ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

၃။ အလောင်းတော်နတ်သားကို နတ်ဗြဟ္မာများက


အလောင်းတော်နတ်သားကို နတ်ဗြဟ္မာများက
တုသိတာနတ်ပြည်မှ စုတေဘို့ရန် တောင်းပန်နေပုံ။

ဘုရားအလောင်းတော်သည် လေးင်္သချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီကုသိုလ်များကို ဖြည့်ကျင့်၍ ဘုရားမဖြစ်မီ တစ်ဘ၀၌ တုသိတာနတ်ပြည်ဝယ်။သေတကေတု မည်သော နတ်မင်းဖြစ်လေသည်။ ထိုနတ်မင်းသည် နတ်အသက်စေ့၍ စုတေဘို့ရန် အချိန်နီးလတ်သော် စကြာဝဋ္ဌာ ကမ္ဘာတစ်သောင်းမှ နတ်ဗြဟ္မာတို့သည် ဘုရားအလောင်းစံရာ တုသိတာနတ်ပြည်သို့ စုပေါင်းလာရောက်၍ တောင်းပန်ကြသည်မှာ-
အရှင်နတ်သား အရှင်သည် လူနတ်စည်းစိမ်ကို ခံစားဘို့ရာ ပါရမီတို့ကို ခံစားဘို့ရာ ပါရမီတို့ကို ဖြည့်ကျင့် ခဲ့သည် မဟုတ်ပါ။ သတ္တ၀ါတို့ကို ကယ်တင်နိုင်သော ဘုရားဖြစ်ဖို့ရာ ဖြည့်ကျင့်ခဲ့ပါသည်။ယခုအခါ ဘုရားဖြစ် ရန် အချိန်တန်ပြီ ဖြစ်ပါ၍ နတ်ပြည်မှ စုတေပြီးလျှင် လူ့ပြည်၌ ပဋိသန္ဒေနေတည်နေတော်မူပါ ။ဤသို့ တောင်းပန်ကြသဖြင့် လူ့ပြည်၌ ပဋိသန္ဒေ နေဖို့ရန် ၀န်ခံတော်မူလေသည်။

THE HIGHER AND LOWER GODS BESEECHIN THE FUTURE BUDDHA TO LEAVE TUSITA HEAVEN TO BE REBORN AS A MAN

The Future Buddha fulfilled the Ten Perfection in his many existences over a period of four Incalculables (asankhayeyas) and one hundred thousand world. In one life before the life when he became the Buddha.he was born as one of the chief gods and know as "Setaketu" in the celestial city of the Tusita gods. When the span of his life there as a god was fast approaching its end, the higher and lower gods of all ten thousand worlds came into one place in Tusita heaven and approached the Future Buddha you fulfilled the ten Perfections; but it was to become a fully enlightened Buddha in order to save the world, that you fulfilled them. Sir, the time and fit seasons for your Buddha has now arrived. Be so good as to depart from the world of gods and take conception in the womb of a human mother in the world of men. The Great Being assented to their wish.


အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

လောကနီတိ

  • ပထမအရွယ်ပညာရှာ၊
  • ဒုတိယအရွယ် ဥစ္စာရှာ၊
  • တတိယအရွယ် တရားရှာ။

  • Pursue education in early age.
  • Pursue wealth in middle age.
  • Purse Dhamma in old age.

  • အတတ်ပညာ မရှိသူသည် သူတစ်ပါး၏ ၀န်ကိုထမ်းရ၏။
  • အတတ်ပညာရှိသူသည် သူတစ်ပါး၏ ဂုဏ်ပြုခြင်းကို ခံရ၏။
  • ထို့ကြောင့် နေ့စဉ်နေ့တိုင်း အတတ်ပညာကို ရအောင်ကြိုးစား သင်ယူပါလော့။

  • One without knowledge has to carry other's burden.
  • One who has knowledge is honoured by others.
  • So strive daily to get knowledge.

  • မိဘတို့သည် သားသမီးကို ငယ်စဉ်ကပင် အတတ်ပညာကို သင်ပေးရ၏။
  • အတတ်ပညာကို သင်မပေးခဲ့မူ ဟင်္သာတို့ အလယ်၌ ဥဗျိုင်းငှက်သည် မတင့်တယ်သကဲ့ ပရိတ်သတ်ဗိုလ်ပုံ အလယ်၌ မတင့်တယ်ဖြစ်ရာ၏
  • အတတ်ပညာ ကင်းမဲ့သောကြောင့် သားနှင့်သမီး မိဘတို့သည် ရန်သူသဖွယ် ဖြစ်လာရ၏။

  • Parents must educate the children while young.
  • If not, they will be unbecoming-bird is unbecoming among hams as.
  • For not being educated, son and parents can turn out to be an enemy.


အားလုံးကိုချစ်ခင်လေးစားလျှက်..


may16

ဆွတ်ဆွတ်ဖြူအလှ

ဇာတိပြီးတာနဲ့ ဇရာဆိုတာကြီးက တစ်ထပ်တည်းကပ်ပါလာသည်။ ပြီးတော့ ဗျာဓိ။ဆက်လက်၍ မရဏ။ဘ၀ဆိုတာ ဒါပဲမဟုတ်လား။မွေးမည်။မွေးပြီး အိုမည်။ နာမည်။ သေမည်။

ဇာတိဖြစ်လာသည်နှင့် ဇရာကပူးတွဲပါလာသည်။ ငယ်ငယ်က မသိသော်လည်း ကြီးလာ တော့ သိလာသည်။ အိမ်တံခါးကို ဘယ်လိုပိတ်ထားထား၊ ၀င်းတံခါးကို ဘယ်လိုပိတ် ထားထား၊ ပြတင်းပေါက်တွေ ဘယ်ပုံချက်ချထားထား။ အမြဲတမ်း အလစ်ချောင်းနေသော ဇရာသကောင့်သားက မရ ရအောင် ၀င်လာစမြဲ။ ဖြောင့်နေသောခါးကို ကိုင်းလာအောင်၊ ခိုင်နေသောသွားကို နဲ့လာအောင်၊ နက်နေသော ဆံပင်ကို ဖြူလာ အောင်၊ ဇရာသကောင့်သား တတ်စွမ်းနိုင်သည်။

“ဟိုက်ရှာလပတ်ရည် ငါ့ခေါင်းမှာ ဆံပင်ဖြူတွေ တော်တော်များလာပါလား။ဝမ်းသာဖို့ ကောင်းလိုက်တာ”

ရေချိုးပြီး မှန်ကြည့်လိုက်သည်နှင့် ခေါင်းမှာ ဆံပင်ဖြူတွေ ဖွေးဖွေး လှုပ်နေတာမြင်ရသည်။ သူများတွေ ဆံပင်ဖြူတာကို ၀မ်းနည်း နေချိန်တွင် ဂုရုကွေးက ၀မ်းသာလို့ကောင်းလိုက်တာတဲ့ ။

ဆံပင်ဖြူခြင်းမှာ စိတ်ညစ်စရာ မဟုတ်ပေ။သူ့သဘာဝအရ၊အသက် အရွယ်အရ ဖြူချိန်ကျလို့ ဖြူလာခြင်း ဖြစ်သည်။ဆံပင်ဖြူတာ ရှက်စရာ မဟုတ်။ မိန်းမ၊ယောက်ျား တော်တော်များများသည် ဆံပင်ဖြူသည်ကို ရှက်စရာဟု ထင်နေကြသည်။ "အသက်ကို ကြိုးချည်ထား လို့မရ။နာရီနှင့် အမျှ ကြီးရင့် နေသည်။ နောက်ပြန်၍ မပျို၊ ရှေ့ကို သာ အိုမြဲဟု "သံဝေဂလင်္ကာ ရှိခဲ့သည် မဟုတ်ပါလော။

အသက်ကြီးသည်ကို လူသိမခံချင်၍ အရွယ်တင်ကြောင်း သက်သေပြလို၍ ငယ်သေးကြောင်း ကိုယ့်ကိုကိုလည်း လှည့်စား၊ပတ်ဝန်းကျင်ကို လည်းနှစ်ပေါက်တစ်ပေါက် ရိုက်လို၍ ဖြူနေသော ဆံပင်ကို နက်အောင် ဆေးဆိုးကြသည်။ ခုခေတ်ပေါ်နေသော ဆံပင်ဆိုးဆေးတွေကလည်း ကောင်းမှကောင်း၊ အချိုဆိုး ဆေးတွေမှာ တကူးတက ဆိုးစရာမလို။ ခေါင်းလိမ်းဆီကို အုန်းဆီလို ဆံပင်ကို မှန်မှန်လူးသွားရုံနှင့် ဖြူသော ဆံပင်တွေ ပြန်နက်လာသည်တဲ့။

“ ဂုရုကြီး ဆံပင်ဆိုးဖို့ကောင်းတယ်”

ဂုရုကွေး ဆံပင်ညှပ်တိုင်း ဆံသဆရာက ဆံပင်ဆိုးဖို့ တိုက်တွန်းသည်။ အဖြူရောင်ခေါင်းတုံး ဆံတောက်ကို အနက်ကလေး ဖြစ်စေချင်ပုံရသည်။

“တခါဆိုး ဘယ်လောက်လဲ”

“မများပါဘူး သုံးရာပါ. . . .ဂုရုကြီး ဆံပင်မျိုးဆို တစ်လ အသာလေးခံတယ်။” (၂၀၀၀ ခုနှစ်ဈေးနှုန်း)

ဟိုက်ရှာလပတ်ရည် သုံးရာဆိုပါလား။ ဖွတ်ကလိ ဒင်္ဂါး သုံးရာနှင့် ဟင်းကောင်းကောင်း ချက်စားမည်။ ဆံပင်တော့ မဆိုး ဆိုးစရှိလျှင် ဆိုးချင်သည့်အတိုင်း သွားအစ လုပ်မိပါက အမြဲအပြတ်တမ်း ဆိုးပေးနေရ တော့မည်။ ဖွက်ကလိ ဒင်္ဂါး အဆင် ပြေတဲ့အခါ နက်လိုက်၊ မပြေတဲ့အခါ ဖြူလိုက်၊မိမိ၏ ခေါင်းတုံး ဆံတောက် ကို ဒီဇိုင်းအမျိုးမျိုး မပြောင်းလို။

“မဆိုးတော့ဘူးဟေ့။အခုဖြူတာထက် ပိုဖြူပါစေလို့ ငါဆုတောင်းမယ်။ ဆံပင်ဖြူတာ ဟာ ရှက်စရာ မဟုတ်ဘူး၊ဂုဏ်ယူစရာကွ၊ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်၊အချိန်မရွေး တဖြုတ်ဖြုတ် သေနေကြချိန်မှာ ငါဟာ ငွေရောင် ခေါင်းတုံးဆံတောက်နဲ့ တောက် တောက် တောက် လျှောက်သွား နေနိုင် တယ်ဆိုတာ ဘယ်လောက် ၀မ်းသာ ဖို့ကောင်းသလဲ။ ”

“ငပျော့ရေ ---ငါ့ဆံပင်တွေ တစ်နေ့တခြား အဖြူတွေ များများလာလိုက်တာ။ တစ်ခေါင်းလုံးမှာ မုန့်ဟင်းခါးမျှင်တွေ ကပ်နေသလို ဖွေးဖွေးလှုပ်နေပြီ။ဗျိုင်းအုပ်သာ မြင်ရင် ဒီကောင်လဲ ဗျိုင်းပဲ ထင်ပြီး ခေါင်းပေါ်လာနားမှာ စိုးရတယ်. . . ”

ဂုရုကွေးဆံပင်ဆိုးဖို့ စိတ်ကူးမရှိပါ။သည့်ထက်သည့်ထက် ပို၍ဖြူလာပါစေဟု ဆန္ဒပြုပါသည်။ ဆံပင်ဖြူခြင်းမှာ အသက်ရှည်ခြင်း၊လူ့ပြည်တွင် ကြာကြာနေနိုင်ခြင်း အမှတ် လက္ခဏာပင် ဖြစ်ပေသည်။ မှန်ထဲတွင် ထင်နေသော ဆံပင်ဖြူများကို ကြည့်ရင်း စတီရီယိုသီချင်း တစ်ပုဒ်အလိုက်ဖြင့် ဂုရုကြီး ဆိုလိုက်သည်ကား ......

"ဖြူပါစေ... . . တစ်ခေါင်းလုံးဖြူပါစေ... အသက်ရှည်ခြင်းရဲ့လက္ခဏာဂုဏ်.... ကျန်းမာခြင်းလို့ စိတ်ချယုံ... နုတ်ပစ်လိုက်မယ် အနက်များများ......."


ဒါကြောင့်ဆံပင်ဖြူသူများ စိတ်မညစ်ပဲ ဂုဏ်ယူကြပါလို့ (ကျွန်မလည်းတော်၂ကိုဖြူနေပါပြီ အားပေးတာပါ ..)


အီကြာကွေး (မျက်စိအောက်ကဇရာ)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

တပေါင်းလဖွဲ့

" တပေါင်းလဖွဲ့"

ပန်းရွှေဖီ ကြိုင်လှောက်လို့၊
ပန်းတောက်ကယ်တဲ့ သင်းချို။
ဥတ္တရာ ဘရဏ်ဂုက၊တိမ်ဘုံမှာ ရောင်ခြည်လင်းလို့၊
လမင်းသော်တာနှင့်၊တူမကွာ ထိန်ဝါလဲ့၊ထွန်းတဲ့ခါကို။
သောင်သဲငယ်မို့၊ရေညိုကရစ်မို့။
လေးညင်းငယ်လာ၊စုံဟေမာမြိုင်ထဲက
ဝမ်းဘဲ ရွှေစင်ရော်တို့၊
ဖော်ခေါ်သံ မောင်မယ်ကျူးတယ်၊
မြူးပျော်ကြလို့။

တပေါင်းလသည် မြန်မာလများ၏ တစ်ဆယ့်နှစ်လမြောက်ဖြစ်၍ တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်၍ ဖေဖော်ဝါရီလနှင့် မတ်လတွင် ကျရောက်လာသည်။ ထို့ကြောင့် နေ့ပူလို့ ညချမ်း၊တပေါင်းလသရမ်းဟု ဆိုထုံးပြုခဲ့ကြသည်။ တပေါင်းလ၏ ရာသီပွဲတော် သည် သဲပုံစေတီပွဲတော် ဖြစ်သည်။သဲများကို စုပုံ၍ စေတီအသွင်တည်ကာ သဗ္ဗညုတ မြတ်စွာဘုရားအား ရည်မှန်းထား ၍ ပူဇော်ခြင်းဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ဗုဒ္ဒသာသနာ စတင်ထွန်းကားလာချိန်မှပင် ရှိခဲ့သော ပွဲတော်ဟု ယူဆရပေသည်။မြန်မာနိုင်ငံတွင် တပေါင်းလ သို့ရောက်သည့်အခါ မြစ်များ၊ချောင်းများ၌ ရေစစ်ကာ သဲခုံ သောင်ခုံ ဖြူဖြူဖွေးဖွေးများ ပေါ်ထွန်း လာလေ့ရှိသည်။ တောင်သူဦးကြီးတို့သည် လယ်ယာလုပ်ငန်းများမှ အနားယူချိန်လည်းဖြစ်သည်။ထိုအချိန်တွင် ရှေးမြန်မာမင်းများသည် ထိုသဲပုံစေတီပွဲကို ရာသီပွဲအဖြစ် သတ်မှတ် ကာ ရွှေနန်းတော်ကြီးမှ သည် ကျေးလက်တောရွာများ အထိ ခြိမ့်ခြိမ့်သဲ ဆင်ယင်ကျင်းပခဲ့ကြသည်။
သဲပုံစေတီပွဲတော်သည် ယခုခေတ်၌ ပျောက်ကွယ်လုနီးပါ ရှိလေပြီ။မန္တလေးစသည့် မြန်မာနိုင်ငံ အထက်ပိုင်း မြို့ရွာအနည်းငယ်၌ သာ ကျင်းပတော့သည်။ယခုအခါ သဲပုံ စေတီတော်အစား စေတီပုထိုးများ၌ ဗုဒ္ဒပူဇနိယ ပွဲတော်များကို ကျင်းပ ကြသည်။ ယင်းဘုရားပွဲတော်ကို ’တပေါင်းပွဲ ’ ဟုခေါ်ကြသည်။

Tabaung

It is the 12th Myanmar month, falling March. In ancient days it was a time for what was known as festivals of sand pagodas, in which people built sand pagodas on the sandbanks and hold festivities on the occasion. Now the practice is on the wane, except in some cities and towns in upper part of the country, but the time is still held sacred for holding of Buddha Pujayanti ceremonies, that is occasions for rededication of the pagodas.

မြတ်မင်းလှိုင်၊ သာရဝေါ- စိုးကြည်(မြန်မာ့ရိုးရာ (၁၂) လရာသီပွဲတော်များ)
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော်


ဧရာဝတီတိုင်း ပုသိမ်မှာ ယခုအချိန်ဆိုလျှင် မြတ်မော်တင်စွန်း ဘုရားပွဲတော်ကျင်းပသည့်အချိန်ဖြစ်ပါတယ်။ တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သောကြောင့် တပေါင်းလတွင် ပုသိမ်မြို့နှင့် တကွ ဘုရားပွဲကျင်းပသော မြတ်မော်တင်တောင်တွင် အထူးစည်ကား လျက်ရှိပါသည်။ ဘုရားပွဲတော်အချိန်ဆိုရင် ပုသိမ်ဆိပ်ကမ်းတလျှောက် မော်တင်သွား သင်္ဘောတွေဆီက မမပုသိမ်သူသီချင်း သံတွေက လွင့်ပျံလျက်ရှိပါတယ်။ ဒါကြောင့်မြတ်မော်တင်စွန်းဘုရားပွဲတော်သမိုင်းကို ရေးသားတင်ပြလိုက်ပါတယ်....
ဧရာဝတီတိုင်း ပုသိမ်ခရိုင်ငပုတောမြို့နယ် ပင်လယ်ကမ်းခြေဦးရှိ သရနတောင်ခေါ် မြတ်မော်တင် တောင်ပေါ်မှာ မဟာကုဋရံသီ ဆံတော်ရှင်စေတီတော်မြတ်ကြီး တည်ရှိ ပါတယ်။မြတ်မော်တင်တောင်ကို အစွဲပြုပြိး မြတ်မော်တင်စေတီ ဆိုပြီးထင်ရှား လာခြင်းဖြစ်ပါသည်။ ပုသိမ်က ဆိုရင် ၈၉ မိုင် ကွာဝေးပါတယ်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် အခါမှစ၍ ပထမရှေးအကျဆုံး သမိုင်းစတင်ခဲ့သော စေတီကြီးဖြစ်ပါတယ်။
ထို့နောက် မြတ်စွာဘုရားရှင်က ဦးခေါင်း တော်ကို သုံးသပ်၍ ဆံတော်ရှစ်ဆူပေး သနား တော်မူ၏။ကုန်သည် ညီနောင်တို့သည် လည်း ဆံတော်ရှစ်ဆူကို ပတ္တမြားကြုတ်တွင်း ထည့်၍၀မ်းမြောက်ရွင်မြူးစွာ ပင့်ဆောင်ခဲ့ကြ သည်။ မဟာနာဂရ တိုင်းသို့ ဖြတ်သန်း၌ ပြန်ကြသောအခါမဟာနာဂရအဇ္စုတ္တ(ရခိုင်)မင်းက ဆံတော်မြတ်နှစ်ဆူ ကို အကောက်ခွန်အဖြစ် ပင့်ဆောင်ထား လေသည်။ ထိုမှတဆင့်ကုန်သည်ညီနောင်တို့သည် ခရီးဆက်ကြ ပြန် ရာတွင် ဇေယျသေနနဂါးမင်းပိုင်စိုးသော နဂရစ်ဝဲအမော်(မော်တင်)အရပ်သို့ရောက်သို့ ရောက်ရှိကြ သည်။ ထိုအရပ်သည်ကား ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏဂုံ။ကဿပ ဘုရားရှင် တို့၏ ဓာတ်တော် ၊ မွေတော်များ ကိန်းဝပ်တည်ရှိရာ သရဏတောင်အနီး၌ တည်ရှိနေခြင်းကြောင့် ဆံတော်များမှ ရောင်ခြည်တော်များ ကွန့်မြူးလေသည်။
ထိုအခါဇေယျသေန နဂါးမင်းသည် နော်အရှည် ဖူးမြော်ပူဇော်လိုသော စိတ်ထားဖြင့်စေတီ တည် ထားရန် အတွက် ဆံတော်မြတ်နှစ်ဆူကို ခိုးယူပင့်ဆောင်ထားလိုက်လေသည်။ နဂါးရစ်အမော်(မော်တင်) အရပ်တွင် ဇေယျသေန နဂါးမင်းပင့်ဆောင်ထားသော ဆံတော်မြတ်နှစ်ဆူကိုနောင်အရှည်လူနတ်ဗြဟ္မာ သတ္တ၀ါတို့ ဖူးမြော်နိုင်ကြစေရန် သရဏတောင်ခေါ် မြတ်မော်တင်တောင်ပေါ်၌ ပင်လယ်မြသားဖြင့် ပြီးအပ် သော စိုင်တမော့ အရွယ်ရှိ စေတီတော်ကို တည်ထားကိုးကွယ်သည်။
ဇေယျသေန နဂါးမင်း၏ ကြံစည်မှုကို နတ်၊နဂါး ၊ဆင်ဖြူတော်၊ ၀ိဇ္ဖာဓိုရ် ပုဂ္ဂိုလ်တို့သည် ညှိနှိုင်းတိုင်ပင်မှုမရှိပဲ အရပ်လေးမျက်နှာ တစုတဝေးတည်း ရောက်ရှိကြ၍ တချိန်တည်း စုပေါင်းပါဝင်ကူညီဲကြသည်မှာ ထူးခြားသည် ဟုအဆိုရှိကြသည်။
သက္ကရာဇ် ၄၅၄-၅၂၉ တွင် နန်းတက်သော ကျန်စစ်မင်းကြီး မြေးဖြစ်သူ အလောင်းစည် သူမင်းကြီးသည် မူလစိုင်တမော့အရွယ်ရှိ စေတီတော်ကို သာသနာ၅၀၀၀၀ ပတ်လုံးအဓွန့်ရှည်တည်တံ့စိမ့်သောငှာ အ၀န်းသံတောင် ၄၀၊ အမြင့်သံတောင် ၂၅ ရှိ စေတီကြီးအဖြစ်လူတစ်ရစ်ပါရမီဖြည့်ဆည်း၍တည်ထားတော် မူလေသည်။
မဟာမကုဋရံသီ ခေါ် မြတ်မော်တင်ဆံတော်ရှင်စေတီတော်မြတ်ကြီးအား အဓ္ဓိဋ္ဌာန်ပြု၍ ခုနှစ်ပတ်ရစ် ပူဇော်ပါက ရွှေသံ၊ ငွေသံကြားရခြင်း၊ အမွေးနံ့သာ ပေါင်းစုံ ပျံ့လှိုင် လာခြင်း၊လပြည့်နေ့ညများတွင် ရောင်ခြည်တော် ကွန့် မြူးလာခြင်း၊ ယခုတိုင် ဆွမ်းဦးလှုဒါန်းနိုင်မှုမရှိ။နတ်နဂါးတို့ကဆွမ်းဦးကပ်လှုမှုရှိနေခြင်း၊ သစ်ပင်ပန်းမန်တို့သည် ရာသီမဟုတ် ဖူးပွင့်သီးကြခြင်း၊ ပွဲတော်ဖြစ်ခါနီးတွင် ကျီးငှက်တို့ အုပ်စုဖွဲ့၍ စေတီတော်ကြီး အား ၀ဲပျံပူဇော်ကြခြင်း ၊ နှစ်စဉ် ပွဲတော်ကျင်းပမှုမရှိပါက တောင်တော်မြည်ဟည်းခြင်း၊ မြတ်မော်တင်တောင်ပေါ်ရှိ နတ်ရေကန်သည် ဘုရားဖူးများ သိန်းသန်းချီ၍ သုံးစွဲပါသော်လည်း ကုန်ခန်းမှု မရှိခြင်း၊ ပွဲတော်ပြီးဆုံးသောအခါ လှိုင်းလုံးကြီးများ သည် မြတ်မော်တင်တောင်သို့ တ၀ုန်းဝုန်း ပြေးရိုက်ပူဇော်ခြင်း၊ နတ်၊နဂါး၊ကျား၊ ၀ိဇ္ဖာဓိုရ် များသည် လည်းမည်သူ့ကိုမျှ ရန်မပြုပဲပွဲတော်ပြီးဆုံးသော အခါ လာရောက်ဖူးမြော်ကြခြင်း၊ ဘုရားဖူးများ အတွက် အန္တရာယ် တစ်စုံတစ်ရာမရှိ။ကျန်းမာသက်ရှည် လာဘ်လာဘ ပေါကြွယ်ဝစေခြင်းး စသည့် ထူးခြားချက် များ ရှိနေပါတယ်၊
တန်ခိုးကြွယ်သည့် မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပေါင်းလပြည့်နေ့တိုင်း အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ခမ်းနားစွာပူဇော်ခဲ့ကြသည်။ ယခုနှစ်တွင်လည်း တပေါင်းလဆန်း ၁ ရက် (၂၄.၂.၂၀၀၉)မှ တပေါင်းလပြည့်နေ့ (၁၀.၃.၂၀၀၉) အထိ ပွဲတော်ရက်များ ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လွယ်ကူစွာ သွားလာနိုင်စေရန်အတွက် ပုသိမ်ဆိပ်ကမ်းမှ ၈၂ မိုင်ကွာဝေး သော ငပုတောမြိုနယ် ခမောက်မော်ဆိပ်ကမ်းသို့ ရေယာဉ်ဖြင့် ပို့ဆောင်ပေးသည်။ ခမောက်မော် မှ တဆင့် မော်တင်တော်ခြေအရောက် ခရီးသည်တင်ကား များဖြင့်ပြေးဆွဲပေးသည်။ထိုမှ လေးမိုင် ဝေးကွာသော မြွေတောင်ဘုရားသို့ သွားရောက် ဖူးမျှော်ရင်း ပျော်ရွှင်စွာ ရေကစားနိုင်သည်။
မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘေးဥပဒ်အန္တရာယ် တစ်စုံတစ်ရာမရှိ ဇေယျသေန နဂါးမင်းစောင့် ရှောက်ထားသော ပင်လယ်ရေပိုင်နက် ဖြစ်သည်ဟု ဆိုကြသည်။ထိုကြောင့် ပွဲတော်ရက် များတွင် လူတိုင်း ချမ်းမြေ့ပျော်ရွှင်စွာ ဖူးမြော်ပူဇော် နိုင်ကြပါကြောင်း ရေးသားလိုက်ရပါသည်။


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

မြို့နှစ်မြို့

မြို့နှစ်မြို့
မြို့ကြီးတစ်မြို့၏ အ၀င်ဝနား ခရီးသွားတစ်ယောက် ဆိုက်ရောက်လာသည်။
မြိုထဲမ၀င်မီ လမ်းဘေးမှာ ထိုင်နေသည့် မိန်းမတစ်ယောက်ကို သူမေးသည်။
“ ဒီမြို့က လူတွေ ဘယ်လိုစိတ်သဘောထားမျိုး ရှိကြသလဲဗျ”
အမျိုးသမီးက ပြန်မေးသည်။" ရှင်ထွက်လာခဲ့တဲ့ မြို့က လူတွေကော ဘယ်လိုသဘော မျိုးရှိကြသလဲ”
"ဆိုးပဗျာ အင်မတန်မှ ယုတ်မာကောက်ကျစ်တဲ့ လူတွေ၊လုံးဝလုံးဝ ယုံကြည်လို့မရတဲ့ လူတွေ၊ကောင်းကွက် ဆိုလို့ တစ်စက်ကလေးတောင်မှ မရှိတဲ့ လူတွေ "သူ က မဲ့မဲ့ ရွဲ့ရွဲ့ ပြန်ဖြေသည်။
"အင်း ဒီမြို့ က လူတွေလည်း ဒီအတိုင်းပဲ အဲဒီပုံစံ အတိုင်းပဲရှင့် တွေ့ရဦးမှာပါ "အမျိုးသမီးက ဆိုလိုက်တယ်။
များမကြာမီပင် အမျိုးသမီးအား နောက်ခရီးသည် တစ်ယောက်က မြို့ထဲက လူတွေအကြောင်း မေးပြန်သည်။သည်အခါ အမျိုးသမီးက ပထမခရီးသည် တုန်းကလို သူလာခဲ့သည့် မြို့ အကြောင်းမေးပြန်သည်။
"အင်မတန် စိတ်သဘောထား ကောင်းကြပါတယ်ဗျာ၊ ရိုးသားတယ်၊ အလုပ်ကြိုးစားတယ်၊ သူမတူအောင်လဲ ရက်ရောကြတယ်၊ကျွန်တော် အဲဒီကထွက်လာတာ စိတ်မကောင်းဘူး "ဟု ဒုတိယခရီးသည်က လှိုက်လှိုက်လှဲလှဲ လေသံဖြင့် ဆိုလေသည်။
သည်အခါ ပညာရှိ အမျိုးသမီးက အဖြေပေးလိုက်သည်။
"ရှေ့က မြို့ထဲမှာလဲ အဲလိုလူမျိုးတွေပဲ ရှင်ထပ်တွေ့ရမှာပါ " ဟူ၍။

ဖေမြင့် (နှလုံးသားအာဟာရ ရသစာများ ၂)

အားလုံးကိုချစ်ခင်လေးစားလျှက်
ပန်းကဗျာ

ကျစ်လစ်သွယ်လျ အဆီကျဖို့

ဆွဲဆောင်မှုရှိစေဖို့ မော်ဒယ်တွေလောက် မပိန်ရင်တောင် ကျစ်လျစ်သွယ်လျတဲ့ ခန္ဒာကိုယ် အချိုးအစားကို ပိုင်ဆိုင်သင့်ပါတယ်။အခု ခေတ်စားတဲ့ ဖက်ရှင်တွေကလည်း ကောက်ကြောင်း အသားပေးပုံစံတွေ ဆိုတော့ ခေတ်နဲ့အညီ အမီလိုက်ဖို့ သင့်ဘော်ဒီကလည်း လန်းနေမှာ ဖြစ်မှာနော်။

၁။ တစ်နေ့ကို မိနစ် ၂၀လောက်သင့်တင့်တဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ် ပေးသင့်ပါတယ်။တစ်ပတ်ကို နှစ်ကြိမ်လောက် အလေးနဲ့ ကစားရတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးရင်တော့ ပိုပြီးထိရောက်ပါတယ်။
၂။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို တတ်နိုင်ရင် နည်းနည်းစီနဲ့ တစ်နေ့ ငါးကြိမ်လောက်စားပါ။သူတို့က ကယ်လိုရီနည်းတယ်လေ။
၃။ ညစာမစားဘဲနေတာလည်း အလေ့အကျင့်ကောင်းတော့ မဟုတ်ပါဘူး။ တစ်ထိုင်တည်း အများကြီးစားမယ့် အစားနည်းနည်းစီ ခွဲစားထားတော့ ပိုသင့်လျော်ပါတယ်။
၎။ အစားအစာတွေမှာ ပါဝင်တဲ့ ကယ်လိုရီပမာဏတွေကိုလည်း သိထားဖို့လိုပါတယ်။ဒါမှ ကယ်လိုရီများတဲ့ အစားအစာတွေကို အများကြီး မစားမိအောင် ရှောင်နိုင်မှာပါ။
၅။ အချိုကဲတဲ့ဖျော်ရည်တွေကလည်း သင့်ရဲ့ ပယ်စာရင်းထဲမှာ ထိပ်ဆုံးက ပါပါတယ်။ကော်ဖီ၊ လက်ဖက်ရည်တွေနဲ့ အချိုရည်တွေကို သောက်မယ့်အစား တစ်နေ့ ရေရှစ်ဖန်ခွက်လောက် သောက်ပေးတာက သင့်အတွက် အကျိုးရှိပါတယ်။
၆။ အမြန်စားနိုင်တဲ့ ရယ်ဒီမိတ် အစားအစာတွေကိုလည်း သင့်ရဲ့ ဝေးဝေးရှောင် စာရင်းထဲ ထည့်ရမှာပါ။တတ်နိုင်ရင် လတ်ဆတ်တဲ့ အစားအစာ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ပြီးစားပါ။
ရ။ အပြင်ထွက်စားပြီဆိုရင် ကိုယ်မှာထားတာကို မကုန်မချင်း စားရမယ်လို့ ဘယ်သူကမှ မသတ်မှတ်ထားပါဘူး။ နိုင်သလောက်ပဲစားပါ။ နှမြောတယ် ဆိုရင်လည်း အိမ်ကိုပြန်ထုပ်ယူ သွားနိုင်တာပဲ။

စာဖတ်သူများအားလုံး ကျစ်လစ်လှပတဲ့ ခန္တာကိုယ် .အလှပိုင်ရှင်လေးများဖြစ်ပါစေ...
(ဒီပို့စ်ကို . . ကျွန်မသူငယ်ချင်း ရန်ရန်အတွက်အထူး. . . ဖော်ပြပေးလိုက်ပါတယ်. )

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

အားလုံးကိုချစ်ခင်လေးစားလျှက်...

လုပ်ကြပါအုံး

ကျွန်တော်တို့ရပ်ကွက်ထဲမှာ စကားပြောရင် စည်းစနစ်ကြီးလှပြီး စကားပြောနည်းတဲ့ ဒေါ်စန်းရီဆိုတဲ့ အမျိုးသမီးကြီးတစ်ဥိး ရှိပါတယ်။ ဒေါ်စန်းရီက စကားပြောနည်းသလောက် ပြောမယ့်ပြောလည်း မှတ်သားလောက် အောင်ပြောတတ်ပါတယ်။ ဥပမာပေးလည်း အလွန်ကောင်း လှပါတယ်။
ခင်ပွန်းဖြစ်သူ က အိမ်မှာ အသုံးမလိုတဲ့ပစ္စည်းတွေကို ရောင်းပစ်မယ်လို့ပြောရင် ဒေါ်စန်းရီက ကန့်ကွက်တဲ့အပြင် " တော်တို့က တစ်စိတ်ရှိရင် ခါးပိုက်ထောင်ထဲက ဖားပဲထုတ် ထုတ်ပြီးရိုက်မယ် ဆိုတာပဲသိတယ် " လို့ အချက် ကျကျ ပြောတတ်ပါတယ်. . .
တစ်ခါ ဒေါ်စန်းရီရဲ့သားသမီးတွေ အလုပ်လုပ်တာ နေရာမကျ။ အကင်းမပါး လာဘ်မမြင်ရင်. .
" နင်တို့ကလည်း ညဏ်ထိုင်းတဲ့ အပ်ချုပ်သည် သားအမိလိုဖြစ်နေပြီ " လို့ပြောတော့ သားသမီးတွေက "ပြောပါအုံး အမေလို့ " ၀ိုင်းမေးကြတယ်။
ဒီတော့ ဒေါ်စန်းရီက " ဒီလိုဟဲ့ တစ်ခါက အပ်ချုပ်သည်သားအမိ (၂) ယောက်ရှိသတဲ့ ၊ သားအမိဆိုပေမဲ့၊ သမီးနှင့် အမေ လို့ပြောတာ ပိုမှန်မယ်။ တစ်နေ့မှာ သမီးလုပ်တဲံသူဆီကို ဘောင်းဘီတစ်ထည်ချုပ်ဖို့ အော်ဒါ ရသလို ၊ အမေလုပ်သူထံလည်း မွေ့ရာ ချုပ်ဖို့ လာအပ်သတဲ့. . . . "
"အဲဒါသမီးလုပ်သူက ဘောင်းဘီကို သစ်တစ်ပင်ရဲ့ "ခွ"စွပ်ပြီး ချုပ်သတဲ့ . . . ချုပ်လည်းပြီးရော ဘောင်းဘီက ချွတ်လို့ မရတော့ဘူး ဒါနဲ့ သူ့အမေကို အားကိုးတကြီးနဲ့ အကူအညီလှမ်းတောင်းရောတဲ့. . . "
" အမေရေ. . . . လုပ်ပါအုံး သမီးဘောင်းဘီ သစ်ပင်ခွဆုံက ချွတ်လို့မရတော့ဘူးလို့" လှမ်းအော်လိုက်ရော . .
အဲဒီမှာ မွေ့ရာချုပ်နေတဲ့ မိခင်လုပ်သူက ဘာပြောလည်းဆိုတော့ . . .
"ခဏနေဦးသမီးရေ အမေလည်း မွေ့ရာကို အတွင်းထဲက လှိုက်ပြီးချုပ်နေတာ ထွက်မရသေးဘူးတဲ့။ "
နင်တို့လည်း အဲဒီလိုဖြစ်နေပြီလို့ရှင်းပြတော့ သားသမီးတွေအားလုံးက အတောမသတ် နိုင်အောင် ရယ်လိုက်ကြတာ မပြောပါနဲ့တော့။

ရယ်မောခြင်းဖြင့်အသက်ရှည်ပါစေ. . . .
စိုးရဲထိုက် (ရွှေပြည်သာ) ၊ ရယ်စရာမဂ္ဂဇင်း။

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ.

ခံရချက်ဆိုးလိုက်လေ

လယ်သမားကြီးတစ်ယောက်က သူ့မြင်းကြီး နေမကောင်းလို့တိရစ္ဆာန်ဆရာဝန်နဲ့ သွားဆွေးနွေးပါတယ်။ တိရစ္ဆာန်ဆရာဝန် ကလည်း ဆေးမှုန့်လေးတွေပေးပြီး အကြံပြု ညွှန်ကြားပြောဆိုလိုက်တာပေါ့။
" ကဲ. . . ဒီဆေးမှုန့်လေးတွေယူသွား။ ပြီးတော့ ပိုက်တံလေးတစ်ခုထဲမှာထည့်။ ပိုက်တံရဲ့တစ်ဖက်စွန်းကို ခင်ဗျားမြင်းကြီးရဲ့ ပါးစပ်ထဲတပ်ထား။ ဒီနောက်မှ ခင်ဗျားက ကျန်တဲ့တစ်ဖက်စွန်းကနေ ပါးစပ်နဲ့မှုတ်ထဲ့လိုက်။ ဒါဆို ဒီဆေးမှုန့်လေးတွေ ခင်ဗျား မြင်းကြီးရဲ့လည်ချောင်းထဲရောက်သွားရောပေါ့။ ဟုတ်ပြီလား "
ဒီလိုနဲ့ဆေးညွှန်ကြားချက်ယူပြီး အိမ်ပြန်သွားတဲ့ လယ်သမားကြီးဟာ နှစ်နာရီလောက်ကြာ သွားတော့ တိရစ္ဆာန်ဆရာဝန် ဆီ ချောင်းတဟွတ်ဟွတ်၊ မျက်ရည်တရွှဲရွှဲနဲ့ ပြန်ရောက် လာပါလေရော။
" ဘယ်လိုဖြစ်တာလဲဗျာ။ ကျွန်တော်ပြောသလို ခင်ဗျားမြင်းကြီးပါးစပ်ထဲ ဆေးမှုန့်တွေ မှုတ်မထည့်ဘူးလား "
" ပြောချင်တော့ပါဘူးဆရာရယ်။ ဒီကောင်ကြီးက ကျွန်တော့်ပါးစပ်ထဲ အရင် ဦးအောင်မှုတ်ထည့်လိုက်တယ်ဗျာ "

ရယ်မောခြင်းဖြင့် အသက်ရှည်ပါစေ..
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ဗျိုင်းနှင့်ဝံပုလွေ

တစ်ခါတုံးက ၀ံပုလွေတစ်ကောင်ဟာ မိထားတဲ့ အမဲတစ်ကောင်ကို စားသောက်နေတုံးမှာ ရုတ်တရက်ဆို အသားထဲပါရှိတဲ့ အရိုးငယ်တစ်ခုဟာ လည်မျိုမျာ စူးရောတဲ့၊ အရိုးကိုသူမျိုချမရဘူးလေ။
မကြာမီသူ့လည်မျိုဟာ အလွန်နာကြင်လာသတဲ့။ သူဟာ ညည်းညူရင်း၊ ဟိုပြေးလိုက်၊ ဒီပြေးလိုက်နဲ့ အနာသက်သာဖို့ရှာကြံသတဲ့ကွယ်၊ တွေ့တဲ့သူတိုင်းကို လည်မျိုက အရိုးနုတ်ပေးပါလို့ တောင်းပန်သတဲ့။
" အရိုးကိုနုတ်ပေးရင် ဘာမဆိုပေးပါ့မယ် " လို့လည်းပြောသတဲ့။
နောက်ဆုံးမှာ ဗျိုင်းကလုပ်ပေးမယ်လို့ သဘောတူလိုက်သတဲ့။ ဒါနဲ့ဗျိုင်းက ၀ံပုလွေကို နံဘေးစောင်း အိပ်စေလိုက်ပြီး ပါးစပ်ကို အတတ်နိုင်ဆုံး ကျယ်ကျယ်ဟပါလို့ပြောတယ်။ ဒါနဲ့ ၀ံပုလွေရဲ့ ခံတွင်းထဲ ဗျိုင်းရဲ့လည်တံရှည် ဦးခေါင်းသွင်းပြီး အရိုးကို နုတ်ယူ တဲ့အခါ နောက်ဆုံး အရိုးထုတ်လို့ရသွားသတဲ့။
ဒါနဲ့ ဗျိုင်းက " ခင်ဗျားကတိပေးတဲ့အတိုင်း ကျွန်တော်လိုချင်တာပေးမယ်မဟုတ်လား " လို့ပြောသတဲ့။
ဒီအခါမှာ ၀ံပုလွေက သွားကိုဖြဲပြရင်း ပြုံးလျက်ဆိုလိုက်သတဲ့။
" ခင်ဗျားရဲ့ ဦးခေါင်းကို ၀ံပုလွေတစ်ကောင်ရဲ့ ခံတွင်းထဲသွင်းပြီးတော့ အသက်မဆုံးရှူံးဘဲ နေရပြီပဲ၊ ဒါဟာခင်ဗျား အဖို့ ဆုအဖြစ် ကျေနပ်လိုက်ပါ " လို့ပြောလိုက်သတဲ့။

"လောဘကြီးသူသည် ကျေးဇူးတရားကိုမသိတတ်ပေ "

လင်းထွန်း (အီစွတ်စကားပုံများနှင့်ပုံပြင်များ )

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

၂။သုမေဓာနှင့် သုမိတ္တာတို့ ဗျာဒိတ်ခံယူနေပုံ။

၂။ သုမေဓာ နှင့် သုမိတ္တာတို့ ဗျာဒိတ် ခံယူနေပုံ။

ဘုရားအလောင်း သုမေဓာရှင်ရသေ့သည် ဈာန်အဘိညဉ်ရ၍ ကောင်းကင် ခရီးဖြင့် ကြွသွားစဉ် ဒီပင်္ကရာ မြတ်စွာဘုရား ကြွလာတော်မူရန် "ရမ္မာ" မြို့သူမြို့သားတို့ လမ်းပြင် နေကြ သည်ကို မြင်ရ၍ ကောင်းကင်မှ ဆင်းသက်ကာ နေရာတစ်ကွက်ကို တောင်းယူ ပြင်ဆင် နေတုန်းမှာပင် ရဟန္တာများနှင့် အတူ ဘုရားရှင် ကြွလာတော်မူသောကြောင့် ပြင်၍ မပြီးသေးသော ရွှံ့ညွှန်ပေါ်မှာ မိမိကိုယ်ကို တံတားခင်း၍ မှောက်စင်းနေလေသည်။
ထိုအချိန်မှာ "သုမိတ္တာ" မည်သော အမျိုးသမီးကလည်း ကြာပန်း ရှစ်စီး တွင် ငါးစီးကို ဘုရားရှင်အား လှုဘို့ရန် ရသေ့၏ လက်သို့ ကမ်းလှမ်း၍ သုံးစီးကို မိမိကိုယ်တိုင် လှုဒါန်း လေသည်။ ဘုရားရှင်သည် ထိုသူ၂ယောက်၏ နောင်ရေး နောင်တာကို ဆင်ခြင်တော်မူကာ --- "ဤရသေ့သည် ဂေါတမဘုရား ဖြစ်လိမ့်မည်။ ဤ အမျိုးသမီးကား ပါရမီဖြည့်ဘက် ဖြစ်လိမ့်မည်။" ဟု ဗျာဒိတ်ပေးတော်မူသည်။


SUMEDHA AND SUMITARECEIVING A PROPHETIC DECLARATION

Hermit Sumedha, the Future Buddha, had attained thesix High Power.
While traveling by air he saw the townsfolk of Ramma clearing the pathway and came down to the ground, and asked to be permitted to clear a portion of the track on which the Buddha Dipankara was to travel. He was given a portion of it, and before he had cleared it, the Buddha Dipankara came along that way with a retinue of arahants. Sumedha spread himself out upon the mud with his face downwards, his body serving as a bridge so that the Buddha and the disciples following Him could tread on him.
At that moment a lady by the name of "Sumitta" arrived with eight branches of lotus flowers. She handed over to the hermit five of those bunches to be offered to the Buddha. The Buddha, with mind's eye of Buddha, saw that was in store for the these two persons in future, and made this prophetic declaration. "This hermit will become Gotama Buddha, and this lady will become his help-mate to help him fulfill the Perfections (Paramitas).

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

စိတ်ဓာတ်ရင့်သူ

စိတ်ဓာတ်ရင့်သူ

လူတိုင်းလူတိုင်းပင် မိမိစိတ်ဓာတ် အတော်ရင့်မာပြီဟု ထင်တတ်ကြလေသည်။ မိမိစိတ်ဓာတ်မည်မျှ ရင့်မာသည်ကို သေချာစွာ သိနိုင်ရန်အတွက် အောက်ပါ နည်းစနစ်များဖြင့် စစ်ဆေးကြည့်ပါလေ။

၁။ ........အဆွေသည် သူတပါးကို ကူညီထောက်ပံ့တတ်သလော။

၂။ ……..လေးနက်သော အကြောင်းအရာများကို ဆွေးနွေးတတ်သလော။

၃။ …….ငွေကို အကျိုးရှိအောင် သုံးစွဲတတ်သလော။

၎။ …….အကျိုးရှိ့မည့် စိတ်ပျော်သော အလုပ်များကို လုပ်ကိုင်တတ်သလော။

၅။ …….တိုးတတ်ရေးအတွက် စာဖတ်ပါ၏လော။

၆။ ……အနာဂတ်အတွက် ငွေစုပါ၏လော။

၇။ ……အများကောင်းစားရေးအတွက် ထောက်ပံ့ ပါ၏လော။

၈။……မိမိ၏ အလုပ်ကိစ္စများကို မိမိကိုယ်တိုင် စီစဉ်ပါ၏လော။

၉။……သူတစ်ပါးအားရှိအောင် အားပေးတတ်ပါသလော။

၁၀။…..အလုပ်လုပ်ရာ၌ ပင်ကိုယ်ဥာဏ် ကို သုံးပါ၏လော။

၁၁။……လူအများအတွက် အကျိုးရှိအောင် လုပ်နိုင်သည်ဟု စဉ်းစားပါ၏လော။

၁၂။……မိမိ၏အလုပ်များကို အစွမ်းကုန်လုပ်ကိုင်ပါ၏လော။

၁၃။……သူတစ်ပါး၏ အလုပ်အကိုင်များကို စီစဉ်လုပ်ကိုင်ပေးတတ်ပါသလော။

၁၄။…..အများကောင်းစားရေးအတွက် ရှေ့ဆောင်လမ်းပြပြုလုပ်တတ်ပါသလော။

ထိုအချက် ၁၄-ချက်အနက် ၈-ချက်မျှစုံလျှင် စိတ်ဓာတ်အတော်ရင်မာပြီဟု ဆိုရပေမည်။

အောင်မြင်ရေးနည်း ၁၀၈ (တက္ကသိုလ် ဆုမြိုင်)


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

လောကနီတိ

* အကြီးအမှူးလူကြီးမိဘတို့၏ နာယကဂုဏ် (၆) ပါးသည်ကား. . . . .
(က) သည်းခံခြင်း
(ခ) နိုးကြားခြင်း
(ဂ) ထကြွလုံ့လရှိခြင်း
(ဃ) ဝေဖန်ပိုင်းခြားတတ်ခြင်း
(င) သနားကြင်နာခြင်း
(စ) အမြော်အမြင်ကြီးခြင်း . . . . . တို့ပေတည်း။

* Patience
* Alertness
* Tenacity
* Reasoning
* Compassion
* Farsightedness are the parental and leadership virtues.

* စကားကို ဗလောင်းဗလဲမပြောမဆိုရာ။
* ဟုတ်တိုင်းမှန်ရာ တည်ကြည်စွာလျှင် တသမတ်တည်း ပြောဆိုရာ၏။
* မင်းသည်လည်းကောင်း၊ ရဟန်းသည်လည်းကောင်း၊ ပညာရှိ သူတော်ကောင်းတို့သည် လည်းကောင်း ဖြောင့်မှန်စွာလျှင် တသမတ်တည်းသာ စကားဆိုကြကုန်၏။
*ဤသဘောတရားသည်ကား ရှေးရှေးသူတော်ကောင်းတို့၏ လမ်းစဉ် လမ်းဟောင်း အကျင့်ကောင်းပေတည်း။

* Do not speak words in changing moods.
* Say truly in straight and consistent way.
* Kings, monks or the virtuous speak truly and consistently.
* This is the old traditional way of noble practice followed by ancient sages.

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

စိတ်ကြည်လင်ချမ်းသာမှု သဘောတရားများ

စိတ်ချမ်းသာမှုဆိုတာ အလုပ်လုပ်နေတာပဲ။ စိတ်ချမ်းသာမှုဟာ စီးဆင်းနေသော စမ်းချောင်း နှင့်တူတယ်။ကြည်လင် သန့်ရှင်းနေတယ်။ ညစ်ပတ်နေတဲ့ ရေအိုင် မဟုတ်ဘူး။
စိတ်နှလုံးကောင်းနှင့် ပြောဆို လုပ်ကိုင်နေသော သူတွေရဲ့ နောက်ကို ချမ်းသာခြင်းနဲ့ စိတ်ကောင်းတွေက အရိပ်ပမာ လိုက်လာတာပဲ။ စိတ်နှလုံးကောင်းက အရေးကြီးလှတယ်။
စိတ်ဟာ ကံတရားကို ဖန်တီးတဲ့ အရှင်သခင်ပဲ။လူ့စိတ်ဟာ ကံတရားကို ဖန်တီးပါတယ်။ ကံတရားကို ဖန်တီးတဲ့ အတွက် ကုသိုလ်၊အကုသိုလ်ကိုလည်း ဒီကံတရားကပဲ ဖန်တီးသွားတယ်။
စိတ်ကောင်းရှိဖို့ ပထမ လို့ ကျေးဇူးရှင် မဟာဂန္ဒာရုံ ဆရာတော်ကြီး ရှင်ဇနကာဘိဝံသက အထပ်ထပ် မှာကြား ဆိုမိန့်ခဲ့တယ်။
အကုသိုလ်စိတ်တွေ များလာရင် လူတွေ ရောဂါများကြတယ်။ အသက်တိုကြတယ်။ စိတ်ဆင်းရဲ ကြတယ်။
စိတ်ဆင်းရဲတယ် စိတ်ဆင်းရဲတယ်နဲ့ ညဉ်းတွားနေခြင်းက စိတ်ကို ပိုပြီး ဆင်းရဲစေပါတယ်။
စိတ်ဆင်းရဲရင် စိတ်ကို ပြင်ရမှာဖြစ်တယ်။စိတ်အာရုံကို ဇွတ်အတင်းပြောင်းရမှာ ဖြစ်တယ်။ ညစ်နေတဲ့ အာရုံကနေ သစ်တဲ့ အာရုံကို ပြောင်းရမယ်။
ကိလေသာတွေကို အရာမ၀င်ပါနဲ့။ အရောဝင်ရင် အရိုအသေတန် ရောင့်တက်လာပြီး အကုသိုလ်စိတ် ၀င်လာ ပါလိမ့်မယ်။ သောက ၊ဒေါမနဿ၊ပရိဒေ၀၊ဥပယာသ တရားတွေဟာ စိတ်ကို ထုနှက်ချေမှုန်းတဲ့ လက်နက်တွေပါ။ အဲဒီစိတ်ထု လက်နက်ကိုင်စွဲရင် အကုသိုလ်စိတ်တွေ ၀င်ပါ တယ်။
လူတိုင်းဟာမှားတတ်ပါတယ်. အမှားနဲ့ကင်းတဲ့လူဆိုတာမရှိပါဘူး။ စိတ်ကျန်းမာရေး မကောင်းသူတွေမှာ မနာလိုစိတ်တွေပိုပြီး ပြင်းထန်အားကြီးတယ်။ မနာလိုစိတ်ဟာ ဆင်းရဲသူမှာရော ချမ်းသာသူမှာရော ရှိတယ်။ပညာတတ်သူရော ပညာမတတ်သူ မှာရော ရှိတယ်။မနာလိုစိတ်ဟာ ကိုယ်တိုင်လည်း နိမ့်လျှောကျဆင်းဖို့ ရှေ့ပြေးစိတ်ဖြစ်ပါတယ်။
ဒါကြောင့်စိတ်ကို တန်ခိုးကြီးကျယ်အောင် ထူထောင်မွေးမြူရမယ့် အချက်ငါးချက်များကို ဖော်ပြလိုက်ပါတယ်..
၁။စူးစူးစိုက်စိုက် ယုံကြည်ခြင်း။
၂။အစွဲအမြဲထင်ခြင်း။
၃။ရည်မှတ်ကြံရွယ်သော အတိုင်း ပြီးစီးထမြောက်အောင် အဓိဋ္ဌာန်ခြင်း။
၎။အမှန်ကိုသာ ပြုလုပ်ပြောဆိုလေ့ရှိခြင်း။
၅။စိတ်၏ တည်ကြည်ခြင်း
ဆိုတဲ့ အချက်ငါးချက်ဖြစ်တယ်။
ဘယ်လိုပဲထက်မြတ်တဲ့ဓားဖြစ်ပါစေ. စိတ်ရဲ့ထက်မြက်မှုကိုတော့မမှီပါဘူး။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာပြီး ကြည်လင်ပြတ်သားတဲ့ အတွေးများနှင့် နေထိုင်ပြုမူဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒေါကြောင့်စိတ်ကြည်လင်ချမ်းသာမယ့် အတွေးများကို တွေးပြီး စိတ်ကောင်းရှိအောင် နေထိုင်ပြော ဆိုပြုမူမယ်ဆိုရင် လောကကြီး တစ်ခုလုံးဟာ သာယာလှပနေမှာမလွဲဖြစ်ပါတယ်ရှင်…

သုတေသီဘုန်းမြင့်သွေး ( ထူးချွန်ချင်တဲ့စိတ်)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

အင်ချပ်ကြီးနှင့်ဝေဠုကျော်

ဆောက်လုပ်ရေး ဆိုဒ်တစ်ခုတွင် အလုပ်လုပ်ခဲ့စဉ်က ပျော်ပျော်ရွင်ရွင် နေထိုင်ပြောဆိုလေ့ ရှိသော ဗဟုသုတ အတန်အသင့် ပြည့်စုံသော အင်ချပ်ကြီး ဦးမောင်မောင်ကို တွေ့ခဲ့ရသည်။ အင်ချပ်ကြီးက ပြောဆို ဆက်ဆံရာတွင်လည်း ဖော်ရွေပျုငှာ ခင်မင်စရာ ကောင်းသည်။
တစ်နေ့ ထမင်းစားချိန်တွင် မိန်းခလေး အလုပ်သမား တစ်ဦးက မေးရာ. . . .
"အင်ချပ်ကြီး ဒီနေ့ဘာဟင်းလဲ . . . . "
အင်ချပ်ကြီးက . . . . . "တို့က ခြေလေးချောင်း မစားဘူး" ဟု ဆို၏။
အလုပ်သမားကလေးက အင်ချပ်ကြီး ထမင်းချိုင့် အဖွင့်မှာ လှမ်းကြည့်လိုက်တော့ အဆီတစ်ဝင်းဝင်းနှင့် ၀က်သားဆီပြန် ဟင်းကို တွေ့ရလေသည်။
"ဟင်း အင်ချပ်ကြီးက သူ့ဝက်သားကို စားမှာ စိုးလို့ လိမ်ပြောတာနေမှာ" ဟု မျက်စောင်းထိုး၍ ခနဲ့လေသည်။ထိုအခါ အင်ချပ်ကြီးပြန်ပြောသော စကားကြောင့် ဆိုဒ်အတွင်းရှိ အလုပ်သမားလေးအားလုံး ပြုံးစိစိဖြစ်ကြလေသည်။
"မလိမ်ပါဘူးဟယ် ငါအမှန်အတိုင်း ပြောတာပါ။ငါက ၀က်ဆိုရင် ခြေထောက် လေးချောင်းကို မစားဘူး။ ခြေထောက်တွေက ဟိုသွားဒီသွားနဲ့ ရွံစရာကြီးဟ၊ ဒါကြောင့် အသားပဲ စားတယ်။"
တဖြည်းဖြည်းနှင့် အင်ချပ်ကြီးအကြောင်းကို သိကုန်သော အလုပ်သမားများမှာ ဘာဟင်းလဲ မေးလျှင် တို့က "ခြေနှစ်ချောင်းမစားဘူး" ဆိုက ကြက်သား သို့မဟုတ်ဘဲ ။ "ခြေထောက်ရှိတဲ့ အသားမစားဘူး ဆိုလျှင် ငါးဟင်း၊ "တောင်ပံပါရင် မစားဘူး" ဆိုလျှင် ဘဲဥ၊ကြက်ဥ စသည်ဖြင့် သိနေကြပြီ ဖြစ်သည်။တစ်နေ့တော့ --
"အင်ချပ်ကြီး ဒိနေ့ဘာဟင်းလဲ . . . . . . . .ဝေဠုကျော်"
"ဟာ ဒီနေ့ အင်ချက်ကြီးဟင်းက အဆန်းပါဘား "
ဟုဆိုကာ ထမင်းချိုင့် ဖွင့်လျှင် ၀ိုင်းအုံကြည့်ကြလေသည်။
အင်ချပ်ကြီးက
"ငါက အနုပညာသည်တွေကို သံယောဇဉ် သိပ်ကြီးတာ၊ထမင်းစားတာတောင် အနုပညာရှင် တစ်ယောက်ပါမှ စားတတ်တာဟ" ဟု ဆိုနေပြန်သဖြင့် ပိုပြီး စိတ်ဝင်စားနေကြသည်၊ အင်ချပ်ကြီး ထမင်းချိုင့် ကို ဖွင့်သောအခါ ---
"၀ါးကို ပါဠိ လို ဝေဠု လို့ခေါ်တယ်လေ၊ မျှစ်ဆိုတာ ၀ါးနုကလေးတွေပဲဟ၊ ဝေဠုကြော်ဆိုတာ မျှစ်ကြော်ပေါ့ "သည်တော့မှ အလုပ်သမားတွေ မပြုံးဘဲ ၀ါးလုံးကွဲရယ်ကြလေတော့သည်။

မောင်ဆင့်(ဆင်မင်း)(ရယ်စရာ မဂ္ဂဇင်း)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

သတိ နှင့် အသိ

သတိ နှင့် အသိ

မြန်မာအစ မြန်မာက
မည်ရသေချာ ရွှေမြန်မာ၌
ရာကျော်ထင်လင်း တိုင်းရင်းသားစု
ညီနောင်ထုလျှင် ပေါင်းစုခိုင်ကျည်
ပြည်ထောင်စုစိတ် တစ်စိတ်တစ်ဝမ်း
အေးချမ်းကျစ်လျစ် ဖြစ်တည်လာရေါ်
ရည်မျှော်တွေးကာ သွေးချွေးရင်းတည်
စည်းလုံးညီခဲ့ ရည်ရွယ်ချက်ကောင်း
လုပ်ရပ်ကောင်းစွာ ကောင်းမွန်ပါ
မြန်မာမွန်မြတ် တည်နေမတ်။

ယခုမှန်လတ် တည်နေမတ်လည်း
ဖြစ်ရပ်အတိတ် အရိပ်အမည်းမိုး
နယ်ချဲ့ဆိုးကို တစ်မျိုးမေ့ကာ
မပေါ့ပါ နှင့် ခွင့်သာမှုချောင်း
စရိုက်ဟောင်းနှင့် ကြောင်းကြောင်းကဲပို
ဆီလိုအပေါက်ရှာ ယုတ်မာဆိုးသွမ်း
မဟုတ်တမ်းတရမ်း လုပ်တတ်ငြားကို
ပြတ်သားသတိ အစဉ်ရှိလျက်
အသိထပ်တူ မပြတ်ကူ
ပြည်သူတစ်ရပ်လုံး ညီစေလော့။ ။

(၆၂)နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုကြိုဆိုလျှက်......
ဒေါက်တာ သန်းဦး
အားလုံးကိုချစ်ခင်လေးစားလျှက်...

may16

ပြည်ထောင်စုနေ့ ဆိုင်ရာအဆိုအမိန့်များ -

၁၂.၂.၂၀၀၉ ရက်နေ့တွင်ကျရောက်မည့် ( ၆၂ ) ကြိမ်မြောက်ပြည်ထောင်စုနေ့ ကိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့နှင့်ပတ်သက်သော အဆိုအမိန့်များ နှင့် အတွေးအမြင်များကို ဖော်ပြလိုက်ပါတယ်. . .

ပြည်ထောင်စုနေ့ ဆိုင်ရာအဆိုအမိန့်များ -

* ဘယ်သူခွဲခွဲ တို့မကွဲအမြဲစည်းလုံးမည်။ (မြန်မာ ဆောင်ပုဒ်)
* နွားကွဲလျှင် ကျားဆွဲမည်။ (မြန်မာစကားပုံ)
* တစ်ယောက်အားနှင့်ယူသော်မရ ၊ တစ်သောင်းအားနှင့် ယူသော်ရ၏။ (မြန်မာစကားပုံ)
* ညီညွတ်ခြင်းသည် အင်အား။ (မြန်မာစကားပုံ)
* တစ်ယောက်အတွက်အများ ၊ အများအတွက်တစ်ယောက်။ ( ဒူးမတ်စ်)
* အင်အားရှိသမျှစုစည်းထား၊ အန္တာရယ်ဟူသမျှဘေးဖယ်သွား။ ( လောင်းဖဲလိုး )
* စည်းလုံးနေသမျှ ဘယ်တော့မှ မကျဆုံးနိုင် ။ ( အမေရိကန်ဆိုရိုးစကား)
* စည်းလုံးခြင်းဆိုတာ ရင်ချင်းအပ်၊ နှလုံးချင်းထပ်ထားတာ ကိုဆိုလိုတယ်။ ( ဂျီရယ်မီတေလာ)

ခံယူကျင့်သုံးအပ်သည့် အတွေးအမြင်များ

လူသည် ဗီဖအားဖြင့် တစ်ဦးတစ်ယောက်တည်း နေ၍မရ။ အပေါင်းအသင်း၊ အစုအဖွဲ့နှင့်နေရသော သတ္တ၀ါမျိုးဖြစ်သည်။ အပေါင်းအစုအင်အားရှိနေသရွေ့ မိမိ (သို့) မိမိအမျိုးအနွယ်၏ ဘ၀သည်လုံခြုံစိတ်ချမှုကို ဧကန်ရနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လူလောက၌ အိမ်ထောင်စုတစ်စုချင်း၊ လူမျိုးတစ်မျိုးချင်း၊ တိုင်းပြည်တစ်ပြည်ချင်းသည် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နေထိုင် ကြရန် အရေးကြီးလှသည်။
စညးလုံးညီညွတ်ခြင်းဟူသည်ကား ပါးစပ်က ပြောနေရုံနှင့် ဖြစ်မလာနိုင်ချေ။ အလုပ်နှင့်လက်တွေ့ အကောင်အထည်ဖော်နိုင်ရမည်။ ကွဲပြားခြားနားခြင်း၊ အပေးအယူမမျှတခြင်း၊ အနိုင် ကျင့်ဗိုလ်ကျခြင်း၊ အထင်အမြင်သေးခြင်းစသည်တို့သည် စည်းလုံးညီညွတ်ခြင်း ၏ ရန်သူများဖြစ်၍ ထိုသဘောထားများကို သတိပြုရှောင်ကြဉ်လျှင် စည်းလုံးညီညွတ်ခြင်းကို မုချရရှိနိုင်မည်သာဖြစ်သည်။
စည်းလုံးခြင်းလောက် ကြီးမားခိုင်ခံ့သော အားသည်မရှိချေ။ မိမိတို့အမျိုး၊ မိမိတို့နိုင်ငံအပေါ်ကျရောက်လာမည့် အန္တရယ်ဟူသမျှကို စည်းလုံးခြင်းအားနှင့် ဟန့်တားချေမှုန်းနိုင်သည်။ ထို့ကြောင့်မိမိအကျိုး၊ မိမိတိုင်းပြည် အဓွန့်ရှည်ကြာစွာ တည်တံ့ခိုင်မြဲသွားစေလို လျှင် စည်းလုံးညီညွတ်ရေးကို မဖြစ်မနေ တည်ဆောက်ထား နိုင်ရမည် ဖြစ်ပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16
ဦးဝမ်ထိန် (ကမ္ဘာ့နေ့ကြီးရက်ကြီးများ နှင့် မြန်မာ့နေ့ကြီးရက်ကြီးများ)

မိတ်ဆွေကောင်းမိတ်ဆွေမြတ် အင်္ဂါ ၇ - ပါး

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား မိတ်ဆွေကောင်း မိတ်ဆွေမြတ်၏ အင်္ဂါ (၇) ပါးကို ဟောတော် မူသည်။
"ရဟန်းတို့ ဤလောက၌ မိတ်ဆွေကောင်း၊ မိတ်ဆွေမြတ်၏ အင်္ဂါခုနှစ်ပါး ရှိသည်။ ယင်းတို့မှာ.....
၁။ သူတစ်ပါး တို့ပေးနိုင်ရန်ခက်ခဲသော အရာဝတ္တုကို ပေးတတ်၏။
၂၊ သူတစ်ပါး တို့ ပြုနိုင်ရန် ခက်ခဲသော အမှုကို ပြုတတ်၏။
၃။ သည်းခံရန် ခက်ခဲသော အရာ၌ သည်းခံတတ်၏။
၎။ မိမိ၏ လှို့ဝှက်သော အမှုကိစ္စကို အဆွေခင်ပွန်းအား ပြောကြားကာ အကြံတောင်း၏။
၅။ အဆွေခင်ပွန်း၏ လှို့ဝှက်သော အမှုကိစ္စကို လှို့ဝှက်ထား၏။
၆။ ဘေးရန်အန္တရာယ် ကြုံကြိုက်လာလျှင် အဆွေခင်ပွန်းကို မစွန့်ပစ်တတ်။
၇။ အဆွေခင်ပွန်းတွင် ပစ္စည်းဥစ္စာ ကုန်ခန်းပျက်စီးသော်လည်း မလေးမစား မပြု၊ တတ်အား သမျှ ကူညီတတ်၏။
ဤကဲ့သို့ အင်္ဂါ ခုနှစ်ပါးနှင့် ပြည့်စုံသော မိတ်ဆွေကောင်းကို ပေါင်းသင်း ဆည်းကပ်ထိုက်၏ " ဟု ဟောတော်မူသည်။

ကျမ်းကိုး ။ အင်္ဂုတ္တရ၊ သတ္တကနိပတ်၊ ဒေ၀တာဝဂ်၊ ပထမမိတ္တသုတ်။

ဦးငွေအောင်မွန်( ဓမ္မစရိယ၊ ပါဠိပါရဂူ ၊ ဘီ-အေ၊ ဘီ-အီး-ဒီ)
မြတ်မင်္ဂလာစာစောင် (၂၀၀၈ -စက်တင်ဘာလ)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ



၁။ သုမေဓါ သူဌေးကလေး ပစ္စည်းများ စွန့်ကြဲနေပုံ။


၁။ သုမေဓါ သူဌေးကလေး ပစ္စည်းများ စွန့်ကြဲနေပုံ။

ဘုရားအလောင်းသည် ဘုရားဖြစ်ဖို့ရန်ဆုတောင်းမည့် ဘ၀၌၊ သုမေဓါ ဟူသော အမည်အားဖြင့် ထင်ရှားသော သူဌေးသား ဖြစ်ခဲ့ဖူးလေသည်။ သူ၏ အမိအဘတို့သည် သူ ငယ်ရွယ်စဉ်ကပင် သေဆုံးကြလေသည်။ ရွှေတိုက်ငွေတိုက်စသော ပစ္စည်းဥစ္စာ ရတနာ တိုက်ကြီင်္းတွေများစွာ ကျန်ရစ်၏။ တစ်ဆယ့်ခြောက်နှစ်ပြည့်၍ ပညာတတ်ပြီးသောအခါ ပစ္စည်းထိန်းမင်းကြီးက ပစ္စည်းအားလုံးကို သူ့အားလွဲအပ်လေသည်။

သုမေဓါ သူဌေးသားလေး စဉ်းစားသည်မှာ ၊ ငါ ၏ ဘိုးဘွားမိဘတို့သည် ပစ္စည်းကို ရှာရုံသာ ရှာတတ်၍ ယူမသွားတတ်ကြပါတကား၊ငါသည် စွန့်ကြဲပေးကမ်း၍ ကုသိုလ်ကို ငါ့နောက်ပါအောင်ယူသွားမည်။ ထိုသို့ စဉ်းစားပြီးလျှင် ရတနာသိုက်တို့ကို ဖွင့်၍ အလိုရှိသူယူရစ်ကြလော့ ဟု ကြွေးကြော်ကာ ဟိမ၀န္တာတောသို့ ထွက်ခွါ၍ ရသေ့ရဟန်း ပြုလုပ်သွားလေသည်။

1. SUMEDHA, A YOUNG MILLIONAIRE GIVEN AWAY HIS PROPERTY IN CHARITY.

The Future, Buddha was once born as the son of a rich man and was known as Sumedha in the very existence in which he was to make a solemn wish that he should become the Enlightened Buddha. His parents died while he was still young, leaving him many treasure vaults of gold and silver. When he was sixteen years of age and had finished his education, the Lord of the Treasury made over to him all the property left by his parents.

Sumedha the young millionaire thought to himself thus: My parents and grandparents knew only how to amass wealth but did not know to talke it away beyond death. I shall now give away my property in alms so that the merit of the deeds may follow me after death. He made a public announcement; Whoever cares to take away my property may open my treasuries and help himself to his heart's content. He than left for the Himalaya forests and became a hermit.


ဗုဒ္ဒ္စမြတ်စွာ၏ အလောင်းတော် သိဒ္ဒ္စတ္တမင်းသားဘ၀မှ စ၍ ပရိနိဗ္ဗာန် ပြုတော်မူသည့် အခါတိုင်အောင် ဗုဒ္ဒ္စမြတ်စွာ၏ ဖြစ်တော်စဉ်အား ဗုဒ္ဒ္စဘာသာဝင် လူငယ်လူရွယ်များမှစ၍ လူမျိုးအသီးသီးတို့ သိရှိလေ့လာလိုသော ဆန္ဒပေါ်ထွက်လာစေရန်ရည်ရွယ်၍ အခန်းဆက် များဖြင့် ရေးသားဖော်ပြခြင်းဖြစ်ပါသည်။

ဗုဒ္ဒ္စဘာသာကလျာဏယုဝအသင်း
မှထုတ်ဝေသော ရုပ်စုံဗုဒ္ဒ္စသာသနာဝင်
မှ ကူးယူဖော်ပြပါသည်။ (ရေးသားသူ အဂ္ဂမဟာဏိတ အရှင်ဇနကာဘိဝံသ)

အားလုံးကိုချစ်ခင်လေးစားလျှက်...

may16



လောကနီတိ

* ပျင်းရိသောသူ အတတ်ပညာမရနိုင်။
* အတတ်ပညာ မရှိသူ ဥစ္စာစီးပွားမရနိုင်။
* ဥစ္စာစီးပွားမရှိသူ အဆွေခင်ပွန်းကောင်း မရနိုင်။
* အဆွေခင်ပွန်းကောင်းမရှိသူ ချမ်းသာ သုခမရနိုင်။
* ချမ်းသာသုခမရှိသူ ကောင်းမှုကုသိုလ် မရနိုင်။
* ကောင်းမှုကုသိုလ်မရှိသူသည် နိဗ္ဗာန်ကို အဘယ်မှာ မျက်မှောက်ပြုနိုင်အံ့နည်း။

*One who is lazy gains no knowledge.
*One who has no knowledge gains no wealth
*One who has no wealth has no good companion.
*One who has no good companion has no solace.
*One who has no solace cannot gain merit.
*How can one find the way to Nirvana without good deeds?
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ



လှပေါင်းဝေစည် ဧရာဝတီ

တို့တိုင်းဧရာ ဂုဏ်ယူစရာလို့ တို့တိုင်းဧရာ ကြည်နူးစရာလို့၊ပြောစမှတ်တွင်၊တွင်သမျှ မှတ်စရာ၊သမိုင်းခြေရာများနှင့် ၀င့်ကြွားကာ နေပါသည် ရွှေဧရာဝတီ-----

မြန်မာ့စပါးကျီ၊ဧရာဝတီလျှင်၊ရေကြည်မြက်နု၊အလှစုမို့၊လုယူနယ်ချဲ့၊သိမ်းပိုက်ခဲ့သည် ရိုင်းခဲ့ကြမ္မာ၊ထိုအခါတွင်၊ဧရာကမွေး ဧရာသွေးတို့၊စွေးစွေးနီရဲ တော်လှန်ပွဲလည်း၊မစဲဂုဏ်အင် သမိုင်းစဉ်၌၊ထင်ရှားထွတ်မြတ်၊စိုစမှတ်ညွှန်း ဗိုလ်မြတ်ထွန်း တဲ့ ။

တို့တစ်ခေတ်ဝယ်၊ပြည်သစ်တည်စဉ်၊တံတားထွင်၍၊ခေါ်တွင်ဂုဏ်ပြု၊ဂါရ၀ပြုသည်၊
ပြည်သူမော်ကွန်း၊ ဗိုလ်မြတ်ထွန်းတဲ့
သပြေနုချိန်၊ဖေ ပု ရှိန်ဟု၊ ဂုဏ်ပြုဖွဲ့ဆို၊ဟုမ္မရူးဆိုသည့်၊ကိုယ်ပိုင်အုပ်ချူပ်ရေး၊ထောင်ခဲ့သေးသည်၊
ရပ်ဝေးဘိလပ်၊စိတ်ထားမြတ်နှင့်ထွတ်မြတ်ဂုဏ်ရှိန်၊
ဦးထွန်းရှိန် လည်း ပုသိမ်မှာဖွား ဧရာသားတည့်။

မြန်မာပြည်သား၊လူငယ်များအား၊အမျိုးသားရေး၊နိုးကြားရေးတွက်၊သွေးထိုးလှုံဆော်၊
လူတော်လူကောင်း ဖြစ်စေကြောင်းလည်း၊လမ်းကြောင်းပြထား၊
သူ့စားများလျှင် ထင်ရှားလျက်ပင်၊ပညာရှင်ကား မြစ်ဖျားဝေစည် ဧရာဝတီမှ၊ရိက္ခာပေါစည် ဧရာဝတီမှ၊လှပေါင်းဖွဲ့သီ ဧရာဝတီမှ၊ ရိုးသားကြိုးစား၊အမျိုးသားပညာဝန် ဦးဖိုးကျားတည့်။

ဗေဒါလမ်းကဗျာ၊ဂုဏ်မြှင့်ကာဖြင့်၊ရှေးခေတ်ပုဂံပြည်၊ကဗျာကိုသီကာ၊
စာပေလမ်းကြောင်း၊ကောင်းလည်းကောင်းအောင်၊စာပေဂုဏ်ရောင်၊ပြောင်လည်းပြောင်အောင်၊စာပေဖူးသရစ်၊
ချစ်လည်းချစ်အောင်၊ကလောင်ကိုထမ်း၊အလှဖြန်းသည့်၊
ချစ်ကျွမ်းဝေစည် ဧရာဝတီမှ မွေးဖွားခဲ့သည်၊ဆရာဇော်ဂျီ။

ချစ်သောဧရာ၊ဂုဏ်ယူပါလော့၊သူ့စာသူ့စခန်း၊အလှပန်းတို့၊မနွမ်းဘယ်ခါ၊
ပြည်မြန်မာ၏၊ရတနာစစ်၊စာပေနှစ်ကို၊ခေတ်သစ်ရွှေပြည်၊နေရောင်ခြည်မှာ၊ဖူးကာပွင့်ကာ၊
ရနံ့ဖြာဆဲ၊ဝေဆာဆဲတည့်၊
အိုဘယ့်မြေမဟီ ဧရာဝတီ-----ရွှေရည်ရောင်ဆင်း လှပခြင်းနှင့် စိမ်းစိုနုထွားစိုက်ခင်းများနှင့်၊မြစ်ချောင်းအင်းအိုင်၊လှေပေါင်းပြိုင်နှင့်၊ရိက္ခာပေါများ၊
ဖွံဖွံထွားထွားနှင့်၊မျိုးချစ်စိတ်ဓာတ်၊လွန်မြင့်မြတ်နှင့်၊အမျိုးသားရေး၊စဉ်မြဲတွေးကာ၊မွေးဖွားပေးသည့် ဧရာဝတီ၊လှပေါင်းဝေစည် ဧရာဝတီ----

ဒေါက်တာနွယ်နွယ်စိုး(ပုသိမ်တက္ကသိုလ်)
ပုသိမ်တက္ကသိုလ် နှစ်(၅၀)ပြည့်ရွေရတုမဂ္ဂဇင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ


တစ်ယောက်တည်းနေရတာပျော်စရာပါ.

တစ်ယောက်တည်း နေခွင့်ရသော အချိန်သည် သင်နေ့စဉ်တွေ့ကြုံနေရသော ရှုပ်ထွေးပွေလီလှသည့် ဘ၀ကို ရင်ဆိုင်နိုင်ရန် အတွက် လိုအပ်သည့် အချိန်ဖြစ်သည်။ တစ်ယောက်တည်း နေရသောအချိန် ကလေးကို စိတ်ချမ်းမြေ့စွာ အသုံးချပါ။

(၁)သီးသန့်ဘဝ
လူအများနှင့် ခေတ္တခဏ ကင်းကွာစွာ နေနိုင်သော နေရာသည် သင့်ရေချိုးခန်း တစ်ခုတည်း ဖြစ်စေလိုပါ။သင့်အခန်းဝတွငမနှောင့်ယှက်ပါနှင့် ဟူသော စာတန်းလေးချိတ်ဆွဲထားပြီး နေ့စဉ်နာရီဝက်ခန့် ခုတင်ပေါ်တွင် စိတ်ရော ကိုယ်ပါဖြေလျော့၍ အနားယူမှေးစက်ပါ။ စိတ်ကြိုက်စာအုပ် တစ်အုပ်ဖတ်ပါ။ အ၀တ်ဗီရိုဖွင့်၍ သင်နှစ်သက်သည့် အရောင်အသွေး အဆင်များ ရွေးချယ် ဆင်ယင်ကြည့်ခြင်းသည်လည်း ကိုယ်ပိုင်သော အချိန်ကလေးများကို စိတ်ချမ်းသာစွာ အသုံးချနည်း ဖြစ်သည်။

(၂)စိတ်ကြိုက်စီမံခန့်ခွဲခြင်း
တစ်ယောက်တည်း ရှိနေခြင်းသည် သင့်ဆုံးဖြတ်ချက်ဖြင့် သင်စီမံလုပ်ကိုင်ရန် အသင့်တော်ဆုံး အချိန်ဖြစ်သည်။ သင့်မိသားစု၏ သဘောထားကို ဆန္ဒခံယူမနေပဲ သင်ကြိုက်နှစ်သက်သလို ဧည့်ခန်းမှ ပရိဘောဂများကို အထားအသို ပြောင်းကြည့်ပါ။ထို့အပြင် ခန်းဆီးများ ပြောင်းလဲ တပ်ဆင်ခြင်း၊အိမ်တွင်း တွင် ဆေးရောင်ပြောင်း၍ သုတ်ခြင်း စသည်တို့ကို ပြုလုပ်ကြည့်ပါ။

(၃) အေးငြိမ်းခြင်းသို့
ကဗျာဆရာကြီး Wordsworth က "တိတ်ဆိတ်ငြိမ်သက်ခြင်းက ခံစားမှု အာရုံများကို စုစည်းစေသည်" ဟု ဆိုထားသည်။ တကယ်တော့ စိတ်ကူးယဉ် အိမ်မက်ခြင်းကို ကဗျာဆန်ဆန် သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။ စိတ်ကူးယဉ် အိမ်မက်မက်ခြင်းသည် တန်ဖိုးရှိသော ခံစားမှုအာရုံများကို စုစည်းခြင်း တစ်မျိုးဖြစ်သည်။ မိုးဖွဲဖွဲလေးထဲတွင် လမ်းလျှောက်ခြင်းဖြင့် စိတ်ကူး စိတ်သန်းများ ရစေပြီး အနုပညာ ဈာန်ကိုလည်း ၀င်စားစေသည်။

(၄) မိမိကိုယ်ကို နှစ်သိမ့်အလိုလိုက်ရန် လိုအပ်ခြင်း
သင့် ပတ်ဝန်းကျင်တွင် မည်ကဲ့သို့သော အရာများ ရှိနေသည်ကို အချိန်ယူ၍ လှည့်လည်လေ့လာပါ။ ယခင်က နေ့စဉ် တွေ့မြင်နေရသော်လည်း သတိမထားမိသည့် အရာများကို မြင်အောင်ကြည့်ပါ။ဥပမာအားဖြင့် နေ့စဉ်ဖြတ်သန်းသွားသော ဘုရားတန်ဆောင်းပေါ်မှ အေးချမ်းသော ခံစားမှုအသိ၊ လမ်းသွယ်ကလေးထဲ ၀င်ရောက်ကြည့်ခြင်း၊ပန်းခြံထဲရှိ သစ်ပင် ပန်းပင်များကို ကြည့်ရှု၍ ကြည်နူးခံစားခြင်း၊ပန်းချီပြပွဲ တစ်ခုသို့ ၀င်ရောက်ပြီး အချိန်ယူ ကြည့်ရှုခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

(၅) စွမ်းဆောင်နိုင်မှုအသစ်နှင့် ယုံကြည်စိတ်ချမှုအသစ်
သင့်မှာ ဂီတာတီးတတ်ချင်နေသော စိတ်ကလေးတိတ်တခိုး ဖြစ်ပေါ်နေပါသလား၊ မခက်ခဲလှပါ၊လမ်းညွှန် စာအုပ်ကလေးနှင့် လွတ်လပ်သော အချိန်ကလေး ရှိနေဖို့ပဲလိုပါတယ်။ သင်၏ ကွန်ပျူတာ အသစ်ကို စမ်းသတ်ကြည့်ရန် ကြောက်ရွံနေပါသလား။ထိုသို့ဆိုပါက သင့်အရည်အခြင်း များအပေါ် ယုံကြည်စိတ်ချမှု မရှိသလို ဖြစ်နေပါလိမ့်မည်။

(၆) တစ်ယောက်တည်း လေ့ကျင့်ခန်းပြုလုပ်ပါ
အချို့သော ကျန်းမာရေး လေ့ကျင့်ခန်းများသည် သင့်ဘာသာ တစ်ဦးတည်း လေ့ကျင့်လျှင် အကောင်းဆုံးဖြစ်သည်။ ဥပမာ ရေကူးလေ့ကျင့်ခြင်းသည် သင့်ကိုသင် ရေထဲတွင် ညင်သာစွာ ကူးခတ်ရင်းဖြင့် အနှံ့အပြား ပျံ့လွင့်နေသော သင့်စိတ်ကလေးကို ထိန်းချုပ်နိုင်သည်။စက်ဘီးစီးခြင်းသည် အကြောအခြင် ပြေစေ၍ သင့်ခြေထောက်နှင့် ပေါင်တံများ အတွက် အထူးသင့်လျှော်သော လေ့ကျင့်ခန်း ဖြစ်သည်။

(၇) သင့်ကိုယ်သင် လက်ခံလိုက်ပါ
တစ်ယောက်တည်း နေရခြင်း၏ ပျော်ရွင်အေးချမ်းမှုသည် လွတ်လပ်ခြင်း အပေါ်မှာ အခြေခံသည်။ သင်ပြုလုပ်ချင်သော အလုပ်များကို သင့်စံနှုန်းအတိုင်း လုပ်နိုင်ခွင့်နှင့် တစ်ခါဖြစ်ပေါ်လာသော စိတ်ကူးယဥ်ဆန္ဒ များကို လုပ်နိုင်ခွင့်များသည် လွတ်လပ်ခြင်း ဖြစ်သည်။သတင်းစာ တစ်စောင်ဖြင့် အိပ်ရာထက်မှာ သက်သောင့် သက်သာ အနားယူပါ။သွားနေကျ ကော်ဖီဆိုင်ကလေးမှာ ငြိမ့်ညောင်း သာယာသော ဂီတသံကလေးကို နားထောင်ပါ။အာလူးကြော် တစ်ထုတ်နှင့် တစ်ယောက်တည် ရုပ်ရှင်သွားကြည့်တာမျိုးလည်း လုပ်သင့်ပါသည်။ လွတ်လပ်မှု ဆိုသည်မှာ သင့်ကိုယ်သင် ကျေနပ်စွာ နှစ်သိမ့်ခြင်းပဲဖြစ်ပါသည်။

"တစ်ခါတစ်ရံမှာတော့ ဘ၀မှာ အကောင်းဆုံးသော အရာက တစ်ယောက်တည်း အေးအေးဆေးဆေး နေရခြင်းဖြစ်သည်" ဟူ၍ ရုပ်ရှင်မင်းသမီးကြီး ဂါဘို Garbo ပြောခဲ့ဘူးသော စကားကလည်း မှန်ကန်သင့်မြတ် လှပါသည်။

ခင်စောတင့် (အမေဆောက်ခဲ့သောရဲတိုက်ကြီးများ)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ



တစ်ယောက်တည်း နေခွင့်ရသော အချိန်သည် သင်နေ့စဉ်တွေ့ကြုံနေရသော ရှုပ်ထွေးပွေလီလှသည့် ဘ၀ကို ရင်ဆိုင်နိုင်ရန် အတွက် လိုအပ်သည့် အချိန်ဖြစ်သည်။ တစ်ယောက်တည်း နေရသောအချိန် ကလေးကို စိတ်ချမ်းမြေ့စွာ အသုံးချပါ။

(၁)သီးသန့်ဘဝ
လူအများနှင့် ခေတ္တခဏ ကင်းကွာစွာ နေနိုင်သော နေရာသည် သင့်ရေချိုးခန်း တစ်ခုတည်း ဖြစ်စေလိုပါ။သင့်အခန်းဝတွငမနှောင့်ယှက်ပါနှင့် ဟူသော စာတန်းလေးချိတ်ဆွဲထားပြီး နေ့စဉ်နာရီဝက်ခန့် ခုတင်ပေါ်တွင် စိတ်ရော ကိုယ်ပါဖြေလျော့၍ အနားယူမှေးစက်ပါ။ စိတ်ကြိုက်စာအုပ် တစ်အုပ်ဖတ်ပါ။ အ၀တ်ဗီရိုဖွင့်၍ သင်နှစ်သက်သည့် အရောင်အသွေး အဆင်များ ရွေးချယ် ဆင်ယင်ကြည့်ခြင်းသည်လည်း ကိုယ်ပိုင်သော အချိန်ကလေးများကို စိတ်ချမ်းသာစွာ အသုံးချနည်း ဖြစ်သည်။

(၂)စိတ်ကြိုက်စီမံခန့်ခွဲခြင်း
တစ်ယောက်တည်း ရှိနေခြင်းသည် သင့်ဆုံးဖြတ်ချက်ဖြင့် သင်စီမံလုပ်ကိုင်ရန် အသင့်တော်ဆုံး အချိန်ဖြစ်သည်။ သင့်မိသားစု၏ သဘောထားကို ဆန္ဒခံယူမနေပဲ သင်ကြိုက်နှစ်သက်သလို ဧည့်ခန်းမှ ပရိဘောဂများကို အထားအသို ပြောင်းကြည့်ပါ။ထို့အပြင် ခန်းဆီးများ ပြောင်းလဲ တပ်ဆင်ခြင်း၊အိမ်တွင်း တွင် ဆေးရောင်ပြောင်း၍ သုတ်ခြင်း စသည်တို့ကို ပြုလုပ်ကြည့်ပါ။

(၃) အေးငြိမ်းခြင်းသို့
ကဗျာဆရာကြီး Wordsworth က "တိတ်ဆိတ်ငြိမ်သက်ခြင်းက ခံစားမှု အာရုံများကို စုစည်းစေသည်ဟု " ဆိုထားသည်။ တကယ်တော့ စိတ်ကူးယဉ် အိမ်မက်ခြင်းကို ကဗျာဆန်ဆန် သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။ စိတ်ကူးယဉ် အိမ်မက်မက်ခြင်းသည် တန်ဖိုးရှိသော ခံစားမှုအာရုံများကို စုစည်းခြင်း တစ်မျိုးဖြစ်သည်။ မိုးဖွဲဖွဲလေးထဲတွင် လမ်းလျှောက်ခြင်းဖြင့် စိတ်ကူး စိတ်သန်းများ ရစေပြီး အနုပညာ ဈာန်ကိုလည်း ၀င်စားစေသည်။

(၄) မိမိကိုယ်ကို နှစ်သိမ့်အလိုလိုက်ရန် လိုအပ်ခြင်း
သင့် ပတ်ဝန်းကျင်တွင် မည်ကဲ့သို့သော အရာများ ရှိနေသည်ကို အချိန်ယူ၍ လှည့်လည်လေ့လာပါ။ ယခင်က နေ့စဉ် တွေ့မြင်နေရသော်လည်း သတိမထားမိသည့် အရာများကို မြင်အောင်ကြည့်ပါ။ဥပမာအားဖြင့် နေ့စဉ်ဖြတ်သန်းသွားသော ဘုရားတန်ဆောင်းပေါ်မှ အေးချမ်းသော ခံစားမှုအသိ၊ လမ်းသွယ်ကလေးထဲ ၀င်ရောက်ကြည့်ခြင်း၊ပန်းခြံထဲရှိ သစ်ပင် ပန်းပင်များကို ကြည့်ရှု၍ ကြည်နူးခံစားခြင်း၊ပန်းချီပြပွဲ တစ်ခုသို့ ၀င်ရောက်ပြီး အချိန်ယူ ကြည့်ရှုခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

(၅) စွမ်းဆောင်နိုင်မှုအသစ်နှင့် ယုံကြည်စိတ်ချမှုအသစ်
သင့်မှာ ဂီတာတီးတတ်ချင်နေသော စိတ်ကလေးတိတ်တခိုး ဖြစ်ပေါ်နေပါသလား၊ မခက်ခဲလှပါ၊လမ်းညွှန် စာအုပ်ကလေးနှင့် လွတ်လပ်သော အချိန်ကလေး ရှိနေဖို့ပဲလိုပါတယ်။ သင်၏ ကွန်ပျူတာ အသစ်ကို စမ်းသတ်ကြည့်ရန် ကြောက်ရွံနေပါသလား။ထိုသို့ဆိုပါက သင့်အရည်အခြင်း များအပေါ် ယုံကြည်စိတ်ချမှု မရှိသလို ဖြစ်နေပါလိမ့်မည်။

(၆) တစ်ယောက်တည်း လေ့ကျင့်ခန်းပြုလုပ်ပါ
အချို့သော ကျန်းမာရေး လေ့ကျင့်ခန်းများသည် သင့်ဘာသာ တစ်ဦးတည်း လေ့ကျင့်လျှင် အကောင်းဆုံးဖြစ်သည်။ ဥပမာ ရေကူးလေ့ကျင့်ခြင်းသည် သင့်ကိုသင် ရေထဲတွင် ညင်သာစွာ ကူးခတ်ရင်းဖြင့် အနှံ့အပြား ပျံ့လွင့်နေသော သင့်စိတ်ကလေးကို ထိန်းချုပ်နိုင်သည်။စက်ဘီးစီးခြင်းသည် အကြောအခြင် ပြေစေ၍ သင့်ခြေထောက်နှင့် ပေါင်တံများ အတွက် အထူးသင့်လျှော်သော လေ့ကျင့်ခန်း ဖြစ်သည်။

(၇) သင့်ကိုယ်သင် လက်ခံလိုက်ပါ
တစ်ယောက်တည်း နေရခြင်း၏ ပျော်ရွင်အေးချမ်းမှုသည် လွတ်လပ်ခြင်း အပေါ်မှာ အခြေခံသည်။ သင်ပြုလုပ်ချင်သော အလုပ်များကို သင့်စံနှုန်းအတိုင်း လုပ်နိုင်ခွင့်နှင့် တစ်ခါဖြစ်ပေါ်လာသော စိတ်ကူးယဥ်ဆန္ဒ များကို လုပ်နိုင်ခွင့်များသည် လွတ်လပ်ခြင်း ဖြစ်သည်။သတင်းစာ တစ်စောင်ဖြင့် အိပ်ရာထက်မှာ သက်သောင့် သက်သာ အနားယူပါ။သွားနေကျ ကော်ဖီဆိုင်ကလေးမှာ ငြိမ့်ညောင်း သာယာသော ဂီတသံကလေးကို နားထောင်ပါ။အာလူးကြော် တစ်ထုတ်နှင့် တစ်ယောက်တည် ရုပ်ရှင်သွားကြည့်တာမျိုးလည်း လုပ်သင့်ပါသည်။ လွတ်လပ်မှု ဆိုသည်မှာ သင့်ကိုယ်သင် ကျေနပ်စွာ နှစ်သိမ့်ခြင်းပဲဖြစ်ပါသည်။

"တစ်ခါတစ်ရံမှာတော့ ဘ၀မှာ အကောင်းဆုံးသော အရာက တစ်ယောက်တည်း အေးအေးဆေးဆေး နေရခြင်းဖြစ်သည်" ဟူ၍ ရုပ်ရှင်မင်းသမီးကြီး ဂါဘို Garbo ပြောခဲ့ဘူးသော စကားကလည်း မှန်ကန်သင့်မြတ် လှပါသည်။
ခင်စောတင့် (အမေဆောက်ခဲ့သောရဲတိုက်ကြီးများ)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ



ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။