ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ချစ်ခြင်း၏ပုံရိပ်များ



The love of this moment is what you have,
right now in your hands.
Cherish it,
Value it,
Experience it!

ခုအချိန်မှာ မင်း(ပိုင်ဆိုင်) ရရှိထားတဲ့
အချစ်ဟာ
မင်းလက်ထဲမှာ ရှိနေတာပါ
မြတ်နိုးယုယပါ
တန်ဖိုးထားပါ
တွေ့ကြုံခံစားပါ။

Forgiveness is first and foremost for your own sake, not for your partner's.
You forgive so that you may no longer carry the load of resentment with you.

ခွင့်လွှတ်ခြင်းဆိုတာ
ပထမဆုံးနဲ့ အရေးကြီးဆုံးကတော့ . .
မင်းရဲ့ ကိုယ်ကျိုးသက်သက်သာ ဖြစ်ပါတယ်. .
မင်း . . အဖော်မွန်ရဲ့ အကျိုးမဟုတ်ပါဘူး။

မင်းက ခွင့်လွှတ်လိုက်တဲ့အခါ
စိတ်မကျေနပ်မှု ၀န်ထုပ်ကြီးကို
မင်းနဲ့ အတူ အကြာကြီး
သယ်ပိုးမနေရတော့ဘူးပေါ့. . . ။

If you have love,
even a little of the rest can be enough.
Without love, even all of the rest will not be enough.

မင်းရင်ထဲမှာ ချစ်ခြင်းမေတ္တာရှိနေမယ်.
အကြွင်းအကျန်လေး ရှိမယ်ဆိုရင်တောင်
ပြည့်စုံလုံလောက်နိုင်ပါတယ်.
ချစ်ခြင်းမေတ္တာမရှိ
အကြွင်းအကျန်လေးတောင်မှ
လုံးဝမရှိရင်တော့
ပြည့်စုံလုံလောက်မှာ မဟုတ်ပါဘူး။

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

စိတ်ချမ်းသာခြင်း



No man is happy who
does not thank himself so.

စိတ်မချမ်းသာဘူးလို့ ထင်နေသမျှ
ဘယ်သူမှ ပျော်ရွှင်မှုကို ရမှာ မဟုတ်ပါဘူး။

လူတွေရဲ့ နေ့စဉ် ဖြတ်သန်းမှုတွေထဲမှာ
ပျော်ရွှင်မှုမပါတဲ့ ဆက်ဆံရေးဟာလဲ
ခြောက်ကပ်ကပ် နိုင်လှပါတယ်။

ပျော်ရွှင်မှုမပါတဲ့ အလုပ်ဟာလဲ
လူကို ပိုပြီးတော့ ငြီးငွေ့စေပါတယ်
ပျော်ရွှင်မှု မပါဘဲ အောင်မြင်ရေးဟာ
လူကို ပိုပြီး အထီးကျန်စေပါတယ်။

ဒီတော့ လူဟာ
ပျော်ရွှင်မှုကို ရှာကြံပြီး ယူရပါတယ်
ရှာကြံပြီး ပျော်ရွှင်မှုကို ယူတယ်ဆိုလို့
သင်တို့အနေနဲ့ အပျက်သဘောကို မတွေးရပါဘူး ။

စိတ်ကြည်လင် အေးချမ်းတာကိုပြောတာပါ
ပျော်ရွှင်မှုကို တခြားမှာ သွားရှာစရာမလိုပါဘူး
သင်တို့ နေ့စဉ် ဆက်ဆံနေတဲ့ လူတွေ
သင်တို့ နေ့စဉ် လုပ်နေတဲ့အလုပ်
သင်တို့ နေ့စဉ် သွားနေတဲ့ လမ်းကြောင်း
အဲဒီ ဖြတ်သန်းမှုတွေထဲမှာပဲ စိတ်အေးချမ်းမှု ကိုရှာရပါတယ်. .

တကယ်တော့ ပျော်ရွှင်မှုဆိုတာ ပူလောင်မှု မရှိတဲ့ စိတ်ကို ခေါ်တာပါ
အဲဒီတော့ သင်တို့အနေနဲ့ ကိုယ့်ဘဝ
ပျော်ရွှင်အောင်
ငြိမ်းချမ်းအောင်
တိုးတက်အောင်
စိတ်အေးချမ်းသာစွာဖြင့် လုပ်ရင် ပိုပြီးတော့ အောင်မြင်တယ် ဆိုတာပါပဲ. .

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သမီးလေးဖတ်ဖို့



He that can have patience; can have what he will.
စိတ်ရှည် သည်းခံနိုင်တဲ့ သူဟာ သူလိုချင်တာကို ရနိုင်သတဲ့

တစ်ခါတစ်ရံ ဘ၀မှာ စိတ်ရှည် သည်းခံနိုင်မှုဟာ သိပ်လိုအပ်တယ်. . .
စိတ်မရှည် လို့ သည်းမခံနိုင်လို့
လိုချင်တာကိုရဖို့ မစောင့်ဆိုင်းနိုင်တဲ့ အတွက်
လက်လွတ် ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတာ
ဖေဖေ့ကိုယ်တွေ့ပါ သမီးရယ်. . .
နည်းနည်းလေး စိတ်ရှည်ပြီး သည်းခံလိုက်ရင်
ကိုယ်လိုချင်တာ ရတော့မယ်ဆိုတာ သိရက်နဲ့
စိတ်တိုပြီး လှည့်ထွက်ခဲ့မိလို့
လိုချင်ရတာတွေနဲ့ လွဲခဲ့ရဖူးပါတယ်. . .

သမီးလေးလည်း ဖေဖေ့လို ဖြစ်မှာ စိုးတယ်. .
ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာကို
ခဏလောက် အချိန်ပေးပြီး
စိတ်ရှည် သည်းခံ စောင့်ဆိုင်းလိုက်ပါကွယ်. . .
လိုချင်တာတွေ ရလာပါလိမ့်မယ်. . .

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


သံသရာဆိုတာ


"ဒေါက်. . . . ဒေါက်. . . ဒေါက်"

"ဘယ်သူလဲ"

ကျွန်မက မေးလိုက်ပါတယ်. .

"သေမင်းပါ. . "

တံခါးလည်းဖွင့်၊ ကျွန်မလည်း အပြင်ထွက်ပြီး ပြောလိုက်ပါတယ်. . .

"ကဲ . . . လာသွားကြစို့. . "

"မင်းဘာမှ မယူတော့ဘူးလားကွ . ."

ကျွန်မယူရင်လည်း သူက ထားခဲ့ခိုင်းမှာပါ. . . အပိုစကားတွေ လာပြောနေမှန်းသိသာပါတယ်. .

"ဟင့်အင်း . . သိပ်ကြာမှာမှ မဟုတ်ဘဲ . . . ဒီနေရာမျိုး ပြန်ရောက် ဦးမှာပဲဟာ. . . "

ပြောပြီးပြီးချင်း သူ့အဖြေကို မစောင့်ဘဲ ကျွန်မသူ့ရှေ့က လျှောက်နှင့်လိုက်ပါတယ်. .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ရှာဖွေစူးစမ်း. . . .








၁၃.၁၂.၂၀၁၁ ရက်နေ့ ညနေခင်းမှာ ပုသိမ်မြို့ကမ်းနားလမ်းတွင် ကာလီမယ်တော် ဘုရားပွဲတော် ကျင်းပခဲ့ပါတယ်. . . .

ကာလီမယ်တော် ပွဲတော်အကြောင်းကိုတော့ ပွဲတော်ကျင်းပရာသို့ လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး အားမေးကြည့်ရာတွင် . . . .

ဘုရားပွဲတော်အား တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိကြောင်း . . အဲဒီပွဲတော်မှာ ပါဝင်မည့် သူများက သူတို့ ဘုရားကျောင်းမှာ (၇)ရက် ဥပုသ်စောင့်ရပါတယ်. . . ဥပုသ်စောင့်ပြီးလျှင် ကမ်းနားမှာ ရေချိုး ၊ ရေချိုးပြီးလျှင် . . . သံချွန်များဖြင့် သူတို့ကိုယ်ပေါ်တွင်ထိုးပြီး ဘုရားပွဲတော်ကို ကျင်းပခဲ့တယ် လို့သိရပါတယ် ဘုရားပွဲတော်တွင် ဥပုသ်စောင့်သူများမှာ မီးနင်းပွဲတော်ကို လည်းကျင်းပခဲ့တယ် လို့သိရပါတယ်. မေ16 တို့လည်း သွားကြည့်ပြီး. . ဓာတ်ပုံများ လက်လှမ်းမှီ သလောက် ရိုက်ခဲ့ပါတယ်.. . .


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ဇက်ကြောတက်ခြင်းနဲ့ ကျီးပေါင်းဖြစ်ခြင်းကိုကာကွယ်ပေးမည့် ယောဂကျင့်စဉ်

စာတွေ အမြဲတမ်းဖတ်ပြီး အလုပ်လုပ်နေရတဲ့သူတွေ၊ ကွန်ပျူတာရှေ့မှာ ထိုင်ပြီး အလုပ်လုပ်နေရတဲ့သူတွေ အမြဲတမ်း စာရင်းတွေတွက်၊ စာတွေရေးပြီး အလုပ်လုပ်နေရတဲ့သူတွေဟာ ကြာရင် ဇက်ကြောတက်လာတတ် ပါတယ်. . . လူတွေဧာ ဇက်ကြောတက်လာရင် ဆေးသောက်လေ့ရှိပါတယ်. . ဆေးဆိုတာကလည်း အမြဲ သောက်ရင် မကောင်းဘူး . . . ဒါကြောင့် ယခုတစ်ပတ်မှာတော့ ဇက်ကြောတက်ခြင်းကိုသာမက ကျီးပေါင်းတက်ခြင်း ကိုပါ ကာကွယ်ပေးမယ့် ယောဂကျင့်စဉ်ကို ဖော်ပြလိုက်ရပါတယ်. .

ပြုလုပ်နည်းကတော့ -

(၁) ဒူးထောက်၍ ထိုင်ပါ။
ပုံ(၁)
(၂) ညာဘက်လက်ကို ရှေ့တည့်တည့်သို့ ဆန့်ထုတ်လိုက်ပါ
ပုံ(၂)
(၃) ဘယ်ဘက်လက်ကို ညာဘက်လက် တံတောင်ဆစ်အောင်မှ ၀ိုက်၍ အပေါ်တည့်တည့်သို့ ထောင်လိုက်ပါ

ပုံ(၃)
(၄) ဘယ်ဘက်လက်ကို အားစိုက်၍ ဆန့်ထားသော ညာဘက်လက်ကို ဘယ်ဘက်သို့ ဆွဲလိုက်ပါ

ထိုအခါ ညာဘက်လက်သည် ရင်ဘတ်ရှေ့တည့်တည့်တွင် ကပ်၍ တစ်တန်းတည်း ဖြစ်နေရပါမည်.
ပုံ(၄)
(၅) မျက်နှာကို ညာဘက်သို့လှည့်လိုက်ပါ

ဤပုံစံအတိုင်းနေ၍ အသက်ကို ပုံမှန်ရှုသွင်းရှူထုတ်လုပ်ပါ. . . ၀င်လေ၊ ထွက်လေ တစ်ကြိမ်လျှင် ၁ ဟုမှတ်၍ ၁မှ ၁၀၀ အထိမှတ်ပါ

ပုံ(၅)

(၆) ပြီးလျှင် ဘက်ပြောင်း၍ ပြုလုပ်ပါ. .

မှတ်ချက်
-ဆန့်ထားသောလက်သည် ပခုံးနှင့် တစ်တန်းတည်းဖြစ်နေရမည်

-ခန္ဓာကိုယ် ကြွက်သားများကို အားပြုမထားပါနှင့် .

အကျိုးကျေးဇူး

-လက်မောင်းတစ်လျှောက် နှင့် လည်ကုတ်တစ်လျှောက်ကို သွေးလည်ပတ်မှု ကောင်းစေ၏

-အာရုံကြောများကို နိုးကြားမှု ဖြစ်စေ၏

- ဇက်ကြောတက်ခြင်းနှင့် ကျီးပေါင်း ဖြစ်ခြင်းကို ကာကွယ်ပေး၏

နန်းဆုကေဆွမ် ယောဂ သင်တန်း

Health Digest Journal

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ကမ္ဘာဦးရဲ့ အဆုံး




ကမ္ဘာဦးအစမှာ ဘုရားသခင်က သူဖန်ဆင်းတဲ့ အာဒံနဲ့ ဧ၀အတွက် ဧဒင်ဆိုတဲ့ ဥယာဉ်ကြီး ဖန်ဆင်းထားသတဲ့. . . အဲဒီဥယာဉ်ကြီးထဲမှာ လိုတာ အကုန်ရစေနိုင်တဲ့ ပဒေသာပင်တွေက အများကြီးပဲ. . . ပျော်စရာကြီးပေါ့လေ. .

အဲ့ဒီတော့ ကမ္ဘာဦး လူသားတွေမှာ ဒုက္ခမရှိဘူးတဲ့

ဒါပေမယ့် . . . အဲဒီဥယာဉ်ထဲမှာ အပင်တစ်ပင်က အသီးကိုတော့ မခူးဆွတ် မစားသုံးရဘူးလို့ အမိန့်ထုတ်ထားသတဲ့. .

တစ်နေ့တော့ အာဒံရဲ့ မိန်းမ ဧ၀စာ မြွေတစ်ကောင်ရဲ့ တိုက်တွန်းမှုကြောင့် ဘုရားသခင် တားမြစ်ထားတဲ့ သစ်ပင်က အသီးကိုမှ ခူးဆွတ်လိုက်သတဲ့. . . အဲ့ဒီအခါမှာ အနာရောဂါ၊ အလိုမပြည့်ခြင်း၊ ငတ်မွတ်ခြင်း အစရှိတဲ့ ဒုက္ခတွေကို လူတွေက စတင်ခံစားကြရတော့တယ်တဲ့ ကွယ် . .

ပြောသူက အဲဒီနေရာမှာ သူ့ပုံပြင်ကို အဆုံးသတ်သွားပါတယ်. . ဒါပေမယ့် ကျွန်မတို့အတွေးက တကယ်လို့ အခု အချိန်အခွင့်ကြုံရင် မစားကောင်းတဲ့ အသီးတွေကို ခူးဆွတ်စားသုံးနေကြသူတွေဟာ ဧ၀လို မိန်းမသာမက အာဒံလို ယောက်ျားတွေလည်း အများကြီးရှိတယ် ဆိုတာကို ဘုရားသခင်ကို အသိပေးချင်လာမိပါတယ်. .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

တပုဿနှင့်ဘလ္လိက ညီနောင်တို့အား ပူဇော်ရန် ဆံတော်ချီးမြှင့်နေပုံ




ဗုဒ္ဓမြတ်စွာဘုရားသည် ဘုရားဖြစ်၍ မကြာမီ လင်းလွန်းပင်အောင်၌ သီတင်းသုံးနေတော်မူစဉ် ဥက္ကလာပမည်သော ဇနပုဒ်မှ တပုဿနှင့် ဘလ္လိကမည်သော ကုန်သည်ညီနောင် ၂ ယောက်တို့ သည် ဘုရားပွင့်ရာ မဇ္ဈိမဒေသသို့ ကူးသန်းရောင်းဝယ်သွားကြ၏ ထိုညီနောင်၏ ရှေးဘ၀က ဆွေမျိုးတော်စပ်ခဲ့ဖူးသော နတ်သည် ကိုယ်ထင်ပြ၍ ဗုဒ္ဓမြတ်စွာပွင့်တော် မူလာကြောင်းကို ပြောပြီးလျှင် ပါလာသောမုန့်များကို ကပ်လှူကြလေဟု တိုက်တွန်းကာ နေရာကို ညွှန်ပြလိုက်လေသည်။

ထိုညွန်ပြချက်အရ ဗုဒ္ဓအထံတော်သို့ ချဉ်းကပ်ကြ၍ မိမိတို့မှာ ပါလာသောမုန့်များကို ကပ်လှူကြပြီးလျှင် "ဗုဒ္ဓမြတ်စွာနှင့် တရားတော်မြတ်ကို ဆည်းကပ် ကိုးကွယ်ပါ၏ . . ယနေ့က စ၎င်း ဥပသကာ မှတ်တော်မူပါ " ဟု လျှောက်ကြလေသည်. . ထို့နော် "ယနေ့ကစ၍ ဘယ်အရာကို ရိုသေမြတ်နိုးရှိခိုးရမည်နည်း " ဟုလျှောက်ထား ကြပြန်ရာ. . ဗုဒ္ဓမြတ်စွာသည် လက်တော်ဖြင့် ဦးခေါင်းတော်ကို သုံးသပ်၍ ငြိကပ်ပါလာသော ဆံတော်များကို သနားချီးမြှင့်တော် မူလိုက်လေသည်. .

CAKES BEING OFFERED TO THE BUDDHA BY THE BROTHERS TAPUSSA AND BHALLIKA

Not long after his attainment of Supreme Buddhahood, the Blessed One sat cross-legged at the foot of the Rajayatan tree (Buchanania latifolia). At thtat time two brothers Tapussa and Bhallika, from a village called Ukkala went fro trade to ( the middle Districts of ) India where the Buddha was dwelling. A deity who was related to them in a past existence informed the two brother that the Blessed One had recently attained the Supreme Buddhahood, and directed to the place where the Bleessed One was then dwelling. The deity also instructed them to offer to the Buddha the cakes which they had brought with them.

As directed by the deity, the two brothers aproached the Buddha and offered the cakes which they had brought. They then addressed the Buddha with the words " We take our refuge, Lord, in the Blessed One and the Dhamma; may the Blessed One receive us as disiples, who from this day forth, while our life lasts, have taken their refuge in Him". They then asked the Blessed one. "What shall we receive as an object of worship from today, Lord? " . The Blessed One rubbed his head with his hand and gave to the two brothers whatever hairs came off and stuck to his hand.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သံဖြူကျောင်း (၆) ကြိမ်မြောက် ယဉ်ကျေးလိမ္မာတရားစခန်း

သံဖြူကျောင်းဆရာတော် အရှင်အာစာရ (ဓမ္မဒူတ)

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့နယ် ၊ ပုသိမ်မြို့ ရ.ယ.က (၁၀) နယ်မြေ ၊ပိတောက်ချောင်းရပ် သံဖြူကျောင်း ပရိယတ္တိစာသင်တိုက် တွင် (၆) ကြိမ်မြောက် ကလေးများ ယဉ်ကျေးလိမ္မာ သင်တန်းတရားစခန်းကို သံဖြူကျောင်းဆရာတော် အရှင်အာစာရ (ဓမ္မဒူတ) မှ ဦးစီး၍ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့မှ (၆) ရက်နေ့ ထိ ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဆရာများအဖြစ်၊ သံဖြူကျောင်းဆရာတော် နှင့် ရေကျော်ကျေးရွာအုပ်စု အခြေခံပညာမူလတန်းကျောင်းမှ ဆရာဆရာမများ ဦးစီးသင်ကြားပေးခဲ့ပါတယ်။


သင်တန်းသားများအဖြစ် ကျောင်းသား/သူ စုစုပေါင်း ၃၈၀ကျော်တက်ရောက်ကြပြီး၊ သင်တန်းပို့ချရတဲ့ ရည်ရွယ်ချက်များကတော့-
-ကလေးသူငယ်များ ဗုဒ္ဓဒေသနာတော်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ၊ မိရိုးဖလာဗုဒ္ဓဘာသာမှ ဗုဒ္ဓဘာသာဝင် စစ်စစ်များ ဖြစ်နိုင်ကြစေရန်
- အသိအလိမ္မာတိုးပွားကြစေရန် လည်းကောင်း
-ဘုရား၊တရား၊ သံဃာ၊ ဆရာ၊ မိဘနှင့် သက်ကြီးဝါကြီးများ အပေါ်၌ ရိုသေလေးစားဂါရ၀တရား ထားနိုင်ကြစေရန် လည်းကောင်း ရည်ရွယ်၍


ယနေ့လူငယ်၊နောင်ဝယ်လူကြီး ဖြစ်လာမည့် ဖယောင်းသားနှယ်ကလေးငယ်များအား “ယဉ်ကျေးလိမ္မာ သင်တန်းများကို” ၂၀၀၅ ခုနှစ်မှ စတင်၍ သံဖြူကျောင်းဆရာတော် အရှင်အာစာရ (ဓမ္မဒူတ) မှ ဦးစီး ဖွင့်လှစ်ပေးခဲ့ပါသည်။

သင်တန်းတွင်နေ့စဉ်သင်ကြားမှတ်သားစေမည့် ဘာသာရပ်များမှာ-


(၁) အားကစားနှင့် ကာယပညာ
(၂)လူမှုကျင့်ဝတ်ဘာသာ
(၃)ဘ၀တွက်တာ ကျွမ်းကျင်စရာဘာသာ
(၄)စာရိတ္တမြှင့်တင်ရေးဘာသာ
(၅)ကျန်းမာရေး ပညာဘာသာ
(၆)ဓမ္မဂီတပညာဘာသာ
(၇)ယဉ်ကျေးလိမ္မာဆုံးမစာဘာသာရပ်များဖြစ်ပါသည်။


ဖေဖော်ဝါရီလ ၄ရက်နေ့သင်တန်း စတင်ချိန်မှာတော့ ကျောင်းသားကျောင်းသူလေးများရဲ သင်တန်း ကို စိတ်ပါဝင်စားစွာ၊ ပျော်ရွင်စွာနဲ့ လိုက်နာသင်ယူကြတာကို ၀မ်းသာပီတိဖြစ်ဖွယ် တွေ့မြင်ခဲ့ရပါတယ်။ ဆရာတော်နှင့်တကွ ဆရာဆရာမများက လည်း ကလေးငယ်များအပေါ် စေတနာ အင်အားကြီးမားစွားနှင့်သင်ကြားပေးနေကြပါတယ်. . .


သံဖြူကျောင်းတွင် ကလေးများယဉ်ကျေးလိမ္မာသင်တန်းတရား စခန်းများသာမက လူကြီးတရားစခန်းများ ကိုလည်း နှစ်စဉ်ကျင်းပ ပေးလျှက်ရှိပါသည်.. . .

သံဖြူကျောင်း ပရိယတ္တိစာသင်တိုက် လူငယ်ပညာသင်ကြားရေး ပရဟိတဂေဟာကျောင်းတွင် မျိုးဆက်သစ်လူငယ်များကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှ စပြီး တက္ကသိုလ် ကျောင်းအိပ်ကျောင်းစား ကလေး (၅၆)ဦးနှင့် နေ့တက်ညပြန် ကျောင်းသား /သူ (၂၅) ဦးတို့အား အထိ စုစုပေါင်း ကလေး (၈၁) ဦးကို ပပညာသင်ကြားစေလျှက်ရှိပါသည်။ ကျွန်မတို့အဖွဲ့သားများကလည်း ကလေးများကို Vicee နှင့် Decolgen ဆေးများကို ဝေပေးခဲ့ပါတယ်.

ဆရာတော်မှ "ဂရုဏာထား၊ မေတ္တာပွား၊ စိတ်ထားဖြူစွ၊ ပရဟိတ" ဟူသောခံယူချက် ကို စွဲစွဲမြဲမြဲ လက်ကိုင်ထားပြီး ကျောင်းတိုက်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ၊ စာသင်သား ရဟန်းသာမဏေများ ပြည့်စုံစွာဖြင့် ငယ်၊လတ်၊ကြိး ဓမ္မာစရိယ စာပေများ သင်ကြားနိုင်အောင်၊ ကျောင်းသား/သူများ ထက်၊လယ်၊မူပညာသာမက တက္ကသိုလ်ပညာများပါ ခံယူချက်ရှိရှိ ကြိုးစားအားထားစွာ သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။

ယဉ်ကျေးလိမ္မာကလေးသင်တန်း၊ လူကြီးတရားစခန်းပွဲများနှင့် သံဖြူကျောင်း ပရိယတ္တိစာသင်တိုက်ကြီးသို့ ကျောင်းစရိတ် ၊ စားစရိတ်နှင့် လိုအပ်သော အထွေထွေစရိတ်များကိုလည်း အလှူငွေများဖြင့် လှူဒါန်းပံ့ပိုးနိုင်ပါသည်. .

ဆက်သွယ်လှူဒါန်းလိုပါက လိပ်စာအပြည့်အစုံမှာ. . ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ “အာစာရ” (ဓမ္မစရိယ) သံဖြူကျောင်း လူငယ်ပရဟိတ စာသင်တိုက် ရ.ယ.က( ၁၀) ၊ ပိတောက်ချောင်း၊ ပုသိမ်မြို့။ ဖုန်းနံပတ် 042-25841 နှင့် 09-8569329 များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

“ကလေး ကလေး အထင်မသေးနဲ့”
“ကလေးက လူကြီးဖြစ်တာ”
“ကလေးကောင်းမှ လူကြီးကောင်းမှာ”
“လူကြီးကောင်းမှ အားလုံးကောင်းမှာ။”

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ခရီးသွားကြသူများ



"ခရီးသွားကြသူများ"

ခရီးသွားမည် ၊
ဆီးတားလက်ပြ၊ ထိုနေ့ကတည့်
လမ်းမဘေးကပ်၊ ကားကြီးရပ်သော်
ဖျတ်လတ်မြန်လျင်၊ သတိယှဉ်၍
တိုးဝင် ရုတ်ရုတ်၊ ကားကြီးလှုပ်လည်း
အထုပ်ကလေး ရင်မှာထွေး။
ကျွန်ုပ်ခရီး ဆက်ခဲ့သေး။

ခရီးသွားချင်း၊ စကားခင်းကာ
ရင်းနှီးချစ်သွေး၊ လောကရေးနှင့်
ရှေးဖြစ်နောက်ကြောင်း ၊ အတိတ်ဟောင်းကို
ပြန်ပြောင်းဆွေးနွေး၊ သူတို့တွေး။
တချို့ပြောဆို နေကြသေး။

ခရီးသွားချင်း၊ စကားတင်းကာ
ငြင်းခုန်ရန်ပြု ၊ နေရာလု၏
သူ့ထက်ငါရ ၊ သာလိုကြ၍
ကာလတိုလေး ရင်မအေး။
တချို့ရန်စောင် နေကြသေး။

ခရီးသွာချင်း၊ ရင်းလိုရင်းစေ
ခရီးသွားချင်း၊ ငြင်းလိုငြင်းစေ
မသွေလမ်းကြောင်း၊ မတိမ်းစောင်းဘဲ
ယာဉ်မောင်းဦးဆောင်၊ ညဥ့်အမှောင်ဝယ်
လရောင်ဖြာလိုက်၊ ငုပ်လျှိုးလိုက်နှင့်
တိမ်တိုက် ဆီးတုံ ၊ မဆီးတုံနှင့်
အရုဏ်နီအား၊ မြင်ရငြားစဉ်
ကားကြီးစက်သတ် ရပ်လေပြီ။

ခရီးဆုံးလျှင်၊ ထိုအခါတွင်၌
ပြင်ဆင်အသင့်၊ ရှိနှင့်သူက
ဦးစွာထ၏။
ပြင်ဆင်အသင့်၊ မရှိလင့်က
နောက်ကျပေ၏၊ သို့ဖြစ်ဘိလည်း
ကိုယ်၏အထုပ်၊ သူ့အထုပ်တည့်
အထုပ်လေးများ၊ ထားရာမှယူ
သူလည်းသုတ်သုတ်၊ ကိုယ်သုတ်သုတ်ပင်
ရုတ်ရုတ်ရက်ရက်၊ ခရီးဆက်ဖို့
ခွဲထွက်ခဲ့ကြ ပြန်ပါသတည်း။

မြင်းမူမောင်နိုင်မိုး

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။