ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မြှားပစ်ဝိဇ္ဖာ

လူတစ်ယောက်က ကျွန်တော့ကို သူ့နှလုံးသားရေးရာနဲ့ ပတ်သက်လို့ လာရင်ဖွင့်ပါတယ်...

လူငယ်. . . . . . အဆင်မပြေဘူးဗျာ. . . လွဲလွဲနေတယ်.. . အကြံပေးပါဦး. .

ကျွန်တော်. . .. မင်းတောပုန်းကြီး ရော်ဘင်ဟုကို ကြားဖူးလား. . .

လူငယ်. . . . .အင်း

ကျွန်တော်. . . သူ့ဆီမှာ မင်းရဲ့ မြှားနတ်မောင်ကို လေးပစ်သင်တန်းတက်ခိုင်းလိုက်. . အဆင်ပြေသွားလိမ့်မယ်. . .

အဲဒီလူငယ်လေးလည်း ကျွန်တော့ အကြံပြုချက်ကို စဉ်းစားသွားပါတယ်. . . .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ဘ၀ထဲက ကဗျာ ကဗျာထဲကဘဝ

စာရေးဆရာမြင်းမူမောင်နိုင်မိုး၏ "ဘ၀ထဲက ကဗျာ ကဗျာထဲက ဘ၀" စာပေဟောပြောပွဲ အသံဖိုင်အား အောက်ပါလင့်တွင် နားဆင်နိုင်ပါသည်...
http://www.myanmarfriendconnect.com/_-/audio/916677/67853.html

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ဘ၀မှစာ စာမှဘဝ

စာရေးဆရာလယ်တွင်းသား စောချစ်၏ "ဘ၀မှစာ စာမှဘ၀" စာပေဟောပြောပွဲ အသံဖိုင် ကို အောက်ပါလင့်တွင် နားဆင်နိုင်ပါသည်...
http://www.myanmarfriendconnect.com/_-/audio/916479/67853.html

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

စာဖတ်ခြင်းဖြင့် ကြီးမြင့်ပါစေ

(၂၁.၁၁.၂၀၁၁) ခုနှစ် ည (၇) နာရီတွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ၊ မြို့တော်ခန်းမတွင် စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ ကျင်းပခဲ့ပါသည်။


စာပေဟောပြောပွဲတွင် "စာဖတ်ခြင်းဖြင့် ကြီးမြင့်ပါစေ" ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည့် စာရေးဆရာချစ်နိုင်၏ အသံဖိုင်ကို အောက်ပါလင့်မှ တဆင့် နားဆင်နိုင်ပါသည်။

စာရေးဆရာချစ်နိုင်(စိတ်ပညာ) - MyanmarFriendConnect Audio track - Myanmar social and media sharing network

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ခွန်အား

တစ်ခါကပါ. . .

မြစ်နဲ့ ကမ်းပါးတွေ ရန်ဖြစ်ကြပါတယ်...

မြစ်။ ။ တွေ့ကြရောပေါ့ကွာ. .

သူ့ရဲ့လှိုင်းတွေနဲ့ ကမ်းပါးတွေကို ဖြိုဖျက်ပစ်ပါတယ်.. .
ကမ်းပါးတွေ တအိအိပြိုလာလို့. . . . .

မြစ်။ ဟား ဟား ငါ့ရဲ့အစွမ်းကို တွေ့ပြီမဟုတ်လား . . . မင်းတို့ဘာတတ်နိုင်သေးလဲ. . . .

ကမ်းပါးတွေက ဘာမှ ပြန်မပြောပါဘူး. . .

အချိန်တန်တော့လည်း ပြိုကျသွားတဲ့ ကမ်းပါးတွေကပဲ သောင်ထွန်းပြီး မြစ်ကို ကောက်ကွေ့စေလိုက်ပါတယ်.. . .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သည်းခံခြင်း

အမေရိကန်လူမျိုးများသည် ရေးကြီးသုတ်ပြာ နိုင်ကြပါသည်. . . အခြားနိုင်ငံသားများက ရေးကြီသုတ်ပြာ နိုင်မှုကို အမေရိကန်လူမျိုးတို့၏ ထူးခြား လက္ခဏာ တစ်ခုအဖြစ် သဘောထားကြပါသည်. . . အခြားနိုင်ငံသားများက မြင်သောအမြင်မှာ မှန်ကန်ပါသည်. . . အမေရိကန်တို့သည် အောင်ပန်းဆင်နိုင်ဖို့အတွက် သွက်လက်စွာ လှုပ်ရှားကြပါသည်. . . ထိုအချက်သည်. . ကျွန်ုပ်တို့အတွက် တွန်းအားဖြစ်ပါသည်. . ထိုတွန်းအားသည် အမေရိကန် လူမျိုးများ၏ အကြီးမားဆုံးသော အင်အားဖြစ်ပါသည်...

အခြားတစ်ဖက်မှ ပြန်ကြည့်လျှင် လက်တွေ့ကျကျ ချက်ခြင်း အရေးယူဆောင်ရွက်တတ်သော အလေ့အကျင့် အင်အားသည် အားနည်းချက်လည်း ဖြစ်နိုင်ပါသည်. . ချက်ခြင်း လုပ်ရမှ ကျေနပ်သော အလေ့အကျင့်ကြောင့် သည်းမခံနိုင်သော လူမျိုးဟု အများစုက ယူဆလာကြပါသည်. . .

စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရာတွင်လည်း အလားတူ အကျိုးရလဒ်များ ကြုံတွေ့ခဲ့ရပါသည်. . . လုပ်ငန်းသဘောတူချက်ကို အခု လက်မှတ်ထိုး အခု ချက်ခြင်း စတင်အကောင်အထည် ဖော်စေချင်ပါသည်. . . ချက်ခြင်း လုပ်ချင်သော သဘောက ဦးဆောင်လွန်းသည့်အတွက် လုပ်ငန်း လုပ်ကိုင်ရန် စဉ်းစားဖို့အချိန်မယူသော အခြေအနေများ မကြာခဏ ကြုံတွေ့ကြရပါသည်. . . အလုပ်လုပ်ရာတွင် မြန်မြန်ဆန်ဆန် ရေးကြီးသုတ်ပြာလုပ်ခြင်မှုများ သည်းမခံနိုင်မှုများကြောင့် အလုပ်တစ်ခု မလုပ်မီ သေသေချာချာ ချင့်ချိန် ပြုမူလိုသော လူအများ ရနိုင်သည့် အခွင့်အရေးများကို ဘေးဖယ်ထားရာ ရောက်နေပါသည်. . . .

သည်းခံနိုင်စွမ်းသည် သတ္တိ တစ်မျိုးပင်ဖြစ်သည်. . . . သည်းခံနိုင်ခြင်းမှာ ရည်မှန်းချက် ပြည့်ဝရေးအတွက် ဖြည့်ဆည်းပေးနိုင်သော . သတ္တိထူး တစ်မျိုးပင်ဖြစ်သည်... သည်းခံနိုင်မှုသည် သင်ပြုပြင်ပြောင်းလဲနိုင်သည်ကို ပြုပြင်နိုင်သော စွမ်းရည် လဲ ဖြစ်ပါသည်. . . ကွဲပြားခြားနားချက်ကို သိမြင်နိုင်စွမ်းသာ အသိဥာဏ်လည်း ဖြစ်ပါသည်. . . ဘ၀တွင် မျှော်မှန်းထားသော ရည်မှန်းချက်များကို ပြည့်ဝ အောင် ဖြ့ည်ဆည်းလိုသော ဆန္ဒလေးနက်လေလေ ၊ အခက်အခဲများကို ရင်ဆိုင် ဖြေရှင်းနိုင်ဖို့အတွက် သည်းခံဖို့ ပိုလိုလာလေဖြစ်သည်. .

သည်းခံမှုဆိုသည်မှာ လှုပ်ရှားသည့် သဘောသက်ဝင်ပါသည်. . . ငြိမ်သက်နေသည့်သဘောမဟုတ်ပါ. . . တက်ကြွသည့် သဘောရှိပါသည်. . . တွေ့ကြုံလာသည့်အခြေအနေကို ငြိမ်ခံနေသည့်သဘောမဟုတ်ပါ. . . . ကိုယ်ကြမ္မာကိုယ် ဖန်တီးဦးစီးဆောင်နိုင်ဖို့အတွက် အပြုသဘော ဆောင်သော တွန်းအား တစ်မျိုးဖြစ်ပါသည်. . . သည်းခံမှုသည် တစ်ခုတည်းသော ဘ၀ရည်မှန်းချက်ကို ဦးတည်လုပ်ပေးထားမှုနှင့် ကိုယ်တိုင် ဆင်ခြင် ထိန်းကျောင်းမှုတို့ အကျုံးဝင်ပါသည်. .

ကိုယ်လျှောက်လှမ်းနေရသည့် ဦးတည်ချက်ကို ကောင်းစွာ သိမြင်နေသောအခါ သင့်ရည်မှန်းချက်ပြည့်ဝရေးတွင် ကြုံတွေ့လာရသော အခက်အခဲများကို သည်းခံနိုင်စွမ်းရည် တိုးပွားလာပါသည်. . . သင့်အနေဖြင့် သင်မျှော်လင့်ထားသော ပန်းတိုင်သို့ ရောက်မည်ကို တိတိကျကျသိနေပါသည်. . လမ်းခရီးတွင် ကြုံတွေ့ရသော အခက်အခဲများမှာ ယာယီအနှောင့်အယှက် အဟန့်အတားအနေဖြင့်သာ မြင်လာပါသည်. . .

သည်းခံသော စိတ်ကို ဘယ်လိုမွေးမလဲ. . . . သင့်ဘ၀ရည်မှန်းချက်ကို တိတိကျကျ ဆုံးဖြတ်ချက်ချပြီးလျှင် သည်းခံနိုင်ဖို့ လွယ်ကူပါသည်. . ထိုရည်မှန်းချက်ပြည့်ဝဖို့အတွက် သင်၏ စိတ်ဆန္ဒတစ်ခုလုံးကို စူးစိုက်ထားပါ.် . . ရည်ရွယ်ချက် ပြည့်ဝဖို့အတွက် ပြင်းပြသော စိတ်ဆန္ဒကိုမွေးထားပါ. . . သင်၏ စဉ်းစားတွေးခေါ်မှု လုပ်ကိုင် လှုပ်ရှားမှုနှင့် ဆုတောင်းမှန်သမျှတို့သည်. . ထိုရည်မှန်းချက်ပြည့်ဝမှုအတွက်သာ ဦးတည်ထားခဲ့လျှင် သည်းခံသော စိတ်ကို မွေးရန် လွယ်ကူပါသည်. . .

သင့်ဘ၀တွင်လည်း အဓိကကျသော ဘ၀ပန်းတိုင်အပေါ် အာရုံစူးစိုက်ထားပါက. . . ထိုပန်းတိုင်ရဖို့အတွက် လိုအပ်သော သည်းခံစိတ်များ ဖြစ်ပေါ်တိုးတက်လာပါလိမ့်မည်. . . .

ဒေါက်တာသိန်းလွင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ရေရောင်ပါသည် ဘုရား

အမရပူရမြို့တော်သည် ဧရာဝတီမြစ်နှင့် နှစ်မိုင်ကျော် သုံးမိုင်ခန့်ဝေးသည်. . . ဧရာဝတီမြစ်ရေသည် တိုးသထက်တိုး၊ တက်သထက် တက်လျက်ရှိသည်. . အမရပူရမြို့ မြောက်ဘက်နားသို့တိုင် ရောက် သည်. . မတ္တရာဘက်မှာ စီးဆင်းသော ရွှေတစ်ချောင်းနှင့် ပေါင်းဆုံသည် . . ရေပြင်ကျယ်ကြီးဖြစ်ကာ စိုးရိမ်နေရပေပြီ. . . ယခုထက် ထပ်၍ တိုးလျှင် အမရပူရမြို့တော်ထဲသို့ ရောက်ပေတော့မည်.. .

"ဧရာဝတီမြစ်ရေက . . . တစ်နေ့ထက် တစ်နေ့ အတက်ကြမ်းနေမင့်၊ နေပြည်တော်ထဲ . . . ရောက်နိုင်မယ် ထင်ပါ့ ပေါ်ဦး"

"မှန်လှပါ . . . အရှင်ဘုရား ယခုထက် တပ်၍ တိုးလျှင် နေပြည်တော်အတွင်းသို့ ရောက်နိုင်ကြောင်းပါ ဘုရား. . "

"သဟာဖြင့် ရေမတိုးအောင် မောင်မင်းမကြံနိုင်ဘူးလားကွယ့်. . ."

"မှန်လှပါ .. . ဘ၀ရှင်မင်းတရားကြီး ဘုရား . . . ရှေးဘေးလောင်းတော်. . ဘိုးလောင်းတော်တို့၏ အစဉ်အလာအတိုင်း လိုက်နာ ကျင့်ကြံသင့်ကြောင်းပါ ဘုရား. . . "

ဦးပေါ်ဦးက လျှောက်ထားသည်. . .

"အဘယ်သို့များလဲ. . ကွယ့်. . "

"ဘုန်းတန်ခိုး တေဇော် ကြီးတော်မူလှသော ရေမြေ့သခင်. လက်နက်စကြသခင်၊ မင်းတရားကြီးက ရေ ဆက်လက်၍ မတိုးအောင် အမိန့်တော် ပြန်ကာ ကြိမ်ဖြင့် ရိုက်သင့်ကြောင်းပါ ဘုရား . . ."

"စမ်းကြည့်ရအောင် ကွယ်. . ."

ဘိုးတော် မင်းတရားကြီးသည် ဦးပေါ်ဦး၏ စကားကို ယုံသည်. . . မြှောက်ပေးတိုင်းလိုပသည်. . ရေကို ကြိမ်နှင့် ရိုက်သည်. . .

"ရေ မြေ့သနင်း . . ငါရှင်ဘုရင်မင်းမြတ်ရဲ့ အမိန့် ၊ မတိုးနဲ့ မတိုးနဲ့. . . "

နှုတ်ကလည်း မိန့်တော်မူသည်. . . မရပါ. . . ရေ က မလျော့ပါ. . . နောက်ရက်များတွင် ထပ်၍ပင် တိုးလာသေးသည်. . . .

"ပေါ်ဦး နင့်ရေက မလျော့သည့် အပြင် ထပ်၍ပင် တိုးလာပါကလား . . . ."

"မှန်လှပါ . . . ရေတိုးခြင်း မဟုတ်ကြောင်းပါ ဘုရား . . ."

"ရေတက်နေတာ မြင်လျက်နဲ့ ပေါ်ဦးရယ်. . . "

မင်းတရားကြီး က မချင့်မရဲ ဆိုသည်. . .


"မင်းတရားကြီး၏ ဘုန်းတော်ကြောင့် . . . ရိုက်လိုက်သည့်  အတွက် ရေများ ရောင်ခြင်း ဖြစ်ပါသည် ဘုရား. . ."

ဘိုးတော် ဦးဝိုင်းမှာ မည်သို့မျှ မပြောသာ. . . မိမိစကားကို မိမိ မမှန်, မှန်အောင် ကြံဖန်ပြောတတ်သည့် ဦးပေါ်ဦးကိုသာ ငေးကြည့်နေမိသည်. . .

တတ်လည်း တတ်နိုင်သည့် ဦးပေါ်ဦးပါပေ. .

ဦးပေါ်ဦး လျှောက်ထုံးပုံပြင်များ

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သမီးလေးဖတ်ဖို့

သမီး....
လူတွေကို ကြီးပွား ချမ်းသာအောင်
လုပ်မပေးနိုင်ပေမယ့်
သူတို့ စိတ်ချမ်းသာအောင်တော့
ဖေဖေတို့လုပ်ပေးနိုင်ပါတယ်..

ဘယ်လို လုပ်ရမလဲ သိလား
သူတို့နဲ့တွေ့ရင်
ရွှင်လန်းကြည်သာ ပြုံးပြပါ

သူတို့ပြောတာ နားထောင်ပါ..
ရိုးသားစွာ ချီးမွမ်းပြောဆိုပါ.
စေတနာနှင့် တိုက်တွန်းအားပေးပါ...
ကူညီနိုင်တာကို ကူညီလိုက်ပါ..

ဒါဆို ဖေဖေတို့နဲ့
တွေ့တဲ့ သူတိုင်းဟာ
စိတ်ချမ်းသာ သွားမှာ သေချာတယ်.

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

တစ်ပါးသူကို ကောင်းမှုပြုပါ၊ ပြုကြောင်းကို မပြောပါနဲ့

ကျွန်ုပ်တို့အများစုသည် သူတစ်ပါးကောင်းကျိုးကို တစ်စုံတစ်ရာ ဆောင်ရွက်ပေးတတ်လေ့ ရှိကြသည်. . . သို့သော ထိုသို့ပြုကြောင်းကို အခြားသူများ သိစေချင်သောစိတ်ဖြင့် တစ်ဆင့်ပြောမိလေ့ရှိကြသည်. . . .

ကိုယ်ပြုလုပ်သော ကောင်းမှုကောင်းရာကို တစ်ဦးဦးအား ဖော်ထုတ်ပြောခြင်းအားဖြင့် ကိုယ့်မှာ တွေးတော စာနာတတ်သည် ဟု အတွေးပေါ်ကြသည်. . . .ထို့ပြင်ကိုယ်က ဤမျှကောင်းသောကြောင့် ကိုယ့်မှာလည်း စာနာ ထောက်ထားခံရသင့်သည်ဟု လည်း စိတ်တွင် ဖြစ်ပေါ်မိကြသည်. .

ကောင်းသောစိတ်ထား စေတနာဖြင့် ပြုလုပ်ခြင်းဟူသမျှ နှစ်သက်ဖွယ်ဖြစ်သော်လည်း ထိုကိစ္စကို ဘယ်သူ့ကိုမျှ ထုတ်ဖော် မပြောခြင်းသည် ပို၍ပင် ချီးမွမ်းဖွယ်ဖြစ်ပေသည်. . . သူတစ်ပါးကို ပေးကမ်း ကူညီရခြင်းကြောင့် အမြဲတမ်း စိတ်ချမ်းသာရပါ၏. . . . . ထိုစိတ်ချမ်းသာမှုကို အခြားသူများသို့ ဖောက်သည်ချခြင်းထက် မိမိစိတ်ထဲတွင်သာ ထားရှိနိုင်ပါက ကြည်နူးစိတ်ကို သိမ်းဆည်းလျက် ပို၍ပင် စိတ်ချမ်းသာရာ ရနိုင်ပေသည်. .

ပေးကမ်းရခြင်းအတွက် အတုံ့အပြန်မထားသော စိတ်ရှိသင့်သည်မှာ မှန်ပါ ၏ ပေးကမ်းလိုက်သည့်အကြောင်း ကို . အခြားသူများအား နှုတ်မှ ဖွင့်ဟပြောဆိုခြင်းမပြုပါလျှင် ပေးကမ်းရသည့်အတွက် နွေးထွေးမှုကို ဖြစ်စေသော စိတ်ချမ်းသာမှုကို ရပါလိမ့်မည်. . . နောက်နောင်တွင် ကောင်းမှုပြုသည့်အခါတိုင်း၌ ကိုယ့်စိတ်ထဲတွင်ထားပြီး ကြည်နူးနိုင်ပါက ပြည့်ဝသော စိတ်ချမ်းသာမှုကို ရပါလိမ့်မည်. .

မောင်ဆုရှင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အချစ်ရဲ့ဂရပ်မျဉ်း

ကျွန်တော့်မိတ်ဆွေ ဆရာဝန်တစ်ယောက်က ရင်ဖွင့်တယ်

မိတ်ဆွေ . . . . "ငါ့မိန်းမက ဂရုတော့စိုက်ပါရဲ့ ပူညံ . . ပူညံနဲ့ကွာ. . . သူဂရုစိုက်တဲ့ အချိန်မှာ ပျော်ဖို့ကောင်းသလောက် ဆူပူနေတဲ့ အချိန်ဆို စိတ်ညစ်ဖို့ကောင်းတယ်. . တကယ်ပါပဲ. ."

ကျွန်တော်. . . . ."ခင်ဗျားနှလုံးခုန်တိုင်းတဲ့ စက်ကို သိမှာပေါ့ ."

မိတ်ဆွေ. . . . . "အင်း "


ကျွန်တော်. . . . . "အဲဒီလိုပါပဲဗျာ . . . အဲဒီစက်မှာ ဂရပ်မျဉ်းတွေက တက်လိုက် ကျလိုက်ဖြစ်နေရင် အသက်ရှင်နေသေးတယ်. . . . တဖြောင့်တည်း ပြနေရင်တော့ သေပြီပေါ့. . . . ခင်ဗျားမိန်းမက အခုလို ပူညံ ပူညံ လုပ်လိုက် ကြင်နာလိုက်ဆိုတော့ အချစ်ရဲ့ ရှင်သန်မှုကို ပြနေတာပဲ. . ."

"ဘာမှ မဖြစ်တော့ဘဲ ငြိမ်သက်သွားပြိ ဆိုရင်တော့ အချစ်က သေဆုံးသွားပြီပေါ့ . . "

ကျွန်တော့မိတ်ဆွေ ကျေနပ်သွားပုံ ပေါ်ပါတယ်. . . .

သူ. . . ဘယ်တော့ ကျွန်တော့ကို ပူညံ ပူညံ လာလုပ်ဦးမလဲ တော့ ကျွန်တော်လည်း မသိပါဘူး. . .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အသက်ကြီးရင့်လာတာကို ကြောက်ဖို့မလို

အသက်ကြီးလာတဲ့ သူတွေဟာ လူငယ်တွေလို ပျော်ရွှင်နိုင်ကြတာပါပဲ. . . သက်ရွယ်ကြီးရင့်လာသူတွေဟာ အသက်နဲ့ လိုက်လျောညီထွေပြင်ဆင်နေထိုင် ကြမယ်ဆိုရင် သူတို့ဘ၀နဲ့ သူတို့ တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ကျေနပ်မှု ရရှိခံစား နိုင်ကြပါတယ်. .

ဖလော်ရီဒါ တောင်ပိုင်းတစ်ခွင်မှာ မစ္စတာနယ်လဆင်ဆိုရင် လူတော်တော်များများ မြင်နေတွေ့နေကျ သူတစ်ဦးပါပဲ. . . သူ့ကို သူ့ခြံထဲမှာ ဖြစ်ဖြစ် နေ့လယ်နေ့ခင်း စက်ဘီးစီးနေတာပဲ ဖြစ်ဖြစ် တွေ့နေကြရပါတယ်. . . သူက လူတိုင်းနဲ့ ခင်မင်တတ်သလို သူနဲ့သာ တွေ့ပြီဆိုလို့ကတော့ သူ့မှာ ပြောစရာ ဇာတ်လမ်း တစ်ပုဒ်ပုဒ် ရှိနေတတ်ပါတယ်. .

မစ္စနယ်လဆင်ကို မေးကြည့်လိုက်တော့ သူ့မှာ တန်ဖိုးထားလုပ်ရမယ့် အလုပ်တွေ နေ့စဉ်ရှိနေတဲ့ အကြောင်း ပြောပြပါတယ်. . . . မစ္စနယ်လဆင်ရဲ့ အသက်က ကိုးဆယ်ရှိနေပါပြိ. . .

သူက အသက်ကြီးလာလို့ စိတ်ဓာတ်ကျမနေဘဲ အသက်ကြီးတာနဲ့အမျှ ဥာဏ်ပညာ ပိုရင့်သန်လာတယ်လို့ ခံယူထားသူပါ. . . အလုပ်နဲ့ အကိုင်နဲ့ လူငယ်တွေရဲ့ တာဝန်ဖိစီးမှု ခံနေရတာမျိုး သူ့မှာ မရှိပါဘူး. . . သူ့ကို အသက်ဘယ်လောက်ရှိပြီလဲလို့ မေးလိုက်ရင် ကိုယ်ကအသက် ကြီးနေပေမယ့် တစ်မျိုးလှည့်စဉ်းစားလေ့ ရှိတယ်လို့ ဖြေတတ်ပါတယ်..

မကြာသေးခင်က လေ့လာ စူးစမ်းချက် တစ်ခုအရ အသက်ကြီးရင့်လာမှု ဟာ မိမိကိုယ် မိမိ ပျော်ရွှင် နေပါတယ်လို့ ခံစားရမှု အတိုင်းအတာနဲ့ ဆက်စပ်မှု မရှိလှဘူးလို့ သိရှိရပါတယ် . .

ကြည်ရွှန်း

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

စာပေဟောပြောပွဲ



ယနေ့ (၂၁.၁၁.၂၀၁၁) ခုနှစ် ည (၇) နာရီတွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ၊ မြို့တော်ခန်းမတွင် စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ ကျင်းပခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးအေးကျော် အဖွင့်အမှာစကားပြောကြားစဉ်

စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)



စာရေးဆရာ မြင်းမူမောင်နိုင်မိုး

စာရေးဆရာ - ချစ်နိုင်(စိတ်ပညာ) ၊ လယ်တွင်းသား စောချစ်နှင့် မြင်းမူ မောင်နိုင်မိုးတို့မှ ဟောပြောခဲ့ပါသည်.စာရေးဆရာ လယ်တွင်းသားစောချစ်

စာပေဟောပြောပွဲသို့ ဧရာဝတီတိုင်း ၀န်ကြီးချုပ်နှင့် ဇနီး၊ လွှတ်တော်ဥက္ကဌနှင့် ဇနီး၊ ဌာနဆိုင်ရာ ၀န်ကြီးများနှင့် စာပေ၀ါသနာရှင်များ တက်ရောက်အားပေးခဲ့ပါတယ်. . . .

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

မေတ္တာသက်လုံ (၆)မျိုး

၁။ အားသက်လုံပျက်တဲ့ နွားဟာ ပါးစပ်ကအမြှပ်ထွက်လွယ်ပြီး လေးလံတဲ့ဝန်ကို မသယ်နိုင်လို့ ဒုက္ခရောက်တတ်ပါတယ်။

၂။ မေတ္တာသက်လုံပျက်တဲ့ လူဟာလည်း ဒေါသအမြှပ်ထွက်လွယ်ပြီး စိတ်ဆိုးတတ်ဖို့ ခန္တီဝန်ကို မနိုင်ဖြစ်တတ်ပါတယ်။

၃။ အလောဘ သက်လုံပျက်တဲ့လူဟာလည်း ရာဂအမြှပ်ထွက်လွယ်ပြီး သမာဓိဝန်ကို မနိုင်ဖြစ်တတ်ပါတယ်။

၎။ အမောဟ သက်လုံပျက်တဲ့လူဟာလည်း မောဟအမြှပ်ထွက်လွယ်ပြီး ဥာဏ်ထိုင်းမှိုင်းလို့ ၀ိပဿနာ ၀န်ကို မနိုင်ဖြစ်တတ်ပါတယ်။

၅။ ဟီရိသြတ္တပ္ပ သက်လုံပျက်တဲ့လူဟာလည်း ကိလေသာ အမြှပ်ထွက်လွယ်ပြီး အရှက်အကြောက်မရှိလို့ သီလ၀န်ကို မနိုင်ဖြစ်တတ်ပါတယ်။

၆။ သဒ္ဓါတရား သက်လုံပျက်တဲ့လူဟာလည်း မစ္ဆေရ အမြှပ်ထွက်လွယ်ပြီး နှမြောတွန့်တိုလို့ ဒါန၀န်ကို မနိုင်ဖြစ်တတ်ပါတယ်။

(ရာဇဂုရု၊ တတိယမောင်းထောင် ဆရာတော်ကြီး)

သုတေသီဘုန်းမြင့်သွေး

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ချစ်ခြင်းရဲ့လျှို့ဝှက်ချက်

ချစ်ခြင်းရဲ့လျှို့ဝှက်ချက်ဆိုတာ ဒါမျိုး
များများစားစား လက်ခံရယူဖို့
ပြန်လည်တုံ့ပြန်မှုအတွက်
အတွေးဆန္ဒတွေ လုံးဝမရှိတဲ့
(ပေးဆပ်မှုတွေကို)
အရင်ဆုံးအများအပြားပေးအပ်ရမယ်။

ချစ်ခြင်းရဲ့ လျှို့ဝှက်ချက်ဆိုတာ
ကိုယ့်အတွက် ရလိုမှုမဟုတ်ပါ။
များများ ရချင် များများပေး
တုံ့ပြန်ရယူလိုတဲ့ အတွေးဆန္ဒနဲ့
ဝေးနိုင်သမျှ ဝေးပါစေ။

ချစ်ခြင်းလျှို့ဝှက်ချက်ကတော့ . .
ပထမ- ညှိနှိုင်းယူတတ်မှု
နောက် - ကျေနပ်ရောင့်ရဲမှု
နောက်ဆုံးမှာတော့- ပျော်ရွှင်မှုတို့ပါပဲ။

ချစ်ခြင်းလျှို့ဝှက်ချက်
သိပ်မခက်ဘူးနော်.
ညှိနှိုင်းကျေနပ်
ပျော်ရွှင်တတ်မယ်ဆိုရင်
ရလဒ်ကောင်းတွေ ရမှာပေါ့
ဟုတ်တယ်နော်... ဟုတ်။

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ရှင်ဥပဂတ္တမထေရ်မြတ်ကြီးအား ပူဇော်ပွဲနှင့် ဆီမီးတစ်သိန်း မီးမျှောပူဇော်ပွဲ (၁၁-၁၁-၂၀၁၁)







ဧရာဝတီတိုင်း ဒေသကြီးရဲ့ ပထမအကြိမ် ရှင်ဥပဂတ္တမထေရ်မြတ်ကြီးအား ပူဇော်ပွဲနှင့် ဆီမီးတစ်သိန်း မီးမျှောပူဇော်ပွဲ (၁၁.၁၁.၂၀၁၁) ကို ဒီနေ့ ပုသိမ်မြို့ကမ်းနားလမ်း မှာ ညနေ ၆) နာရီ မှ စတင်ကျင်းပခဲ့ပါတယ်.. ပထမဆုံးအကြိမ် မီးမျှောပွဲမှာ ကမ်းနားလမ်းတစ်လျှောက်မှာ နိဗ္ဗာန်ဈေးလို့ခေါ်တဲ့ စတုဒီသာများဖြင့် လည်း ကျွေးမွေး ဧည့်ခံပါတယ် . . စားစရာတွေက တော့ အတော်ကို စုံပါတယ်... ကောက်ညှင်းပေါင်း ၊ ရွှေရင်အေး၊ ကော်ရည်၊ အချိုရည်၊ပေါင်မုန့်ပူတင်း၊ မုန့်ဆမ်း အစရှိတဲ့
ဆိုင်ပေါင်း(၁၄)ဆိုင်ခွဲ၍ တပြိုင်နက်ကျင်းပခဲ့ပါတယ်။

ပထမဦးစွာ ရပ်ကွက်အသီးသီးမှ ဦးလူတံတားအနီး လှေအစီးပေါင်း(၁၅၀)ကျော်ဖြင့် ဆီမီးခွက် နှစ်သောင်းကို စတင် မျှောချခဲ့ပါတယ်။ အဲဒီဆီမီးခွက်များဟာ င၀န်မြစ်အတွင်း သို့ မျောပါလာတဲ့အခါ တန်ဆောင်တိုင်ညအလှဟာ ဆီမီးများဖြင့် ဝေေ၀ဆာဆာ လှပလွန်းပါတယ်. . . .

ဆီမီးများဖြင့် င၀န်မြစ်အတွင်း မျောနေစဉ်အတွင်း မှာပင် ရှင်ဥပဂုတ္တရဟန္တာအရှင်မြတ်ကို ဖောင်တော် ဖြင့် ပင့်ဆောင်လာရာ ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့သို့ရောက်ရှိချိန်မှာ မေတ္တာဦး တံတားပေါ်နှင့် ရေဆင်း တန်ဆောင်း များမှ မီးရှူးမီးပန်းများကို ပစ်ဖေါက်ပူဇော်ခဲ့ကြပါတယ် ...

ရှင်ဥပဂုတ္တရဟန္တာအရှင်မြတ် ကိုပင့်ဆောင်ရာ ဖောင်တော်နောက်တွင် မော်တော်များဖြင့် ဓမ္မစကြာအဖွဲ့များမှ ရွတ်ဆိုခြင်း ယိမ်းအကအဖွဲ့များမှ ယိမ်းအကဖြင့်ပူဇော်ခြင်းတို့ဖြင့် လိုက်ပါခဲ့ကြပါတယ်။ မြို့တော်ခန်းမ ရှေ့တွင်လည်း ဆင်ဖြူတော်ယိမ်းအဖွဲ့မှ ကပြဦးခိုက်ကာ မြို့တော်ခန်းမပေါ်မှ မြန်မာသံတေးဂီတအဖွဲ့ကလည်း ဓမ္မပူဇာတေးများကို သီကျူးပူဇော်သကဲ့သို့ ရေဆင်းတန်ဆောင်းရှိ သံဃာတော်(၁၁)ပါးကလည်း ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်။

ကမ်းနားရင်ပြင် တံတားမှ တာဝန်ရှိသူများက ဆီမီးခွက်(၂၀၀၀)ကို ထပ်မံမျှောချပေးခဲ့ပြီး ကျန်ဆီမီးခွက်များကို လည်း ထပ်မံမျှောချခဲ့ကြတဲ့အတွက် ဆီမီးခွက်တစ်သိန်းသည် င၀န်မြစ်ကြောအတွင်း စုန်ဆင်းမျှောပါနေပုံကို ပုသိမ် မြို့သူမြို့သားအပေါင်းမှ ဂုဏ်ယူစွာ လက်ခုပ်သြဘာများတီး၍ ကြည့်ရှုအားပေးခဲ့ကြပါတယ်။

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

လက်ထပ်ထိမ်းမြားခြင်း အနုပညာ

အိမ်ထောင်ရေး သာယာပျော်ရွှင်မှုဆိုသည်မှာ အလိုအလျောက်ဖြစ်လသည့် အရာမဟုတ်ပါ. . . အိမ်ထောင်ကောင်း တစ်ခုကို ဖန်တီးယူနိုင်ပါသည်. . အိမ်ထောင်မှုအနုပညာတွင် သေးသေးဖွဲဖွဲအချက်များသည် ကြီးကြီးမားမား အကြောင်းများ ဖြစ်ပါသည်. . .

အိမ်ထောင်ကောင်း တစ်ခုဆိုသည်မှာ.. .
သူ့လက်ကလေးကို ကိုဖို့ ဘယ်သောအခါမှ အသက်မကြီးပါ. . .

တစ်နေ့လျှင် အနည်းဆုံးတစ်ခါလောက်တော့ "မင်းကို ကိုယ်ချစ်တယ် " ဟုပြောဖို့ သတိရနေပါ. .

ဒေါသအမျက်ထွက်လျက် အိပ်ရာမ၀င်ပါနှင့်

သူ့အတွက် အမြဲအဆင်သင့်ဖြစ်နေပါသည်. . . သူ့ကို ပိုးပန်းခြင်းသည် ဟန်းနီးမွန်းနှင့် အတူတူ အဆုံးသတ်မသွားပါ. . . တစ်လျောက်လုံး တစ်သက်လုံး ပိုးပန်းနေပါသည်. .

တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားလျက် နှစ်ယောက်သား အတူတကွ လောကကို ရင်ဆိုရပ်တည်ဖို့ တူညီသော ဦးတည်ချက်ရှိပါသည်. . .

မိသားစု တစ်စုလုံးတွင် အချစ်စက်ဝိုင်းဖြင့် စုစည်းဖွဲ့ ချည်ထားသည်. .

တစ်ယောက်အတွက် တစ်ယောက်က လုပ်ဆောင်ပေးရာတွင် တာဝန်တစ်ရပ်၊ စွန့်လွှတ်မှုတစ်ခုအနေဖြင့် သဘောများဘဲ ပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ် လုပ်ဆောင်သည်. .

ချီးကျူးစကား၊ ကျေးဇူးစကားကို သတိတရာ ဂရုတစိုက် ပြောဆိုပြသသည်. . .

ဇနီးကလည်း ခင်ပွန်းသည်အား တန်ခိုးရှင်ဖြစ်လိမ့်မည်ဟု မမျှော်လင့် . . . ခင်ပွန်းသည်ကလည်း ဇနီးဖြစ်သူအား မိုးကျနတ်မယ်ဟု မတင်စား. . . တစ်ဦးက တစ်ဦးထံတွင် ပြည့်စုံမှုကို မရှာဖွေ. . . ပြုပြင် ပြောင်းလဲလွယ်ခြင်း ၊ သည်းခံစိတ်ရှည်ခြင်း၊ နားလည်ခြင်းနှင့် ဟာသဥာဉ်ကို ပြုစု စိုက်ပျိုးသည်. .

ခွင့်လွှတ်နိုင် မေ့ပျောက်နိုင်သော စွမ်းရည်ရှိသည်. . . တစ်ဦးက တစ်ဦးကို ဖွံ့ဖြိုးတိုးတက်နိုင်သော အခြေအနေ ဖန်တီးပေးသည်. . .

နှစ်ဦးသား ဆက်ဆံရေးမှာ လူးဝစ်ကေအန်စပါချာ လမ်းညွန်ချက်အတိုင်း ဖြစ်သည်. . . သူက

"ဇနီးမောင်နှံသည် လွတ်လပ်မှု၌ တန်းတူရည်တူ၊ မှီခိုမှု၌ အပြန်အလှန်၊ တာဝန်ဝတ္တရား၌ အတုံ့အလှယ်" ဟု ဆိုခဲ့သည်. . .

ကိုယ်က လူကောင်းလူမှန်ကို လက်ထပ်ခြင်းသာမက ကိုယ်ကိုယ်တိုင်ကလည်း လူကောင်းလူမှန်ဖြစ်နေခြင်း ဖြစ်သည်. . .

အိမ်ထောင်ရေးကို ကောင်းနိုင်သမျှ အကောင်းဆုံးဖြစ်အောင် စူးစမ်းရှာဖွေသည်. . . မတ်တွိန်း က သူ့ဇနီးကို ဂုဏ်ပြုပြောဆိုသည့် အတိုင်း ပြောရလျှင်. . .

"သူရှိရာ အရပ်မှာ အေဒင် ဥယာဉ်ရှိပါတယ်."

ဦးဝင်းတင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အကောင်းဆုံးလုပ်ပါ

Do good.
အကောင်းဆုံးလုပ်ပါ . .
and then do it again.
ဒီထက် အကောင်းဆုံဖြစ်အောင်လုပ်ပါ. . . တဲ့. .

အဲဒီစကားလေးကို အမြဲတမ်း မှတ်သားထာပါ.
ဘာဖြစ်လို့လဲဆိုတော့
ဘ၀နဲ့ လူ
လူနဲ့အလုပ်
အလုပ်နဲ့ အောင်မြင်မှု
အောင်မြင်မှုနဲ့ ဘ၀ဆိုတာ
အမြဲတမ်း ယှဉ်တွဲပြီးမှ ဖြစ်လာတာပါ

လူဟာ သူရပ်တည်တဲ့ ဘ၀မှာ
အမြဲတမ်း
အကောင်းဆုံးဘဝ
အအောင်မြင်ဆုံးဘ၀တစ်ခုကို
တည်ဆောင်ချင်ကြတာပဲ. . .

ဒါပေမယ့်
မအောင်မြင်ကြဘူး. .
မတိုးတက်ကြဘူး. .
မကြီးပွားကြဘူး. . .

အဲဒါဘာကြောင့်လဲဆိုရင်
မိမိတို့ လက်ရှိလုပ်တဲ့အလုပ်ကို
အကောင်းဆုံးဖြစ်အောင် မလုပ်လို့ပါပဲ. .

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ကာဠုဒါယီမထေရ် ပင့်လျှောက်၍ ဘုရားရှင် ကပိလ၀တ်ပြည်သို့ ကြွတော်မူပုံ



ဘုရားရှင်သည် ရာဇဂြိုလ်ပြည်ကြီးရှင် ဗိမ္မိသာရမင်းမြတ် လှူဒါန်းအပ်သော ဝေဠုဝန်ကျောင်းတိုက်၌ သီတင်းသုံးတော်မူကြောင်းကို ခမည်းတော် သုဒ္ဓေါဒနမင်း ကြားသိတော်မူရ၍ လူပေါင်း တစ်ထောင်စီဖြင့် အမတ် ကိုးယောက်ကို ဘုရားပင့်လာဘို့ရန် အတန်တန် စေလွှတ်သော်လည်း စကားပြန်မျှမရဘဲ အားလုံး ရဟန္တာဖြစ်၍ ရဟန်းပြုကြလေသော် ကာဠုဒါယီကို ရဟန်းပြုစေလိုလည်း ပြုပါဟု ခွင့်ပြုကာ စေလွှတ်ရပြန်လေသည်။

ကာဠုဒါဟီအမတ်သည် ရဟန္တာဖြစ်၍ ရဟန်းပြုပြီးနောက် ကပိလ၀တ်နေပြည်တော်သို့ ကြွတော်မူပါရန် လျှောက်သောအခါ နောက်တော်ပါ ရဟန္တာ နှစ်သောင်းနှင့်အတူ ယူဇနာ ခြောက်ဆယ် ဝေးသောခရီးကို တစ်နေ့ တစ်ယူဇနာကျဖြင့် နှစ်လတိတိ ကြွတော်မူလေသည်။ ကာဠုဒါယီသည် ဘုရားကြွလာ၍ ရောက်သောခရီးကို သိနှင့်ဖို့ရန် နေ့စဉ် ဈာန်ဖြင့် ကြွ၍ ခမည်းတော်အားပြောထားသောကြောင့် ဘုရား ရောက်မည့်နေ့တွင် အဆင်သင့်ကြိုဆိုနေကြလေသည်။

THE BUDDHA VISITED KAPILAVATTHU AT THE REQUEST OF KALUDAYI THERA

King Suddhodana heard that the Buddha was dwelling at the Veluvana Monastery offererd by King Bimbisara of Rajagaha. He wanted to see him. Nine courtiers, eash with a large following, were went on nine successive occasions to invite the Buddha to Kapilavatthu. All nine attained Arahantship and no reply was received. The King finally despatched Kaluday. he went on condition that he would be allowed to enter the Order.

Kaludayi also became an Arahant and entered the Order. He then requested the Buddha to visit the city of Kapilavatthu. The Buddha proceeded there with a following of twenty thousand Arahnnts covering a distance of 60 yajanas at the rate of one yojana a day. It took him fully two months to do the journey. Kaludayi Thera traveled by air everyday by superhuman power and kept the Buddha's father. Suddhodana, informed of the progress of the march. And on the day of Buddha's arrival, a great welcome a waited him.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ဘုရင်တောင်းတလိုတဲ့ ဖားတွေ

ဖားတွေအဖိုက ရွံ့အိုင်မှာ နေရာတာ အဆင်ပြေနေတာမို့ ပျော်စရာကောင်းလှသတဲ့. . . . ရေထဲ တခုန်ခုန် နေတဲ့အခါ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမရှိဘူး ၊ ဘယ်သူကမှလည်း သူတို့ကို မနှောင့်ယှက်ကြဘူးပေါ့. .

ဒါပေမယ့် ဖားအချို့က ဒီလိုနေရတာ ဟန်မကျသေးဘူးလို့ တွေးလာသတဲ့. . . သူတို့မှာ ဘုရင်ဆိုတာ ရှိသင့်တယ် .

ဒါနဲ့ သူတို့ဟာ ဂျူးနတ်ကြီးဆီ စေလွှတ်ပြီး သူတို့ လိုလားမှုကို ပေးဖို့ အသနားခံကြသတဲ့. . .

"တန်ဖိုးထက်မြတ်တဲ့ ဂျူးနတ်ကြီးရယ်၊ ကျွန်တော်တို့ဆီ ဘုရင်တစ်ပါး စေလွှတ်လိုက်ပါ၊ ဒါမှ ကျွန်တော်တို့ကို ဥပဒေနဲ့ အညီ အုပ်ချုပ်မှုရှိလိမ့်မယ်. . ."

အုံအမ် အုံအမ်နဲ့  ဖားတွေ တောင်းဆိုသံကို ကြားသိတော့ ဂျူးနတ်ဟာ ရယ်မောပြီး ရေအိုင်ထဲ သစ်တုံးကြီးတစ်ခုကို ချပေးလိုက်ပါရော. . . သစ်တုံးကြီးဟာ ဗြန်းကနဲ ရွံ့ထဲကျခဲ့တာပေါ့. ..

ဖားတွေရဲ့ အလယ်မှာ သစ်တုံးကြီးကျလာတဲ့အခါ သူတို့ ကမ္ဘာပျက်သလိုပဲ ကြောက်လန့်သွားသတဲ့. . . သူတို့အားလုံး ကုန်းပေါ်တက်ပြေးခဲ့ပြီး ကြောက်မက်ဖွယ်ရာ ဘီလူးကြီးကို စောင့်ကြည့်နေတာပေါ. . .

မကြာမီ သစ်တုံးကြီးတုပ်တုပ်မျှ မလှုပ်ဘဲ ရှိနေမှန်းသိတော့ သူတို့အထဲက အရဲရင့်ဆုံးတစ်ကောင် နှစ်ကောင်က သစ်တုံးကြီးအနီး စွန့်စွန့်စားစား လာကြည့်သတဲ့. . . အရဲစွန့်ပြီး ကိုင်ကြည့်စမ်းကြည့်တာပေါ့လေ. . . သစ်တုံးကြီးက မလှုပ်မယှက်ပါဘဲ. . .

ဒါနဲ့ သတ္တိအရှိဆုံး သူရဲကောင်း ဖားတစ်ကောင်ဟာ သစ်တုံးကြီးပေါ်တက်လိုက်ပြီး တက်ချီဆင်းချီ ကနေသတဲ့. . . ဒီလိုနဲ့ ဖားတွေ အားလုံးဟာ သူ့လို ကခုန်ကြလေရော. .

အတော်ကြာကြာအထိ သူတို့နဲ့ အတူရှိတဲ့ သစ်တုံးကြီးကို ဂရုမှုစရာမလိုဘဲ နေ့စဉ်လုပ်မြဲ ကိုင်မြဲအတိုင်း နေကြာတာပေါ့. . . . ဒီလိုနေရတာလည်း သိပ်မဟန်သေးဘူးတဲ့ကွယ်. . .

တစ်ခါ ဂျူးနတ်ကြီးဆီ စေလွှတ်ပြီးတောင်းပန်သတဲ့. . . . . .

"တကယ့်ဘုရင်ကို ကျွန်တော်တို့ အလိုရှိတယ်. . . ဒါမှ ကျွန်တော်တို့ကို အုပ်ချုပ်လို့ရမှာပေါ့"

ဒီတစ်ခါတော့ ဂျူးနတ်ကြီး စိတ်ဆိုးသွားသတဲ့ကွယ်. . . ဒါကြောင့် ငှက်ကြားကြီး တစ်ကောင်ကို သူတို့ဆီ စေလွှတ်လိုက်လို့ မကြာမီ ငှက်ကြီးက သူတို့အားလုံးကို စားသောက်ပစ်လိုက်သတဲ့. . . ဖားတွေအဖို့ အချိန်လွန်မှ နောင်တတရား ရသွားတာပဲလေ. . .

မတရားသော အုပ်စိုးမှုထက်
အုပ်ချုပ်မှု မရှိခြင်းက ပိုကောင်းသည်.


အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သားဖေဖေ

သားရယ်

ငွေရှာတာ သိမ်းဆည်းဖို့ မဟုတ်ဘူး။
ပေးကမ်းဖို့ရှာတ ဆိုတဲ့ ဖေဖေ့ စကားကို
သားနားလည်သွားတဲ့အတွက်
ဝမ်းသာပါတယ် ကွယ်. .

ငွေကို သိမ်းဆည်းဖို့ရှာရင်
လောဘကြောင့် စိတ်ဆင်းရဲမယ်။
ပေးကမ်းဖို့ရှာမယ်ဆိုရင်တော့
ဒါနကြောင့် ၀မ်းသာမယ်၊ စိတ်ချမ်းသာမယ်။
ငွေရှာရတာခြင်း အတူတူတော့
ပေးကမ်း လှူဒါန်းဖို့ရှာဖွေတာ
အကောင်းဆုံးပဲပေါ့

အဲ့ဒီ ငွေရှာဖွေခြင်း သဘောတရားနဲ့
အလုပ်လုပ် လာတဲ့အခါ
ပေးကမ်းဖို့ ငွေတွေ ရောက်လာပြီး
ရယူမယ့် လူတွေ
လှူဒါန်းရမယ့် ကိစ္စတွေကလည်း
အလိုလို ပေါ်လာတော့တာပဲ။
ဒါတွေကို တစ်နေ့တော့
သား ကိုယ်တွေ့ကြုံပြီး
ခံစား နားလည်သွားပါလိမ့်မယ်။

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

တန်ဆောင်မာသ၊ လယ်ယာအလှ

တန်ဆောင်ဝင်းထိန်
ကထိန်လှူဒါန်း၊ မြတ်သင်္ကန်း။
ခ၀ဲပွင့်ဝါ
ရှင်မာလဲပွဲ၊ ဆင်ယင်နွဲ။

သဒ္ဓါပြင်းပြ
ဗုဒ္ဓရည်မှန်း၊ မသိုးသင်္ကန်း။
ပုဏမီ
ယှဉ်မှီကြတ္တိကာ၊ ကျီးတာရာ။
အာကာမလပ်
နက္ခစုံလှ၊ တန်ဆောင်မာသ။

ပင်စောင့်နတ်တကာ
ပူဇာသဘင်၊ မဲဇလီပင်။
ဖူးသုပ်မီဇလီ
အိမ်စီဝေမျှ၊ ဆေးပေါင်းခ။

ရာသီဗြိစ္ဆာ
နေ့တာကတို၊ ညဥ့်တာပို။
နတ်ဗိဿနိုး
အိပ်သိုးရာထ၊ နတ်နိုးလ။
အဇဋာဝေဟင်
ကင်းစင်မိုးသား ၊ တိမ်ဇာပါး။

ဝသန်မိုးကြွင်း
ဆီးနှင်းဖွဲဖွဲ၊ မိုးမသဲ
မြောက်လေသုန်သုန်
မြုမှုန်နှင်းဖွေး ၊ ချမ်းမြအေး။

ကောက်သစ်ကောက်ဖူး
ကောက်ဦးထွေးထွေး ၊ မုန့် ဆမ်းလွေး
ရွှေဝါစပါး
နှံကားဝေဖြာ ၊ ၀င်းမှည့်ဝါ။

ရိတ်ခြွေ နယ်လှေ့
လက်တွေ့စက်များ ၊ မရပ်မနား
ဆည်ကန်ချောင်းများ
ဖလ်သားပြင်ကျယ် ၊ နွေပင်လယ် ။

သီးထပ်စပါး
ကြိုးကြားပြင်ဆင်၊ လယ်ယာခွင်။
မြေသားညိုညို
အစိုဓာတ်ကျန်၊ ဆောင်းသီးနှံ။

အစုံပဲမျိုး
စိုက်ပျိုးအားထုတ် တောင်သူအလုပ် ။
စက်မှု "ကြံ" ပင်
တွင်တွင်ရိတ်စိုက်၊ ချိန်ရှိခိုက် ။

ယာရှင်မညည်း
ဆောင်းသီးနှံတွက် ပြင်ဆင်လျက်။

ကျောစောဟန်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သမီးလေးဖတ်ဖို့

သမီး. . .

ဘ၀ခရီးလမ်းတစ်လျှောက်မှာ
တစ်ကွေ့မဟုတ် တစ်ကွေ့
တစ်ချိန်မဟုတ် တစ်ချိန်
အချစ်နဲ့ ပတ်သက်ပြီး
စိတ်ဆင်းရဲ သောက ကြုံတွေ့ရတတ်တယ်

အဲ့ဒီအခါမှာ စိတ်ထင်ရာ လုပ်ချင်တာမျိုး
ငိုယိုပြီး ကိုယ့်ကိုယ်ကိုယ် ညှင်းဆဲတာမျိုး
ရူးကြောင်မူးကြောင်လုပ်မိတတ်တယ်
အဲဒီအခြေအနေမျိုး ကြုံတဲ့အခါ
ဖေဖေ့ကို သတိရလိုက်နော်

သားအဖချင်း ပြောပြရမှာ ရှက်လို့
ကြိတ်မှိတ်ပြိး ခံစားမနေနဲ့ ဦး
ဒါမျိုးက လူတိုင်းဖြစ်တတ်ကြတာပဲ
အဆန်းမှ မဟုတ်တာ .

အချိန်တန်တော့လည်း ပြီးသွားတာပဲ
ထမင်းစား မပျက်ပါဘူးကွယ်

တကယ်တော့ အချစ်ဆိုတာ ဘ၀မှ မဟုတ်တာ
ဘ၀ရဲ့ အစိတ်အပိုင်းလေးတစ်ခုပဲ မဟုတ်လား
အစိတ်အပိုင်းလေးတစ်ခုကြောင့်တော့
ဘ၀တစ်ခုလုံး မပြိုပျက်သင့်ဘူးပေါ့. .

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ဂီတကို နားဆင်ပါ

ဂီတဟာ လူသားတွေကို မတူခြားနားတဲ့ အဆင့်တွေ အမြောက်အမြားဆီကို ပို့ဆောင်ဆက်သွယ်ပေးနိုင်တာပါ. . ကျွန်မတို့ အနှစ်သက်ဆုံးဂီတဟာ ကျွန်မတို့ရဲ့ စိတ်ကို အနှစ်သက်ဆုံး နေရာထိရောက်အောင် ပို့ပေးနိုင်ခဲ့ပါတယ်. .

ပါမောက္ခတွေဟာ သူတို့အတန်းထဲက ကျောင်းသားတွေကို စမ်းသပ်မှု အဆင့်ဆင့်ပြုလုပ်ကြတဲ့ နေရာမှာ ဂန္ထ၀င်ဂီတ ပညာရှင်ကြီး မိုးဇက်ရဲ့ ဂီတ တွေကို ဖွင့်လှစ်ပေးလိုက်တဲ့အခါ ဘာတွေများ ဖြစ်သွားပါသလဲ. . . ကျောင်းသားတွေဟာ သူတို့အလုပ်တွေကို ပိုကောင်းအောင် လုပ်နိုင်ကြပါတယ်. . . ဘာကြောင့်များပါ လိမ့်. . သိပ္ပံပညာရှင်တွေက ဂီတဟာ ကျွန်မတို့ရဲက ဦးနှောက်ကို လှုံ့ဆော်ပေးတယ်ဆိုတာ တွေ့ရှိခဲ့ကြလို့ပါပဲ.

အချို့ သုတေသန ပြုချက်တွေအရ ဒီလို ဂီတရဲ့ အစွမ်းဟာ ကလေးငယ်လေးတွေ အပေါ်မှာပဲ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာတင် မကတော့ဘဲ တကယ့်လက်တွေ့ ဆန်းစစ်ချက်တွေအရ ဂီတဟာ အသက်အရွယ်မရွေး လူသားတွေ အားလုံးအပေါ် အကျိုးသက်ရောက်မှု ရှိနေတယ်လို့ သိရပါတယ်. .

၉၂ ရာခိုင်နှုန်းသော လူတွေဟာ သူတို့ နှစ်သက်တဲ့ ဂီတကို နားဆင်လိုကပြီဆိုရင် စိတ်အာရုံ ခံစားမှုဟာ အပြုသဘောဘက်ကို အကျိုးသက်ရောက်မှု ရှိကြပါတယ်. . .စိတ်အာရုံ တက်ကြွမှုနဲ့ ပျော်ရွှင်မှုတွေဟာ ဂီတာကို နားဆင်လို်က်ရင် ဖြစ်ပေါ်လာတဲ့ သဘာဝအလျောက် တုံ့ပြန်မှုတွေပဲ ဖြစ်ပါတယ်. .

ကြည်ရွှန်း

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်. . .ဒါပေမယ့်. . .

မေတ္တာရှင် - ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက -

မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။

သန်း - ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။

မေတ္တာရှင် - အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။

သန်း - အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။ နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။

မေတ္တာရှင် - မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ ၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။ အဲဒီ ၁၁ ချက်က -

၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။

ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။

၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့ ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ မပြည့်စုံဘူး။

၃။ ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၎။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ ကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင် ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့ အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့ ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား ဖြစ်တယ်။

ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။ ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။

ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော် အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။ မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။

ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့ သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ ပြတယ်။ ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။

၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ မရှိတာပါပဲ။

၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့် စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ် ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။

၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။

၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့ ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။ အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို မဖြစ်မနေ လုပ်ကြတော့တာပဲ။

မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက် ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီမောင်းနေရတာလို့ ထင်သွားတာပေါ့။

သန်း - အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။

မေတ္တာရှင် - ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ် ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။

၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘယအလုပ် လုပ်သလဲလို့ မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။

သန်း - တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။

မေတ္တာရှင် - အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။


အရှင်ဇဝန(မေတ္တာရှင် ရွှေပြည်သာ)


Facebook လင့်မှ ကူးယူဖော်ပြပါသည်.


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ဒုက္ခများတဲ့လူ

တစ်နေ့ သူငယ်ချင်းတစ်ယောက်နဲ့ လမ်းတစ်လမ်းမှာ ဆုံပါတယ်. . သူက ရွှေလင်ပန်းနဲ့ အချင်းဆေးတယ် ဆိုရလောက်အောင် ချမ်းသာတဲ့ မိသားစုက မွေးဖွားလာတာပါ. . . အခုအထိလည်း သူ့ရဲ့စီးပွား ဥစ္စာက ယုတ်လျော့သွားတယ်လို့ မရှိပါဘူး . . . တစ်နေ့တစ်ခြား တိုးပွားနေတဲ့ သတင်း၊ သူ့လုပ်ငန်းတွေ အောင်မြင်နေတဲ့ သတင်းကိုပဲ ကြားရတာပါ. . .

ဆုံတုန်း ဆုံခိုက် ထွေရာလေးပါး ပြောဖြစ်နေရင်းက ဒုက္ခတွေ အကြောင်း စကားစပ်မိသွားပါတယ်. .

သူငယ်ချင်း. . . . "အေးကွာ. . . ငါ့မှာ ဒုက္ခတွေက အတော်များတာ ကွ. . အခုပဲ ကြည့်လေ. . ငါ့ကားပျက်လို့ လမ်းလျှောက်လာရတယ်. . အဲဒီကားကို ၀ပ်ရှော့ပို့ဖို့ ကားတစ်စီးငှားရဥိးမယ်. . . . . အရေးထဲ ငါ့ Hand Phone ကလည်း ဘာဖြစ်သွားလဲ မသိဘူး . . . ခေါ်လို့မရတော့ဘူး. . . အလုပ်ကိစ္စအရေးတကြီး ချိန်းထားတာတွေ . .နောက်ကျကုန်တော့ နာမည်တော့ ပျက်ပါပြီကွာ. . . အိမ်ကလည်း ဆောက်နေတုန်း တန်းလန်း ငွေပြတ်. . ."

သူ့စကားကို ဆုံးအောင် နားမထာင်တော့ ပဲ သူ့ကို နှုတ်ဆက်ပြီး ထွက်လာခဲ့ပါတယ်. . . . အချိန်ဘယ်လောက်ကြာ မှ ဆင်းရဲသား တွေရဲ့ ဒုက္ခအကြောင်းကို သူ့ကို ပြောခွင့်ရမယ် မထင်ပါဘူး. . .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


အဘိဓမ္မာအခါတော်နေ့ ( သီတင်းကျွတ်လပြည့် )

သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့အကြောင်းကို လူအများစု သိရှိကြတာ များပါသည်။ လူအများ သိရှိထား ကြသလိုပင် ဗုဒ္ဓလက်ထက်တော်မှ စကာ ယနေ့အထိ အစဉ်အလာ ကောင်းခဲ့သော နေ့ထူးနေ့မြတ် တနေ့ လည်း ဖြစ်နေသည်။

သီတင်းကျွတ်လပြည့်နေ့၏ ဂုဏ်ပုဒ်များ

ဘုရားသားတော် ရဟန်းတော်များ ၀ါတွင်းသုံးလအတွင်းမှ ၀ါကျွတ်သောနေ့၊
အပြစ်ရှိက ပြောကြားပါရန် ၀ါဆိုသောသံဃာ အချင်းချင်း ဖိတ်မာန် အမှုပြုကြသော မဟာပ၀ါရဏာနေ့၊
ဘုရားရှင်တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ တရားတော်ကို ဟောကြား အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊
နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊
ထိုသို့ဘုရားရှင် ဆင်းသက်တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည် ထွန်းညှိပူဇော်သောနေ့၊

စကြာဝဠာတိုက်တစ်သောင်းမှ လူ နတ် ဗြဟ္မာသတ္တ၀ါ အားလုံးတို့သည် တဦးကို တဦးအချင်းချင်း မြင်နေကြရပြီး လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်အားဖြင့် ဒိုးယိုပေါက် ထုတ်ချင်းပေါက် ရောင်ခြည်တော်များဖြင့် လင်ထိန်နေကာ ဘုရားရှင်အား အတူတကွ ကြည်ညို ပူဇော်ရသောနေ့၊
နတ်လူအများတို့သည် ဘုရားရှင်၏ တန်ခိုးတော်အနန္တကို ဖူးမြင်ကြရကား အားကျကြည်ညိုစိတ်ဖြင့် သင်္ကဿမြို့တွင် စုဝေးနေကြသော ပရိသတ်အများစု၏ ဘုရားဆုပန် သောနေ့ စသော ဂုဏ်ပေါင်းတို့ဖြင့် ပြည့်စုံသော နေ့ထူး နေ့မြတ် ပင်ဖြစ်ပါသည်။

တာဝတိံသာနတ်ပြည် မကြွခင် အခြေအနေများ

ဗုဒ္ဓမြတ်စွာသည် ဘုရားဖြစ်တော်မူပြီး ( ၇ ) ၀ါမြောက်ဝါဆိုခါနီးတွင် သာဝတ္ထိမြို့ ကဏ္ဍသရက် ဥယျာဉ်အတွင်း၌ တိတ္ထိများ နှင့် တန်ခိုးပြိုင်မည် ဟု ကြေညာတော်မူကာ ရေမီးအစုံစုံ တန်ခိုးပြာဋိဟာတို့ကို ပြတော်မူခဲ့သည်၊ ဃရဏီမည်သော အနာ ဂါမ်ဥပါသိကာမ၊ စူဠအနာထပိဏ်မည်သော အနာဂါမ်ဥပါသကာ၊ ပဋိသမ္ဘိဒါပတ္တ စီရမည်သော ရဟန္တာသာမဏေမ၊ စုန္ဒမည်သော ရဟန္တာကိုရင်လေး၊ ဘိက္ခုနီလက်ဝဲတော်ရံ တန်ခိုးအရာ ဧတဒဂ်ရ ရဟန္တာမ ဥပ္ပလ၀ဏ္ဏာနှင့် လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန် မထေရ်တို့က ဘုရားရှင်ကိုယ်တော်အစား တိတ္ထိတို့နှင့် တန်ခိုးပြိုင်ပါမည် ဟု လျောက်ထားကြ သည်၊

သို့သော်လည်း ဘုရားရှင်သည် ဤနေရာတွင် ငါဘုရား၏ တာဝန်ဖြစ်သည်၊ သင်တို့နှင့် မသက်ဆိုင်ပါ၊ တကယ် အရေးကြုံလာလျင် ငါဘုရားထမ်းဆောင်ရမည့် တာဝန်ကို မည်သူတဦးတယောက်ကမှ မထမ်းဆောင်နိုင်ကြပေဘူး ဟု မိန့်မြွက်တော်မူကာ ကဏှဥသဘဇာတ်တော် ( ဇာ ဋ္ဌ ၁၊ ၁၊ ၁၉ ) နှင့် နန္ဒိဝိသာလ ဘုရားအလောင်း နွားလားဥသဘ ဇာတ်တော် တို့ကို ဟောကြားေ တ်ာမူကာ တပည့်ပရိသတ်များကို ဖြေသိမ့်ပေးတော်မူခဲ့သည်။

ထို့နောက်တွင်တော့ ကိုယ်တော်တိုင် တေဇောကသိုဏ်းသမာပတ်၏ အစွမ်းဖြင့် ခန္ဓာကိုယ်အောက်ပိုင်းမှ မီးတောက် အလျံများ ထွက်နေသော်လည်း ကိုယ်တော် အထက်ပိုင်းမှ အာပေါကသိုဏ်းသမာပတ်၏အစွမ်းဖြင့် ရေအလျံများ ထွက်ကျ နေအောင် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းပြ တော်မူသည်၊ ခန္ဓာကိုယ်နောက်ပိုင်းမှ ရေအလျံများ ကျနေလျင် ရှေ့ပိုင်းကိုယ်မှ မီးတောက်များ ထွက်နေအောင် ဖန်ဆင်း ပြတော်မူခဲ့သည်၊ ပရိသတ်ထဲမှ တယောက်ချင်းစီ၏ စိတ်အလိုကို ကြည့်တော်မူကာ သူတို့စိတ် အလိုကျ၊ မြင်ချင်သလို တန်းခိုးအမျိုးအစားကို ဖန်ဆင်းတော်မူပြီး နှုတ်တော်မှလည်း တရားဟောတော်မူသည်။

ဘုရားရှင်၏ စိတ်ဖြစ်စဉ် လျင်မြန်လွန်းသောကြောင့် ကသိုဏ်းဈာန်များကို နိုင်နိုင်နင်းနင်း ၀င်စားကာ တန်ခိုးတော်တို့ကို တမျိုးပြီးတမျိုး မရိုးနိုင်အောင် ဖန်ဆင်းနေသည်ကို ကြည့်ရှု ဖူးမြင်ရသူ လူအပေါင်းတို့၏ စိတ်ထဲတွင် တပြိုင်နက်တည်း ရေရော မီးရောထွက်နေသယောင် ထင်မှတ်နေကြ ရသည်။ ဤကား ဘုရားရှင်၏ တိတ္ထိတို့နှင့် တန်ခိုးပြိုင်စဉ် မြင်ကွင်း တစ်ချို့ဖြစ်ပါသည်။ ထိုအချိန်မှ စ၍ တိတ္ထိတို့လဲ ကစဥ့် ကလျား ဖရိုမရဲ ထွက်ပြေးကြကာ ပုရာဏကဿပသည်ကား မိမိလည်ပင်းတွင် သဲအိုးကို ကြိုးချည်ဆွဲကာ မြစ်ထဲခုန်ချပြီး ဘ၀နိဂုံးအဆုံး သတ်သွားသည် ဟူ၏၊ ယနေ့အထိ အ၀ီစိငရဲ မှာ ရှိနေသည်ဟု ဆိုပါသည်။

ရေမီးအစုံစုံသော တန်ခိုးပြာဋိဟာတို့ကို ပြတော်မူပြီးသည်နှင့် တပြိုင်နက် ညာဖက်ခြေဖ၀ါးကို လှမ်းကာ ယုဂန္ဓိုရ်တောင် ထိပ်ပေါ်နင်းပြီး၊ ဘယ်ဖက်ခြေလှမ်းကို မြင့်မိုရ်တောင်ထိပ်တွင် ချတော်မူသည်၊ ထို့နောက် တာဝတိံသာနတ်ပြည် ပင်လယ် ကသစ်ပင်ခြေရင်းမှ သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် ထိုင်တော်မူကာ လူ့ဘ၀က မယ်တော်ဖြစ်ခဲ့ ဖူးသော မယ်တော်မာယာတဖြစ်လဲ သန္တုဿိတနတ်သား အမှုးပြုသော နတ်ဗြဟ္မာများအား အဘိဓမ္မာ ပဋ္ဌာန်းတရား တော်ကြီးကို အကျယ်တ၀င့် ဟောပြတော်မူခဲ့သည်၊

မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်တွင် ၀ါတွင်းသုံးလ ပတ်လုံးနေ့မနား ညမနား ပဋ္ဌာန်းတရား တော် ကို ဟောကြားတော်မူရာတွင် နတ်တို့အတွက် မိနစ်ပိုင်းမျှ ဖြစ်သော်လည်း လူသားဖြစ်သော ဘုရားရှင် အတွက်မူ အစာအာဟာရ မဘုန်းပေးပဲ မဖြစ်နိုင်ရကား ပုံတူနိမ္မိတ ဘုရားရှင်ကို ဖန်ဆင်းပြီး တရားကို ဒီနေရာမှ ဒီနေရာအထိ ဟောခဲ့စေသတည်း ဟု အဓိဋ္ဌာန်ကာ ကိုယ်တော်တိုင်က မြောက်ကျွန်း အနောတတ္တရေအိုင်သို့ ကြွကာ ဆွမ်းဘုန်းပေး တော်မူပြီး တဖန်ပြန် လည် ဟော ကြားတော်မူခဲ့သည်၊ နတ်ဗြဟ္မာတို့၏ စိတ်တွင်ကား ဘုရားရှင်တ ပါးတည်း ဟောကြား နေသည် ဟု မှတ်ထင်နေ ကြ၏၊ ပြန်ေ ရာက်ပါမှ တရားတော်ကို ရောက်သည့်နေရာမှ ဆက်လက် ဟောကြားတော်မူသည်၊

အရှင်သာရိပုတ္တရာ သည်လည်း လူ့ပြည်မှတက်ကာ ဘုရားရှင် ဆွမ်းဘုန်းပေးနေစဉ်အတွင်း ၀တ်ကြီး ၀တ်ငယ် ကို ပြုစု ပေးတော်မူ၏၊ ထိုအချိန်လေးအတွင်းမှာပင် သာရိပုတ္တရာ ငါဘုရားကတော့ ဒီနေ့မှာ အဘိဓမ္မာတရားကို ဒီနေရာကနေ ဒီနေရာ အထိ ဘယ်လို ဘယ်လို ဟောထားခဲ့တယ် ဆိုပြီး အကျဉ်းဆုံးနည်းကို လမ်းပြညွှန်တော်မူ၏၊ ထိုအကျဉ်းဆုံးကိုပင် အရှင် သာရိပုတ္တရာကလည်း သူဥာဏ်ရှိသလို ချဲ့ထွင်ကာ ရှေးအခါက လင်းနို့သား ငါးရာအဖြစ်ဖြင့် အဘိဓမ္မာတရားကို နာဖူးခဲ့သော ပါရမီအထုံရှိခဲ့သည့် တပည့်သားရဟန်းနောက်လိုက် ငါးရာကို တဆင့်ပြန်လည်ဟောကြားခဲ့သည်။ ( ထိုရ ဟန်းများသည် ၀ါမဆိုခင်အချိန်က ဘုရားရှင် တန်ခိုးပြသည်ကိုကြည်ညိုကာ သာသနာ့ဘောင်ဝင်ရောက်ခဲ့ကြသော လူ ဒကာများဖြစ်ကြ၏ )

ယနေ့စာရေးသူတို့ သင်ယူလေ့လာနေကြရသော အဘိဓမ္မာ ပဋ္ဌာန်းတရားတော်များသည် အရှင်သာရိပုတ္တရာ ဟောကြား တော်မူခဲ့သော မကျဉ်းမကျယ်နည်းမျှသာတည်း၊ အကယ်၍သာ ဘုရားရှင်ဟောခဲ့သလို အကျယ်တ၀င့် သင်ယူရပါမူ မည်သို့မျှ ဆုံးခန်းတိုင်မည် မဟုတ်ဟု မှတ်ထင်ရပေသည်။ အဘယ့်ကြောင့်ဆိုသော် ဥာဏ်ရှိလျင် ရှိသလောက်၊ ချဲ့ထွင်နိုင် လျင် ချဲ့ထွင်နိုင်သလောက် နည်းပေါင်းများစွာ နယ်ပယ် ပေါင်းများစွာ ကျယ်ဝန်းသောကြောင့် ဖြစ်ပါသည်။ ဤသည်ကား သီတင်းကျွတ် လပြည့်မရောက်ခင် တနည်းအားဖြင့် ၀ါမကျွတ်ခင် နတ်ပြည်သို့တက်လှမ်းကာ တရားဟောပုံ ဖြစ်ပါသည်။
သီတင်းကျွတ်လပြည့်နေ့မြင်ကွင်းများကို ပုံဖော်ထားဟန်

သီတင်းကျွတ်လပြည့်နေ့၏ မြင်ကွင်းများ

ဗုဒ္ဓမြတ်စွာသည် အဘိဓမ္မာတရားတော်ကို ဟောပြီးသည့်အခါ အရှင်မောဂ္ဂလာန်က နတ်ပြည်တက်လာကာ မြတ်စွာဘုရား လူ့ပြည်မှာ ဘယ်နေရာမှာ ဆင်းသက်ပါမလဲဘုရားဟု လျောက်ထားသောကြောင့် .. ငါ၏ သားကြီးလက်ယာတော်ရံ သာရိပုတ္တရာနှင့် တပည့်ငါးရာရှိနေရာ သင်္ကဿမြို့ကို ဆင်းတော်မူမယ်၊ သို့သော်လည်း ယခုလက်ရှိ သာဝတ္ထိက ပရိသတ်တွေ အားလုံးကို တန်ခိုးတော်နဲ့ မနက်ခင်းမှာ ကျောင်းကို ဥပုသ်စောင့်သွားကြသလို သင်္ကဿမြို့ကို ခေါ်စေမယ် ဟု မိန့်တော်မူသည်။ ထိုသို့ဆင်းသက်စဉ် သိကြားမင်းသည် စောင်းတန်းသုံးမျိုးဖန်ဆင်းကာ အလယ်ပတ္တမြားစောင်းတန်းမှ ဆင်းသက်တော်မူသည်။

ဗြဟ္မာပရိသတ်များက ဘုရားရှင်၏ လက်ဝဲဘက် ငွေစောင်းတန်းမှ၎င်း၊ နတ်ပရိသတ်များက လက်ယာဘက် ရွှေစောင်း တန်းမှ၎င်း၊ ပဉ္စသီခ နတ်သားက ဘုရားရှင်၏ လက်ယာဘက်မှ ဗေလုဝနတ်စောင်းကို တီးခတ်ကာ ဂုဏ်တော်တို့ကို ရွတ်ဆိုသီကြူးလျက်၎င်း၊ မာတလိနတ်သားက လက်ဝဲဘက်မှ နတ်ပန်းနံ့သာ များ ကြဲချလျက်၎င်း၊

ဗြဟ္မာ့ပြည်မှ တန်ခိုးအကြီးဆုံး မဟာဗြဟ္မာကြီးသည် ဘုရားရှင်အား ထီးမိုးလျက်၎င်း၊သုယာမနတ်မင်းကြီးသည် ဘုရား ရှင်အား သားမြီးယပ်ခပ်ပေးလျက်၎င်း ကြည်နူးမဆုံးနိုင်သော အသရေတော်ဖြင့် ရတနာစောင်းတန်းအသီးသီးမှ ဆင်း သက်တော်မူခဲ့သည်၊ အထူးခြားဆုံးကား လူတွေ နတ်တွေ ဗြဟ္မာတွေ အားလုံး တယောက်မျက်နှာ တစ်ယောက် မြင်နိုင်ကြခြင်း ဖြစ်ရကား အတွေြး ဖင့် မြင်ေ ယာင်ကြည့်သည်ကပင် တော်တော် ပီတိဖြစ်စရာ ကောင်းပါလိမ့်မည်။ ထို့ကြောင့်လည်း မြင်သမျှ ပရိသတ်များက ဆီမီးမျိုးစုံ ထွန်းညှိကာ ပူဇော်ကြိုဆိုနေကြရကား အားကျကြည်ညို သော ကြောင့် ဘုရားဆု တောင်းကြခြင်းများလည်း ဖြစ်နိုင်ပါသည်။

ဘုရားရှင် တာဝတိံသာ နတ်ပြည်မှ အဆင်းတွင် ပရိသတ်အားလုံးတို့အား တရားဟောတော်မူရာ လင်းနို့သားငါး ရာဖြစ်ဖူး သောရဟန်းငါးရာ ရဟန္တာဖြစ်တော်မူကြသည်၊ နောက်တဖန် ဘုရားရှင်၏ သင်္ကဿမြို့၌ လက်ယာဘက် ခြေချမိရာ ဋ္ဌာန တွင် ဘုရားအားလုံးတို့ မစွန့်လွှတ်ရာ နေရာတစ်ခုဖြစ်သော အ၀ိဇဟိတဋ္ဌာနအဖြစ် အစလစေတီ ဟု ယနေ့တိုင် ခေါ်ဝေါ်ေ နကြ ဆဲဖြစ် သည်။

ယနေ့ခေတ် သင်္ကဿနဂိုရ်မြို့

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူပြီးနောက်ပိုင်း သာသနာသက္ကရာဇ် ( ၂၁၈ ) ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီးသည် ဘုရား ရှင် နတ်ပြည်မှ ဆင်းသက်ခဲ့ရာ နေရာ၌ စေတီကြီးတစ်ဆူ၊ ကျောင်းတိုက်ကြီးတစ်ခုနှင့် ဆင်ရုပ်ပါ ကျောက်တိုင်တစ်တိုင်ကို စိုက်ထူထားခဲ့သည်၊ သို့ရာတွင် ခရစ်နှစ် ( ၁၁၈၃ ) တွင် ဇယချန္ဒရ Jayachandra မည်သော ဟိန္ဒူဘာသာကိုး ကွယ်သော မင်းသည် သာသနာပ ပုဏ္ဏားတို့၏ စကားကို နားထောင် ကာ အစလစေတီနေရာရှိ အသောကမ င်းကြီး ကောင်းမှု စေတီနှင့် ကျောင်း တိုက်ကြီးတို့ကို အစဖျောက် ဖျက်ဆီးပစ်ခဲ့လေ သည်။ တိုင်းပြည်အုပ်ချုပ်သော ရှင်ဘုရင် မကောင်းလျင် သာသနာသည် လည်း ရေရှည် မတည်တံ့နိုင် ဟူသော သာဓကတစ်ရပ်ပင် မဟုတ်ပါလော ..
အသောက မင်းကြီး၏ ကောင်းမှုတော်သင်္ကေတကို ယနေ့ခေတ် သင်္ကဿမြို့တွင် မြင်နိုင်ဦးမည်လား မသေချာတော့ပါ၊
သင်္ကဿမြို့ ဘုရားရှင်၏ လက်ယာ ခြေတော်ရာချနင်းရာ နေရာတွင် အစလစေတီ နေရာကို အသောက မင်းကြီး ကောင်း မှုဖြင့် ဖူးတွ့ နိုင်သေးပါသည် ...

1842 ခုနှစ်တွင် ဘရစ်တစ် ပညာရှင် အလက်ဇန္ဒား ချန်နင်ဂန် Alexander Cunningham မှ ရှာဖွေတွေ့ရှိခဲ့ပြီး ထိုမှနောက် နှစ်ပေါင်း ( ၈၇ ) နှစ်အကြာတွင် အနာဂါရိက ဓမ္မပါလ Sir Anagarika Dharmmapala က သီရိလင်္ကာနိုင်ငံမှ လာရောက် ရှာဖွေဖော် ထုတ်ခဲ့ပြန်သည်။

သင်္ကဿမြို့၏ မြောက်ဖက်တွင် ဂင်္ဂါမြစ်ရှိ၍ တောင်ဘက်တွင် ယမုံနာမြစ်ရှိရကား မြစ်နှစ်ခု ကြားက ထူးခြားသော မြို့ဟု ပင်ဆိုရ ပါမည်၊ မထုရာမြို့မှ ၄ ယူဇနာ ( မိုင်ပေါင်း ၂၄ မိုင် ) မျှသာ ဝေးကွာ၏၊( ဣတော မထုရာယ စတူသု ယောဇနေသု သင်္ကဿံနာမ နဂရံ အတ္ထိ )မှတ်ချက်-- ခေတ်သစ် အနောက်တိုင်း ပညာရှင်တို့၏ တိုင်းထွာချက်အရ တယူဇနာတွင် ( ၈ ) မိုင်မျှသာ ရှိသည်ဟု သတ်မှတ်ကြသည်၊ သို့သော် အချို့သော စာပေများတွင် ၁၀ မိုင်၊ ၁၂ မိုင်စသည်ဖြင့် မူကွဲများစွာ တွေ့ရတတ်သေး၏။ ဗုဒ္ဓခေတ်က ယူဇနာအကွာအဝေးကို သုံးကြပြီး ယနေ့ခေတ်မှာတော့ မြန်မာလူမျိုးများ ရှေးခေတ် ကသုံးခဲ့ကြသလို အတောင်၊ အထွာ အသုံးအနှုံး များလဲ မသုံးတော့ပါ၊ မိုင်၊ တိုင်၊ ကီလိုမီတာ စသည်ဖြင့်သာ သုံးကြတော့သည်၊ တိုးတက်သော ခေတ် ကာလ ၏ ပြယုဂ်တစ်ခုပင်တည်း။

ယနေ့အချိန်တွင် သင်္ကဿမြို့Sankasya သည် အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေရှ် ( Uttar Pradesh )ပြည်နယ်၊အရှေ့ပိုင်း အိန္ဒိယရထားလမ်းပေါ်ရှိ ကိုဟာဘတ်နှင့် ဖရုခါဗဒ် ( Farukhabad ) မြို့အကြား ပခန( Pakhna ) ဘူတာမှ ၅ မိုင်ဝေးကွာ သော ဗဆန္တပုရ် ( Basantpur ) ရွာအနီး၌ တည်ရှိနေဆဲ ဖြစ်ပါသည်။

ဤသို့သော အဖြစ်အပျက်များကို လေ့လာခြင်းဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် သံဃာတော်များက ပ၀ါရဏာ ပြုရန် စုဝေးကြ ရခြင်း၊ ဗုဒ္ဓဘာသာဝင်အားလုံးတို့သည်လည်း ဘုရားရှင်အား ဆီးမီးမျိုးစုံဖြင့် ပူဇော်ခြင်း၊ အဘိဓမ္မာပဋ္ဌာန်း တရားတော်ဖြင့် ရွတ်ဖတ် ပူဇော်ကြခြင်းဖြင့် ကောင်းမြတ်သော အထွဋ်အမြတ်ဖြစ်သော ဘုရားရှင်၏ ဂုဏ်တော်တို့ကို အာရုံပြုကာ အထူးတလည် ကြည်ညို စရာ နေ့ထူးနေ့မြတ်တနေ့သာ ဖြစ်ပါတော့သည်။

မေတ္တာဖြင့်

အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )

Date.8. Oct.2011

စာညွှန်း။ ။ ဒေဝေါရောဟဏ၀တ္ထု၊ ဗုဒ္ဓ၀ဂ်၊ ဓမ္မပဒအဋ္ဌကထာ၊

သာဝတ္ထိမြန်မာကျောင်းဆရာတော် ဦးသြဘာသ၏ မဇ္ဈိမဒေသမြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ၊

သင်္ကဿနဂိုရ် နှင့် ပက်သက်သော မှတ်တမ်းများကိုဒီနေရာနှင့် ဒီနေရာများမှာ လေ့လာနိုင်ပါသေးသည်။

ပို့စ်ကို ဘုန်းဘုန်းပန်းကမ္ဘာ ဆိုဒ်မှ ကူးယူဖော်ပြပါသည်.


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ရေနွေးကြမ်းနှင့် ကျန်းမာရေး

လက်ဖက်သည် တရုတ်ပြည်တွင် လွန်ခဲ့သော နှစ်ပေါင်းလေးထောင်ကျော်ကတည်းက သုံးစွဲခဲ့တဲ့ ရိုးရာ အစားအစာ တစ်ခုပါ. . . . အနီးအနားမှ မြန်မာ၊ ဂျပန်၊ ကိုရီးယားမှသည် တကမ္ဘာလုံးသို့ ပျံ့နှံ့သွားပြီး လက်ဖက်၏ ကောင်းကျိုးများကို ယနေ့ထိတိုင် တစ်ခုပြီး တစ်ခု ဖော်ထုတ်ဆဲ ဖြစ်ပါသည်. . . . ယေဘုယျအားဖြင့် လက်ဖက်စိမ်း (Green Tea) နှင့် လက်ဖက်ညို (Brown Tea) ဟု နှစ်မျိုးခွဲထားသော်လည်း ပင်ရင်းမှာ လက်ဖက်တစ်မျိုးတည်း သာဖြစ်ပါသည်.

လက်ဖက် တစ်မျိုးတည်းအား ပြန်ပြင်ထုတ်လုပ်သည့် အပေါ်မူတည်၍ အမျိုးမျိုးကွဲပြားသွားသလို အာနိသင်လည်း ကွဲပြားသွားပါသည်. ယခု ကျွန်မတို့သောက်တဲ့ ရေနွေးကြမ်းသည် လက်ဖက်စိမ်းဖြစ်ပါတယ်. . . . အစိမ်းရောင် မဖြစ်ပဲ ၀ါဖန့်ဖန့် ဖြစ်နေခြင်းက တာရှည် အထားခံအောင် ပြုပြင်ပြောင်းလဲမှုကြောင့်ပါ. . . . . လက်ဖက်ညို ကတော့ ကျွန်မတို့ အခုသောက်နေတဲ့ လက်ဖက်ရည်အချိုပါ တကယ်တော့ လက်ဖက်ညိုကို သကြား၊ နို့ဆီများနှင့်ရောနှောတဲ့ အချိုးပေါ် မူတည်ပြီး ချိုဆိမ့်၊ ပေါ့ကျ ၊ ချိုပျစ် ၊ ပုံမှတ် တို့ ဖြစ်လာပြီး ပြောင်းလဲခေါ်ဝေါ်ခြင်းဖြစ်ပါတယ်. . .

တကယ်တော့ ရေနွေးကြမ်းမှာ သာ ကာတီချင် (Catechins)ဆိုတဲ့ အင်တီအောက်ဆီးဒင့်များတာပါ. . လက်ဖက်ရည် အချိုမှာတော့ အဲဒီကာတီချင်ဓာတ် အရမ်းနည်းပါတယ်. . . . ဒါပေမယ့် ကဖင်း Caffeine ဓာတ်ကတော့ လက်ဖက်ရည် အချိုမှာ များများပါပြီး ရေနွေးကြမ်းမှာ နည်းနည်းပဲ ပါပါတယ်. . . ဒါကြောင့် လက်ဖက်ရည် အချိုက သောက်ချင်စိတ်စွဲစေပြီး ရေနွေးကြမ်းက သိပ်မစွဲတာပါ. . . . .

အထွေထွေကျန်းမာရေးအတွက် ရေနွေးကြမ်းရဲ့ ကောင်းကျိုးပြုမူများသည် စာဖွဲ့လျှင် ကုန်နိုင်စရာမရှိပါ. ကောင်းကျိုးတွေ တစ်ခုပြီး တစ်ခု တွေ့ရှိလေ့လာနေဆဲပါ. . . အဓိကအကြောင်းကတော့ အင်တီ အောက်ဆီးဒင့် အကောင်းစားဖြစ်တဲ့ ကာတီချင် (Catechins) ကြောင့်ပါ။

ကင်ဆာဖြစ်ပွားနှုန်းကိုလျော့ပါးစေပါတယ်။အဆစ်အမျက်ကိုက်ခဲရောင်ရမ်းမှုကို သက်သာ စေတယ်။ သွေးထဲက ကိုလက်စထရော အဆီတွေကျစေတယ်။ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်တယ်။ ကိုယ်ခံအား ကို ကောင်းစေတယ်။ ဘော်ဒီဝိတ်လည်း ကျစေတယ်။ သွားပိုးစားတာလည်းကာကွယ်တယ်။ အသက်ကြီးသူ တွေမှာကြုံတတ်တဲ့ အယ်လ်ဇိုင်းမားဆိုတဲ့ စိတ်ကစဥ့်ကလျား ရောဂါကိုလည်း လျော့ကျစေတယ်။

မကောင်းတာလေးတစ်ခုကတော့ ရေနွေးကြမ်းမှာ ကဖင်းဓာတ်အနည်းငယ်ပါတော့ အိပ်မပျော်တာမျိုး ကြုံရတတ်တာလေးပါ။ ထို့ကြောင့် ညအိပ်ခါနီး ရေနွေးကြမ်းသိပ် မသောက်သင့်ပါ. . .

ဒေါက်တာကျော်ကျော် ( အထူးအရေပြားအထူးကု)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ငွေပဒေသာပင်အလှူတော်


ဧရာဝတီတိုင်း ဒေသကြီး - ပုသိမ်မြို့
တိုင်းသံဃဆေးရုံ ဂိလာနသံဃာတော်များအား
ဆွမ်းကွမ်း-ဆေးဝါး-ဝေယျာဝစ္စနှင့် သံဃာဆောင်ကြီး မွမ်းမံရန်
ငွေပဒေသာပင်အလှူတော်


ပုသိမ်မြို့၊တိုင်းသံဃဆေးရုံ အနယ်နယ်အရပ်ရပ်မှ ဂိလာနသံဃာတော်များရောဂါဘယမှ ပျောက်ကင်းချမ်းသာကြ၍ သာသနာပြုတော်မူနိုင်ကြပါစေခြင်း ငှာ အောက်ပါအတိုင်း လစဉ် အာစိဏ္ဍကံ သံဃိကဒါန၊ ဇီဝိတဒါန ဘေသဇ္ဖဒါန ထာဝရကုသိုလ်ပြုတော်မှုကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော် တိုက်တွန်းအပ်ပါသည်။

၁။ လစဉ် အာစိဏ္ဍကံ (အနည်းဆုံး) = ၅၀၀၀ိ/- ကျပ်
၂။ အထူးကုသိုလ်ပြုအလှူတော် = ၁၀၀၀၀ိ/- ကျပ်
၃။ ဆွမ်းကွမ်းအလှူတော် = ၁၀၀၀၀ိ/- ကျပ်
၎။ ဆေးဝါးအလှူတော် = ၁၀၀၀၀ိ/- ကျပ်
၅။ သံဃာဆောင် ပြုပြင်မွမ်းမံမှု = ၁၅၀၀၀ိ/- ကျပ်
၆။ ဝေယျာဝစ္စနှင့် ဈာပနအလှူ = ၁၅၀၀၀ိ/- ကျပ်
၇။ လိုအပ်ရာ ဖြည့်စွက်ပါ = ၅၀၀၀ိ/- ကျပ်

အလှူခံဌာန - မြို့မ ဆရာတော် ဘဒ္ဒန္တကောဝိဒ (အဂ္ဂမဟာမင်္ဂလဓမ္မဇောတိက) (မဟာသဒ္ဓမ္မဇောတိကဓဇ)
မြို့မဓမ္မရိပ်သာ ကျောင်းတိုက် ၊ ရှင်ပင်ဘုန်းပွင့်လမ်း၊ ပုသိမ်မြို့။ ဧရာဝတီတိုင်းဒေသကြီး။
ဖုန်း - ၀၄၂-၂၅၂၉၄၊ ၀၉- ၅၂၀၂၃၄၇

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ကျီးကန်းလမ်းလျှောက်သည့် ပုံစံကျင့်စဉ်

ယခုတစ်ပတ်တွင် အဆစ်အမြစ် ကိုက်ခဲခြင်း၊ ဒူးနာခြင်းတို့ကို သက်သာ ပျောက်ကင်းစေသည့် ကျီးကန်းလမ်းလျှောက် သည့် ပုံစံ ယောဂ ကျင့်စဉ်ကို ဖော်ပြလိုက်ပါသည်. .


လေ့ကျင့်နည်း

၁။ ဒူးခေါင်းကွေး၍ ဆောင့်ကြောင့်ထိုင်ပါ ။ ခြေနှစ်ဖက်ကို ပူးကပ်ထားပါ. . လက်နှစ်ဖက်က ဒူးခေါင်း ၂ ဖက်ကို ပိုက်ထားပါ (ပုံ-၁)

၂။ အသက်ရှုသွင်းပြီး ညာခြေကို ရှေ့သို့ တစ်လှမ်းလှမ်းပါ။ ဘယ်ဘက်ဒူးခေါင်းက အောက်သို့ နှိမ့်ထားရမည်။ အသက်ရှုထုတ်လိုက်ပါ။ (ပုံ-၂)

၃။ တစ်ဖန် အသက်ရှုသွင်းပြီး ဘယ်ခြေကို ရှေ့သို့ တစ်လှမ်းလှမ်းလိုက်ပါ။ ညာဘက် ဒူးခေါင်းကို အောက်သို့ နှိမ့်ထားပါ။ အသက်ရှုထုတ်လိုက်ပါ (ပုံ-၃)


၎။ အသက်ရှုသွင်းပြိး နောက်ဘက်တွင် ကျန်နေသော ညာခြေထောက်ကို ရှေ့ဘက်သို့ ပြန်ယူပြီး စုလိုက်ပါ။ အသက်ရှုထုတ်လိုက်ပါ။

၅။ အဆင့်(၁)မှ အဆင့် (၄) အထိ ကို ၁ ကြိမ်ဟု သတ်မှတ်ပြီး ၃ ကြိမ်အထိ ပြုလုပ်ပါ။

မှတ်ချက်

ရှေ့သို့ ခြေလှမ်းလှမ်းချိန်တွင် မလောပါနှင့်။ တဖြည်းဖြည်းချင်း ပြုလုပ်ပါ။
ခြေလှမ်းကို မကျဲစေပါနှင့်။ ခြေလှမ်းစိတ်ရမည်။
တင်ပါးကို နှိမ့်ထားပါ

ဤလေ့ကျင့်ခန်းကို မှန်မှန်ပြုလုပ်ပေးပါက. . .

  • အဆစ်အမြစ်ရောင်ခြင်းကို သက်သာစေပါသည်
  • အရိုးအဆစ်ထုံးကပ်ခြင်းကို ကာကွယ်ပေးသည်
  • ခြေချောင်း၊ ခြေဖျား၊ ခြေဖနောင့် ခြေချင်းဝတ်နှင့် ဒူးခေါင်းကို သန်မာစေပါသည်

နန်းဆုကေဆွမ် ယောဂသင်တန်း

Health Digest

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အချစ်ကြောင့်လား ဂုဏ်ဒြပ်ကြောင့်လား



အချစ်ဆိုတာ တွယ်တာတာ၊ တပ်မက်တာ၊ အသံကို အမြဲတမ်းကြားနေခြင်တာ၊ရုပ်သွင် လေးကို အမြဲတမ်း မြင်နေချင် တာ ၊ သူနဲ့ တူတူ စကားတွေ အမြဲတမ်းပြောနေလိုတာ. . . စတာတွေဟာ အချစ်ရဲက လက္ခဏာတွေပါ. . မိဘနှင့် သားသမီးကြား ၊မောင်နှမကြား ၊ သူငယ်ချင်း နှစ်ယောက်ကြား လူနဲ့ သက်ရှိ သက်မဲ့ အရာဝတ္တုကြားမှာ လည်း ချစ်ခြင်း ၊တွယ်တာခြင်း ၊ တပ်မက်ခြင်းတွေရှိပါတယ်. .

မေတ္တာဆိုတာကတော့ ကိုယ်မေတ္တာရှိတဲ့လူ။ မေတ္တာထားလိုက်တဲ့ လူနဲ့ ပတ်သက်ပြီး သူ့ဆီက ဘာမှ ပြန်မလိုချင်ဘူး . . .ကိုယ့်မေတ္တာနဲ့ပဲ သူ့ကိုကောင်းစားစေချင်တယ်. . . ပေးဆပ်ချင်တယ်.. . .

အချစ်မှာတော့ ကိုယ်ကလည်း သူ့ကို ကောင်းအောင်လုပ်ပေးချင်သလို သူ့ဆီကလည်း ကောင်းတာလေးတွေ မျှော်လင့်တတ်ကြပါတယ်. . . . . အဲဒီနှစ်ခုပြည့်စုံမှ သူ့အချစ်ကလည်း ပြည့်စုံတယ်လို့ ယူဆတတ်ပါတယ်. . . . . အချစ်ဆိုတာ ရယူခြင်းလည်းဟုတ်တယ်. . . . ပေးဆပ်ခြင်းဆိုလည်း ဟုတ်ပါတယ်. .

သူငယ်ချင်းကြားမှာ ဖြစ်ဖြစ်၊ လင်မယားကြားမှာပဲ ဖြစ်ဖြစ် ၊ ချစ်သူနှစ်ဦး ကြားမှာပဲဖြစ်ဖြစ် ၊ ဖြစ်ပေါ်လာတဲ့ အချစ်နောက်မှာ ကပ်ပြီးပါလာတာကတော့ ပူလောင်ခြင်းဆိုတဲ့ မီးကလေးပါပဲ. . သို့သော် ဘယ်သတ္တ၀ါမှ အချစ်နဲ့ မလွတ်ကင်းနိုင်ကြပါဘူး. .

ချစ်ခြင်းမေတ္တာတစ်ခုတည်းနဲက အိမ်ထောင်တစ်ခု ထူထောင်လို့ရသလားဆိုတော့ . . . "ယောက်ကျာ်းကလေးနဲ့ မိန်းကလေး လက်ထပ်တယ် ဆိုရင် တစ်ယောက်ကို တစ်ယောက် နှောင်ဖွဲ့တာကတော့ အခြေခံသံယောဇဉ်ပါ. . ချစ်ခြင်းမေတ္တာပေါ့ . . . . ချစ်ခြင်းမေတ္တာမပါဘဲ ထူထောင်တဲ့ အိမ်ထောင်ရေးဟာ အတော် အန္တရယ်ကြီးမားပါတယ်. . . အချိန်တိုတွင်းမှာပဲ ပျက်စီးခြင်း ၊ ပြိုကွဲခြင်းကို ရှေးရှုစေပါတယ်. . . . "

ဒါပေမယ့်လည်း ချစ်ခြင်းမေတ္တာ တစ်ခုတည်းနဲ့မပြီးဘူးဆိုတာကိုတော့ ရှေုးတုန်းက စာရေးဆရာကြီးတွေ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ပညာရှင်ကြီးတွေကိုလည်း ဒါကို တော်တော်လည်း ပြောခဲ့ကြပါတယ်. . .

အခုခေတ်လူငယ်တွေက အချစ်က အရာရာကို ကျော်လွှားနိုင်တယ်ဆိုပြီး အချစ်တစ်ခုတည်းနဲ့ လက်ထပ်မယ် ဆိုရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်. . . ဒါ့ကြောင့် လူငယ်တွေ အချစ်တစ်ခုတည်း ကြောင့် လက်မထပ်စေချင်ပါဘူး. . . တစ်ဘ၀လုံးစာ နစ်နာသွားနိုင်ပါတယ်. .

ချစ်ခြင်းမေတ္တာအပြင်မှာ ဘာတွေ ထပ်ပြီး လိုအပ်သလဲဆိုရင်တော့ တစ်ယောက် အပေါ်တစ်ယောက် နားလည်မှု၊ သည်းခံမှု၊ ခွင့်လွှတ်မှုပါ. . . လူတိုင်း ခြောက်ပစ်ကင်း သဲလဲစင်တော့ မဟုတ်ကြပါဘူး လူတိုင်းလူတိုင်းမှာ ချို့ယွင်းချက်ဆိုတာတော့ ရှိနေမှာပါ. . . . အဲဒီချစ်သူနှစ်ဦး လက်ထပ်ကြာတော့ ဇနီးမောင်နှံ လောင်းလျာဟာ ကိုယ်စီကိုယ်င ချို့ယွင်းချက် အပြစ်လေးတွေ ကိုတော့ကြိုတင် သိထားပြီးတော့ နားလည် တာဝန်ယူတတ်မှုတွေ ရှိရပါမယ်. . . အဲဒါက လူ့အဖွဲ့အစည်းမှာ အင်မတန် အရေးကြီးပါတယ်. .

ချစ်သူနှစ်ဦးမှာလည်း ကောင်ကလေးဆိုရင် လည်း သူ့တာဝန်ယူမှုနဲ့ သူ၊ မိန်းကလေးလည်း အလားတူပဲ ဖြစ်ပါတယ်. . .

နောက်တစ်ခုက စီးပွားဥစ္စာပြည့်စုံမှုတွေလည်း လိုအပ်ပါတယ်. . ဆင်းရဲခြင်းဟာ မကောင်းပါဘူး. . . ဆင်းရဲခြင်းဟာ ပြသာနာများစွာကို ထွက်ပေါ်လာပြီးတော့ မသိနားမလည်မှုတွေ များစွာ ဖြစ်ပေါ်လာပါတယ်. . . မသိနားမလည်မှုတွေကြောင့်ပဲ အိမ်ထောင် ပြိုကွဲသွားနိုင်ပါတယ်. . . ဒါကြောင့် ထိုက်သင့်တဲ့ လိုအပ်တဲ့ စီးပွားရေး အခြေခံဆိုတာလည်း ရှိရပါမယ်. . .

နောက်တစ်ခုက ဂုဏ်သိက္ခာပါ ဂုဏ်သိက္ခာဆိုတာ ရာထူးစည်းစိမ်ကို ပြောတာမဟုတ်ဘူး . . ရိုးသားမှု ဂုဏ်သိက္ခာ အဲဒါတွေကို ထည့်မတွက်ပဲ အချစ်တစ်ခုတည်း သံယောဇဉ် တစ်ခုတည်း နီးစပ်မှု တစ်ခုတည်းကြောင့်ပဲ လက်ထပ်မယ်ဆိုရင် အဲဒီအိမ်ထောင်ဟာ ချမ်းမြေ့တဲ့ အိမ်ထောင် တစ်ခု ဖြစ်မှ မဟုတ်ဘူး. . .

ချစ်သူဘ၀မှာ အရေးကြီးဆုံးနဲ့ တစ်ခုတည်းသော အရာဟာ အချစ်ပါပဲ. . . ဒါပေမယ့် အိမ်ထောင်သည် ဘ၀မှာ ချစ်သူဘ၀နဲ့ အရမ်းခြားနားသွားပြန်တယ်. . . . "အပြန်အလှန် တာဝန်ယူရတော့မယ်. . ရုန်းကန်လှုပ်ရှားရတော့မယ်. . . စားဝတ်နေရေးအတွက် အလုပ်လုပ်ရတော့မယ် . . သားသမီးပွာစီးလာရင် သားသမီးအတွက် တာဝန်ယူရတော့မယ်. . . ဒါကြောင့် ချစ်သူဘ၀မှာ ချစ်ခြင်းမေတ္တာဟာ အသံကျယ်လောင် ပေမယ့် အိမ်ထောင်သည် ဘ၀မှာ အသာလေး နောက်ဆုတ်သွားပြီး အသံမထွက်တော့ဘူး. . . "

အိမ်ထောင်သည် ဘ၀မှာ အချစ်ဟာ နောက်တန်းကို လျှော်သွားပြီး . . အပြန်အလှန် နားလည်မှု၊ သည်းခံမှု ၊ ခွင့်လွှတ်နိုင်မှုတွေ အရေးပါလာတယ်. . . ဒါကြောင့် အချစ်တစ်ခုတည်းနဲ့ အိမ်ထောင်တည်ဆောက်မယ် ဆိုတာ မဖြစ်ကောင်းတဲ့ အရာတွေပါ. ..

"အတူတကွ လက်ထပ်ပေါင်းသင်းဖို့ စဉ်းစားလိုက်တာနဲ့ အချစ်တစ်ခုတည်း နဲ့ မပြီးပါလား ကျန်တာတွေ အများကြီးလိုပါသေးလားဆိုတာ သိလာရပါတယ် . . ၀တ္တုတွေထဲမှာပဲ ကြည့်ကြည့် ၊ ဇာတ်လမ်းတွေထဲမှာပဲ ကြည့် ကြည့် အချစ်တစ်ခု တည်းနဲက ပဲ တစ်ဆောက်ထားတဲ့ ဘ၀ဟာ ပျက်ဆီးတာ ရှိသလို အောင်မြင်တာတွေလည်း ရှိပါတယ်. . ."

အချစ်ဟာ အန်မတန် လိုအပ်ပါတယ် . . ဒါပေမယ့် အရာရာဟာ သူ့အချိန်အပိုင်းအခြားနဲ့ သူလိုအပ်တယ်. . ဒီအချိန်မှာ အရေးကြီးသလို နောက်တစ်ချိန်မှာ သူ့ထက် အရေးကြီးတာ ပေါ်လာမှာပါ. . . . အဲဒါဟာ အိမ်ထောင်ရေး ဘ၀ရဲ့ ဥပဒေလို့ ပြောလို့ရပါတယ်. .

မြန်မာတိုင်း(မ်) အထူးထုတ် အချပ်ပို

ဇွန်ပန်းပွင့် (စာရေးဆရာ ချစ်ဦးညို၏ ဖြေကြားချက်) ကို ပြန်လည် ကူးယူဖော်ပြပါသည်.


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။