ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

နတ်တော် စာဆိုပွဲတော်



နတ်တော်လ

ငွေနှင်းငယ်တဲ့ မှုန်ဝေေ၀
ပျံ့မွှေးခိုင်သဇင်နှင့်
ဂမုန်းအင် ပန်တော်ဦးကြတယ်
ထူးတဲ့လပေ။

မိဂသီ ပုဏ္ဍာလင်းပါလို့
ရွှေဟင်္သာ တာရာငွေလို
ဖြာဖြာဝေလျက် စံကွန့်မြူး။

ပဏာတင်
ပိန္နဲမဟာရှင်၏
ခါသဘင် ပျော်ရွှင်ပွဲမှာလ
ဖော်ကွဲသူ မကြည်သာဖို့
ရထည်လွှာ ခြုံလို့ကွေးရတယ်
အေးတဲ့ လထူး။

စာပေသည် တိုင်းပြည်တစ်ပြည် ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု အဆင့်အတန်းကို ဖော်ပြသည်. . . လူမျိုးတိုင်းတွင် အမျိုးသားစာပေဟူ၍ ရှိသည်. . . စာပေမရှိသော လူမျိုးဟူ၍ မရှိ. . ရှိလျှင် ထိုလူမျိုးသည် မယဉ်ကျေးသည့် အဆင့်၌သာရှိသေးသော လူမျိုးဖြစ်ပေမည်. . . စာပေနှင့် ကင်း၍ မည်သည့်လူမျိုးမျှ မတိုးတက် မဖွံ့ဖြိုးနိုင် ၊ အဓွန့်မရှည်နိုင်ပေ။

စာပေသည် ဤမျှ အရေးပါအရာရောက်သည် ဆိုလျှင် စာပေကို ဖန်တီးပြုစုသည့် စာပေပညာရှင်များ ၊ စာဆိုတော်များ၏ ဂုဏ်ကျေးဇူးသည်လည်း အထူးကြီးမားလှသည် ဟု ဆိုနိုင်သည်. . ခေတ်အဆက်ဆက် စာဆိုတော်ကြီးများသည် အမျိုးသားစာပေ၏ ဂုဏ်ကို ထင်ရှားအောင်အားထုတ် လုပ်ဆောင်ခဲ့ကြသည်. . စာဆိုတော်ကြီးများ ကျေးဇူးကြောင့် စာပေ အရည်အသွေး တင့်တယ် ပြောမြောက်သည်. . စာပေတင့်တယ်သည်နှင့် အမျှ လူမျိုးလည်း အဆင့်အတန်းမြင့်မား၍ ဂုဏ်သိက္ခာ တက်ရပေသည်. .

ထို့ကြောင့် စာဆိုတော်များ ဂုဏ်ကျေးဇူးကို အမှတ်ထင်ထင် ဖော်ထုတ် ဂုဏ်ပြုသည့် အနေနှင့် "စာဆိုတော်ပွဲသဘင်" ကို ကျင်းပကြခြင်းဖြစ်သည်. . မြန်မာနိုင်ငံ၌ နတ်တော်လဆန်း (၁) ရက်နေ့ကို "စာဆိုတော်နေ့"ဟု သတ်မှတ်ပြိး အနယ်နယ် အရပ်ရပ်၌ "စာဆိုတော်နေ့" အထိမ်းအမှတ်ပွဲများ ကျင်းပကြသည်. . . နိုင်ငံတော် အစိုးရက ချီးမြှင့်သည့် "အမျိုးသားစာပေ ဆုနှင်းသဘင်" ကိုလည်း ယင်းစာဆိုတော်နေ့တွင် နှစ်စဉ် ပြုလုပ်လေ့ရှိပါသည်. . . "အမျိုးသားစာပေဆု " ဆိုစ်ာမှယ ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်များအနက် ဘာသာရပ်အလိုက်လက်ရာ အကောင်းဆုံး အကျိုးပြုစာအုပ်ကို ရွေးချယ် ချီးမြှင့်ခြင်းဖြစ်သည် . .

အခြေခံပညာကျောင်းများတွင်လည်း "စာဆိုတော်နေ့" အထိမ်းအမှတ် အကြိုဟောပြောပွဲများ၊ စာစီစာကုံးပြိုင်ပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပကြပါသည်. . စာဆိုတော်နေ့အထိမ်းအမှတ် စာပေပြိုင်ပွဲများ၊ စာပေဟောပြောပွဲများကို လည်း မြို့နယ်အလိုက် ကျင်းပပြုလုပ်ကြပါသည်. . . သက်ကြီးစာပေပညာရှင်များကို လည်း ပူဇော်ကန်တော့ပွဲများ ပြုလုပ်ကြပါသည်. .

"သားမယားပင် ၊ မိုက်မှားခဲ့စွာ
မလိမ္မာလည်း ၊ စာပေစကား
နေ့တိုင်းကြားက ၊ ထူးခြားလိမ္မာ
ရှိသည်သာတည့်"

ဟုဆိုသည့်အတိုင်း စာပေအလေ့အထ ရင့်ကျက် ခိုင်မာလျှင် အသိအလိမ္မာ ရင့်ကျက် ခိုင်မာလာစမြဲဖြစ်သည်. . မြန်မာလူမျိုးသည် စာပေ ၌ မွေ့လျော်တတ်၏ စာပေ ကို မြတ်နိုးတတ်၏. . . စာဆိုပွဲတော်သည် မြန်မာနိုင်ငံ၏ ထူးခြားသော ပွဲသဘင်ဖြစ်၏ . . . မြန်မာတို့၏ စာပေစိတ်ဓာတ် ကို ဖော်ပြသည်. . . စာပေ အစဉ်အလာ အမျိုးသာရေး အစဉ်အလာ ကြီးမားသော လူမျိုးသည် လွယ်လွယ်နှင့် မဆုတ်မယုတ် မတိမ်ကောနိုင် ၊ ထာဝစဉ် တည်တံ့ ခိုင်မြဲနေမည် သာ ဖြစ်ပေသည်. . . .

ဒေါ်နုကြည် (မဟာဝိဇ္ဖာ)


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ဘ၀မြင့်ချင်ရင် ဘ၀င်မမြင့်ရဘူး



ဆရာတော် သာမဏေကျော်ထံမှ "ဘ၀မြင့်ချင်ရင် ဘ၀င်မမြင့်ရဘူး" ဆိုသည့် ဆိုမိန့်ချက်သည် လူကြီးများရော လူငယ်များပါ အမြဲတစေ ရွတ်ဆိုနေသင့်သော အဆုံးအမတစ်ခု ဖြစ်ပါတသည်. . . . . အဘယ့်ကြောင့်ဆိုသော်. လူဆိုသည်မှာ အလွန်မေ့တတ်တဲ့ သဘောဖြစ်သည်. .. . ဘ၀င်မြင့်ခြင်းဆိုသည်မှာ မာန်မာနတက်ခြင်းပင် ဖြစ်သည်. . . မာန်မာန တက်၍ မိမိကိုယ်ကို ဟုတ်လှပြီ ဟု ထင်တတ်ကြသည်. .

မိမိကိုယ်ကို ဟုတ်လှပြီ ဟု ထင်သည့် အတွက် မိမိရောက်ရှိနေသော နေရာ မှ တစ်ဆင့်တက်အောင် ကြိုးစားဖို့ မေ့လျှော့သွားတတ်ပါသည်. . . . ပိုမိုပြည့်စုံသော သီလ ၊ သမာဓိ ပညာအားကို ဖြည့်ဆည်း နိုင်စွမ်း နည်းပါးသွားတတ်ပါသည်. .

ဘ၀မြင့်ချင်သော သူသည် တစေ ကြိုးစားအားထုတ်နေတတ်သူ ဖြစ်ရပါမည်. . ဤကဲ့သို့ ကြိုးစားအားထုတ်ရာ တွင် ငါဟုတ်လှပါပြီ အထင်ရောက်နေသော သူများသည် တိုးတက်မည့်လမ်းမှ ဖဲ့ဆင်းသွားသော သူ (သို့) လမ်းဘေးတွင် ထိုင်ကျန်ရစ်သူတို့နှင့် အလားတူပါသည်. . .

ထို့ကြောင့် သူ၏ဘ၀အခြေအနေသည် တိုးတက်သင့်သလောက် တိုးတက်မည်ထား ကျဆင်း၍သွားနိုင်သော အခြေအနေသို့ ရောက်သွားတတ်ပါသေးသည်. . လူအများစုသည် အခြေအနေကလေး နည်းနည်း ကောင်းလာ သည်နှင့် ငါလိုလူ ရှိသေးရဲ့လား ဟု နောက်ကို ပြန်ကြည့်တတ်သည်. . . ရှေ့ကိုသာ မျှော်ကြည့်တတ်ပါမူ. . . မိမိထက် အဘက်ဘက်က သာနေသူများ မရေတွက်နိုင်အောင် ရှိနေသေးသည်ကို မြင်ရမည်ဖြစ်ပါသည်. . . သို့သော် ဘ၀င် ကိုင်ကာ သူတစ်ပါးကို ဆရာလုပ်ရမည့်သူ မိမိက ဟိန်းဟောက်ရမည့် သူကိုသာ ရှာတတ်ချေသည်. . .

ထိုကဲ့သို့ ဘ၀ခရီးကို ချီတက်ရင်း နောက်သို့ပြန်လှည့်ကြည့်ကာ နေသောသူသည်. . . ခလုတ်ထိတတ်ပါသည်. . လမ်းကြောင်းကို မျက်ခြည် ပြတ်နိုင်သည်. . ခြေလှမ်းများ နှေးသွားနိုင်သည်. . . ဤသို့ဖြင့် ခရီးရောက်သင့်သလောက် မရောက်ဘဲ ဘ၀အခြေအနေသည်. မြင့်မားသင့်သလောက် မမြင့်မားတတ်ပေ. . .ထို့ကြောင့် ဘ၀မြင့်မားချင် သူများ သည် ဘ၀င်မြင့်သူများ မဖြစ်အောင် ကြိုးစားသင့်ပါသည်. .

ဒေါက်တာမတင်ဝင်း


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

နှုတ်ကလုပ်နေတဲ့ ကံ



"၀စီဗေဒ- ထိတိုင်းရှ" သတဲ့. . .
နှုတ်က လုပ်နေရတဲ့ ကံကတော့ ၀စီကံပါပဲ. . .လောကလူသားတွေဟာ မပြောမတီး ၊ မတီးမမြည်မို့ ပြောစရာရှိတာ ပြောကို ပြောရပါတယ်. . . အချို့ကအမှန်ပြောတယ်. . . အချို့ကတော့ လိုအပ်မှုပေါ် အကြောင်းပြပြီး လိမ်ညာပြောတယ်. . . . မုသားမပါ လင်္ကာမချော ရယ်လို့ သဘောပိုက်ပြီး ပြောလိုက်ကြတယ် . . . . မုသားစွက်လို့ သူများဘက်က နစ်နာသွားရင် ၀စီကံအပြစ်ကို ကျူးလွန်မိတာပါပဲ. .

အချို့က လွယ်လွယ်ပြောပြီး လွယ်လွယ်ပဲ ကျူးလွန်နေတယ်. . . စကားပြောတယ်ဆိုတာ ကာယကံမြောက် လုပ်ကိုင်ပေးရတာလောက် . . မပင်ပန်းဘူး . . . .နှုက်နေပဲ စိုက်ထုတ်ရတယ်. . သိပ်မပင်ပန်းတော့ စိတ်ထင်ရာ မှန်းပြီး ကိုယ်ပြောချင်ရာ မုသားပြောတာပဲ . . ကိုယ့်အကျိုးအတွက် အပိုတွေ တိုးစွက်လို့ မဟုတ်မမှန်တာတွေ ပြောတော့တာပဲ. . .

စကားအမှားပါရင် ငါးပါးသီလထဲက တစ်ပါးပျက်တာပါပဲ. . ၀စီကံ အမှုကို မထိန်းသိမ်းလို့ စီးပွားရေး နဲ့ ကြီးပွားရေးမှာ မဖြစ်ထွန်း မအောင်မြင်သူတွေ ရှိကြပါတယ်. . . . အပြောမမှန်သူ ဆိုတာ လောကမှာ ဘေးဖယ် ခံရတတ်တာ. . အမှန်ပါပဲ. . လိမ်ညာပြောဆိုတတ်မှန်း သိလာတဲ့ အခါ အမှန်ပြောလည်း လက်မခံ မယုံကြည်ချင်တော့ ပါဘူး. . .

စကားအယုတ်အညံ့တွေနဲ့တအား နှုတ်မဆန့်အောင် ပြောနေတတ်သူတွေဟာလည်း ၀စီဗေဒ ထိတိုင်းရှ နေတာ ပါပဲ . . ဖရုသ၀ါစာဖြစ်တဲ့ ယုတ်ယုတ်မာမာ၊ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတဲ့ စကားမျိုးဟာ ငရဲသွားရအောင် ပြောတဲ့ စကားမျိုး . . ငရဲမသွားရသေးချိန်မှာလည်း လူမုန်းခံရပါတယ်. .

ပိသုဏ၀ါစာဖြစ်တဲ့ ကုန်းတိုက်စကားမျိုးဟာလည်း ငရဲသွားရမယ့် စကားမျိုးပဲ. . ကိုယ်ကုန်းတိုက်လို့ သူများ ကွဲကွဲ၊ မကွဲကွဲ ကိုယ့်မှာတော့ အပြစ်ရသွားပြီ ဖြစ်တယ်. . (ပိသုဏ၀ါစာ ဟာ ကုန်းချော ခံရတဲ့ လူနှစ်ဦး ကွဲပြားမှ သာ ကမ္မထမြောက်တယ်. )

သမ္ဖပ္ပလာပဖြစ်တဲ့ သူများအကျိုး ထိခိုက်တဲ့ စကားမျိုးကလည်း ငရဲသွားရမယ့် စကားမျိုးပါပဲ. . . မုသာဝါဒဖြစ်တဲ့ မဟုတ်မမှန် လုပ်ကြံပြောတဲ့ စကားကလည်း ငရဲသွားရမယ့် စကားမျိုး ကိုယ်လိမ်ပြောလို့ အလိမ်ခံရသူ အကျိုးစီးပွား ထိခိုက်ရင် ကမ္မပထမြောက်တယ်. . . မုသာဝါးကိုယုံလို့ ပုံမိသူတွေရဲ့ ဒုက္ခဟာ ကြီးမားသလို ပြင်းထန်စွာ ခံစားရတတ်ပါတယ်. .

ဝစီကံ အမှားဟာ အကုသိုလ်ကံကို သွားပါတယ်. . . အကုသိုလ်ဖြစ်ပါတယ်. . . လွယ်လွယ်နှုတ်ကပြောပြီးဖြစ်တဲ့ အကုသိုလ်ပါပဲ. .

အကုသိုလ်ဖြစ်တဲ့ အကုသလကမ္မပထ တရား (၁၀)ပါး ထဲမှာ-

၁. မဟုတ်မမှန်ပြောတာ
၂. ကုန်းစကားပြောတာ
၃. ယုတ်မာကြမ်းတမ်းတဲ့ စကားပြောတာ
၎. အကျိုးမရှိ သိမ်ဖျင်းတဲ့ စကားပြောတာ

အဲသည်လေးမျိုး ပါဝင်ပါတယ်. . .

ဝစီကံ အမှုကို စောင့်စည်းထိန်းသိမ်းနိုင်မှသာ ငရဲလွတ်မယ်. . အကုသိုလ်လွတ်မယ် . .

မှန်ကန် ချစ်ခင်နှစ်သက်ဖွယ် အလိမ္မာပါတဲ့ ပုလဲသွယ် စကားမျိုး ပြောနိုင်အောင် အမြဲကြိုးစားပြောကြရမယ်. .

''ငရဲစကား မပြောဘဲ ပုလဲစကား ပြောရမှာ ဖြစ်တယ်''


သုတေသီဘုန်းမြင့်သွေး

ပုံကို ဒီက ယူပါတယ်. .

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သမီးလေးဖတ်ဖို့



သမီး

လူတစ်ယောက်ဟာ သူ့ဘ၀ သူပျော်နေမယ်
အနာဂတ်အတွက် အားတက် ရွှင်လန်းနေမယ်
စိတ်တည်ငြိမ် လန်းဆန်း အေးချမ်းနေမယ်
ဘာပဲ လုပ်လုပ် အောင်မြင်နေတယ်ဆိုရင်
လောကကြီးဟာ သူ့အတွက် သာယာလှပေနေတယ်လို့
သူ့စိတ်ထဲမှာ ထင်မြင်ယူဆနေလိမ့်မယ်

လူတစ်ယောက်ဟာ သူ့ဘ၀ သူမကျေနပ်ဘူး
အနာဂတ်ကင်းမဲ့ပျောက်ဆုံးနေတယ်
သောကများစွာနဲ့ စိတ်ဆင်းရဲနေမယ်
ဆုံးရှုံးခြင်းတွေနဲ့ ရင်ဆိုင်နေရမယ်ဆိုရင်
သူမြင်တဲ့ လောကကြီးဟာ
အကျည်းတန်နေတော့မှာပေါ့ကွယ်
တကယ်တော့

''ကိုယ်သိမြင်နေတဲ့ လောကကြီးဆိုတာ
ကိုယ့်စိတ်ရဲ့ ရောင်ပြန်ဟပ်ခြင်း တစ်မျိုးပါပဲ"

ဒါကြောင့်
လောကကြီးကို သမီးဘယ်လိုမြင်မှာလဲ
ဖေဖေသိချင်လိုက်တာ

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အသက်ကို ဥာဏ်စောင့်



သက်ရှည်ကျန်းမာစေမယ့် နည်းလမ်းကောင်းလေးကို ဖတ်မိလို့ စာဖတ်သူများကို ပြန်လည်မျှဝေပေးလိုက် ပါရစေ ရှင်. . .

  • ဖုန်းပြောရင် ဘယ်ဘက်နားကို သုံးပါ
  • ကော်ဖီဆို တစ်နေ့ တစ်ခွက်သာသောက်ပါ
  • ရေခဲရေနှင့် ဆေးမသောက်ပါနှင့်
  • ညနေ ၅ နာရီကျော်ရင် ထမင်းအများကြီးမစားပါနှင့်
  • ဆီလျှော့စားပါ
  • ရေကို မနက်ပိုင်း ပိုသောက်ပြီး ညနေပိုင်း လျှော့သောက်ပါ.
  • ဟန်းဖုန်း အားသွင်းစက်ကို ခပ်ခွာခွာထားပါ.
  • နားကြပ်ကိုအကြာကြီး မသုံးသင့်ပါ
  • ည၁၀ နာရီမှ မနက် ၆ နာရီသည် အကောင်းဆုံး အိပ်ချိန်
  • အိပ်ရာမ၀င်ခင် ဆေးသောက်ပြီး ချက်ချင်း လှဲမချလိုက်ပါနဲ့
  • ဓာတ်ရောင်ခြည် ပြန့်နှုန်း အဆ ၁၀၀၀ ခန့်ရှိသောကြောင့် ဓာတ်ခဲ အားကုန်သွားသည်အထိ ဟန်းဖုန်းကို မသုံးစွဲသင့်ပါ. .

Myanmar Times

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သွေးအားကောင်းစေရန်




မုန်လာဥသည် သံဓာတ်ပါဝင်မှု မြင့်မားသည် ဟင်းသီးဟင်းရွက် စာရင်းဝင်ဖြစ်ပြီး အခြား သတ္တုဓာတ်များလည်း အများအပြား ပါဝင်ပါသည်. . . မုန်လာဥနီ ဖျော်ရည် ခန္ဓာကိုယ်၏ ခွန်အား၊ ကိုယ်ခံအားများ တိုးမြှင့်ပေးရုံသာမက သွေးနီဥများကိုလည်း တိုးပွားစေပါသည်. .

ထို့အပြင် ဆယ်ကျော်သက်မလေးများအတွက် အကောင်းဆုံး သွေးအားတိုးဆေးဖြစ်၍ မိန်းမငယ်လေးများ ရာသီလာစဉ် အချိန်၊ အပျိုဖော်ဝင်အချိန်တွေတွင် လက်စွဲထားသင့်သည့် သဘာဝ ဆေးတစ်ခွက် ဖြစ်ပါတယ်. .

ဆလတ်ရွက်သည်လည်းကောင်း ၊ဟင်းနုနွယ်ရွက်တို့သည်. သွေးအားနည်းရောဂါကာကွယ် စေသော အရွက်ဖြစ်ပြီး သံဓာတ်များ အလွန်ကြွယ်ဝပါသည်. . . ၄င်းကဲ့သို့ သံဓာတ်ကြွယ်ဝသည့် အပြင် ပရိုတိတ်း ဓာတ်ပါရရှိစေနိုင်သည့် အစားအစာတစ်မျိုးမှာ ပဲပုတ်( Soya Bean) ဖြစ်ပါသည်. . ၄င်းကို ပဲနို့ရည် အသွင်ဖြင့် ထုတ် လုပ်ကြပြီး အစာကြေညက်လွယ် စေ၍ လူကြိုက်များလှပါသည်. .

မက်မွန်သီး ခုနှစ်လုံးခန့်ကို ရေတွင် နှစ်နာရီ ခန့်စိမ်၍ မှုန့်ညက်အောင် ကြိတ်ခြေပြီး သုံးလခန့် နံက်တိုင်း စားသုံးပေးလျှင် သွေးအားကောင်းစေပါတယ်.

နှမ်းနက်စေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေခပ်နွေးနွေးထဲတွင် နာရီ အတန်ကြာ စိမ်ထားပြီး ကြိတ်၊မွှေထားသော အရည်များ အဖတ်များ ကို နို့တစ်ခွက် (သို့) အခြားအချိုရည် တစ်ခုခုနှင့် တွဲဖက် သုံးဆောင်ပေးပါကလည်း သွေးအားနည်းရောဂါကို ပျောက်ကင်းစေပါသည်. . . နှမ်းနက်စေ့သည် သွေးအားကောင်းစေသည့် ဆေးကောင်း အရင်းအမြစ်တစ်ခုပင်ဖြစ်ပါသည်.


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ဘုရားဖြစ်တော်မူခါနီး၌ မာရ်နတ်လာ၍ ဖျက်ဆီးနေပုံ



ဘုရားအလောင်းတော်သည် သုဇာတာ၏ ဃနာနို့ဆွမ်းကို ဘုဉ်းပေးပြီး၍ နေရဉ္စရာ မြစ်ကမ်း၏ အေးချမ်းသာယာသော အင်ကြင်းဥယျာဉ်၌ နေ့အဖို့တွင် သန့်စင်နေထိုင်တော်မူကာ ညနေချမ်းမှာ ဗောဓိပင်တို အကြွတွင် မြတ်ရိတ်ပုဏားထံ မြက်ရှစ်ဆုပ်ကို အလှူခံတော်မူခဲ့ပြီးလျှင် ထိုမြက်ပေါ်မှာပင် "ဘုရားမဖြစ်သမျှ ဤတင်ပလ္လင်ကို မဖျက်တော့အံ့" ဟု ဓိဠာန်လျက် ထက်ဝယ် ဖွဲ့ခွေ ထိုင်တော်မူရာ . . ဗြဟ္မာသိကြား နတ်အများလည်း ထံပါးသို့ရောက်လာကြလေသည်. . .

ထိုထိုင်နေပုံကိုမြင်ရ၍ ဧကန်မုချ ဗုဒ္ဓဖြစ်တော့မည်ကို သိသော မာရ်နတ်မင်းသည် ထန်ပြင်းသော ဒေါသဖြင့် နတ်ပြည် သို့ပြန်သွား၍ စစ်သည်တပ်သား စုဆောင်းကာ မိမိကိုယ်တိုင် ကလည်း လက်နက်မျိုးစုံကိုင်လျက် "တက်ကြလော့ " ဟု ဆော်အော ခြိမ်းခြောက်လေရာ ဗုဒ္ဓမြတ်စွာ လောင်းလျာသည် ရက်စက်ကြမ်းကြုတ်နေသော သားအပေါ်တွင် မိခင်မေတ္တာကဲ့သို့ ဘ၀များစွာ အထုံပါသော မေတ္တာတော် အစွမ်းဖြင့် အေးချမ်းကြည်ဖြူ အောင်တော်မူလေသည်. .

THE FUTURE BUDDHA BEING ATTACKED BY MARA THE EVIL ONE JUST BEFORE HE ATTAINED ENLIGHTENMENT

After eating the milk-porridge offered by Sujata, the Future Buddha took his noonday rest on the bank of the Neranjara, in the cook and pleasant shade of a grove of sal trees. And at nightfall he went towards the Bodhi tree. On the way he received from a grass-cutter named Sotthiya eight handfuls of grsss and sat down cross-legged on that grass. He made the mighty resolution : "I will not stir from this seat until I have attained the supreme and absolute wisdom". Many higher and lower gods with Sakka came near the Future Buddha.

The god Mara, the Evil One , saw the Future Buddha seated in that unconquerable position and knew that he was sure to become a Buiddha. He went back to his celestial realm and brought his army drawn out for battle. He grasped a variety of weapons himself and sounded the warcry "Advance! Seize!" to frightedn the Great Being . But the Future Buddha won a peaceful victory over Mara with the power of loving kindness. which he had practised in his many past lives just as a mother would tame a cruel and wicked son with her maternal love.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

လှောင်ချိုင့်ထဲကငှက်



ပြတင်းအနီး လှောင်ချိုင့်ထဲမှာ ရှိတဲ့ ငှက်ဟာ ညဘက်မှာ အမြဲ သီချင်းဆိုဆိုနေတယ်. .

ဒါကို လင်းနို့က ကြားပြီး သူ့ဆီပျံလာတယ်

ဘာကြောင့် "နေ့ဘက်မှာ သီချင်းမဆိုသလဲ. . မင်းသီချင်းဆိုတာကို ညဘက်မှာ တော့ ကြားနေရတယ်. . လို့. . " မေးပါတယ်. .

ငှက်က "အကြောင်းရှိလို့ ညဘက်သီချင်းဆိုတာပါ ဆိုပြီး "ရှင်းပြလိုက်တယ်. .

"ညဘက်မှသာ ကျုပ်က သီချင်းဆိုတယ်လေ. . . နေ့ဘက်မှာ သီချင်းဆိုရင် ရန်သူက မြင်နိုင်တာကိုး တဲ့
အခုမှတော့ နေ့နဲက ည ဆင်ခြင်နေဖို့၊ ရွေးနေဖို့ မလိုတော့ပါဘူး. . . .လှောင်ချိုင့်ထဲ မရောင်ခင်ကသာ ဒါကို သတိပြုရမှာပါ. . " လို့ လင်းနို့ကပြောပါတယ်...

သူအသိနောက်ကျသွားတာကို လင်းနို့ပြောမှာပဲ သင်ခန်းစာရလိုက်တော့တယ်

(ဒီပုံပြင်လေးကတော့ အမှားကို ပြုမိပြီးမှ ၀မ်းနည်းဖို့ရာ မလိုပါဘူးလို့ပြောတာပါ. . နောင်တ မရခင် က ဆင်ခြင်ရမှာပေါ့)

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

လမ်းဘေးက ပန်းကလေးများ



လမ်းဘေးက ပန်းကလေးများ

လမ်းဘေးက အခြေမတင့်တာမို့
ပန်းကလေးတွေ အနေမ၀င့်ရတော့ပြီလား
တွေးချင့်မိခဲ့ပါသည်. . . ။

သခင်ပျိုးတာမို့
သင့်နိုးချိန်ခါတန်တော့
ပွင့်လန်းရန် ရေချိုဖြန်းမယ်လို့
မှန်းမျှော်ခဲ့ရသည်။

သြော်. . သခင့်အပါးမှာတဲ့
ချစ်စကား တာတီတီနဲ့
ညာပလီ ဗျာသီချွဲတတ်လေတဲ့
အကဲပိုဆောင် မာလာကလေးတွေမှ
ရွဲစိုအောင် သာသာထွေးမယ်လို့
အတွေးသည်နှယ် မြင်သမို့
ပန်းသခင် မေတ္တာမိုးရယ်က
စွေဖြိုးက ဖြိုင်ဖြိုင်ရွာတော့
မပြိုင်သာ ကြမ္မာငြိုးရုံပေါ့
ချစ်မိုးမဲ့ နွေရာသီ
တာရှည်လို့ အပူငွေ့မလောင်း။

လမ်းနဘေးမှာမို့
ပန်းကလေးတွေ ရင်ဖိုမောပါဘိ
ဝေးသော အလှမ်းတစ်နေရာမှာ နေညိုမလှင့်မီ၌
မွေးသော ပန်းကလေးတွေခမျာ ရေချိုလင့်လျက်ပါပဲ
တွေးချင့်ကာ စာနာလို့
ညှာတာပါ ခွင့်တောင်းချင်ရဲ့
(တကယ်တော့ သခင်ရယ်)
သဇင်ပန်းလည်း ပန်း နှင်းလဲပန်း စံပယ်လဲပန်း၊ ဇွန်လဲပန်း ပိတောက်လဲပန်း ငုလဲပန်း

ပန်းချင်းအတူတူမို့
ဘယ်မူဘယ်သူ မငြိုးလိုက်ပါနဲ့
အရွယ်တူ ငယ်မူမညှိုးမီ၌
ဖြိုးသွန်ပါ မိုးလွန် မနှောင်းစေဖို့
တောင်းပန်မိကြောင်း။ ။

မြင်းမူမောင်နိုင်မိုး

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ကိုယ်တွေ့ရသည့်အတိုင်းသာ

မိတ်ဆွေသင်္ဂဟနှင့် ပတ်သက်လျှင် တစ်ဆင့်အကြားဖြင့် အပြစ်အနာအဆာ စကားများ ယောက်မှား မပြောဆိုမိပါစေနှင့်။

ကိုယ်နှင့် ရင်းနှီးခင်မင်သူ၊ အပြန်အလှန် သစ္စာရှိစွာ ဆက်ဆံဖူးသူ ၊ သူနှင့် ကိုယ့်ကြားမှာ ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့သူ၊ လူကောင်းတယောက်. .

သည်လိုလူမျိုးနှင့် ပတ်သက်၍လည်း တစ်ခါတစ်ရံ အမနာပ စကား၊ အတင်းအဖျင်းစကား ၊ အပြစ်ဆိုသော စကားများ ကြားရတတ်ပါသည်။

သည်အခါမျိုးတွင်ဟာ - ဟုတ်လား ၊ အဲသလိုလား စသည်ဖြင့် သံယောင်မလိုက်မိပါစေနှင့် . . . . စကား လိုက်ထောက်ကာ ကိုယ့်မိတ်ဆွေကို ပြော အတင်းအဖျင်း ကိစ္စမှာ ကိုယ်ပါဝင်မပါမိပါစေနှင့်. .

ထို့အပြင် ပြောသံကြား စကားကြောင့် သူ့အပေါ်ကိုယ့်စိတ်ထဲမှာ မူလ အသိအမှတ်ပြုထားချက်ကို မပြင်မဆင် မရုပ်သိမ်းမိပါစေနှင့်...

အတင်းအဖျင်း စကားကြောင့် ခေါင်းထဲတွင် ဖြစ်သော အဆိပ်အတောက်ကို ဖြေဖျောတတ်အရန်အတွက် သတိတစ်ခု ရှိထားရန်လိုသည် . .

မည်သူမည်ဝါ ဖြစ်စေ လုံးဝတော့ အပြစ်အနာအဆာ မကင်းနိုင်ဟူသော အချက်. .

ကိုယ်လည်း မကင်း၊သူလည်းမကင်း၊

တစ်ကြိမ်တစ်ခါက အနာအဆာ ရှိဖူးသော်လည်း ယနေ့ စင်းလုံးချော ကောင်းမွန်နေလျှင် အလွန်တော်သူဖြစ်ပေပြီ. . .

ထို့ကြောင့် လူတကာ၌ အပြစ်ကိုသာ မြင်တတ်သည့် အဆိပ်သင့်သော ဦးနှောက် ပိုင်ရှင်များထံမှာ အလွှမ်းမိုးမခံဘဲ ကိုယ့်အတွေ့ ကိုယ့်အသိကိုသာ အတည်ပြုပြောဆိုတတ်အောင် သတိပြုနိုင်ပါစေ. .

ဖေမြင့်



အားလုံးကိုချစ်ခင်လေးစားလျှက်. . .

.

ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။