ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဘုရားအလောင်းမြို့တော်မှ ထွက်ခွာနီး မာရ်နတ်တားစီးနေပုံ



ဘုရားအလောင်းတော်သည်. ယသော်ဓရာနန်းဆောင်မှ ထွက်ခွာ၍ မြေပြင်သို့ဆင်းသက်လာပြီးလျှင် . . . အဆင်သင့်ပြင်ထားပြီးသော ကဏ္ဍက မြင်းတော်ကို စီးလျက် မြင်းမြီးကို ဆွဲကိုင်သော ဆန္နအမတ်နှင့်အတူ သန်းခေါင် အချိန်မှာ တောထွက်တော်မူလေသည်. . . မြို့တံခါး အနီးရောက်သောအခါ မာရ်နတ်မင်းသည် "ကောင်းကင်၌ ရပ်လျှက် ၇ ရက်ကြာလျှင် စကြာရတနာ ဆိုက်ရောက်ပါတော့မည်. . . တောမထွက်ပါနှင့် "ဟု တားဆီးလေသည်. . .

ထိုအခါ ဘုရားအလောင်းက "အိုမာရ်နတ် စကြာရတနာ ဆိုက်ရောက်လာမည့် အကြောင်းကို ငါသိပြီးပင် ဖြစ်သည်. . . . ထိုစကြာရတနာကို ငါအလိုမရှိပါ. . . ဘုရားဖြစ်ပြီး၍ သတ္တ၀ါအများအား ကယ်တင်နိုင်ခြင်းကိုသာ ငါအလိုရှိသည် . . . " ဟုပြန်ပြောပြီး လျှင် မြို့တံခါးစောင့်နတ်သားက အဆင်သင့်ဖွင့်ထားသော တံခါးဖြင့် ထွက်တော်မူလေရာ နတ်ဗြဟ္မာ အပေါင်းခြံရံကာ လွန်စွာကြည်နူးဖွယ်ကောင်းပေသည်. .

MARA. THE EVIL ONE, PERSUADING THE FUTURE BUDDHA TO TURN BACK ON THE POINT OF HIS DEPARTURE FROM THE CITY

Coming away from Yasodhara's chamber, the Future Buddha descended from the palace and rode on the mighty steed, Kanthaka, already saddled and bridled for the journey with Channa holding on by the tail. He issued forth on the Great Renunciation and arrived at midnight at the great gate of the city. At this moment came Mara, the Evil one, with the intention of persuading the Future Buddha to turn back; and standing in the air, he said , " Sir, go not forth! . On the seventh day from now the Wheel Treasure will appear to you. Sir, Turn back!"

The Future Buddha replied as follows: " Mara, I know that the Wheel Treasure was on the point of appearing to me; but I do wish for sovereignty. My sole desire is to become a Buddha and save the world of gods and men". He then departed from the city in great splendor surrounded by higher and lower deities on all sides, the divinity that guarded the city gate having opened it for them.

အားလုံးကိုချစ်ခင်လေးစားလျှက်...

4 comments:

  1. နေရာတိုင်းမှာ အဖျက်လုပ်ငန်းလုပ်တဲ့သူရှိတယ်ဆိုတဲ့ ပြယုဂ်ဘဲပေါ့။

    ReplyDelete
  2.း)) ရဲရဲဝံ့ဝံ့ ဆန့်ကျင်နိုင်တာ အတုယူစရာပါ...

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  3. ဘဝအဆက်ဆက်မှာ ဒီ့ထက်ကြီးမားတဲ့ စွန့် ခြင်းတွေနဲ့ ပါရမီ ဖြည့်ခဲ့တာကြောင့်လည်း သုံးလောက အထွဋ်အမြတ်ထားရာ ဗုဒ္ဓမြတ်စွာ ပေါ်ထွက်လာခဲ့တာပေါ့။
    ကြည်ညိုဖွယ်ရာပါပဲ။

    ReplyDelete
  4. စကြာရတနာထက် သတ္တ၀ါအများအားကယ်တင်ခြင်း
    ကိုသာ အလိုရှိတဲ့  ဘုရားအလောင်းတော်ရဲ့ 
    မေတ္တာဂရုဏာတော် ဟာကြီးမားလှပါပေတယ်...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။