ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မြှားပစ်ဝိဇ္ဖာ

လူတစ်ယောက်က ကျွန်တော့ကို သူ့နှလုံးသားရေးရာနဲ့ ပတ်သက်လို့ လာရင်ဖွင့်ပါတယ်...

လူငယ်. . . . . . အဆင်မပြေဘူးဗျာ. . . လွဲလွဲနေတယ်.. . အကြံပေးပါဦး. .

ကျွန်တော်. . .. မင်းတောပုန်းကြီး ရော်ဘင်ဟုကို ကြားဖူးလား. . .

လူငယ်. . . . .အင်း

ကျွန်တော်. . . သူ့ဆီမှာ မင်းရဲ့ မြှားနတ်မောင်ကို လေးပစ်သင်တန်းတက်ခိုင်းလိုက်. . အဆင်ပြေသွားလိမ့်မယ်. . .

အဲဒီလူငယ်လေးလည်း ကျွန်တော့ အကြံပြုချက်ကို စဉ်းစားသွားပါတယ်. . . .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ဘ၀ထဲက ကဗျာ ကဗျာထဲကဘဝ

စာရေးဆရာမြင်းမူမောင်နိုင်မိုး၏ "ဘ၀ထဲက ကဗျာ ကဗျာထဲက ဘ၀" စာပေဟောပြောပွဲ အသံဖိုင်အား အောက်ပါလင့်တွင် နားဆင်နိုင်ပါသည်...
http://www.myanmarfriendconnect.com/_-/audio/916677/67853.html

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ဘ၀မှစာ စာမှဘဝ

စာရေးဆရာလယ်တွင်းသား စောချစ်၏ "ဘ၀မှစာ စာမှဘ၀" စာပေဟောပြောပွဲ အသံဖိုင် ကို အောက်ပါလင့်တွင် နားဆင်နိုင်ပါသည်...
http://www.myanmarfriendconnect.com/_-/audio/916479/67853.html

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

စာဖတ်ခြင်းဖြင့် ကြီးမြင့်ပါစေ

(၂၁.၁၁.၂၀၁၁) ခုနှစ် ည (၇) နာရီတွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ၊ မြို့တော်ခန်းမတွင် စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ ကျင်းပခဲ့ပါသည်။


စာပေဟောပြောပွဲတွင် "စာဖတ်ခြင်းဖြင့် ကြီးမြင့်ပါစေ" ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည့် စာရေးဆရာချစ်နိုင်၏ အသံဖိုင်ကို အောက်ပါလင့်မှ တဆင့် နားဆင်နိုင်ပါသည်။

စာရေးဆရာချစ်နိုင်(စိတ်ပညာ) - MyanmarFriendConnect Audio track - Myanmar social and media sharing network

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ခွန်အား

တစ်ခါကပါ. . .

မြစ်နဲ့ ကမ်းပါးတွေ ရန်ဖြစ်ကြပါတယ်...

မြစ်။ ။ တွေ့ကြရောပေါ့ကွာ. .

သူ့ရဲ့လှိုင်းတွေနဲ့ ကမ်းပါးတွေကို ဖြိုဖျက်ပစ်ပါတယ်.. .
ကမ်းပါးတွေ တအိအိပြိုလာလို့. . . . .

မြစ်။ ဟား ဟား ငါ့ရဲ့အစွမ်းကို တွေ့ပြီမဟုတ်လား . . . မင်းတို့ဘာတတ်နိုင်သေးလဲ. . . .

ကမ်းပါးတွေက ဘာမှ ပြန်မပြောပါဘူး. . .

အချိန်တန်တော့လည်း ပြိုကျသွားတဲ့ ကမ်းပါးတွေကပဲ သောင်ထွန်းပြီး မြစ်ကို ကောက်ကွေ့စေလိုက်ပါတယ်.. . .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သည်းခံခြင်း

အမေရိကန်လူမျိုးများသည် ရေးကြီးသုတ်ပြာ နိုင်ကြပါသည်. . . အခြားနိုင်ငံသားများက ရေးကြီသုတ်ပြာ နိုင်မှုကို အမေရိကန်လူမျိုးတို့၏ ထူးခြား လက္ခဏာ တစ်ခုအဖြစ် သဘောထားကြပါသည်. . . အခြားနိုင်ငံသားများက မြင်သောအမြင်မှာ မှန်ကန်ပါသည်. . . အမေရိကန်တို့သည် အောင်ပန်းဆင်နိုင်ဖို့အတွက် သွက်လက်စွာ လှုပ်ရှားကြပါသည်. . . ထိုအချက်သည်. . ကျွန်ုပ်တို့အတွက် တွန်းအားဖြစ်ပါသည်. . ထိုတွန်းအားသည် အမေရိကန် လူမျိုးများ၏ အကြီးမားဆုံးသော အင်အားဖြစ်ပါသည်...

အခြားတစ်ဖက်မှ ပြန်ကြည့်လျှင် လက်တွေ့ကျကျ ချက်ခြင်း အရေးယူဆောင်ရွက်တတ်သော အလေ့အကျင့် အင်အားသည် အားနည်းချက်လည်း ဖြစ်နိုင်ပါသည်. . ချက်ခြင်း လုပ်ရမှ ကျေနပ်သော အလေ့အကျင့်ကြောင့် သည်းမခံနိုင်သော လူမျိုးဟု အများစုက ယူဆလာကြပါသည်. . .

စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရာတွင်လည်း အလားတူ အကျိုးရလဒ်များ ကြုံတွေ့ခဲ့ရပါသည်. . . လုပ်ငန်းသဘောတူချက်ကို အခု လက်မှတ်ထိုး အခု ချက်ခြင်း စတင်အကောင်အထည် ဖော်စေချင်ပါသည်. . . ချက်ခြင်း လုပ်ချင်သော သဘောက ဦးဆောင်လွန်းသည့်အတွက် လုပ်ငန်း လုပ်ကိုင်ရန် စဉ်းစားဖို့အချိန်မယူသော အခြေအနေများ မကြာခဏ ကြုံတွေ့ကြရပါသည်. . . အလုပ်လုပ်ရာတွင် မြန်မြန်ဆန်ဆန် ရေးကြီးသုတ်ပြာလုပ်ခြင်မှုများ သည်းမခံနိုင်မှုများကြောင့် အလုပ်တစ်ခု မလုပ်မီ သေသေချာချာ ချင့်ချိန် ပြုမူလိုသော လူအများ ရနိုင်သည့် အခွင့်အရေးများကို ဘေးဖယ်ထားရာ ရောက်နေပါသည်. . . .

သည်းခံနိုင်စွမ်းသည် သတ္တိ တစ်မျိုးပင်ဖြစ်သည်. . . . သည်းခံနိုင်ခြင်းမှာ ရည်မှန်းချက် ပြည့်ဝရေးအတွက် ဖြည့်ဆည်းပေးနိုင်သော . သတ္တိထူး တစ်မျိုးပင်ဖြစ်သည်... သည်းခံနိုင်မှုသည် သင်ပြုပြင်ပြောင်းလဲနိုင်သည်ကို ပြုပြင်နိုင်သော စွမ်းရည် လဲ ဖြစ်ပါသည်. . . ကွဲပြားခြားနားချက်ကို သိမြင်နိုင်စွမ်းသာ အသိဥာဏ်လည်း ဖြစ်ပါသည်. . . ဘ၀တွင် မျှော်မှန်းထားသော ရည်မှန်းချက်များကို ပြည့်ဝ အောင် ဖြ့ည်ဆည်းလိုသော ဆန္ဒလေးနက်လေလေ ၊ အခက်အခဲများကို ရင်ဆိုင် ဖြေရှင်းနိုင်ဖို့အတွက် သည်းခံဖို့ ပိုလိုလာလေဖြစ်သည်. .

သည်းခံမှုဆိုသည်မှာ လှုပ်ရှားသည့် သဘောသက်ဝင်ပါသည်. . . ငြိမ်သက်နေသည့်သဘောမဟုတ်ပါ. . . တက်ကြွသည့် သဘောရှိပါသည်. . . တွေ့ကြုံလာသည့်အခြေအနေကို ငြိမ်ခံနေသည့်သဘောမဟုတ်ပါ. . . . ကိုယ်ကြမ္မာကိုယ် ဖန်တီးဦးစီးဆောင်နိုင်ဖို့အတွက် အပြုသဘော ဆောင်သော တွန်းအား တစ်မျိုးဖြစ်ပါသည်. . . သည်းခံမှုသည် တစ်ခုတည်းသော ဘ၀ရည်မှန်းချက်ကို ဦးတည်လုပ်ပေးထားမှုနှင့် ကိုယ်တိုင် ဆင်ခြင် ထိန်းကျောင်းမှုတို့ အကျုံးဝင်ပါသည်. .

ကိုယ်လျှောက်လှမ်းနေရသည့် ဦးတည်ချက်ကို ကောင်းစွာ သိမြင်နေသောအခါ သင့်ရည်မှန်းချက်ပြည့်ဝရေးတွင် ကြုံတွေ့လာရသော အခက်အခဲများကို သည်းခံနိုင်စွမ်းရည် တိုးပွားလာပါသည်. . . သင့်အနေဖြင့် သင်မျှော်လင့်ထားသော ပန်းတိုင်သို့ ရောက်မည်ကို တိတိကျကျသိနေပါသည်. . လမ်းခရီးတွင် ကြုံတွေ့ရသော အခက်အခဲများမှာ ယာယီအနှောင့်အယှက် အဟန့်အတားအနေဖြင့်သာ မြင်လာပါသည်. . .

သည်းခံသော စိတ်ကို ဘယ်လိုမွေးမလဲ. . . . သင့်ဘ၀ရည်မှန်းချက်ကို တိတိကျကျ ဆုံးဖြတ်ချက်ချပြီးလျှင် သည်းခံနိုင်ဖို့ လွယ်ကူပါသည်. . ထိုရည်မှန်းချက်ပြည့်ဝဖို့အတွက် သင်၏ စိတ်ဆန္ဒတစ်ခုလုံးကို စူးစိုက်ထားပါ.် . . ရည်ရွယ်ချက် ပြည့်ဝဖို့အတွက် ပြင်းပြသော စိတ်ဆန္ဒကိုမွေးထားပါ. . . သင်၏ စဉ်းစားတွေးခေါ်မှု လုပ်ကိုင် လှုပ်ရှားမှုနှင့် ဆုတောင်းမှန်သမျှတို့သည်. . ထိုရည်မှန်းချက်ပြည့်ဝမှုအတွက်သာ ဦးတည်ထားခဲ့လျှင် သည်းခံသော စိတ်ကို မွေးရန် လွယ်ကူပါသည်. . .

သင့်ဘ၀တွင်လည်း အဓိကကျသော ဘ၀ပန်းတိုင်အပေါ် အာရုံစူးစိုက်ထားပါက. . . ထိုပန်းတိုင်ရဖို့အတွက် လိုအပ်သော သည်းခံစိတ်များ ဖြစ်ပေါ်တိုးတက်လာပါလိမ့်မည်. . . .

ဒေါက်တာသိန်းလွင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ရေရောင်ပါသည် ဘုရား

အမရပူရမြို့တော်သည် ဧရာဝတီမြစ်နှင့် နှစ်မိုင်ကျော် သုံးမိုင်ခန့်ဝေးသည်. . . ဧရာဝတီမြစ်ရေသည် တိုးသထက်တိုး၊ တက်သထက် တက်လျက်ရှိသည်. . အမရပူရမြို့ မြောက်ဘက်နားသို့တိုင် ရောက် သည်. . မတ္တရာဘက်မှာ စီးဆင်းသော ရွှေတစ်ချောင်းနှင့် ပေါင်းဆုံသည် . . ရေပြင်ကျယ်ကြီးဖြစ်ကာ စိုးရိမ်နေရပေပြီ. . . ယခုထက် ထပ်၍ တိုးလျှင် အမရပူရမြို့တော်ထဲသို့ ရောက်ပေတော့မည်.. .

"ဧရာဝတီမြစ်ရေက . . . တစ်နေ့ထက် တစ်နေ့ အတက်ကြမ်းနေမင့်၊ နေပြည်တော်ထဲ . . . ရောက်နိုင်မယ် ထင်ပါ့ ပေါ်ဦး"

"မှန်လှပါ . . . အရှင်ဘုရား ယခုထက် တပ်၍ တိုးလျှင် နေပြည်တော်အတွင်းသို့ ရောက်နိုင်ကြောင်းပါ ဘုရား. . "

"သဟာဖြင့် ရေမတိုးအောင် မောင်မင်းမကြံနိုင်ဘူးလားကွယ့်. . ."

"မှန်လှပါ .. . ဘ၀ရှင်မင်းတရားကြီး ဘုရား . . . ရှေးဘေးလောင်းတော်. . ဘိုးလောင်းတော်တို့၏ အစဉ်အလာအတိုင်း လိုက်နာ ကျင့်ကြံသင့်ကြောင်းပါ ဘုရား. . . "

ဦးပေါ်ဦးက လျှောက်ထားသည်. . .

"အဘယ်သို့များလဲ. . ကွယ့်. . "

"ဘုန်းတန်ခိုး တေဇော် ကြီးတော်မူလှသော ရေမြေ့သခင်. လက်နက်စကြသခင်၊ မင်းတရားကြီးက ရေ ဆက်လက်၍ မတိုးအောင် အမိန့်တော် ပြန်ကာ ကြိမ်ဖြင့် ရိုက်သင့်ကြောင်းပါ ဘုရား . . ."

"စမ်းကြည့်ရအောင် ကွယ်. . ."

ဘိုးတော် မင်းတရားကြီးသည် ဦးပေါ်ဦး၏ စကားကို ယုံသည်. . . မြှောက်ပေးတိုင်းလိုပသည်. . ရေကို ကြိမ်နှင့် ရိုက်သည်. . .

"ရေ မြေ့သနင်း . . ငါရှင်ဘုရင်မင်းမြတ်ရဲ့ အမိန့် ၊ မတိုးနဲ့ မတိုးနဲ့. . . "

နှုတ်ကလည်း မိန့်တော်မူသည်. . . မရပါ. . . ရေ က မလျော့ပါ. . . နောက်ရက်များတွင် ထပ်၍ပင် တိုးလာသေးသည်. . . .

"ပေါ်ဦး နင့်ရေက မလျော့သည့် အပြင် ထပ်၍ပင် တိုးလာပါကလား . . . ."

"မှန်လှပါ . . . ရေတိုးခြင်း မဟုတ်ကြောင်းပါ ဘုရား . . ."

"ရေတက်နေတာ မြင်လျက်နဲ့ ပေါ်ဦးရယ်. . . "

မင်းတရားကြီး က မချင့်မရဲ ဆိုသည်. . .


"မင်းတရားကြီး၏ ဘုန်းတော်ကြောင့် . . . ရိုက်လိုက်သည့်  အတွက် ရေများ ရောင်ခြင်း ဖြစ်ပါသည် ဘုရား. . ."

ဘိုးတော် ဦးဝိုင်းမှာ မည်သို့မျှ မပြောသာ. . . မိမိစကားကို မိမိ မမှန်, မှန်အောင် ကြံဖန်ပြောတတ်သည့် ဦးပေါ်ဦးကိုသာ ငေးကြည့်နေမိသည်. . .

တတ်လည်း တတ်နိုင်သည့် ဦးပေါ်ဦးပါပေ. .

ဦးပေါ်ဦး လျှောက်ထုံးပုံပြင်များ

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သမီးလေးဖတ်ဖို့

သမီး....
လူတွေကို ကြီးပွား ချမ်းသာအောင်
လုပ်မပေးနိုင်ပေမယ့်
သူတို့ စိတ်ချမ်းသာအောင်တော့
ဖေဖေတို့လုပ်ပေးနိုင်ပါတယ်..

ဘယ်လို လုပ်ရမလဲ သိလား
သူတို့နဲ့တွေ့ရင်
ရွှင်လန်းကြည်သာ ပြုံးပြပါ

သူတို့ပြောတာ နားထောင်ပါ..
ရိုးသားစွာ ချီးမွမ်းပြောဆိုပါ.
စေတနာနှင့် တိုက်တွန်းအားပေးပါ...
ကူညီနိုင်တာကို ကူညီလိုက်ပါ..

ဒါဆို ဖေဖေတို့နဲ့
တွေ့တဲ့ သူတိုင်းဟာ
စိတ်ချမ်းသာ သွားမှာ သေချာတယ်.

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။