ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

တောထွက်လာသော အရှင်မဟာကဿပ အလောင်းအား ဘုရားကြိုဆိုနေပုံ

ဘုရားပရိနိဗ္ဗာန်  စံတော်မူပြီးနောက် သာသနာကို စောင့်ရှောက်ရစ်မည့် ရှင်မဟာကဿပအလောင်း "ပိပ္ပလိ" သတို့သားသည် အလုပ်သမား ရွာပေါင်း ၁၄ ရွာနှင့် စစ်တပ် အစိတ်ကို ပိုင်ဆိုင်လျက် ကုဋေများစွာ ဥစ္စာကြွယ်ဖြိုး သူဌေးမျိုးမှ သူဌေးကတော်နှင့် အတူ ရဟန်း ပြုလာခဲ့သည်။ သူတို့နှစ်ဦးလမ်းခွဲသော နေရာ၌ ကမ္ဘာမြေ တုန်လှုပ်သံကို အရင်းခံ၍ ဆင်ခြင်တော်မူသော ဘုရားရှင်လည်း အကြောင်းအရာကို ကောင်းစွာ သိမြင်တော်မူနှင့်လေသည်။

ထိုခဏ၌ပင် ဝေဠုဝန် ကျောင်းတော်မှ ၃ ၀ါ ဂုတ်မျှ ဝေးကွာသော ပြည်ညောင်ပင်သို့ ကြွတော်မူ၍ ခရီးကြိုဆို ကာ ရောင်ခြည်တော် ခြောက်ဖြာ ထွက်စေကာဖြင့် ထိုင်နေတော်မူနှင့် လေသည်။ ကဿပ အရှင်သည် ဘုရားကိုမြင်လျှင် ငါ့ဆရာပင်တည်း ဟု ဆုံးဖြတ်၍ ဘုရားခြေတော်တွင် ဦးခေါင်းတင်ကာ တပည့်ဖြစ်ပါကြောင်းကို လျှောက်ထားလေသည်။ ဘုရားရှင်သည် သံဃာပရိသတ် အလယ်၌ မကြာ မကြာ တန်းတူထား၍ မြှောက်စားတော် မူလေသည်။ 

THE BUDDHA WELCOMING THE PERSON WHO HAD RETIRED FROM THE WORLD AND WAS TO BECOME THE VENERABLE MAHAKASSAPA

Pippali was destined to become Venerable Mahakassapa who would protect the dispensation of the Dhamma after his death. He was in charge of 14 villages of workmen and a section of the fighting forces. He belonged to a very rich famil worth several crores of money and together with his wife retired from home-life to lead a religious life. There was a mighty earth-quake at the place where Pippali parted with his wife on retirement from the  world. The Buddha surveryed with his Buddha-eye and saw the cause of the earth-quake.

Immediately thereafter the Buddha went to the giant banyan tree about 3 gavuas away (about sis miles) to welcome Pippali. He then sat at the foot of the tree causing the six resplendent rays of light to issue forth from his body. Pipaali, who later came to be known as Mhahakassapa, saw the Blessed one and coming to this decision. He indeed is my master, placed his head upon the feet of the Blessed one and said, Lord, I'm your disciple. The Buddha often honored him before the assembly of monks by treating him as a member of the Holy order of a standing equal to him.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

ကိုယ်ကပေးမှ ကိုယ်ပြန်ရ


အကြောင်းနှင့်ကင်းပြီး ဖြစ်ရိုးဖြစ်စဉ် မရှိသော ဤလောကကြီးတွင် ပြုလုပ်  စီမံခြင်း ဟူသော  ပေးဆပ်ခြင်း   မရှိဘဲ မည်သည့် ရယူပိုင်ဆိုင်ခြင်းမျိုးမှ မရှိနိုင်ချေ ။ အကြောင်းရှိမှ အကျိုးရှိရသလို အပေးရှိမှ ရယူခြင်း သည် ဖြစ်ပေါ်လာရချေသည်။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က လက်ညှိုးညွှန်လိုက် သည်နှင့် ရွှေအိုးကြီး ဘွားခနဲ ပေါ်လာသည့် အဖြစ်မျိုး ၊ သရက်မျိုးစေ့ကို စိုက်ပျိုးထားလျက် နှင့် ထို သရက်ပင် မှ လိမ္မော်သီး သီးလာသည့် အဖြစ်မျိုးသည် ဒဏ္ဍာရီ ပုံပြင် ယုံတမ်းစကားများသာတွင် သာ တွေ့နိုင်ပါသည်။ 

စင်စစ်မှု အပေးရှိမှ  ရယူနိုင်မှု၊ အသွားရှိမှ အလာရှိမှုတို့သည် အပြန်အလှန် ဆက်သွယ်နေသည့် လောက၏ နိယာမစုံတွဲများ ဖြစ်လေသည် ။ ဤနိယာမသဘောကို လွန်ဆန်ပြီး အပေးမရှိဘဲ ရယူလိုခြင်း၊ အပင်မစိုက်ဘဲ အသီးစားလိုခြင်းသည် အလွန်တရာ မှားယွင်းသော ၀ိသမလောဘ ဦးစီးသည့် တစ်ဖက်သက် စိတ်ဆန္ဒ တစ်ခု သာ ဖြစ်ချေသည်။ 

ဤလောကသည် လူအချင်းချင်း ဆက်ဆံ ပေါင်းသင်းပြီး တူညီသော ဆန္ဒ၊ ရင်းနှီးချစ်ကြည်မှုတို့ဖြင့် တည်ဆောက်ထားသည့် အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေရာ ထိုလူ့လောက အဖွဲ့အစည်းကြီး မတိမ်းမစောင်း ၊ မပျက် မယွင်းသွားအောင် " အပေးအယူ " ဖြစ်စဉ်ကြီး က ထိန်းချုပ်ပေးထား၍သာ ဤလူ့လောက သည် ဤမျှ ကြာညောင်းစွာ တည်ရှိနေရခြင်း ဖြစ်လေသည်။

လူသည် ပင်ကိုယ်အားဖြင့် ပေါင်းသင်းဆက်ဆံရေး သတ္တ၀ါ ဖြစ်၍ အချင်းချင်း အပေါ် ပြေပြေလည်လည်၊ ရင်းရင်း နှီးနှီး ဆက်ဆံနေကြရသည်။ ပေါင်းသင်းဆက်ဆံရေး ပြေလည်ကောင်းမွန်လျှင် ကောင်းမွန် သလောက် ပျော်ရွှင်ချမ်းမြေ့စွာ အသက်ရှင် နေထိုင်နိုင်ကြမည် ဖြစ်သည်။  ထို့ကြောင့် လူတိုင်းတွင် မိတ်ဆွေကောင်း ၊ ဘ၀ခရီးဖော်ကောင်းများ သည် မရှိမဖြစ် လိုအပ်လှသည်။

မိတ်ဆွေ သင်္ဂဟ နည်းခြင်း များခြင်းသည် မိတ်ဆွေ သင်္ဂဟ လုံးလုံး မရှိခြင်းနှင့် နှိုင်းစာလျှင်         
 တော်ပေသေး သည်။  အဓိကမှာ အပေါင်းအသင်း နည်းခြင်း ၊များခြင်းထက် မိတ်ဆွေကောင်း တစ်ယောက် ရှိခြင်းက ပို၍ အကျိုးများနိုင်ပေသည်။ 

မိတ်ဆွေ အပေါင်းအသင်းများ အကြောင်း ပြောဆိုကြသောအခါ လူအများစုသည် မိမိအား အကျိုးပြုနိုင်မည့် မိတ်ကောင်းဆွေကောင်းများကို သာ တမ်းတမ်းတာတ ပြောဆိုကြ၏ ။ မိတ်ဆွေတုများကို မလိုချင်၊ ရွံ့မုန်းကြ၏ ... စကားလက်ဆုံကျကြလျှင် မိတ်ဆွေညံ့များ အကြောင်းကို ညည်းညည်းညူညူ ပြောကြမည် မှာ ဓမ္မတာပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့တွင် မိတ်ကောင်း ဆွေကောင်းမရှိသည်က များသောကြောင့် ဖြစ်သည်။ 

အမှန်စင်စစ်တွင် ဤလောကတွင် မိတ်ကောင်းဆွေကောင်းများသည် မရှားပါးပါ။ များစွာ ရှိပါ၏ ။ ရှိလည်း ရှိနေပါ၏  ကိုယ်က ရှိအောင် မလုပ်နိုင်ခြင်းကြောင့် မရှိရခြင်း၊ ရှားပါးဖြင်း ဖြစ်၏။ မိမ်ဘက်က မိတ်ကောင်းဆွေကောင်း ကို ရယူလိုလျှင် မိမိကလည်း ထိုမိတ်ကောင်းဆွေကောင်း ဖြစ်စေလိုသူတို့ အား မိတ်ကောင်းဆွေကောင်း တစ်ယောက်အဖြစ် ပြန်လည် ပေးလိုက်ခြင်းသာဖြစ်ပါသည်။

သို့ဖြစ်လျှင်မိမိဘက်က ဘာတွေကို ပေးမည်နည်း။ မိတ်ဆွေကောင်း လိုချင်သော ပုဂ္ဂိုလ်မှ မိမိထံတွင်ရှိနေအောင် ကျင့်ကြံနေထိုင်အပ်သည့် အကြောင်းတရား (၄)ပါးမှာ-

၁။ စိတ်ကောင်း နှလုံးကောင်းဖြင့် မိမိမိတ်ဆွေအပေါ် ကျေးဇူးပြုခြင်း။

၂။ စိတ်ကောင်း နှလုံးကောင်းဖြင့် မိမိမိတ်ဆွေအပေါ် ဆင်းရဲအတူ၊ ချမ်းသာအတူ၊ အေးအတူ ပူအမျှ နေထိုင် ဆက်ဆံခြင်း၊ 

၃။ စိတ်ကောင်း နှလုံးကောင်းဖြင့် မိမိမိတ်ဆွေအပေါ် အကျိုးစီးပွားရှိရာ ရှိကြောင်းကို ညွှန်ပြပြောဆိုခြင်း။ 

၎။ စိတ်ကောင်း နှလုံးကောင်းဖြင့် မိမိမိတ်ဆွေအပေါ်အစဉ် ကြင်နာ သနားခြင်းတို့ ဖြစ်လေသည်။

ဤတရားလေးပါးကို မိမိ၏ မိတ်ဆွေအပေါ် ပေးအပ်ခြင်းဖြင့် လူ့လောက၏ လာဘ်ကြီးတစ်ခုဖြစ်သည့် မိတ်ဆွေကောင်းများကို မိမိက တစ်ဖန်ရယူနိုင်ကြောင်း မှတ်သားနိုင်ပါသည်။

လူအများစုသည် အရေးအကြောင်း ရှိသောအခါ မိတ်ဆွေကောင်းတို့၏ အကူအညီအစောင်အမကို မရကြသဖြင့် မိမိပေါင်းသင်း ဆက်ဆံရသော အပေါင်းအသင်း မိတ်ဆွေများအပေါ် အပြစ်တင် တတ်ကြသည်။ သို့သော် မိမိဘက်မှ မိတ်ဆွေကောင်း မပီသသော ချို့ယွင်း အားနည်းချက်များကို ကား မမြင်တတ်ချေ။ မိမိဘက်မှ မိမိမိတ်တွေ များ အရေးအကြောင်း ရှိလာသောအခါတွင် ဘာများ ကူညီ ဆောင်ရွက်ပေးနိုင်ပါသနည်း။   

မိမိလိုလားသော မိတ်ဆွေများ၏ အရည်အချင်း စိတ်နေစိတ်ထားမျိုး မိမိတွင် ရှိပါသလော ဆိုသည်ကို ပြန်လည် ဆန်းစစ်သင့်ပါသည်။ အရေးကြီးဆုံးမှာ မိမိကိုယ်တိုင် မိတ်ဆွေကောင်း မပီသဘဲနှင့် ဘယ်သောအခါမျှ မိမိထံသို့ မိတ်ကောင်းဆွေကောင်း တို့ ရောက်လာမည်ဖြစ်ကြောင်း လေးလေး နက်နက် ခံယူ မှတ်သားထားရန် ဖြစ်ပါသည်။ 

အဆွေ ခင်ပွန်းကောင်းသည် မိမိအား လူကောင်းသူကောင်း ဖြစ်အောင် လုပ်ဆောင်ပေးနိုင်သည်သာ မက စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် အရေးကိစ္စများတွင်လည်း ပြီးစီးအောင်မြင်စေရန် စွမ်းဆောင်ပေးနိင် သော တန်ခိုးရှိလေသည်။ ထို့ကြောင့် လူ့လောကတွင် လူတန်းစေ့ အသက်ရှင် နေထိုင် လိုလျှင် မိတ်ကောင်း ဆွေကောင်းရှိခြင်း ဟူသည့်  ဂုဏ် ရှိရန် လိုသည်။

အကြင်လောကသည် သူ့ဘက် ကိုယ့်ဘက် မျှတသော အပေးအယူတို့ဖြင့် လိုက်ဖက်ညီစွာ တည်ဆောင် ထားနိုင်အံ့။ ထိုလောကသည် နေချင့်စဖွယ် ဘုံဗိမာန်ကြီး တစ်ခု ဖြစ်လာမည် မှာ မလွဲချေ။ ထို့အတူ အကြင် ပုဂ္ဂိုလ်သည်  သူ့ဘက် ကိုယ့်ဘက် မျှတစွာ ကြည့်တတ်သော စိတ်ကောင်း စေတနာကောင်းတို့ဖြင့် မိတ်ဆွေကောင်းတို့၏ အရည့်အသွေးကောင်းတို့ကို မွေးမြူထားအံ့။ ထိုသူသည် မိတ်ကောင်းဆွေကောင်း တို့၏ အကူအညီကို ရ၍ ကြီးပွားချမ်းသာလာမည်ကား အမှန်ပင် ဖြစ်ပါတော့သည်။

ဦးဝမ်ထိန်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
 

အလုပ်ခွင်တွင် အနားယူအပန်းဖြေခြင်း



လေ့ကျင့်ခန်း(၁)
ညာဘက်လက်ကို ရင်ဘတ်ပေါ်တင်ထားပါ ၊ဘယ်ဘက်လက်ကိုဗိုက်ပေါ်တွင် ထားပြီး မျက်လုံးကို အသာမှိတ်ထားလျက် အသက်ရှုလေ့ကျင့်မှုကို ပြုလုပ်ပါ။ အသက်ရှုသွင်းမှု ၊ အသက်ရှုထုတ်မှု များကို  နှာခေါင်းမှ ပြုလုပ်ပါ ။ သင်၏ ၀မ်းဗိုက်ကို ဖောင်းလိုက၊ ပိန်လိုက် ဖြစ်အောင် အသက်ရှုလေ့ကျင့်မှု ကိုပြုလုပ်ပါ။

လေ့ကျင့်ခန်း(၂)
အင်္ကျီလည်ပင်းကြယ်သီးကို ဖြုတ်ထားပါ၊ ဦးခေါင်းကို နောက်ဘက်သို့ လှန်ထားပါ။ သင်၏ လက်များကို ပခုံးပေါ်တွင် တင်ထားပါ။ ဘယ်လက်ကို ဘယ်ပခုံး၊ ညာလက်ကို  ညာပခုံးပေါ်တွင် တင်ထားပါ။ အသက်ကို ရှုထုတ်လိုက်ရင်း ဦးခေါင်းကို နောက်ဘက်သို့ လှန်လိုက်ပါ။ သင့်လက်များဖြင့် ပခုံးကြွက်သားများအပေါ် တဖြည်းဖြည်း နှိပ်ပြီးအောက်မှ အထက်သို့ ဆွဲနှိပ်ပါ။ ဤလေ့ကျင့်မှုကို အချိန်များစွာ ပြုလုပ်ပါ။

လေ့ကျင့်ခန်း(၃)
သင်၏ဘယ်လက်ကို ညာပခုံးပေါ်တွင် ထားပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ တော်တော်ကြာအောင် နှိပ်ဖိထားပါ။ ထို့နောက် လွှတ်လိုက်ပါ။ ဤနည်းအတိုင်း ပခုံးနှင့် လက်မောင်း များတွင်လည်း ညင်ညင်သာသာ နှိပ်နယ်ပေးပါ ။ သင်၏ ညာလက်ကို ဘယ်ပခုံးပေါ်တွင် တင်ထားပြိး အလားတူ လေ့ကျင့်မှုကို ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း(၄)
သင်၏ လက်ချောင်းလေးများကို သင့်ဦးခေါင်းခွံ၏ နောက်ဘက် အောက်နားတွင် ထားပြီး လက်ဆယ်ချောင်း စလုံး သုံးပြီး ဖြည်းဖြည်း နှိပ်နယ်ပေးပါ။ ဦးခေါင်းခွံ အောက်ဘက်နားမှ အောက်ဘက်သို့ တဖြည်းဖြည်း ဆင်းလာပြီး လည်ပင်း ၊ ထို့နောက် ပခုံးအထိ ဖြည်းဖြည်း နှိပ်ပေးပါ။

လေ့ကျင့်ခန်း(၅)
သင်၏ဘယ်ဘက်လက်ကို ညာဘက်ပခုံးထက်တွင်တင်ထားပါ။ ဘယ်ဘက်လက်၏ တံတောင်ဆစ် ကိုညာဘက်လက်ဖြင့် မထားပါ။ တံတောင်ဆစ် အမြင့်နှင့် ပခုံးတို့ တစ်တန်းတည်း လောက်ဖြစ်အောင် မတင်ပါ။ ဘယ်ဘက်လက်ချောင်းလေးများဖြင့် ညာပခုံး ထိပ်ပိုင်းလေးများကို ဖိနှိပ်ပေးပါ။ ဘယ်ပခုံးကိုလည်း ညာလက်ဖြင့် အထက်ပါအတိုင်း နှိပ်နယ်လေ့ကျင့်ပေးပါ။

လေ့ကျင့်ခန်း (၆)
သင်၏ လက်နှစ်ဖက်ကို ဦးခေါင်းထိပ်ပေါ်တွင် တင်ထားပါ။ သင်၏ ဦးခေါင်း ကို ရှေ့ပိုင်း အောက်ဘက်သို့ သာသာ ဆွဲချပါ။ ဆွဲချထားသော အနေအထားကို ခဏကြာကြာ ထိန်းထားပါ။ ထိုသို့ပြုလုပ်ထားသဖြင့် နောက်ကျောဘက်တွင် တင်းလာသည့်ခံစားမှုရှိလာအောင် ဦးခေါင်းကို ဆွဲထားပါ။

လေ့ကျင့်ခန်း(၇)
သင်၏ ဘယ်ဘက်ပခုံးကို အပေါ်သို့ ပင့်တင်လိုက်ပြီး နောက်ဘက်မှာ ရှေ့ဘက်သို့ ၀ိုင်းလှည့်ပေးသော လေ့ကျင့်မှုကို ပြုလုပ်ပါ။ ထို့နောက် ညာဘက် ပခုံးကို  အလားတူ လှုပ်ရှားလေ့ကျင့်ပေးပါ။ ထို့နောက် ပခုံး နှစ်ခုလုံးကို တစ်ပြိုင်တည်း ပင့်တင်လျှက် နောက်ဘက်မှ ရှေ့ဘက်သို့ ၀ိုင်းလှည့်ပေးသော လေ့ကျင့်မှု ပြုလုပ်ပေးပါ။ ဤလေ့ကျင့်ခန်းပြုလုပ်ရာတွင် သင်၏ လက်မောင်းကို အသက်သာဆုံး အနေအထားမျိုးဖြစ်အောင် လျှော့ထားပါ။

ဒေါက်တာသိန်းလွင်


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

မျက်လုံးအားကောင်းစေမယ့် ယောဂကျင့်စဉ်

လေ့ကျင့်ခန်း(၁)
မျက်ခုံးကိုပင့်၊ မျက်လုံးကိုပြူးပါ၊ မျက်ဆံတွေက ရှေ့တည့်တည့်ကို စိုက်ကြည့်ထားရပါမယ်။ လက်ခလယ် နှစ်ဖက်က မျက်လုံးနှစ်ဖက်ရဲ့ ထောင့်စွန်းများကို ဖိပြီး အပေါ်သို့ ဆွဲတင်ထားပါ။

လေ့ကျင့်ခန်း(၂)
ဘယ်ဘက်လက်က ခါးကိုထောင်ပြီး ညာလက်ညှိုးကို ညာမျက်လုံးအပေါ် ၄၅ ဒီဂရီ ကျလောက် တွင် ထောင်ကာ မျက်လုံးများက ထောင်ထားသော ညာလက်ညှိုးကို စွေပြီးကြည့်နေပါ။
ထိုပုံစံတိုင်း ၁ မှ ၂၀ အထိ ရေတွက်ကာနေပါ။

လေ့ကျင့်ခန်း(၃)
ညာဘက်လက် က ခါးကိုထောင်ထားပြီး ဘယ်ဘက်လက်ညှိုးကို ဘယ်မျက်လုံးအပေါ် ၄၅ ဒီဂရီကျကျလောက်တွင် ထောင်ကာ မျက်လုံးများက ထောင်ထားသော ဘယ်လက်ညှိုးကို စွေပြိး ကြည့်နေပါ။

ထိုပုံစံတိုင်း ၁ မှ ၂၀ အထိ ရေတွက်ကာနေပါ။

သတိပြုရန်
မျက်လုံးများ စွေကြည့်သည့် အခါ ဦးခေါင်းကို မလှုပ်ရပါ။ မျက်လုံးများကပဲ စွေကြည့်ပါ။

အကျိုးကျေးဇူး
မျက်ခုံးကို ပင့်ထားတဲ့အတွက် မျက်ခွံမကျစေပါ။

မျက်လုံးကို ပြူးထားတဲ့အတွက် မျက်လုံးများမှာရှိတဲ့ သွေးကြောများကို ဆန့်လိုက် သလိုဖြစ်လို့ မျက်လုံးမှိတ် တုတ် မှိတ်တုတ်ဖြစ်ခြင်း ၊ မျက်ကြောလိုက်ခြင်းတို့ကို မဖြစ်စေပါ။

မျက်လုံးအရည်တောက်ပါစေပါတယ်။

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

  

ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။