြည့်ရှုနေတုန်း လားက ၀ံပုလွေရဲ့ ပါးစပ်ကို ကန်ကျောက်လိုက်လို့ သွားတွေ ကျိုးကုန်တယ်. . .
ဒီတော့မှ ၀ံပုလွေက ၀မ်းနည်းစွာ ရေရွတ်လိုက်တယ်. . .
"ငါ့အပြစ်နဲ့ ငါ ခံလိုက်ရတာပဲ. . ငါ့အဖေ က သားကောင်တွေကို ဖမ်းယူစားသောက်ဖို့ သင်ပေးခဲ့တယ်. . . အဖေရဲ့ ညွှန်ကြားမှုမှာ ငါဟာ မဆီမဆိုင်တာကို လုပ်ဖို့ဆိုတာ မပါဘူး . . . " တဲ့
(ကိုယ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စမှာ ၀င်ရောယှက်ရင် ဒုက္ခ တွေ့ကြုံတတ်တယ်. . )
အီစွတ်ပုံပြင်
း)).. ဒါကြောင့် ကျွန်တော်ခပ်မဆိတ်နေတယ်... :D
ReplyDeleteခင်မင်တဲ့
နေ၀သန်
ဟုတ်ပါ့။ မယောင်ရာ ဆီလူးသွားလုပ်တာကိုး။ ဒါပေမဲ့ ၀ံပုလွေဆိုတဲ့အသံကြားရင်တော့ သူခံရတာကိုဘဲ သဘောကျတယ်ဗျား။
ReplyDeleteပုံပြင်ကို ကြားဖူးပေမယ့် ဘယ်လိုအသိကို ပေးသွားလဲဆိုတာ သေချာ.. သေသေချာချာ မတွေးခဲ့ဖူးဘူး။ အခုမှ..။
ReplyDeleteအဲဒီလားက ဘော်လုံးသမားသေလို့ ဝင်စားတာ ဖြစ်မယ် :-)
ReplyDeleteး)
ReplyDeleteတခါတခါ နေရာတကာ မဆီမဆိုင် ၀င်ပါတာ တော်တော်ဆိုး၇ွားတဲ့ အလုပ်ပါ . . .
မလုပ်ရင် အကောင်းဆုံးပါပဲတဲ့း))
မှန်တယ်
ခင်တဲ့
ဗညား
ကိုယ့် ကိစ္စပဲ ကိုယ်လုပ် ချင်ပါတယ်...
ReplyDeleteဒါပေမယ့် မလွယ်ဘူးဗျ...
သတိပေးတာ ကျေးဇူးတင်ပါတယ်...
အင်း.. ဒါလည်းလေး ပညာယူ စရာလေးပါ။ ကိုယ့်နဲ့ မဆိုင်တာကို အရင်သွားစပ်စုတော့ ကိုယ်ပဲ ခံလိုက်ရတာပေါ့.. တကယ်က ကိုယ့်အလုပ်ကို လုပ်ရမှာ မလုပ်ပဲကိုး...
ReplyDelete