ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
Showing posts with label မြန်မာ့၁၂လရာသီ. Show all posts
Showing posts with label မြန်မာ့၁၂လရာသီ. Show all posts

နယုန်လ

ရိုက်ချိုန်းရယ်တဲ့ စည်ပုစွန်။
ငွေဝန်း စန္ဒာနှင့်
ကြယ်ဇေဠာ ယှဉ်ကာပြည့်တယ်
ထွန်းသည့်ရောင်ဝှန်။

နွေနယန် မေထုန်ရက်မှာလ
နဘေဘုံ ရေမှုန်တက်ပါလို့
လေဟုတ်စက် ထိန့်ထိန့်လွန်
ခြိမ့်ခြိမ့်သွန်ပါလို့ စွေကာသဲ။

ခါပျော်ရန်
စာတော်ပြန် သဘင်ခန်းမှာလ
ဆင်မြန်းရန် ရဝေမယ်လို့
ငွေစံပယ် ငုံမြတ်လေးကိုတဲ့
ထုံးမင်မှာ ကုံးဆင်ဖို့ရွေးကြလိမ့်
မွှေးတဲ့လပဲ။



နယုန်လသည် မိုးကျသောလဖြစ်သည်. . . ထိုလတွင် လယ်သမားတို့သည် ပျိုးကြဲကြသောကြောင့် စိန္တကျော်သူ ဦးသြက "နယုန်ဝါလ ကြဲကြ ပျိုးထောင်" ဟု စပ်ဆိုခဲ့သည်. . . ဤသို့ ပျိုးထောင်ပျိုးကြဲအလုပ်ကို တောင်သူလယ်သမားတို့ လုပ်ကြသောအခါ စိုက်ပျိုးရေး၌ အောင်မြင်စေကြောင်း ရည်စူး၍ ပုန်းမကြည်ပွဲကို ကျင်းပကြသည်. . . ပုန်းမကြည်ဟူသော ဝေါဟာရမှာ ပုဗ္ဗကြယ်ကို ပသခြင်းကြောင့် ပုန်းမကြည်ပွဲဟု ခေါ်သည် ဟု ဆိုသည်. . . ကောက်ညှင်းပေါင်းကို ဘဲဥပြုတ်နှင့် တကွ ပန်းကန်ထဲထည့်၍ သတ်မှတ်ထားသော လယ်မြေတ၀ိုက်၌ ပသပြီးလျှင် မြေပြင်ကို ရေသွန်းလောင်းရသည်. .

ထိုလတွင် အရေးကြီးဆုံးပွဲတော်မှာ ပထမပြန်စာမေးပွဲများ ကျင်းပခြင်းဖြစ်သည်. . .ရှေးခေတ်အလိုကို ပြောရသော် နယုန်လသည် စာဆိုတော်လဟူ၍ပင် မှတ်ယူသင့်သည်. . . . အဘယ့်ကြောင့်ဆိုသော် စာဆိုခြင်း ၊ စာပြန်ခြင်းတို့ကို ဤလ၌ ကျင်းပခြင်းသောကြောင့်ဖြစ်သည်. . သို့ရာတွင် လောကီနှင့်လောကုတ္တရာကိစ္စတို့ကို ခွဲခြားလိုက်သောအခါ ယခုခေတ်ကာလတွင် နတ်တော်လကို စာဆိုတော်လ သတ်မှန်ခဲ့ကြလေပြီ. .

ပထမပြန်စာမေးပွဲကို အင်းဝပြည့်ရျင်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်တွင် စတင်ကျင်းပသည် ဟု မြန်မာ ရာဇ၀င်တို့တွင်ဆိုသည် . . . ပထမပြန်စာမေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပရိယတ္တသာသနာ ထွင်းကားရေးဖြစ်သည်. . . ပထမပြန်စာမေးပွဲအတွက် ရှင်လောင်း ပဉ္ဖင်းလောင်းတို့ ဖြေဆိုရန် သဒ္ဒါ၊ သဂြိုလ်၊ ဆန်း ၊ အလင်္ကာ၊ အဘိဓာန်၊ သဒ္ဒတ္တဘေဒစိန္တာ၊ ကစ္စာယနသာရ၊ ၀ါစ္စ၀ါစက၊ ၀ိဘတျတ္ထ၊ ဒွေမာတိကာ၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်၊ ပဠာန်းကျမ်းတို့ကို ပထမငယ်၊ ပထမလတ်၊ ပထမကြီး၊ ပထမကျော်အဆင့်တို့အတွက် ပြဠာန်းသည်. . .

သီပေါမင်းတရားလက်ထက် သက္ကရာဇ် ၁၂၄၅ ခုနှစ်တွင် ပထမပြန် စာမေးပွဲဆိုင်ရာ စည်းကမ်းဥပဒေများကို ထုတ်ပြန်၍ စနစ်တကျ ကျင်းပသည်. . . စာမေးပွဲဝင်သူတို့သည်. . ပါဠိကို နှုတ်တက် အာဂုံပြန်ဆိုရသည်. . . . အနက်အဓိပ္ပါယ်ကို နှုတ်ဖြင့်မေး၍ နှုတ်ဖြင့် ဖြေဆိုရသည်. . အနက် အဓိပ္ပါယ်ကို ပုစ္ဆာထုတ်၍လည်း စာရွက်ဖြင့်မေး၊ စာရွက်ဖြင့် ဖြေရသည်. . .ပထမကြီးအောင် သူတို့တွင် အမှတ်အများဆုံးရသူကို ပထမကျော်ဘွဲ့ဖြင့် ချီးမြှင့်ပူဇော်သည်. . .

သီပေါမင်းပါတော်မူပြီးနောက် ပထမပြန်စာမေးပွဲများသည် ကိုးနှစ်ခန့်အဆက်ပြန်ခဲ့လေသည်. . . သက္ကရာဇ် ၁၂၅၇ ခုနှစ်(ခရစ်နှစ် ၁၈၉၄) တွင် ပထမပြန်စာမေးပွဲများ ပြန်လည်ကျင်းပရန် ဗြိတိသျှ အစိုးရတို့က ဆုံးဖြတ်ပြီးလျှင် ၁၂၅၇ ခုနှစ် (ခရစ်နှစ်၁၈၉၆) နယုန်လကစ၍ ပထမပြန်စာမေးပွဲများကို နှစ်စဉ်ကျင်းပသည်. . . သက္ကရာဇ် ၁၂၆၅ ခုနှစ်မှ စ၍ အစိုးရာပထမပြန်စာမေးပွဲများကို အစဉ်ကိုလိုက်၍ မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာ အသင်းများက ပရိယတ္တိစာမေးပွဲများကို ကျင်းပလာကြရာ ယနေ့ထိ နှစ်စဉ်ကျင်းပခဲ့ပါသည်. . .

ယခုအခါ ပထမပြန်စာမေးပွဲနှင့် ဓမ္မာစရိယစာမေးပွဲများ အပြင် တိပိဋကဓရ ရွေးချယ်ပွဲကြီး၊ အဘိဓမ္မာ စာမေးပွဲနှင့် ၀ိသုဒ္ဓိမဂ်စာမေးပွဲတို့ ကိုလည်း နှစ်စဉ်ကျင်းပပေးခြင်း၊ အောင်ဆုလက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်းတို့ဖြင့် သာသနာတော် တိုးတက်စည်ကား ပြန့်ပွားရေးကို ဆောင်ရွက်လျှက်ရှိသည်. .

ထို့အပြင် သုံးလူ့ထွတ်တင် ဘုရားရှင်သည် နယုန်လပြည့်နေ့၌ စကြ၀ဠာ တစ်သောင်းမှ နတ်ဗြဟ္မာ အပေါင်းတို့ အား မဟာသမယသုတ်တော် ဟောကြားတော်မူခဲ့ခြင်းကို အစွဲပြု၍ "မဟာသမယ အခါတော်နေ့" ပွဲတော်ကို အနှစ်သာရပြည့်စွာ ကျင်းပကြပါသည်. . .

မောင်ထင် (မြန်မာ့ဆယ့်နှစ်လအကြောင်း)


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

နတ်တော် စာဆိုပွဲတော်



နတ်တော်လ

ငွေနှင်းငယ်တဲ့ မှုန်ဝေေ၀
ပျံ့မွှေးခိုင်သဇင်နှင့်
ဂမုန်းအင် ပန်တော်ဦးကြတယ်
ထူးတဲ့လပေ။

မိဂသီ ပုဏ္ဍာလင်းပါလို့
ရွှေဟင်္သာ တာရာငွေလို
ဖြာဖြာဝေလျက် စံကွန့်မြူး။

ပဏာတင်
ပိန္နဲမဟာရှင်၏
ခါသဘင် ပျော်ရွှင်ပွဲမှာလ
ဖော်ကွဲသူ မကြည်သာဖို့
ရထည်လွှာ ခြုံလို့ကွေးရတယ်
အေးတဲ့ လထူး။

စာပေသည် တိုင်းပြည်တစ်ပြည် ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု အဆင့်အတန်းကို ဖော်ပြသည်. . . လူမျိုးတိုင်းတွင် အမျိုးသားစာပေဟူ၍ ရှိသည်. . . စာပေမရှိသော လူမျိုးဟူ၍ မရှိ. . ရှိလျှင် ထိုလူမျိုးသည် မယဉ်ကျေးသည့် အဆင့်၌သာရှိသေးသော လူမျိုးဖြစ်ပေမည်. . . စာပေနှင့် ကင်း၍ မည်သည့်လူမျိုးမျှ မတိုးတက် မဖွံ့ဖြိုးနိုင် ၊ အဓွန့်မရှည်နိုင်ပေ။

စာပေသည် ဤမျှ အရေးပါအရာရောက်သည် ဆိုလျှင် စာပေကို ဖန်တီးပြုစုသည့် စာပေပညာရှင်များ ၊ စာဆိုတော်များ၏ ဂုဏ်ကျေးဇူးသည်လည်း အထူးကြီးမားလှသည် ဟု ဆိုနိုင်သည်. . ခေတ်အဆက်ဆက် စာဆိုတော်ကြီးများသည် အမျိုးသားစာပေ၏ ဂုဏ်ကို ထင်ရှားအောင်အားထုတ် လုပ်ဆောင်ခဲ့ကြသည်. . စာဆိုတော်ကြီးများ ကျေးဇူးကြောင့် စာပေ အရည်အသွေး တင့်တယ် ပြောမြောက်သည်. . စာပေတင့်တယ်သည်နှင့် အမျှ လူမျိုးလည်း အဆင့်အတန်းမြင့်မား၍ ဂုဏ်သိက္ခာ တက်ရပေသည်. .

ထို့ကြောင့် စာဆိုတော်များ ဂုဏ်ကျေးဇူးကို အမှတ်ထင်ထင် ဖော်ထုတ် ဂုဏ်ပြုသည့် အနေနှင့် "စာဆိုတော်ပွဲသဘင်" ကို ကျင်းပကြခြင်းဖြစ်သည်. . မြန်မာနိုင်ငံ၌ နတ်တော်လဆန်း (၁) ရက်နေ့ကို "စာဆိုတော်နေ့"ဟု သတ်မှတ်ပြိး အနယ်နယ် အရပ်ရပ်၌ "စာဆိုတော်နေ့" အထိမ်းအမှတ်ပွဲများ ကျင်းပကြသည်. . . နိုင်ငံတော် အစိုးရက ချီးမြှင့်သည့် "အမျိုးသားစာပေ ဆုနှင်းသဘင်" ကိုလည်း ယင်းစာဆိုတော်နေ့တွင် နှစ်စဉ် ပြုလုပ်လေ့ရှိပါသည်. . . "အမျိုးသားစာပေဆု " ဆိုစ်ာမှယ ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်များအနက် ဘာသာရပ်အလိုက်လက်ရာ အကောင်းဆုံး အကျိုးပြုစာအုပ်ကို ရွေးချယ် ချီးမြှင့်ခြင်းဖြစ်သည် . .

အခြေခံပညာကျောင်းများတွင်လည်း "စာဆိုတော်နေ့" အထိမ်းအမှတ် အကြိုဟောပြောပွဲများ၊ စာစီစာကုံးပြိုင်ပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပကြပါသည်. . စာဆိုတော်နေ့အထိမ်းအမှတ် စာပေပြိုင်ပွဲများ၊ စာပေဟောပြောပွဲများကို လည်း မြို့နယ်အလိုက် ကျင်းပပြုလုပ်ကြပါသည်. . . သက်ကြီးစာပေပညာရှင်များကို လည်း ပူဇော်ကန်တော့ပွဲများ ပြုလုပ်ကြပါသည်. .

"သားမယားပင် ၊ မိုက်မှားခဲ့စွာ
မလိမ္မာလည်း ၊ စာပေစကား
နေ့တိုင်းကြားက ၊ ထူးခြားလိမ္မာ
ရှိသည်သာတည့်"

ဟုဆိုသည့်အတိုင်း စာပေအလေ့အထ ရင့်ကျက် ခိုင်မာလျှင် အသိအလိမ္မာ ရင့်ကျက် ခိုင်မာလာစမြဲဖြစ်သည်. . မြန်မာလူမျိုးသည် စာပေ ၌ မွေ့လျော်တတ်၏ စာပေ ကို မြတ်နိုးတတ်၏. . . စာဆိုပွဲတော်သည် မြန်မာနိုင်ငံ၏ ထူးခြားသော ပွဲသဘင်ဖြစ်၏ . . . မြန်မာတို့၏ စာပေစိတ်ဓာတ် ကို ဖော်ပြသည်. . . စာပေ အစဉ်အလာ အမျိုးသာရေး အစဉ်အလာ ကြီးမားသော လူမျိုးသည် လွယ်လွယ်နှင့် မဆုတ်မယုတ် မတိမ်ကောနိုင် ၊ ထာဝစဉ် တည်တံ့ ခိုင်မြဲနေမည် သာ ဖြစ်ပေသည်. . . .

ဒေါ်နုကြည် (မဟာဝိဇ္ဖာ)


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ပြာသိုလဖွဲ့



ပြာသိုလဖွဲ့

ရွှေသော်တာ စန္ဒီနှင့် ဖုသျှတဲ့လမ်းဆုံ၊
တိမ်လွှာမှာ ရောင်ဝါကျင်းလို့၊
နှစ်မင်း တူပြိုင်ပ၊ မြန်းကြွခိုက်ကြုံ။

သရဂုဏ် မြိုင်စုံမြနန်း။
နုစိမ်းစိုစိုနှင့်၊ ပန်းခွာညိုငုံတံထူးတယ်။
ဖူးပွင့်ချက်ဆန်း။

ပြာသိုလ

ပြာသိုလသည် မြန်မာလများတွင် ဆယ်လမြောက်ဖြစ်ပြီး ဆောင်းဥတု၏ အလယ်ဗဟိုကျသောကြောင့် အလွန်ချမ်းအေးကာ ဒီဇင်ဘာလနှင့် ဇန်န၀ါရီလတွင်ကျရောက်သည်. .

ရှေးမြန်မာမင်းများသည် ငွေနှင်းစိုစို လပြာသိုတွင် မြင်းခင်းသဘင်ပွဲတော်ကို ရာသီပွဲအဖြစ် ကျင်းပလေ့ရှိသည်. . မြင်းခင်းသဘင်ပွဲတော်ကို အခြားရာသီပွဲတော်များကဲ့သို့ ရက်ပိုင်းမျှ ကျင်းပသောပွဲတော်မျိုး မဟုတ်ဘဲ ပြာသိုလ တစ်လလုံး ကျင်းပသော ပွဲတော်ဖြစ်သည်. . . မြင်းခင်းသဘင်ပွဲဟု ဆိုသော်လည်း ဆင်စမ်း၊ မြင်းစမ်း၊လေးစမ်း၊ ဓားခုတ်လှံထိုး၊စက်ထိုး၊ ဗလီခတ် (ပိုလိုရိုက် ကစားနည်းမျိုး) သေနတ်ပစ်နှင့် သိုင်းအမျိုးမျိုးတို့ကို တစ်ပွဲပြီး တစ်ပွဲ ကျင်းပသွားခြင်းဖြစ်သည်. .

မြင်းခင်းသဘင်ကျင်းပရာကွင်းအတွင်း စက်ကွင်းလှံထိုးနေရာ၊ မြင်းရေး (၃၇) ရေးစီးသည့်နေရာ၊ မြင်းရည်တက်တို့ ဓားခုတ်လှံထိုးနေရာ ဗလီကစားသည့်နေရာ စသည်ြဖင့် သတ်မှတ်ထားသည်. . မြင်းခင်းသဘင် အပြီးတွင် လေးသည်တော်များ၏ လေးပစ်စွမ်းရည်ပြပွဲများ၊ သိုင်းဗန်တို ဗန်ရှည် စသည့် ကာကွယ်မှုအတတ်များ ၊ ဆင်စစ်သည်များ၏ စွမ်းရည်ပြပွဲများ၊ သေနတ်စစ်သည်များ၏ သေနတ်ပစ် စွမ်းရည်ပြပွဲများဖြင့် တစ်လလုံး ပွဲဆက်မပြတ် ကျင်းပသွားသည်. . ထို့ကြောင့် မြင်းခင်းသဘင်ပွဲသည် သူရသတ္တိနှင့် တကွ လက်ရုံးရည် ထူးချွန်သူတို့၏ အရည်အချင်း ပြပွဲကြီး ၊ တစ်နည်း အားဖြင့် သူရဲကောင်းရွေးချယ်ပွဲကြီး တစ်ခုဖြစ်သည်. .

မြင်းခင်းသဘင်ပွဲသည် သက္ကရာဇ် ၆၇၄ ခုနှစ်ခန့် ပင်းယ တစီးရှင် သီဟသူ လက်ထက်က စတင်ပေါ်ပေါက်ခဲ့သည်ဟု ယူဆသည်. . ဘိုးတော် ဘုရားလက်ထက် ပညာရှင်များကမူ မြင်းခင်းသဘင် သည် ဒုတိယ အင်းဝခေတ် အစ ညောင်ရမ်းမင်းလက်ထက်တွင် စတင်ပေါ်ပေါက်လာသည်ဟု ယူဆကြသည်. ..

Pyatho

It is the 10th Myanmar month in the middle of the cool season (December-January). In ancient times it was the month of the equestrian festival held for virtually the whole month, as it involved competitions in horsemanship, bowmanship, lancing and sward fighting, shooting and martial arts.

It was in effect an occasion to select heroes. It was found to have begun in 674 ME under the reign of Pyinya Thihathu but researchers in Bodaw Paya's reign held that it began in the reign of King Nyaungyan in Inn-wa period.

အားလုံးကိုချစ်ခင်လေးစားလျှက်...

နတ်တော်လဖွဲ့


နတ်တော်လဖွဲ့

ရှစ်ခွင်ကို မြူဆင်းလို့၊ ငွေနှင်းတဲ့နုစို
ဂမုန်းသဇင်တို့၊ စုံခွင်မှာ လေချို ညင်းက
သုတ်သွင်းဘယ်ညာ နှံ့၊ သင်းပျံ့ပျံ့ချို
ယုဂန္ဓိုရ် တောင်မိုထိပ်ဖျား
ရွှေလစန္ဒီနှင့် ၊ မိဂသီရောင် ခြည်ဖျန်းတယ်
မြန်းတူကြွသွား။

(ဖိုးသူတော် ဦးမင်း)

နတ်တော်လသည် မြန်မာလများတွင် ၉ လမြောက်ဖြစ်ပြီး ဟေမန္တ ဆောင်းရာသီသို့ ၀င်ရောက်စကာလဖြစ်၍ နံနက်ခင်းတွင် နေရာ အနှံ့အပြား ဆီးနှင်းများဖြင့် မှိုင်းဝေရီလျှက် နိုဝင်ဘာလ၊ ဒီဇင်ဘာလတွင် ကျရောက်ပါသည်.

ရှေးအခါက နတ်တော်လ၏ ရာသီပွဲမှာ နတ်ပူဇော်ပွဲဖြစ်ပြီး မြန်မာ သက္ကရာဇ် ၁၂၄၇ (၁၈၈၅) ခုနှစ်တွင် ပျောက်ကွယ်ခဲ့သည်. . . ထိုအချိန်မှစ၍ နတ်တော်လတွင် ရာသီပွဲတော် ဆိတ်သုဉ်းနေခဲ့သည်မှာ ၁၃၀၅ ခုနှစ်တိုင်အောင် ဖြစ်သည်.

၁၃၀၆ ခုနှစ်သို့ရောက်သော အခါ နတ်တော်လအတွက် ရာသီပွဲတော် တစ်ခု ထူးခြားစွာ ထွက်ပေါ်လာခဲ့သည်. . ယင်းပွဲတော်ကား မျက်မှောက်ခေတ်တွင် တစ်စ တစ်စ ထွန်းကားလာသည့် စာဆိုတော်ပွဲပင်ဖြစ်သည်. . . စာဆိုတော်ပွဲဆိုသည်မှာ ဘုရင့်ခေတ်က တွင်ကျယ်ခဲ့သော ထီးသုံးနန်းသုံး ဝေါဟာရတစ်ခုဖြစ်သည်. .

စာဆိုတော်ပွဲ မဖြစ်ထွန်းမီ မြန်မာစာပေနှင့် ပတ်သက်၍ အထိမ်းအမှတ် နေ့တစ်နေ့ရှိသည်. . ကုန်းဘောင်ခေတ် နောက်ပိုင်းတွင် အလွန်ထင်ရှားသည့် စာဆိုတော်ကြီး ဦးပုညကို ချီးကျူးဂုဏ်ပြုသည့် ဦးပုည နေ့ ပင်ဖြစ်သည်. . . စာဆိုတော်နေ့ပွဲသည် ဦးပုညနေ့နှင့် ဆက်စပ် ဖြစ်ပေါ်လာသဖြင့် ဦးပုညနေ့ကို မြစ်ဖျားခံသည် ဟု ဆိုနိုင်ပါသည်. ပထမအကြိမ် စာဆိုတော်ပွဲကို ၁၉၄၄ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်. .

Nadaw

It is the ninth Myanmar month at the onset of the cool season, with misty mornings in November- December.
In ancient days the seasonal festival was for propitiation to nats, till it waned.
The 1300s saw the coming into vogue of a celebration in honour of the literati (Sarsodaw) at this time of the years.
It might perhaps have some connection with the day dedicated to writer, poet and playwright U Ponnya after Kongbaung period.
The first reconded celebration dedicated to the literati was found in 1944.
In the present day, it is time for presentation or National Literary Awards by the State.

အားလုံးကိုချစ်ခင်လေးစားလျှက်...

Myanmar Festivals

Resting Place Along the River, painting by Jan Blencowe


Myanmar Festivals

DATE

FESTIVAL

PLACE

EVENTS

23 Dec '09 – 7 Jan '10

Ananda Pagoda

Bagan

Bowls of alms filled with crops are offered to monks who all wait in a long line.

Pilgrimage and holiday outings on country bullock carts can be seen.

10 Jan '10

Kachin Manaw Festival

Myitkyina

Festival for all Kachin tribes. One of the biggest events in Northern Myanmar.

Naga New Year

Leshi, Chin State

Animals are slaughtered in sacrifice followed by singing, dancing and drinking of home made alcohol beverages the whole night by a huge bonfire.

19 Jan – 17 Apr '10

Shwe-set-taw Pagoda

Minbu, Magway

Pilgrimage to this Pagoda is only possible in the dry season. 2 footprints of Lord Buddha are said to have been left at Shwe-set-taw when he visited there.

22 – 29 Jan '10

Kyaik-Khauk Pagoda

Thanlyin

Like all Myanmar pagoda festivals, local products and snacks are sold, people visit by wearing colorful dresses and ornaments.
Traditional dances are performed at make shift theaters during the festival.

28 - 29 Jan '10

Mahamuni Ceremonies

Mandalay

On the morning of 15th waxing day, incense is burnt in large flames in a symbolic gesture of offering sweet smell to the great image.

13 - 27 Feb '10

Maw-tin-sun Pagoda

Ngapudaw, near Pathein

Long and secluded beach stretch between Pagoda Point and Cape Negrais is haven both for beach lovers and beach bums alike.

15 - 22 Feb '10

Pakhan Ko Gyi Kyaw Nat (spiritual being)

Shwe-Gu-Ni village,Yezagye
(Bet: Pakoku & Myingyan)

1st day - Ko Gyi Kyaw is coaxed and he ascends the throne
2nd day - Nat figures are cleansed with water and re-gilded
3rd day - drum-thumping for the nat and cock-fighting
4th to 7th day - designnated for pacifying Ko Gyi Kyaw
8th day - Re-enactment as told in legends

20 – 27 Feb '10

Indawgyi Pagoda

Hopin, Moe-Nyin, Kachin

Usually the pagoda is in the lake surrounded by water. In summer, a footpath leading to the pagoda surfaces enabling pilgrims to walk to the pagoda

21 – 27 Feb '10

Pyidaw-byan Image

Zalun, Ayeyarwady Division

First taken to Mumbai, India by colonialists but later regained. Famous as the "returnee image". Robe-weaving contest and bowl of alms offering are major highlights.

25 – 28 Feb '10

Kakku Pagoda

Kakku, Taunggyi

Traditional Pa-o theatrical performances and singing contests are included.

22 – 27 Feb '10

Baw-gyo Pagoda

Thibaw

A large volume of Shan and Myanmar merchandise is traded.
Boat races on dote-hta-wa-di river.

25 – 27 Feb '10

Pindaya Cave

Pindaya, Shan

Typical Taung-yo pagoda festival. Different ethnic minorities can also be seen.

24 – 28 Feb '10

Nan-pan Ceremony

Nan-Pan village, Inle lake

The sight of numerous monks who come in boats and receive food offerings is striking.

27 Feb '10

Shwedagon Tabaung Festival

Shwedagon pagoda, Yangon

Ceremonies at Shwedagon pagoda.

13 Feb – 27 Feb '10

Shwe Saryan Pagoda

Shwe Saryan village, Patheingyi, Mandalay

Merchandise from northern Shan State and other part of the country are exchanged at the pagoda bazaar. Toys made of palm leaf is specialty of the festival.

22 Mar – 3 Apr '10

Shwe-maw-daw Pagoda

Bago

Theatrical artists perform on stage with full force to show their competitive edge over their counterparts and to win future performance contracts.

13 – 16 Apr '10

Water Festival

Through-out the Country

The festival is held prior to Myanmar new year to cleanse away evil deeds of the past year with water. Youths go out for enjoyment while elders take retreat in monasteries and pagoda
premises to perform meritorious deeds.

17 Apr '10

Thanaka grinding Event

Sittwe, Rakhine

In the early part of the night, young women grind thanaka barks and roots to a fine cream usually by using water on rounded stone slabs.
Young men play musical instruments and dance to support the event

13 Apr '10

Image-bathing Event

Sittwe, Rakhine

Buddha images are cleansed with aromatic Thanaka water, made earlier by girls.

17 Apr '10

Myanmar New Year

Through-out the Country

People did meritorious deeds throughout the day by releasing life fishes in the ponds, wash hair and clean the old aged people.

17 Apr '10

Popa Nat Ceremony

Mt. Popa, near Bagan

During Thingyan water festival, pilgrims from the country pay respect to Popa Nat shrines.

26 – 27 Apr '10

Shwe-kyet-yet Pagoda

Mandalay

Full-dress, large-scale procession followed by water-pouring on the sacred Bo-tree significantly, on the 14th waxing day of Kason, a day before normal watering day (i.e Full-moon day of Kason).

27 Apr '10

Kason festival

Through-out the Country

Pouring water onto the sacred Bo tree commemorates Buddha's birthday.

27 Apr '10

Shit-thaung Pagoda

Mrauk-U, Rakhine

Dummy boat races on land, real boat races and water splashing in Mrauk-U canal on full-moon day.

27 Apr '10

Kyaik-pon Pagoda

Bago

Merry makers and pilgrims from Bago area visit this auspicious day.

2 – 5 May '10

Shwe Guni Pagoda

Monywa

Bazaar for Thanaka and lacquer ware from Kyauk-kar is the specialty of the event.

20 May – 4 Jun '10

Thihoshin Pagoda

Pakkoku

Paying homage to the image presented by the King of Ceylon some 800 years ago.

28 May – 28 Jun '10

Wicker Ball Ceremony

Mahamuni, Mandalay

Traditional wicker ball players from all over the country participate in the month-long contest that has been going on for over 70 years.
This is the best event to watch Myanmar chin-lone game.

22 – 23 Oct '10

Shinbinsagyo Pagoda

Salay

The pagoda is noted for Buddhist paintings and carvings that are rested finest. Another ceremony is held on full-moon day of Thidingyut.

26 Jul – 23 Oct '10

Fish Feeding Ceremony

Fish Feeding Ceremony

Held on the bank of Mone canal in Magwe. Groups of cat -fishes are fed throughout the Buddhist Lent, when many locals believe is the only time the fish appear.

26 Jul '10

Ponnyashin Pagoda

Sagaing

Both pilgrims & merry makers from nearby villages spend their day at the Pagoda.

11 – 13 Aug '10

Shwe Kyun Pin Nat ceremony

Mingun

Myanmar's last barter market where natives trade by exchange of commodities. Marine vessels, big and small, gather to pay respect whilst plying around on the Ayeyarwady.
Spirit dances included. 1st day - attending a nat audience, 2nd day - having a royal bath, 3rd day - cutting down htein tree.

20 - 25 Aug '10

Taung Byone Nat ceremony

Matara,
near Mandalay

Held for worshipping two Taungbyone spiritual figures. Major gathering spot for spiritual mediums. Spirit dances are rampant.
1st day - attending a nat audience, 2nd day - having a royal bath, 3rd day - ascending the throne, 4rd day - presenting roast rabbit, 6th day - cutting down htein tree

2 – 8 Sep '10

Yadanar Gu Nat ceremony

Amarapura

Held for Mother of two Taungbyone brothers. Most enjoyable because of the rowing boat trip to the site. Spirit dances are rampant. 1st day - attending a nat audience,
2nd day - having a royal bath, 3rd day - ascending the throne, 4rd day - daughter of Mahagiri reels on the ground in grief, 6th day - closing by cutting down htein tree.

15 – 16 Sep '10

Bupaya Pagoda Festival

Bagan

Local boat racing ceremony in the Ayeyarwaddy River is held during the festival.

21 – 23 Sep '10

Tooth Relic Procession

Paung-de,
near Pyay

The Tooth Relic mounted on an elephant, is taken the town on full-moon day in full-dress ceremony. During 3 days of festivities it is put on display for worshippers.
After the ceremony, the relic is kept inside a heavily locked chamber for the rest of the year.

25 Sep '10

Boe-min-gaung Memorial

Boe-min-gaung shrine, Popa

Boe-min-gaung is remembered for higher attainment in meditation practices. He was said to have found the way out of the worldly sufferings

1 Oct '10

Shwe-kyet-yet Pagoda

Mandalay

Various kinds of ofterings are donated to monks.
Boats from villages around come and pay repeet to the pagoda.

9 – 26 Oct '10

Phaung Daw Oo Pagoda Fest & Leg rower Boat racing

Inlay Lake

Four Buddha images are ceremoniously tugged clockwise around the lake on the royal barge by leg-rowing boats. They return home on third wanining day. Leg-rowing boat races are held throughout the event.

18 Oct – 6 Nov '10

Myathalon Pagoda

Magwe

Buddhist chanting, early morning rice-offering to 1700 monks and the lighting of 9000 candles are major activities. The scenic beauty of the pagoda, situated on the river bank,
is dramatic. Famous utensils made of iron are sold at a large scale.

22 – 25 Oct '10

Kyauk-taw-gyi Pagoda

Mandalay

The image was cast out of a single piece of alabaster in 1864 under the guidance of King Mindon.

22 – 24 Oct '10

Thidingyut Lighting Festival

Through-out the Country

To mark the day Lord Buddha came down from the Celestial. Abode after spending 3 months of the Buddhist Lent there. Buddha's return is remembered and commemorated throughout the country with colorful illuminations.

22 – 23 Oct '10

Elephant Dance

Kyauk-se, Mandalay

From 14th waxing day until the full-moon day numerous life-size dummy elephants sing and dance to the accompaniment of music.

23 Oct. '10 - Jul. '11

Kyaik-htiyo Pagoda

Kyaik-htiyo

Approx 9 month long season. The boulder standing on the edge of a peak in the higest mountain range, is said to be freely hanging over the cliff. Famous as pilgrimage and holiday outing spot. 9000 candles are lighted as to offer the Buddha.

24 Oct '10

Light-float Festival

Shwekyin, Bago

Dances by day and, on the night of the 1st waning day of Thidingyut. Light floats dedicated to Shin Upagutta are put onto Shwekyin canal.

14 Nov – 6 Dec '10

Shwe-zi-gon Pagoda

Nyaung-U

Candle lights and fireworks are carried in procession before offering to the pagoda.

16 – 21 Nov '10

Fire Balloons Festival

Taung-gyi

Special Tazaungdine festival takes place in Taunggyi, the capital of Shan State with a hot-air balloon contest is held. Known locally as the Lu Ping Festival, it is thought to have been originated by the local Pa-O people. Competitors put a lot of time, effort and money into preparing for the day time and night time contests. Day-time flying is meant for competition of animal figures and
Night-time is for beautiful fireworks. It is a kind of both day and night procession.
Last day is the price giving day.

19 – 21 Nov '10

Thanbodde Pagoda

Monywa

The pagoda is famous for its late Myanmar era sculpture.

20 – 22 Nov '10

Phowintaung Pagoda

Monywa

The one and only market where leaves, roots, fruits, barks, thorns, tubers, stems of any herbal value from the western wilderness of the Chindwin River are sold on a large scale.

20 Nov '10

Robe Weaving Contest

Shwedagon, Botataing Pagoda, Yangon

On the 14th waxing day of Tazaunmon, groups of young women take part in competitions held on the platforms of the pagodas. The robe is to be finished flawlessly overnight
and offered at dawn to the images around the pagodas.

20 Nov '10

Astrologers Ceremony

Shweponepwint Pagoda, Yangon

Society of astrologers pay homage to elders. Free astrological predication for the night.

21 Nov '10

Tazaung-daing lighting festival

Through-out the Country

Having fine weather and clear sky, and having the first crop harvested. Myanmar celebrate the night with various kinds of illuminations.

21 Nov '10

Candle Light Event

Koe-htat-gyi, Yangon

On full-moon day. 9999 candles are ceremoniously lit. At midnight, visitors are served with mixed salad of maezali buds, believed to possess powerful, magical and
medicinal properties if eaten at this time.

21 – 26 Nov '10

Kaung-hmu-daw Pagoda

Sagaing

The best spot to watch Myanmar puppet as at Sutaungbyi pagoda festival in Monywa. Pilgrimage and holiday outings on country oxcarts can be seen.

21 Nov. '10

Maha An Htoo Kanthar Pagoda

Maymyo

18:00pm (9000 Candle Lighting Ceremony at Pagoda)

22 Nov. '10

Maha An Htoo Kanthar Pagoda

Maymyo

21:30pm (Night Hot Air Balloons Competition and Award-giving Ceremony)

7 Dec '10

Ni-gyaw-da Festival

Pathein

Intresting procession includes denonstrations of the miraculous powers of Lord Buddha, robbing of a Shan merchant caravan etc.

14 – 21 Dec '10

Shwemyetmhan Pagoda
(Golden Spectacle)

Shwetaung,
near Pyay

This is the only image that puts on glasses offered by a certain donor in colonial time.


http://www.myanmartraveler.com/festivals.asp မှ ကူးယူဖော်ပြပါသည်. . .

အားလုံးကိုချစ်ခင်လေးစားလျှက်...

တန်ဆောင်မုန်းလဖွဲ့



"တန်ဆောင်မုန်းလဖွဲ့"

လှူကထိန်သင်္ကန်းနှင့်၊ မဂ်လမ်းတဲ့ ဆုပန်ရွယ်။

သည်ချိန်ကို ၀တ်မှုန်ကြဲလို့၊ ခ၀ဲရွှေညှာရင်းမှာ၊

သင်းရနံ့ကြွယ်။

ကောင်းကင်လယ်၊ ထက်ဝယ်ဘုံဦး။

ရွှေလစန္ဒာနှင့် ကြတ္တိကာ ကြယ်ရောင်စွန်းတယ်၊

ထွန်းထိန်လို့မြူး။


(ဘိုးသူတော်ဦးမင်း)

"တန်ဆောင်မုန်းလ"

တန်ဆောင်မုန်းလသည်. မြန်မာလများတွင် ရှစ်လမြောက်ဖြစ်ပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ကျရောက်သည်. . . ဤလတွင် "ကထိန်အလှူပွဲတော်၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲ၊ ကြာသင်္ကန်းကပ်လှူပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ရှင်မလလဲပွဲတော် "တို့ကို ကျင်းပကြသည်. .

ကထိန်ဟူသည် သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ ခင်းခြင်း စသော ကထိန်မှုနှင့်စပ်ဆိုင်သော အရာအားလုံးကို ခြုံငုံ၍ သုံးစွဲသော ဝေါဟာရဖြစ်သည်. . ကထိန်သင်္ကန်းအလှူသည် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ကြိမ်သာ အချိန်အခါနှင့် ပြုရသော ကာလဒါနဖြစ်သည်.

ကထိန်ပွဲတော်ကို ပုဂ္ဂလိက ကထိန်ပွဲ၊ ဘုံကထိန်ပွဲ နှင့် ပစ္စည်းရှင်တစ်ဦးက မတည်ဦးစီး၌၍ လူအများစုက ၀ိုင်းဝန်း ကူညီလှူဒါန်းသော ကထိန်ဟူ၍ ကျင်းပလေ့ရှိကြသည်. . . သင်္ကန်းအပ်နှင်းမှု၊ ချုပ်ဆိုးမှုများ ညတွင်းချင်း ပြီးစေ၍ အာရုဏ်မတက်မီလှူဒါန်းနိုင်သော သင်္ကန်းကို မသိုးသင်္ကန်းဟုခေါ်သည်. . .

ပံ့သကူ ပစ်ပွဲမှာ သင်္ကန်းစသည့် သံဃာ့ အသုံးအဆောင် ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းခြင်း ဖြစ်သည်. . . ပိတ်သားပေါ်တွင် ရွှေရောင်စက္ကူ၊ ရွှေဝါရောင် ဖဲကြာပွင့်ကြီးများ ထိုးထားသည့်သင်္ကန်းများကို ကြာသင်္ကန်းဟုခေါ်သည်. . ရှေးအခါက ဘုရားရှင်အား ကပ်လှူ ပြီး ယခုအခါ စေတီပုထိုးများနှင့် ဘုရားရုပ်တုများတွင် ရစ်ပတ်လှူဒါန်းကြသည်. . . တန်ဆောင်တိုင် မီးထွန်းပွဲတော်သည်. နက္ခတ်ပွဲသဘင် မီးထွန်းပွဲသာဖြစ်သည်. .

ရှင်မာလဲပွဲဟူသည်. . ရှင်မာလဲ မထေရ်က တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း ဝေသာန္တရာ ဇာတ်တော်ကို ဟောကြားသည်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ပွဲဖြစ်သည်. . . လှော်ကားပုံပြု၍ လှော်ကားထက်တွင် အသီးတစ်ထောင်၊ အပွင့်တစ်ထောင်၊ ထမင်းဆုပ်တစ်ထောင်၊ ဆီမီးတစ်ထောင် တင်၍ လှူဒါန်းကြခြင်းကြောင့် လှော်ကားပွဲတော်၊ ထောင်ပြည့်ပွဲတော် ဟုခေါ်သည်. . ယခုခေတ်တွင် ထိုပွဲတော် ပျောက်လုနီးပါး ရှိနေပြီဖြစ်သည်. . .

တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်အပေါင်းတို့ကို စောင့်သောနတ်တို့သည် မဲဇလီ ပင်စောင့်နတ်မင်းအား လာရောက်ခစားကြသည်ဟု အစွဲပြုကာ မဲဇလီပင်သည်. ဆေးပေါင်းခသည့်အပင် ဟု ယူဆကြသည်. . အနာမျိုး ၉၆ပါး ကင်းရန်ဟူသော ရည်ရွယ်ချက်ဖြင့် တန်ဆောင်မုန်းလပြည့်နေ့တွင် မဲဇလီဖူးသုတ်စားသည့် ဓလေ့ ပေါ်ပေါက်ခဲ့သည်. .

Tazaungmon

It is the eighth Myanmar month ( in October-November) time for Kathina, Matho Thingan offering, Pantthagu offering, lotus robe offering, lighting and Shin Malai festivals.

Kathina monk's robes are offered at this particular time of the year. It is held mostly communally. Matho thingan meaning non-stale monk's robes are ones made overnight and offered befroe dawn.

Pantthagu offering means leaving offertories at any public place for anyone's taking.

Louts robes mean those with golden lotus designs offered to Buddha or at pagodas.

Tazaungmon is for another lighting festival, taking to be astrologically most opportune.

Shin Malai festival, taking to be astrologically most opportune. Shin Malain festival orginated in Shin Malai's preaching of Wesandara Jataka on the full-moon day.

It is marked by making floats in the shape of barges, putting on it a thousand fruits, a thousand flowers, a thousand lumps of rice and a thousand lights to go round before offering at pagodas. It is also called the barge festival or thousand-ful festival.

It has been on the wane. There is also practice of eating salads of mezali leaves with belief that it is medicinal particularly at this time of the year.


အားလုံးကိုချစ်ခင်လေးစားလျှက်...

သီတင်းကျွတ်လ




သီတင်းကျွတ်လဖွဲ့

ကြာငါးမည် ကြိုင်သင်းလို့၊
လျှံဝင်းတဲ့ ပြောင်ထိန်။

ရွှေနန်းတောင်တော်ဦးမှာလ၊
ကွန့်မြူး မြင်းမိုရ်မီး ၊ညီးတဲ့ခါချိန်
ရှိခိုးငယ်နှိမ်၊ သုံးကြိမ်ရိုပျောင်း။

သက္ကစ္စ ဂါရ၀နှင့် ၊ စဉ်အလာ ပူဇော်ပွဲကို
ခဲကြပေတောင်း။

(ဘိုးသူတော်ဦးမင်း)

သီတင်းကျွတ်လ


သီတင်းကျွတ်လသည် မြန်မာလများတွင် ခုနှစ်လမြောက်ဖြစ်ပြီး မိုးရာသီကုန်လုချိန်ဖြစ်ကာ စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ကျရောက်သည်။

ဂေါတမရှင်တော်ဘုရားသည် မယ်တော်မိနတ်သားအား တာဝသိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ၀ါတွင်းသုံးလပတ် ဟောကြားတော်မူပြီး သီတင်းကျွတ်လပြည့်နေ့၌ လူ့ပြည်သို့ ပြန်လည်ကြွချီတော်မူ၏။ သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းတို့ကို ဖန်ဆင်းပူဇော်ပေသည်။ ဗုဒ္ဓရှင်တော်မြတ်သည် ရောင်ခြည်တော်ခြောက်သွယ်ဖြင့် တင့်တယ်စွာ အလယ်ဗဟိုပတ္တမြားစောင်းတန်းမှ သက်ဆင်းကြွမြန်းတော်မူလေသည်။ နတ်အပေါင်းက လက်ယာ ရွှေစောင်းတန်း၊ ဗြဟ္မာကြီးများက လက်ဝဲ ငွေစောင်းတန်းမှ သက်ဆင်းလိုက်ပါလာကြ၏။

ယင်းပူဇော်ပွဲကြီးကို အစွဲပြု၍ မြန်မာ့ယဉ်ကျေးမှု ရာသီပွဲတော်အဖြစ် သီတင်းကျွတ်လပြည့်နေ့ညတွင် ဘုရားရှင်ကို ရည်မှန်း၍ မီးရှူးမီးပန်းများ ၊ မီးပုံး၊ ဆီမီးရောင်စုံတို့ဖြင့် ပူဇော်မှုပြုလာခဲ့ခြင်းဖြစ်သည်။ဗုဒ္ဓမြတ်စွာ တာဝတိံသာမှ ဆင်းသက်တော်မူသည်ကို အကြောင်းပြု၍ တာဝတိံသာပွဲတော် ၊ တာဝတိံသာနတ်ပြည်ရှိရာ မြင်းမိုရ်တောင်ထိပ်မှ ဆင်းသက်တော်မူသည်ကို အကြောင်းပြု၍ မီးမြင်းမိုရ်ပွဲ ဟု ခေါ်ဝေါ်ကြသည်။

ရဟန်းတော်များသည် သီတင်းကျွတ်လပြည့်နေ့တွင် ၀ိနည်းဒေသနာတော်အရ ဥပုဒ်အစား "ဖိတ်ကြားခြင်း၊ တောင်းပန်တိုက်တွန်းခြင်း" ဟု အဓိပ္ပါယ်ရသော ပ၀ါရဏာပြုကြရ၏။ ဤပ၀ါရဏာပြုခြင်းသည် ဘုရားရှင် လက်ထက်ကပင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ သာဝတ္တိပြည်ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးဖော် ရဟန်းတစ်စု အချင်းချင်း မခေါ်မပြောနေထိုင်ကြသည်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုနည်းတူစွာပင် ဘုရားရှင်အား ဖူးမြှော်ကန်တော့သည့် အစဉ်အလာကို အစွဲပြု၍ မြန်မာ ဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ်သည့်အခါ သက်ကြီးဝါကြီးများအား ပူဇော်ကန်တော့သည့် ဓလေ့ထုံးစံကောင်းတစ်ရပ်ပေါ်ပေါက်လာခဲ့သည်။

Thadingyut

Thadingyut is the seventh Myanmar month (in September-October) toward the end of the rainy season.
Lord Gautama Buddha preached The Abhidhamma to Maidawmi Nat ( reincarnate of His mother) in Tavatimasa Abode of celestial beings for three Lenten months and returned to the abode of men on the full-moon day of Thadingyut. The king of Celestials created gold, silver, ruby stairways for him. Buddha took the middle ruby one radiating six hues of aura. The nats came along by the right gold stairways and the brahmas by the left silver stairways.
On account of that , Myanmar Buddhists celebrate the full-moon day with multi-coloured illuminations. It is also called Tavatimsa Festival after the tavatimsa Abode of the nats and the Myintmo Lights Festival after the Mount Myinmo there.

For the Sangha it is the the time for what is known as Pawayana, which means inviting , entreating, urging. In practice since the times of Buddha, it is to beg on another for forgiveness of any action that might have displeased any other among Sangha. There is also the practice among laity of paying obeisance to parents and elders.


အားလုံးကိုချစ်ခင်လေးစားလျှက်...

တော်သလင်းလဖွဲ့

" တော်သလင်းလဖွဲ့"

ရေယာဉ်စမ်းငယ်နှင့်၊ သောင်ကမ်းငယ်ပြည့်လျှံ၊
မြစ်လုံးငယ်ညံသည်၊ လှော်တက်သံ မြိုင်မြိုင်နှင့်၊
လှေပြိုင်ပွဲကျင်းတဲ့ လ ကိုလေး။
ကန်ရာသီငယ်၊ ခါမီသင့်စွာ၊
ဘွေအာကာမှာ၊ ပြုဗ္ဗာဘဒြပိုဒ်၊
ကြက်ညီနောင် တောင်တ၀ိုက်က၊
ရေလိုက်ကယ်သဘင်၊
စံစပယ်ရွှင်ညော့ခါ၊ မြိုင်ခွင့်လုံး ကန္တာမှာ၊
ရွှေယင်းမာ ပန်းတော်မင်းက၊
သင်းလှတယ်လေး။

(မဟာအတုလမင်းကြီး၏ ဆယ်နှစ်လရာသီဖွဲ့လွမ်းချင်း)

တော်သလင်းလ

တော်သလင်းလသည် မြန်မာတို့ရာသီတွင် ခြောက်လမြောက်ဖြစ်ကာ သြဂုတ်လ၊ စက်တင်ဘာလများတွင် ကျရောက်သည်။ "တော်သလင်းနေ၊ ပုစွန်သေ" ဟူသော စကားအတိုင်း ငါးငယ်၊ ပုဇွန်ငယ်လေးများပင် သေလောက်အောင် နေမင်းသည် ပြင်းပြစွာ ထွန်းလင်းတောက်ပသည်။

ထိုလတွင် "တော်သလင်း၊မြစ်တွင်းသင်ဖြူးခင်း "အဆိုနှင့်အညီ ရေပြင်သည် ကြည်လင်သော ကောင်းကင်နှင့် လိုက်ဖက်စွာ လှိုင်းလေကင်းစင်သဖြင့် သင်ဖြူးဖြန့်ခင်းထားဘိသကဲ့သို့ ပြန့်ပြူးငြိမ်သက်လျက်ရှိသည်။

လှေပြုင်ပွဲသဘင်ကို ရေပွဲသဘင်၊ မြစ်ယံပွဲ စသည်ဖြင့် ခေါ်ကြသည်။ ဘုရင်မင်းမြတ်ကိုယ်တိုင် ဗိုလ်ပါ မှူးမတ်များ ခြံရံလျက် "ပြည်ကြီးမွန်" မည်သော လှေကြီးပေါ်တွင် လေညင်းခံကာ လှေပွဲသဘင်ကို ရှုစားတော်မူလေ့ရှိ၏ ။

လှေပြိုင်ပွဲကို ပျော်ပွဲသက်သက်မဟုတ်ဘဲ ရေတပ်မတော်သားများ၏ အရည်အသွေး တိုးတက်စေသောပွဲအဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။

Tawthalin

Tawthalin is the sixth month on Myanmar calendar. (August-September). It is a hot month, hot enough to kill small prawns.
The surfaces of water are like mat, free of waves. So it has been a tradition to hold regatta festivals since the times or ancient Myanmar kings.
It was graced by the king himself aborad golden Pyigyimon Barge, adorned by figures of fitty kings on each side as a symbol of a hundred kings owing allegiance to the monarch.
It was not just pageantry but an occasion for demonstrating the naval prowess of the Tatmadaw of ancient Myanmar kings.
The tradition was nearly dying out until government revived it with traditional regatta festivals held on Kandawgyi Lake.

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဝါခေါင်လဖွဲ့

ဝါခေါင်လဖွဲ့

မျှော်ရောင်သာပန်းတော့တယ်၊

သောင်ကမ်းငယ်ပြည့်လျှံ၊ နဒီငယ်ခြံသည်၊

ပြည်မင်းစံရွှေဘုံက၊

အကုန်ထူးတဲ့လ ကိုလေး။

ရာသီသိဟ်ငယ်၊ နေမိန္ဒရ

ဝါခေါင်လမို့၊ တောင်များထွတ်စွန်၊

သရ၀ဏ်လဲ၊ ရောင်ဝှန်တေဇာ၊

ပန်းခတ္တာနှင့်၊ ခိုင်ညှာပွင့်ကြူ၊

တိုင်းပြည်သူတို့၊ လှူစာရေးတံ၊

သဘင်စုံခံဆဲမို့၊ လွမ်းရန်ဖွဲ့ သည်ချိန်ကို၊

ဒေ၀ရိန်ပဇ္ဖုန်မှူးငယ်က၊ မြူးလှတယ်လေး။

(မဟာအတုလမင်းကြီး၏ ဆယ်နှစ်လရာသီဖွဲ့လွမ်းချင်း)

ဝါခေါင်လ

ဝါခေါင်လသည် မြန်မာများ၏ ငါးလမြောက်ဖြစ်ပြီး မိုးဥတုတွင်ပါဝင်ကာ ဇူလိုင်၊ သြဂုတ်လ၌ ကျရောက်သည်။ မိုးများစွာ ရွာသွန်းသော လဖြစ်၍ မြစ်ရေ၊ ချောင်းရေတို့ တိုးကာ ကမ်းလုံးပြည့် လျှံတက်လေ့ရှိသည်။ ထို့ကြောင့် "၀ါဆိုဝါခေါင်ရေဖောင်ဖောင်" ဟု ပညာရှင်များက စာဖွဲ့ကြသည်။
အခါတစ်ပါး၌ ဗုဒ္ဓမြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူ၏။ ထိုစဉ် အခါဝယ် အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း ဘေးအန္တာရယ် ဖြစ်ပေါ်ခဲ့သည်။ ဆွမ်းအလှူရှင်များသည် တစ်ကျောင်းလုံးရှိ သံဃာတော်များကို လှူဒါန်းရန် အခက်အခဲရှိနေ၍ မြတ်စွာဘုရားအား လျှောက်ထားကြရာ ဘုရားရှင်က စာရေးတံမဲချ၍ လှူဒါန်းစေခဲ့ရာမှ စာရေးတံမဲပွဲတော် စတင်ပေါ်ပေါက်ခဲ့သည်။
ရှေးမြန်မာများက ၀ါခေါင်လတွင် သံဃာတော်များ စုဝေးတည်ရှိ ၀ါကပ်နေချိန် ဆွမ်းကိစ္စ လွယ်ကူစေရန် ရည်ရွယ်ချက်ဖြင့် စာရေးတံမဲပွဲတော်ကို ၀ါခေါင်လတွင် ကျင်းပခဲ့ဟန်တူပေသည်။ ထို့ကြောင့် စာရေးတံမဲပွဲသည် ၀ါခေါင်လ၏ ရာသီပွဲတော်ဖြစ်လာခဲ့သည်။

Wagaung

It is the fifth Myanmar month. It is in July-August, the rainy season, when rivers are in spate.
In the time of Buddha, when the Lord was staying at Weluwun Monastery in Yazagyo, some disciples supplicated to him the matter of individual disciples having some difficulty to donate meals and alms for all the Sangha at the monastery at the same time, whereuponBuddha laid down a way of disciples drawing lots to determine which monk to offer meals and alms.
Thus began the practice at the time of the year to hold lot-drawing offerings of meals and alms to the Sangha, although the exact time for such offerings is not definitely prescribed.


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

ဝါဆိုလဖွဲ့

ဝါဆိုလဖွဲ့

ကိုးခွင်ငယ် မှို်င်းပါလို့၊ မြင်တိုင်းမှာတဲ့ မည်းညို
လဲ့လဲ့ငယ်စို၊ ယုဂန္ဓိရ်တောင်မဟာက
ပြုဗ္ဗာသဠ် ထွန်းတဲ့လကိုလေး။

ဆင်တာရာငယ်၊ ရာသီကရကဋ်
နရိန္ဒာလဲ၊ ညာတောင်နတ်နှင့်
ဖိုလ်မြတ်ကယ် နိဗ္ဗူ အောင်ဆုယူလို့
ရှစ်ဖြူရိပ်စံ၊ ပဉ္စင်းတော်ခံသော့ခါ
ရေလျှံတဲ့ဝါဆိုမှာ၊ ပုန်းညက်ညို
မာလာမင်းက ၊ သင်းလှတယ်လေး။

(မဟာအတုလမင်းကြီး၏ ဆယ်နှစ်လရာသီဖွဲ့လွမ်းချင်း)


ဝါဆိုလ

ဝါဆိုလသည် စတုတ္တမြောက် မြန်မာလဖြစ်၍ နွေတစ်ပိုင်း မိုးတစ်ပိုင်း လရာသီဖြစ်ကာ ဇွန်လနှင့် ဇူလိုင်လတွင် ကျရောက်သည်။

ဝါဆိုလပြည့်နေ့ကား မြတ်စွာဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း တောထွက်ခြင်း၊ တရားဦး ဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာ များကို ပြသတော်မူခြင်း ဟူသော ထူးခြားသည့်နေ့ဖြစ်သည်။ ၀ါဆိုလပြည့်ကျော် ၁ရက်တွင် ရဟန်းသံဃာများ ပုရိမ၀ါကပ်ဆိုတော်မူကြသည်။ ထို့ကြောင့် ၀ါဆိုလကို လထူးလမြတ်အဖြစ် သတ်မှတ်ထားကြသည်။

ရှေးမြန်မာဘုရင်များသည် သာသနာတော်ကို တိုးတက်စည်ကားပြန့်ပွားရေးနှင့် ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ် များကို ရရှိရေး ဟူသော ရည်ရွယ်ချက်၂ရပ်တို့ကို အကြောင်းပြု၍ ၀ါဆိုလတွင် ပဉ္ဖင်းခံရှင်ပြုပွဲတော်ကြီးကို ရာသီပွဲတော်အဖြစ် ကျင်းပသည်။

ဝါဆိုလပြည့်နေ့၌ဖြစ်စေ၊ လပြည့်ကျော် ၁ရက်နေ့ ၌ဖြစ်စေ၊ ၀ါဆိုလတွင် ဖူးပွင့်ကြသည့် ပုန်းညက်ပန်းစသော ပန်းမျိုးစုံတို့ကို စေတီပုထိုးများသို့သွားရောက်လှူဒါန်းရန် ၀ါဆိုပန်းခူးထွက်သည့် ယဉ်ကျေးမှုဓလေ့တစ်ရပ် လည်း ပေါ်ပေါက်ခဲ့သည်။

အချို့က သံဃာတော်များ ၀ါဆိုသည့်အခါ ပူဇော်ဆက်ကပ်နိုင်ရန် ၀ါဆိုပန်းနှင့် ၀ါဆိုဖယောင်းတိုင်ကြီးများကို ဘုန်းတော်ကြီးကျောင်းများ၌ လှူဒါန်းကြသည်။ ထို့အပြင် သင်္ကန်းများကိုလည်း ကပ်လှူကြသည်။ ၀ါဆိုတော့မည့် သံဃာတော်များအား ၀ါဆိုလဆန်း၌ပင် လှူဒါန်းကြသည့် သင်္ကန်း ဖြစ်သောကြောင့် ၀ါဆိုသင်္ကန်း ဟု ခေါ်ကြသည်။

မြန်မာတို့၏ ယဉ်ကျေးမှု အစဉ်အလာတစ်ခုအဖြစ် အသက် ၊ သိက္ခာ ဂုဏ်ဝါကြီးသူများအား ၀ါဝင်ခါနီး၌ ပူဇော်ဖွယ်ရာ အဖြာဖြာတို့ဖြင့် ပူဇော်ကန်တော့ကြသည်မှာ ယနေ့ခေတ်အထိပင်ဖြစ်သည်။

Waso

Waso is the fourth Myanmar month. It is part summer and part moonsoon. It fals in June and July. The full-moon day of Waso is significant as the day the embryo-Buddha was conceived, the day He preached the first sermon of Dhamma Cakka, the day He performed the miracles. The day also marks the beginning of Buddhist Lent of three months when members of the Sangha go into the rains retreat.
It is a time of ordination and novitiation into the religious order, with these events held since the days of ancient Myanmar monarchs for the flourishing of the Sasana.
There is also a practice of young men and women going on outings of gathering flowers to be offererd at Buddha images.
A significant practice of Waso is the offering of monk's robes to members of the Sangha for use during the Lent and so these robes are called Waso robes. Likewise there are also big candles called Waso candles offered at this time of the year.
Among lay people it is also a time to offer elders cakes, fruits and other offertories.


အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

နယုန်လဖွဲ့

နယုန်လဖွဲ့

နတ်စည်ငယ်ရွမ်းပါလို့၊ ခြိမ့်မွမ်းငယ်သံစုံ၊
ကမြုးငယ် ခုန်သည်၊ လ နယုန် သည်ချိန်မို့၊
မြူတိမ်လွှာ ဆိုင်းပြန်တော့တယ်လေး။
ရာသီငယ် မေထ၊ ဆယ့်နှစ်လမို့၊
ဇေဌပြောင်ရှိန်၊ တောက်လောင်ဝယ် ထိန်သည်၊
ရာဇိန္ဒနတ်ပိဋကတ်မှာ၊ မပြတ်ကယ်ထွက်စံ၊ စာညီလာခံလော့ခါ ၊
ဗိုလ်ခြံတဲ့ ရွှေလယ်မှာ၊ ငွေစံပယ်ဖြူ မုလေးက
မွှေးလှတယ်လေး။
(မဟာအတုလမင်းကြီး၏ ဆယ့်နှစ်လရာသီဖွဲ့လွမ်းချင်း)

နယုန်လ

နယုန်လသည် မြန်မာလများ၏ တတိယလဖြစ်၍ နွေဥတုတွင် ပါဝင်ပြီး မေလနှင့်ဇွန်လတွင်ကျရောက်သည်။ နွေရာသီကုန်ဆုံးရန် ၁၅ ရက်သာကျန်သော့သည့်ဖြစ်၍ "နွေနှောင်းလ၊ နွေစွန်လ" ဟု စာဆိုပညာရှင်များက စာဖွဲ့လေ့ရှိကြသည်.

ဒုတိယအင်းဝခေတ်သာလွန်မင်းတရားကြီး လက်ထက် သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်တွင် စာတော်ပြန်ပွဲများကို စတင်ကျင်းပခဲ့သည်. . ပရိယတ္တိသာသနာ တိုးတက်ပြန့်ပွားရန်နှင့် ပညာရှင်များ ထွန်းကားလာရန် ဟူသော ဆန္ဒမွန်ဖြင့် စာတော်ပြန်ပွဲကို နယုန်လ၏ ရာသီပွဲအဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်. . . မြန်မာမင်းများသည် နယုန်လ စာတော်ပြန်ပွဲတွင် အောင်မြင်တော်မူကြသည်. ပဉ္စင်းလောင်း၊ ရှင်လောင်းတို့ကို ၀ါဆိုလတွင် ခမ်းနားကြီးကြယ်စွာ ပဉ္စင်းခံ၊ရှင်ပြုပွဲများ ပြုလုပ်ပေးလေ့ရှိသည်. . .

ယခုအခါ ပထမပြန်စာမေးပွဲနှင့် ဓမ္မာစရိယစာမေးပွဲများ အပြင် တိပိဋကဓရ ရွေးချယ်ပွဲကြီး၊ အဘိဓမ္မာ စာမေးပွဲနှင့် ၀ိသုဒ္ဓိမဂ်စာမေးပွဲတို့ ကိုလည်း နှစ်စဉ်ကျင်းပပေးခြင်း၊ အောင်ဆုလက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်းတို့ဖြင့် သာသနာတော် တိုးတက်စည်ကား ပြန့်ပွားရေးကို ဆောင်ရွက်လျှက်ရှိသည်. .

ထို့အပြင် သုံးလူ့ထွတ်တင် ဘုရားရှင်သည် နယုန်လပြည့်နေ့၌ စကြ၀ဠာ တစ်သောင်းမှ နတ်ဗြဟ္မာ အပေါင်းတို့ အား မဟာသမယသုတ်တော် ဟောကြားတော်မူခဲ့ခြင်းကို အစွဲပြု၍ "မဟာသမယ အခါတော်နေ့" ပွဲတော်ကို အနှစ်သာရပြည့်စွာ ကျင်းပကြပါသည်. . .

Nayon


Nayon is the third month on Myanmar calendar, in the hot season, and falls in May-June.

In the second Innwwa Period, under the reign of King Thalun, in the year 1000 began the practice of holding examinations in religious scriptures in Nayon with aims at propagation of Pariyatti Sasana.

It was followed by the holding of novitiation and ordination ceremonies in the next month of Waso.

Nowadays, Pahtamabyan examinations, Dhammacariya Examinnations, Tipitaka Dhara Selection Examinnations, Abhidhamma and Vissudhi Magga Examinnations were held every year with presentation of prizes and certificates , for the flourishing of the Sasana.

Moreover, in this month of Nayon , what is called Maha Samaya Day was observed in commemoration of Lord Buddha's preaching of Mah Samay Sutta to celestial beings from ten thousand solar systems.

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ကဆုန်လဖွဲ့

"ကဆုန်လဖွဲ့"

မြူခြေငယ် စွန်းပါလို့၊
နေ၀န်းငယ်စက်ရှိန်၊
တောက်လောက်ငယ်ထိန်သည်၊
ဖန်သူရိန် တေဇောကြောင့်
ပူဗျာပါကဲတဲ့ လကိုလေး။
ရာသီငယ်ပြိသာ၊
မဟေသီလဲ ရွှေညီခလို့၊
ပန်းမြစကားဝါ၊
ဝိသာခါနှင့် တာရာခြံရံ၊
စန်းငွေယုန်ဖန်သည့်နှယ်၊
ဆန္ဒန်ပိုင် ဘွေဘုံမှာ၊
လကဆုန် ညောင်ရေပွဲပေမို့
သဲလှတယ်လေး။

(မဟာအတုလမင်းကြီး၏ ဆယ့်နှစ်လရာသီဖွဲ့လွမ်းချင်း)

ကဆုန်လသည် မြန်မာများ၏ ဒုတိယလဖြစ်ပြီး ဧပြီလနှင့် မေလအတွင်း ကျရောက်ပါသည်. . . ကဆုန်လသည် မြန်မာဗုဒ္ဓဘာသာဝင်တို့၏ လထူးလမြတ်ဖြစ်ပါသည် . . ကဆုန်လပြည့်နေ့သည် ဘုရားလောင်း သုမေဓာရှင်ရသေ့က ဒီပင်္ကရာ မြတ်စွာဘုရားထံမှာ "ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်" ဟု နိယတဗျာဒိတ်ကို ခံတော်မူခြင်း၊ မဟာဗောဓိပင်ပေါက်ခြင်း၊ သစ္စာလေးပါးကို သိမြင်၍ ဘုရားဖြစ်တော်မူခြင်း၊ မဟာဗောဓီပင်ပေါက်ခြင်း၊ ပရိနိဗ္ဗာန် ၀င်စံတော်မူခြင်းဟူသော အလွန်ထူးခြားသည့် ဗုဒ္ဓ၀င်မှတ်တိုင်ကြီးများကို စိုက်ထူခဲ့သော နေ့ထူးနေ့မြတ်ကြီးဖြစ်သည်. . .
သို့ပါ၍ဗုဒ္ဓဘာသာဝင် မြန်မာတို့က ကဆုန်လပြည့်နေ့ဗုဒ္ဓနေ့ဟု သတ်မှတ်ကာ အခါတော်နေ့ကို တခမ်းတနားကျင်းပလေ့ရှိသည်. . . ကဆုန်လပြည့်နေ့ ရောက်တိုင်း မြန်မာနိုင်ငံ တ၀န်းလုံးရှိ မြို့ရွာဒေသ အသီးသီးတို့၌ စေတနာ သဒ္ဓါတရားအလိုက် အလှူဒါနပွဲများနှင့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကျင်းပဆင်နွှဲလေ့ ရှိကြည်သည်. . . ကဆုန်ညောင်ရေသွန်းပွဲတော်သည် မြန်မာတို့၏ ရှေးရိုးစဉ်လာ ရိုးရာယဉ်ကျေးမှုရာသီပွဲ ဖြစ်သည်...

Kason

Kason is the second Myanmar month and comes in April-May. It is a sacred month for Myanmar Buddhists. The full-moon day of Kason was the day hermit Sumeda heard from Dipankara Buddha that he would one day be a Lord Buddha, the day embryo-Gautama Buddha was born, the day he saw Four Noble Truths; the day Maha Bodhi Tree grew for him and the day of his Pari-Nibbana.
So this day is commemorated by Myanmar Buddhists as Buddha Day. The main actifity on this festival day is pouring water at the 'bo' (Bodhi Nyaung) tree.
From days for yore to this day , bo tree watering cereomnies are held at numerous pagodas in the country on this day.It is one of the traditioanl cultural festifals of Myanmar people.

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

တန်ခူးလဖွဲ့

တန်ခူးလဖွဲ့

ဟောင်းရွက်ညှာ ခါလှစ်လို့၊
တာသစ်ကယ်တဲ့ နံ့ကြိုင်
သုတ်ဖြူးလေဆော်က၊ ပန်းကံ့ကော်
ဝတ်မှုန်ကျင်း၊ သင်းပျံ့လို့လှိုင်။
ကြယ်နှစ်ပြိုင်၊ သွယ်ဆိုင်ပ၀င်း။
စိတြငယ်နှင့်၊ ငွေလသော်တာတို့၊
ယုဂန်ချတောင်တော်စွန်းမှာ
ထွန်းထိန်လို့လင်း။
(ဘိုးသူတော်ဦးမင်း၏ ဆယ့်နှစ်လရာသီဖွဲ့ - သဖြန်)

တန်ခူးလသည် မြန်မာလများ၏ ပထမလဖြစ်ပြီး မတ်လနှင့် ဧပြီလတွင်ကျရောက်သည်။ မြန်မာလူမျိုးတို့၏ နှစ်ဟောင်းမှ နှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော်သည် သင်္ကြန်ဖြစ်၏ ။ သင်္ကြန်ပွဲတော်ကို နှစ်စဉ်တန်ခူးလတွင် ကျင်းပလေ့ရှိသည်။ နှစ်သစ်ကူး သင်္ကြန်ပွဲတော်တွင် ရေပက်ကစားသည့် ယဉ်ကျေးမှုဓလေ့သည် တကောင်းခေတ်ကပင် စတင်ကျင်းပခဲ့ပြီး ပုဂံခေတ်တွင် ပိုမိုထင်ရှားလာခဲ့သည်။
ရေသည် အေးမြကြည်လင်ခြင်း၊ အညစ်အကြေးကို ဆေးကြောခြင်းနှင့် ရေကိုသား၍ အကြားမထင်ဘဲ ဆက်စပ် နေခြင်းဟူသော နိမိတ်သုံးပါးကို ဆောင်၏။ ထိုနိမိတ်သုံးပါးအရ နှစ်ဟောင်းမှာ အညစ်အကြေးများကို ဆေးကြောသန့်စင်သည့်သဘော၊ ပြည်သူအပေါင်းတို့၏ စိတ်ဓာတ်များကို နှစ်သစ်ကူးရေစင်ကဲ့သို့ အေးမြကြည်လင်စေသည့် အပြင် ပြည်သူအချင်းချင်းရေကိုသား၍ အကြားမထင်သကဲ့သို့ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နေထိုင် ဆက်ဆံကြရန်ဟူသော မွန်မြတ်သည့် ရည်ရွယ်ချက်များဖြင့် သင်္ကြန်ပွဲတော်ကို ကျင်းပခြင်းဖြစ်သည်။
မြန်မာတို့သည် နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ဗုဒ္ဓဘာသာ တရားတော်အရ မွန်မြတ်သန့်စင်သော ကုသိုလ်ကောင်းမှုများကိုပါ ယှဉ်တွဲကာ ဆင်နွဲသည့် အစဉ်အလာကောင်းများကိုလည်း ဖန်တီးခဲ့ကြသည်။

Tagu

Tagu is the first month of the Myanmar Calendar. It falls in March and April on the Gregorian calendar. Myanmar new year festival is Thingyan Festival. It is held in the month of Tagu every year. That has been the tradition since Tagaung Period and it became prominent in Bagan Period.

Water is a symbol of coolness, clearness and cleansing fo dirt and grime. The festival of Thingyan that is made most merry and enjoyable with pouring or throwing water on one another is taken as one that cleanses one and all of all dirt and grime of the old year and cools and clears the minds of the people for the new year.

Merry-making at Thingyan festival is intermingled with noble and pure activities of doing meritorious religious deeds in accord with the teachings fo Buddha Dhamma.

မြတ်မင်းလှိုင် (မြန်မာ့ရိုးရာ (၁၂) လရာသီပွဲတော် )

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

တပေါင်းလဖွဲ့

" တပေါင်းလဖွဲ့"

ပန်းရွှေဖီ ကြိုင်လှောက်လို့၊
ပန်းတောက်ကယ်တဲ့ သင်းချို။
ဥတ္တရာ ဘရဏ်ဂုက၊တိမ်ဘုံမှာ ရောင်ခြည်လင်းလို့၊
လမင်းသော်တာနှင့်၊တူမကွာ ထိန်ဝါလဲ့၊ထွန်းတဲ့ခါကို။
သောင်သဲငယ်မို့၊ရေညိုကရစ်မို့။
လေးညင်းငယ်လာ၊စုံဟေမာမြိုင်ထဲက
ဝမ်းဘဲ ရွှေစင်ရော်တို့၊
ဖော်ခေါ်သံ မောင်မယ်ကျူးတယ်၊
မြူးပျော်ကြလို့။

တပေါင်းလသည် မြန်မာလများ၏ တစ်ဆယ့်နှစ်လမြောက်ဖြစ်၍ တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်၍ ဖေဖော်ဝါရီလနှင့် မတ်လတွင် ကျရောက်လာသည်။ ထို့ကြောင့် နေ့ပူလို့ ညချမ်း၊တပေါင်းလသရမ်းဟု ဆိုထုံးပြုခဲ့ကြသည်။ တပေါင်းလ၏ ရာသီပွဲတော် သည် သဲပုံစေတီပွဲတော် ဖြစ်သည်။သဲများကို စုပုံ၍ စေတီအသွင်တည်ကာ သဗ္ဗညုတ မြတ်စွာဘုရားအား ရည်မှန်းထား ၍ ပူဇော်ခြင်းဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ဗုဒ္ဒသာသနာ စတင်ထွန်းကားလာချိန်မှပင် ရှိခဲ့သော ပွဲတော်ဟု ယူဆရပေသည်။မြန်မာနိုင်ငံတွင် တပေါင်းလ သို့ရောက်သည့်အခါ မြစ်များ၊ချောင်းများ၌ ရေစစ်ကာ သဲခုံ သောင်ခုံ ဖြူဖြူဖွေးဖွေးများ ပေါ်ထွန်း လာလေ့ရှိသည်။ တောင်သူဦးကြီးတို့သည် လယ်ယာလုပ်ငန်းများမှ အနားယူချိန်လည်းဖြစ်သည်။ထိုအချိန်တွင် ရှေးမြန်မာမင်းများသည် ထိုသဲပုံစေတီပွဲကို ရာသီပွဲအဖြစ် သတ်မှတ် ကာ ရွှေနန်းတော်ကြီးမှ သည် ကျေးလက်တောရွာများ အထိ ခြိမ့်ခြိမ့်သဲ ဆင်ယင်ကျင်းပခဲ့ကြသည်။
သဲပုံစေတီပွဲတော်သည် ယခုခေတ်၌ ပျောက်ကွယ်လုနီးပါ ရှိလေပြီ။မန္တလေးစသည့် မြန်မာနိုင်ငံ အထက်ပိုင်း မြို့ရွာအနည်းငယ်၌ သာ ကျင်းပတော့သည်။ယခုအခါ သဲပုံ စေတီတော်အစား စေတီပုထိုးများ၌ ဗုဒ္ဒပူဇနိယ ပွဲတော်များကို ကျင်းပ ကြသည်။ ယင်းဘုရားပွဲတော်ကို ’တပေါင်းပွဲ ’ ဟုခေါ်ကြသည်။

Tabaung

It is the 12th Myanmar month, falling March. In ancient days it was a time for what was known as festivals of sand pagodas, in which people built sand pagodas on the sandbanks and hold festivities on the occasion. Now the practice is on the wane, except in some cities and towns in upper part of the country, but the time is still held sacred for holding of Buddha Pujayanti ceremonies, that is occasions for rededication of the pagodas.

မြတ်မင်းလှိုင်၊ သာရဝေါ- စိုးကြည်(မြန်မာ့ရိုးရာ (၁၂) လရာသီပွဲတော်များ)
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ယာဂုထမနဲ တပို့တွဲ

"သာစွလေ၊နေလည်းချမ်းမြေ့၊လလည်းနှင်းရီ၊ပီပီမထွန်း၊တောင်ထက်ဝန်းလည်း၊ဆူးပန်းလဲပေါက်၊ ၀င်းဝင်း တောက်လျက်၊ ကမ်းလျှောက်ရေးရေး၊သဲဖြူဖွေးနှင့်၊ငှက်ကျေးပျံကြွ၊ ကောင်းကင်လ၀ယ်၊ မာဃယှဉ်မှီ၊ ကုံရာသီဟု၊ အညီခေါ်မြဲ၊တပို့တွဲမှူ၊ ကြုံကြိုက် အဟုတ်၊ပါဋိမုတ်ကို၊ဖော်ထုတ်စိစစ်၊ပြမြဲဖြစ်လျက်၊ရပ်ရှစ်မျက်နှာ၊ ပူဇော်ရွင်ပြုံး၊ပွဲမဆုံးလျှင်၊မီးပုံးသဘင်၊ လှုကြီးယင်သည်၊ ရောက်ချင်နိဗ္ဗာန်၊ကျွန်းတည့်လေး၊ပွင့်လင်းစည် သည်၊ ရွေပြည်ရွေနန်းတည့်လေး။"
(စာဆိုတော် ဦးအောင်ကြီး)

တပို့တွဲလသည် ဆောင်းရာသီဖြစ်၍ ညဉ့်အချိန်အခါတွင် အလွန်အေးမြသောလ ဖြစ်သည်။ နှာရည်ရိုရွဲ တပို့တွဲ ဟုခေါ်ဆိုကြသည်။ တပို့တွဲလကို မြန်မာမှုအရ ကုံရာသီဟု ခေါ်၍ ထိုလတွင် စန်းပြည့်နက္ခတ်မှာ မာဃနက္ခတ်ဖြစ်သည်။ ယှဉ်သောတာရာမှာ ချိန်တာရာဖြစ်၍ ရာသီရုပ်မှာ ရေထမ်းသမား ရုပ်ဖြစ်သည်။ ရာသီပန်းကား ပေါက်ပန်း၊လဲပန်း ဖြစ်သည်။ ရာသီပွဲတော်ကား မီးပုံးအလှုပွဲ ထမနဲပွဲ ဖြစ်သည်။

ဦးဖိုးလတ်၏ မြန်မာလ အမည်များကျမ်းတွင် တပို့တွဲလ၏ တပုဒ်သည် တန်းပုဒ်ပျက် ထန်းအဓိပ္ပယ်ရသည်။ တပို့၏ အဓိပ္ပယ်သည် ထန်းဖူးတံ၊ထန်းခိုင်တံ ဖြစ်သည်ဟု ကောက်ယူသင့်သည်။
သို့အတွက် တပို့တွဲလ၏ အဓိပ္ပါယ်သည် ထန်းဖူး၊ထန်းခိုင်တံတို့ကို အောက်သို့ ကိုင်းညွတ်ဆွဲဆိုင်းခြင်း၊တွဲကျခြင်း ဖြစ်အောင်ပြုသောလ၊ ထန်းရည် နင်းသောလ ဖြစ်သည်ဟု အကျယ်တ၀င့် ရှင်းလင်းရေးသားထားပါသည်။
တပို့တွဲလတွင် စည်ကားစွားကျင်းပခဲ့သော ရာသီပွဲတော်မှာ မိးဖုန်းပွဲ ၊ မီးကုသိုလ်ပြုသောပွဲ ဖြစ်သည်။ "တပို့တွဲ ကျွဲချိုဖျားဆတ်ဆတ်ခါ" ဆိုသည်နှင့်အညီအလွန်အေးမြသော လရာသီ အချိန်ဖြစ် သဖြင့် ရှေးခေတ် မြန်မာကြီး များသည် မြတ်ဗုဒ္ဒအား ရည်စူး၍ မီးဖုန်းကုသိုလ် အလှုကို ကုသိုလ် တစ်မျိုးရစေရန် တီထွင်ခဲ့သည်ဟု ဆိုရပါမည်။
ယခုအခါ တပို့တွဲလတွင် ကျင်းပသော ရာသီပွဲတော်မှာ ထမင်းနဲပွဲ ဖြစ်သည်။ ကောက်ညှင်းဆန်၊ မြေပဲ၊နှမ်း စသည် သီးနှံသစ်များပေါ်ချိန်တွင် ထမင်းနှဲထိုးကာ လှုဒါန်းသောကြောင့် မြန်မာတို့၏ ကောက်သစ်ပွဲတော်ဟု ဆိုရပေမည်။ ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် ထင်ရှားကျော်ကြားခဲ့သော စာဆိုတော် ဦးပုညက "လှေခအလှူခံ မေတ္တာစာ" ရေးသားခဲ့ရတွင်…..

"ယာဂုထမနဲ၊ အိုးကြီးကွဲခါမှ၊ စွန့်ကြဲသည့် ဒါနလည်း နိပ္ဖလ မဆိုသာ၊ စေတနာဇောသန်၍၊ သမုဌာန်လွန်ကဲ ၍၊ အိုးကွဲမှ စွန့်လှူသည့်၊ ထိုသူတို့ကုသိုလ်လည်း မဂ်ဖိုလ်ဧကန်ရပေမည်"

ယာဂုထမနဲဆိုသောဝေါဟာရအရ ရှေးခေတ်အခါယာဂုဆိုသည်မှာလည်း ထမနဲပင်ဖြစ်သည်ဟု ယူဆ ဖွယ်ဖြစ်သည်။ သို့မဟုတ် ဆန်ကိုကျိုချက်သော ယာဂုနှင့် ကောက်ညှင်းကိုထိုးသော ထမနဲများကို အတူတကွ လှူဒါန်းခြင်းဖြစ်ပါသည်။
ကုန်းဘောင်ခေတ်နှောင်း သီပေါမင်း လက်ထက်တွင် တပို့တွဲလ၌ မီးပုံပွဲ(မီးဖုန်းပွဲ)နှင့် အတူ ယာဂုပွဲကိုပါ ကျင်းပခြင်းကို ကုန်းဘောင်ခေတ် မဟာရာဇ၀င်တော်ကြီးတွင် ရေးသားမှတ်တမ်းတင် ခဲ့သည်။
မီးဖုန်းအလှုပွဲကို၊ ယာဂုအလှုပွဲများသည် အလှုရေစက် လက်နှင့်မကွာ မြန်မာတို့၏ စေတနာကို ဖော်ပြနေသည့် သင်္ကေတများဖြစ်သည်။ အစဉ်အလာ ယဉ်ကျေးမှုများ မပပျောက်စေရန်နှင့် ကောင်းမှုကု သိုလ်မရရှိစေရန် အတွက် မီးဖုန်းပွဲ၊ ယာဂုထမနဲအလှူပွဲများကို တပို့တွဲလတွင် နှစ်စဉ် ကျင်းပခြင်းဖြစ် ပါသည်။

"တပို့တွဲပေမို့"
"ချမ်းပွေပွေ နှင်းဝေေ၀ကျပုံက ဖျန်းပြေပြေ၊ညင်းလောက ကြွပါဘိ၊ခင်းဗွေမှာတဲ့ ၊လွမ်းအောင်ဖန်။ တပို့တွဲပေမို့ ၊ယှဉ်နွဲကာ စန္ဒာနှင့်မှန်မကွာ ကြယ်မာဃတို့မှာ၊၀င်းပရောက်လျှံ။ ဟေမာမြိုင် ဆင့်မောက်ကဲပုံက၊ဝေဖြာလှိုင် ပွင့်ပေါက်နှင့် လဲရယ်တို့၊ တင့်လျှောက်တွဲပါလို့ ပင်ထက်ယံ (သြော်) ရွင်လျက်စံပါလို့ ၀င့်ကာပဲ။ ပြောင်းကြွယိုင်ဝေ၊ ယောက်မကိုင်မွှေလို့ ၊ထိုင်မနေ ရိုးရာပွဲမို့၊ပိုင်ပိုင်လေ ၊ ကိုးစရာအမြဲ သာပ (အိုကွယ်) ထိုးကြထမန။ဲ "
( ဆရာ သတိုးသောင်း)

မြန်မာ့ရာသီပွဲတော်များ (သာရဝေါ- စိုးကြည်)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ




ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။