စိတ်ကူးစိတ်သန်း ဆန်းကြယ်တဲ့ သူတွေ ဟာ လက်တွေ့ လုပ်တတ်ရင်တော့ ကြီးပွားတတ်ပါတယ်. . စိတ်ကူးဆန်းပြီး . . . ဘာမှ မလုပ်ဘဲ ကိုယ့်ကိုယ်ကို အဟုတ်ထင်နေရင်တော့ စိတ်ကူယဉ်သမား ဖြစ်သွားပါလိမ့်မယ်. . . . အလုပ်လုပ်တဲ့ နေရာမှာ စိတ်ကူးကောင်းများနဲ့ မွမ်းမံပြီး အားစိုက်ကာ လုပ်တတ်တဲ့ သူဟာ ထင်ရှားကျော်ကြားတဲ့ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာမှာ သေချာပါတယ်.
လူငယ်တွေ ဟာ သိပ်ဖြစ်ချင်တဲ့ စိတ်ဟာ ကိုယ်ပိုင် အရင်းအနှီးမပါဘဲ အကျိုးရလာဒ်ကိုသာ မျှော်ကြည့်နေတဲ့ စိတ်မျိုးမဖြစ်သင့်ပါဘူး . . . ချမ်းသာချင်တယ်. . ကျော်ကြားတဲ့ အနုပညာရှင်ဖြစ်ချယ်တယ်. ပညာရှင်ကြီး ဖြစ်ချင်တယ်. စတဲ့ ရည်မှန်းချက်တွေ ၊ စိတ်ကူးတွေ ဟာ လူတိုင်းမှာ ရှိတတ်ကြပါတယ်. .
တချို့ကတော့ ငယ်ငယ်ကတည်း က အကြံကြီးပါတယ် တချို့ကတော့ အတော်ကြီးလာတဲ့တိုင်အောင် ဘာလုပ်ချင်တယ်လို့ ရည်ရွယ်ချက်မရှိပဲ အဖေခိုင်းတာ လုပ်မယ်ဆိုပြီး ကိုယ်ပိုင် စိတ်ကူး မဲ့နေတတ်ကြပါတယ်. . . . . . အကြောင်းအားလျော်စွာ စိတ်ကူးပြောင်းလဲ တတ်တဲ့ သဘောကတော့ ရှိပါတယ်. . .
ဒါပေမယ့် အကျိုးအမြတ်ကိုသာကြည့်ပြီး အလုပ်တန်ဖိုး အစစ်အမှန်ကို မကြည့်တတ်သူများဟာ အလုပ်ကို မစူးစမ်းရသေးခင် နောက်တစ်ခု ပြောင်းလုပ်ဖို့ စိတ်ကူးတတ်ပါတယ်. . . ဘာမှ မလုပ်ရသေးခင် ကတည်းက စိတ်ကူး ခဏခဏ ပြောင်းတတ်တဲ့ သူဟာ တကယ်တမ်း အလုပ်စတဲ့ အခါမှာ အခက်အခဲ အသေးအဖွဲကို တွေ့တာနဲ့ စိတ်ဓာတ်ကျသွားတတ်ပါတယ်. . .
ဒါကြောင့် စိတ်ကူးစပြီးယဉ်ကတည်းက အကျိုးအမြတ်တစ်ခုတည်းကို သာ မကြည့်ပါနဲ့ အလုပ်ရဲ့ အနှစ်သာရ အလုပ်ရဲ့ သဘောသဘာဝကိုပါ ကြည့်တတ်ကြဖို့ လိုပါတယ်. . .
အလုပ်လုပ်တဲ့နေရာမှာ ကိုယ်ရဲ့ အင်အား ကိုယ့်ရဲ့အချိန် စသည်တို့ကို လေလွင့်ပြုန်းတီးမှုမရှိအောင် ထိန်းပြီး လုပ်တတ်တဲ့သူများက အချိန်ကြာလာတာနဲ့ အမျှ ကိုယ်ရည်ကိုယ်သွေး တက်လာတတ်ပါတယ်. . ဘ၀ရဲ့တန်ဖိုးကို အလုပ်ဖြစ်အောင် . စိတ်ကူးကောင်းထုတ်နိုင်ဖို့နဲ့ စိတ်ကူးကို အကောင်အထည် ဖော်ဖို့ အရေးကြီးပါတယ်. .
ဒေါက်တာ မတင်ဝင်း
မှန်တာပေါ့ဗျာ...။ စိတ်ကူးကို ကောင်းကောင်းကူး.. ပြီးရင် တခါတည်းအကောင်အထည်ဖော်... ။း၀၀၀)
ReplyDeleteခင်မင်တဲ့
နေ၀သန်
စိတ်ကူးကို အကောင်ထည်ဖော်နိုင်ကြရင်တော့ အကောင်းဆုံးပါဘဲ။
ReplyDeleteကိုယ်တကယ်လုပ်မယ်ဆိုပြိး စိတ်ထဲက ပိုင်းဖြတ်ထားရင်တော့ ဖြစ်အောင်လုပ်တာပဲကောင်းတယ်
ReplyDeleteမလုပ်နိုင်ရင်တော့ အစကတည်းက မလုပ်နဲ့
တော်ကြာတောင်မရောက်မြောက်မရောက်ဖြစ်နေမှာ မလွဲဧကံပဲ
စိတ်ကူးရှိမှ လက်တွေ့လုပ်လို့ရမှာလေ နော်..
ReplyDeleteကြိုတင်ကြံစည်မှုမရှိဘဲ ထလုပ်တဲ့ အလုပ်က အောင်မြင်ဖို့ နည်းပါတယ်..
အမတန်တန်ဖိုးရှိတဲ့ ပိုစ့်လေးပါ။ ပညာများဖြန့်ဝေပေးတာ ကုသိုလ်ရပါတယ်။
ReplyDeleteစိတ်ကူးယဉ်ကိုအကောင်အထည်ဖော်န်ုင်တာအကောင်းဆုံးဘဲလေနော့
ReplyDelete