ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သမီးလေးဖတ်ဖို့

သမီးရယ် . .

မြတ်စွာဘုရားကို
ကြည်ညိုသဒ္ဓါ စိတ်နဲ့သာ
ကိုးကွယ် ပူဇော်ပါ . .

ဘာဆု ညာဆုတွေ အများကြီးတောင်းပြီး
အာညောင်းအောင် မပူဆာပါနဲ့ကါယ်. .

ကိုယ့်ကို ကိုယ်သာ ကိုးကွယ်ရာ. . . . လို့
ဗုဒ္ဓမြတ်စွာဘုရား ကို်ယ်တိုင်
ဟောကြားခဲ့ပြီးသားပဲ မဟုတ်လား. .

ပူဇော်နဲ့ ပူဆာကို
သမီးလေး ခွဲခြား နားလည်နိုင်ပါစေ. . .

ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော
ဗုဒ္ဓမြတ်စွာ ဘုရားကိုလည်း
ကြည်ညို လေးစား အားထား ကိုးကွယ်ပြီး
စစ်စစ်မှန်မှန် ပူဇော်တတ်ပါစေလို့
ဖေဖေ ဆုတောင်းပေးပါတယ်. .

ဖေဖေ...

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

မကွာသေး၍ မသိသေးပါ

တစ်နေ့သော် . . .

ဘိုးတော် ဦးဝိုင်းသည် အမတ်ကြီး ဦးပေါ်ဦးအား ခေါ်၍ မင်းကွန်းဘက်သို့ ကူးခဲ့သည်. . .

ဆောက်လုပ်ဆဲ ကောင်းမှုတော်များအတွက် အင်္ဂတေ ဖော်စပ်ရာတွင် ကောင်းသထက်ကောင်းစေရန် ရည်ရွယ်၍ မင်းတရားကြီးကိုယ်တော်တိုင် ပန်းရံဆရာများနှင့် တိုင်ပင် ဖော်စပ်စေသည်. .

"ပေါ်ဦး "

"ခစားလျက်ရှိကြောင်းပါ ဘုရား. . "

"ငါကိုယ်တော်တိုင် . . . ဖော်စပ်စေတဲ့ အင်္ဂတေများဟာ မာရဲ့ကောင်းရဲ့လားကွယ့် . . . "

မင်းတရားကြီး၏ စိတ်အလိုကို ဦးပေါ်ဦးက ကောင်းစွာ သိပါသည်. . .

"မှန်လှပါ အရှင်ဘုရား . . . မင်းတရားကြီး ကိုယ်တိုင် ဖော်စပ်တော်မူတဲ့ အင်္ဂတေများဟာ အန်မတန် မာလှ ကောင်းလှတဲ့ အတွက် မှို့တင်ကာ မီးခတ်လျှင်ပင် . . . မီးတောက်နိုင်ကြောင်းပါ ဘုရား . . . "

ဦးပေါ်ဦးက လျှောက်ထားသည်. . .

ဘိုးတော် ဦးဝိုင်းကလည်း ကျေနပ်သည်. .

"သဟာဖြင့် ပေါ်ဦးရဲ့. . . ပေါက္ကံပြည် ရွှေစည်းခုံ စေတီတော်က အင်္ဂတေနှင့်ယှဉ်လျှင် ဘယ်သင်းက ပို၍ သာမလဲကွယ့်. . . . "

"မှန်လှပါ အရှင်ဘုရား. . . ပေါက္ကံပြည် ရွှေစည်းခုံ စေတီတော်က အင်္ဂတေသည် မကွာသေး၍ အမှန်ကို မသိသဖြင့် မလျှောက်တတ်သေးပါ ဘုရား. . . . ."

အင်္ဂတေ၏ သဘောသည် ကွာကျတတ်သည်. . .

ရွှေစည်းခုံ စေတီတော်က အင်္ဂတေသည်. . ကောင်းသဖြင့် ကွာမကျသေးဟု ဆိုလိုခြင်း ဖြစ်သည်. .

ဦးပေါ်ဦးကား ပါးနပ်လိမ္မာစွာ လျှောက်ထားတတ်သူ ဖြစ်ပါသည်. . . .မင်းတရားကြီးလည်း ဦးပေါ်ဦး၏ ဆိုလိုရင်းကို သိသဖြင့် ခပ်မဆိတ်ပင် နေတော်မူသည်. . .

ဦးပေါ်ဦး လျှောက်ထုံး ပုံပြင်များ

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ဆွေတော်မျိုးတော်အလယ် တန်ခိုးပြ၍ ပေါက္ခရ၀ဿမိုး ရွာချပုံ



သာကီဝင်မင်းမျိုးသည် လွန်စွာ မာန်မာနကြီး၏ . . .ထို့ကြောင့် ဗုဒ္ဓမြတ်စွာ ရောက်လာတော် မူသောအခါ ငယ်ရွယ်သူတို့ကိုသာ ရှိခိုးစေ၍ ဗုဒ္ဓထက်ကြီးသော မင်းတို့ကား ရှိမခိုးဘဲ ထိုင်နေကြ၏. . . ထိုအခြင်းအရာကို မြင်ရသော ဘုရားရှင်သည် ကောင်းကင်သို့တက်၍ မင်းကြီးတို့၏ ဦးထိပ်ထက်၌ စင်္ကြကြွလျှက် အထက်ပိုင်းကိုယ်မှ မီးအလျှံ၊ အောက်ပိုင်း ကိုယ်မှ ရေအယဉ်၊ လက်ဝဲမှ မီး၊ လက်ျာမှ ရေ ဤသို့ ရေမီးအစုံထွက်စေသောသ တန်ခိုးကို ပြာတော်မူသည်. .

ဤသို့တန်ခိုးပြ၍ ကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ်ကို လွှတ်တော်မူလေရာ. . တအံ့တသြဖြစ်ကာ သုဒ္ဓေါဒနမင်းကိုယ်တိုင် ဘုရားခြေတော်ကို ဦးတိုက် ရှိခိုးလေသော် ဆွေတော်မျိုးတော် အားလုံး မနေသာတော့ဘဲ ရိုသေစွာ ရှိခိုးကြလေသည်. . . ထိုအခါ တိမ်တွေတက်လာ၍ (စိုစေလိုသူကိုသာစို၍ မစိုစေလိုသူများကို မစိုသော) "ပေါက္ခရ၀ဿ" မည်သော မိုးကြီးရွာသဖြင့် သာ၍ အံ့သြကာ ဘုရားအပေါ် လေးစားကြလေသည်. .

TWIN MIRACLE PERFORMED BY THE BUDDHA BEFORE HIS KINSMEN AND A SHOWER OF RAIN FELL WETTING ONLY RAIN FELL WETTING ONLY THOSE WHO WISHED TO BE WET

Members of the Sakya clan were very proud, and when the Buddha arrived at Kapilavatthu, they let only the younger kinsmen pay their respects to the Blessed One while the older folk sat down without making obeisance to Him. The Blessed One, who saw this behaviour, rose in the air and walked over the heads of the elders. He performed the miracle of the pairs, in which flames of fire came from the upper part of his body and streams of water from the lower part. Then the process was reserved. Nest fire came our from the right side of His body and water from the left, and so on.
He thus showed his superman power and emitted six resplendent rays of light from his body, at which they marveled. Suddhodana himself was so deeply moved by the sight that he bowed his head and touched it with the feet of the Blessed One in salutation. At this , all the other members of the clan could not help paying homage to the blessed one. The sky then became overcast with clouds and poured down a shower of rain by which only those who wished to be wet became wet and not others. They marveled at this miracle and showed greater respect towards the Buddha.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အောင်မြင်ချင်တဲ့သူ

စာအုပ်ထုတ်ဝေရေးလုပ်နေတဲ့ လူငယ်တစ်ယောက် က ရင်ဖွင့်နေပါတယ်. . .

လူငယ်. . . . "ဆရာရယ် ကျွန်တော့ စာအုပ် အဖုံးလေးကို စက္ကူကောင်းကောင်းနဲ့ လုပ်ရဦးမယ်. . "

အဘိုးအို. . . . "လုပ်ရမှာပေါ့. . . "

လူငယ်. . . . "လုံးချင်းတွေလည်းရေးရအုံးမယ် ဆရာ. . . "

အဘိုးအို . . . . "လုပ်ရမှာပေါ့. . "

လူငယ် . . . . "ကြော်ငြာအတွက်လည်း စီစဉ်ရဦးမယ်. . . "

အဘိုးအို. . . . "လုပ်ရမှာပေါ့. . . "

လူငယ်က အဘိုးအိုကို မကြည်တဲ့ အကြည့်နဲ့ ကြည့်ပါတယ်. . . သူပြောသမျှ လုပ်ရမှာပေါ့ ချည်းပဲ ပြောနေတာကိုး. . .

ဒါကိုလည်း အဘိုးအို က ခံစားမိပုံရပါတယ်. . . ဒါကြောင့် စကားတစ်ခွန်းပြောပါတယ်. . .

"ဟုတ်တယ်လေကွယ်. . . မင်းက အောင်မြင်မှုကို လိုချင်တာကိုး. . ."

"အောင်မြင်ချင်တဲ့ လူဟာ အောင်မြင်နိုင်မယ့် အကြောင်းအချက်တွေ အားလုံးကို လုပ်ကို လုပ်ရမှာပဲတဲ့. . . "

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

လူလိမ်(သို့မဟုတ်)လူညာ

ရုံးတစ်ရုံးကို ကျွန်တော်ရောက်သွားတုန်းကပါ. . .

တပည့်. . . .. . "လူတစ်ယောက်က ဆရာ့ကိုလာရှာတယ် ဆရာ. . . . ခဏနေရင် ပြန်လာမယ်တဲ့. . . ."

ဆရာ . . . . ... "ဘယ်သူတဲ့လဲ. . . "

တပည့်. . . . . "ဆရာ့မိတ်ဆွေ ဦး. . . . . တဲ့ . . . ဆရာ. . ."

ဆရာ. . . . .. "ဟာ အဲဒီလူက လူလိမ်ကွာ. . . . လူတိုင်းကို လျှောက်လိမ်နေတာ . . . ဒီတော့ သူလာရင် ငါမရှိဘူး . . . . ခရီးထွက်သွားတယ် လို့ ပြောလိုက်ကွာ. . . "

တပည့်. . . . . "ဟုတ်ကဲ့ . . . ဆရာ. . ."

ပြီးတော့ ဧည့်သည် ကျွန်တော့်ဘက်ကို လှည့်ပြီး. . . . .

"လူလိမ်ကို ရှောင်ဖို့ လိမ်ပြောလိုက်တာဟာ. . . မုသာဝါဒကံ ထိုက်မထိုက် စဉ်းစားပေးပါဦး. . . . တဲ့. . ."

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


အမြင်ကျယ်ရမယ်

အမြင်ကျဉ်းရင်
လမ်းကျဉ်းတတ်ပါတယ်. .

အောင်မြင်ချင်တဲ့ သူတွေမှာ
ရှိရမယ့် နောက်ထပ် အရည်အချင်းကတော့
အမြင်ကျယ်ရပါမယ်.. .

တကယ်တော့
ဟောဒီလောကကြီးဟာ အကျယ်ကြီးပါ. .
လူတွေကလည်း ရှင်သန်ပြောင်းလဲနေပါတယ်.
လူတွေ ပြောင်းလဲတော့
ပတ်ဝန်းကျင်တွေလည်း
ပြောင်းလဲလာပါတယ်. . .

အဲသည်လို အပြောင်းအလဲများပြီး
မြန်လည်း မြန်ဆန်လွန်းတဲ့ လောကကြီးနဲ့
ရင်ပေါင်တန်းပြီး ပြေးနေနိုင်မှ
ဘာတွေ ဖြစ်နေပြီလဲဆိုတာကို
သိနိုင် ကြိုးစားနိုင်မှာ ဖြစ်ပါတယ်. .

သည်လိုမဟုတ်လို့ကတော့
ကျဉ်းမြောင်းတဲ့ အမြင်ကလေးနဲ့
သူတစ်ပါးတွေနောက်က
စမ်းတ၀ါးဝါး
သွားနေရပါမယ်. .

မရေရာတဲ့လမ်းကို
စမ်းတ၀ါးဝါး သွားတဲ့သူဟာ
ခရီးပေါက်နိုဖို့
ပန်းတိုင် ရောက်ဖို့ဆိုတာ
မလွယ်ကူသလို
မြန်လည်း မမြန်ဆန်နိုင်ပါဘူး . . .

ဒီတော့ . .
အောင်မြင်ချင်ရင် အမြင်ကျယ်ပါ. .

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သမီးလေးဖတ်ဖို့

သမီး

မိန်းကလေးတစ်ယောက်ဟာ
ရုပ်ရည် ချောမောလှပမယ်
ပစ္စည်းဥစ္စာ ရှိမယ်ဆိုရင်
အခွင့်အလမ်းကောင်း များစွာနဲ့
အဆင်ပြေပြေ အသက်ရှင် နေထိုင်နိုင်လိမ့်မယ်..

ဥစ္စာလည်း မပေါ
ရုပ်ရည်လည်း မချောရင်တော့
အတတ်ပညာတစ်ခု ခုကို
ထူးထူးချွန်ချွန်တတ်အောင် ကြိုးစားပါ

ဥပမာ. .
အင်္ဂလိပ်စာ အသေအချာ တတ်တာမျိုး
ဆံပင်ညှပ် အလှပြင်တတ်တာမျိုး
တစ်မျိုးမျိုးတော့ တတ်မှ ဖြစ်မယ်

ကံမကောင်း အကြောင်းမလှလို့
ဘာအတတ်ပညာမှ လည်း မရှိဘူးဆိုရင်
ဘ၀ကို ဒေါင်ကျကျ ပြားကျကျ
ရင်ဆိုင်ရဲတဲ့ သတ္တိတော့ ရှိရလိမ့်မယ်
အဲ့ဒီသတ္တိမျိုး သမီးမှာ ရှိပြီလား. .

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ဝတ်လဲတော် မသည့်အချိန်ကို သိချင်သော ဦးပေါ်ဦး

"ပေါ်ဦး"

"ခစားလျက်ရှိကြောင်းပါ ဘုရား "

"ပါဠိ- မေဃ ကနေ မိုးဖြစ်ပုံကို ရှင်းလင်းလျှောက်ထားစမ်းပါဦး ပေါ်ဦးရဲ့ . . . "

"မှန်လှပါ. . . ဘ၀ရှင်မင်းတရားကြီး ဘုရား . . . သဒ္ဒါဆိုသည်မှာ . . . လူတို့ နေ့စဉ်ပြောဆိုသော အသံပင်ဖြစ်ကြောင်းပါ ဘုရား. . . မေဃမှ မိုးဖြစ်လာပုံမှာလည်း မာဃမှ ဆင်းသက်လာခြင်း ဖြစ်ကြောင်းပါ ဘုရား . . . "

"မေဃဆိုသည်မှာ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော ဓာတ်ကြီးလေးပါး အဖွဲ့အစည်းသာ ဖြစ်ပါတယ် . . . . အခိုးအငွေ့များ စုပေါင်းပြီး အမြင့်သို့တက်ရာ ၊ အအေးဓာတ်နှင့် တွေ့ထိပြီး ရေစက် ရေပေါက်များ ဖြစ်ကာ ကျရောက် ခြင်းကို မိုးရွာခြင်း - ဟုခေါ်သည့် အတွက် မာဃမှ မေဃ၊ မေဃမှ မိုး ဖြစ်လာခြင်းပါ ဘုရား . . . "

ဟု ဦးပေါ်ဦးက သွက်လက်စွာပင် လျှောက်ထားသည်. . .

ဘိုးတော်မင်းတရားကြီးသည် ဦးပေါ်ဦးက ချက်ချင်း ဖြေသည်ကို နှစ်လိုတော်မူသည်. . . ဦးပေါ်ဦးကို ကျီစယ် လိုစိတ်လည်း ရှိတော်မူသဖြင့် ဤသို့မိန့်လေသည်. .

"ပညာရှိအမတ်ကြီး ဦးပေါ်ဦးဆိုတဲ့ ဂုဏ်ပုဒ်ကို မလျော့ပါးစေချင်တာနဲ့ မေးသမျှ ချက်ချင်းဖြေတော့တာပဲ. . . "

"ဒါနဲ့ . . . တစ်ခုမေးစမ်းပါရစေဦး ပေါ်ဦးရဲ့. . . "

ဦးပေါ်ဦးက ခတ်မဆိတ်ပင် နေသည်. . .

"နာခံလျက်ရှိကြောင်း ပါ ဘုရား. . ."

"ငါကိုယ်တော်မြတ် မေးသမျှ ဖြေနိုင်အောင် မမေးခင်ကတည်းက ကြိုတင်တွေးတော စီစဉ်ထားတာများ ရှိသလား ကွယ့်. . . "

"ဘုန်းတော်ကြီးမြတ်လှသော . .. ဘ၀ရှင်မင်းတရားကြီး ဘုရား. . . လျှောက်ထားခွင့်တစ်ရပ် ပေးသနားတော်မူပါဘုရား. . . "

"လျှောက်ထားစေကွယ့်. . . ပေါ်ဦး. ."

"အရှင်မင်းတရားကြီး. . .. မိဖုရားတို့၏ အနောက်ဆောင် သို့ကြွသွားမည်ဟု ကြံစည်တော်မူကတည်းကပင်. . . ၀တ်လဲတော် ကိုမပါသလား . . သို့တည်းမဟုတ် . . အဆောင်တော်ထဲရောက်မှ . . . မပါသလား ဘုရား . . "

"တန်ပါတော့ ပေါ်ဦးရယ်. . "

ဘိုးတော်မင်းတရားကြီးသည်. . .ပြုံးရွှင်ရယ်မောရင်း မိန့်တော်မူကာ ပေါ်ဦးကို ဆက်လက် မလျှောက်ထားရန် တားမြစ်တော် မူရလေသည်. . .
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အတ္တ

သူငယ်ချင်းတစ်ယောက် ကျွန်တော့ဆီကို ဆိုင်းမပါ ဗုံမဆင့်ပေမယ့် ချက်ချင်းကြီး ရောက်လာပါတယ်. . .

ရောက်မဆိုက်ပါပဲ . .

"ငါ့လုပ်ရပ်တွေ ၊ အကျင့်စရိုက်တွေကို လူတွေက အမြင်စောင်းနေကြတယ်ကွာ . . . . ဘယ်လိုလ်ုပရမလဲ. . . အကြံပေးပါဦး. . . . "တဲ့. .

ကျွန်တော်လည်း သူက အတင်းအကျပ်ပြောလာတာနဲ့ အကြံတစ်ခုကို မစဉ်းစားဘဲ ပေးလိုက်မိပါတယ်. . .

အဲဒီ အကြံက နှစ်မျိုးပါ

"လူတိုင်းရဲ့ မျက်လုံးကို မှိတ်ခိုင်းလိုက် "

ဒါမှ မဟုတ်

"မင်းမျက်လုံးတွေကို ပိတ်ထားလိုက် . . "

နည်းနည်းကြာ တော့ . . ကျွန်တော်ပေးတဲ့ အကြံဥာဏက် က အသုံးတည့်ကြောင်း လာပြောပြပါတယ်. . .

ပြန်သွားတော့လည်း မမြင်မစမ်းနဲ့ . . . သူ့လမ်းကတော့ ဖြောင့်လို့ပါ. . .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။