ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဝမ်းချုပ်ခြင်းကို ကာကွယ်မည့် ယောဂကျင့်စဉ်

တစ်ချို့လူတွေဟာ မကြာခဏ ၀မ်းချုပ်တတ်ကြပါတယ်. .. .၀မ်းချုပ်ရင် နေရထိုင်ရတာ မအီမသာ ဖြစ်စေသလို နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကလည်း ဖြစ်နိုင်ပါတယ်. . မြန်မာစကားပုံတစ်ခုဖြစ်တဲ့ " ၀မ်းတစ်လုံးကောင်း ခေါင်းမခဲဘူး " ဆိုတဲ့ စကားပုံအတိုင်းပဲ လူတစ်ယောက်အတွက် ၀မ်းမှန်နေဖို့လိုပါတယ်. . . ဒါကြောင့် ၀မ်းချုပ်ခြင်းကို ကာကွယ်နိုင်မည့် နည်းလမ်းတွေရှိတဲ့ အထဲက ယောဂကျင့်စဉ်ဖြင့် ကာကွယ်နည်းကို ဖော်ပြလိုက်ပါတယ်. . . .

အဆင့်(၁)

ကြမ်းပြင်ပေါ်သို့ ၀မ်းလျားမှောက်လိုက်ပါ. .


အဆင့်(၂)

ခြေထောက် နှစ်ဖက်ကို အပေါ်ဘက်သို့ ကွေးနိုင်သမျှ ကွေးပြီး လက်နှစ်ဖက်ဖြင့် ကွေးထားသော ခြေကျင်းဝတ်များကို ဆုပ်ကိုင်ပါ. . နဖူးကို ကြမ်းပြင်နှင့် ထိထားပါ. . .


အဆင့်(၃)

အသက်ကို ပြင်းပြင်းရှူသွင်းပြီး ခေါင်းကို မော့၍ ခြေဖျားများကို အပေါ်သို့ လက်ဖြင့် ဆွဲမလိုက်ပါ. . . ပခုံးနှစ်ဖက်ကို အပေါ်သို့ ကြွလိုက်ပါ. . .လက်နှစ်ဖက်က ခြေကျင်းဝတ်များ ကိုင်ထားသည်ကို မလွှတ်ရပါ. . ပေါင်များနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြမ်းပြင်မှ အထက်သို့ ကြွတက်လာသည်အထိ ဆွဲပေးရမယ်. . .


အဆင့်(၄)
ဤပုံစံအတိုင်း ထိန်းထားပြီး ပုံမှန်အသက်ရှူပါ. . . . ၀င်သက်၊ ထွက်သက် ကို တစ်ကြိမ်မှတ်ယူပြီး ၁ မှ ၁၀ ထိမှတ်ပါ. . .

အဆင့်(၅)

ပြီးလျှင် အသက်ရှူ ပြီး ခန္ဓာကိုယ်ကို ကြမ်းပြင်သို့ ပြန်ချပါ. . . အသက်ရှူထုပ်ပါ. . .

ဤကျင့်စဉ်ကို ပြုလုပ်ပါက . အစပိုင်းတွင် တချို့သည် ခြေဖျားများကို မြှောက်နိုင်ပြီး ပခုံးကို မ မနိုင် ဖြစ်တတ်သည်. .. တချို့သည်. . ပခုံးကို မြှောက်နိုင်ပြီး ခြေဖျားများကို မမြှောက်နိုင်ဖြစ်တတ်သည်. . . ထို့ကြောင့် တဖြေးဖြေး ကြိုးစား ၍ပြုလုပ်ရပါမည်. . .

ဤကျင့်စဉ်ကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ၀မ်းချုပ်ခြင်းကို ကာကွယ်နိုင်သလို . . . . ၀မ်းဗိုက်ရှိ ကြွက်သားများကို အားကောင်းစေပါသည်. .

အားလုံးကိုချစ်ခင်လေးစားလျှက်...

14 comments:

  1. ဆေးသောက်တိုင်းလည်းကောင်းတာမဟုတ်ပါဘူး
    အခုလို ကိုယ်လက်လေ့ကျင်းခန်းလေးလုပ်ရင်း
    ကိုယ်လက်အကြောပြေ ကျန်းမာရေးလည်းကောင်း
    ခေါင်းလည်းမခဲ
    .................
    ကျေးဇူးတင်တယ်ဗျို့
    နောက်ဆို အဲ့လိုလေ့ကျင့်လို့ရသွားပြီ

    .........
    ခင်မင်စွာဖြင့်
    ညအလင်္ကာ

    ReplyDelete
  2. မှတ်ထားမယ်.. ခက်တာက ကျွန်တော်က ၀မ်းချုပ်တတ်တဲ့အကောင်မဟုတ်ပဲ အားအားရှိ အိမ်သာမျက်စောင်းထိုးနေတာဆိုတာ... ဒီလို ခဏခဏသွားတဲ့ ၀မ်းကို ထိန်းချုပ်ချင်တယ်ဗျားးးးးးး... ဟားဟား.... ညစ်ညစ်ပတ်ပတ်တွေလာပြောနေသလိုဖြစ်နေပြီ...း))))


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  3. ကျေးဇူးပဲ ခေါင်းမခဲတော့ ဘူး

    ReplyDelete
  4. လေ့ကျင့်ကြည့်ဦးမယ်။ အဲဒီလို လေ့ကျင့်တာကိုက လေလည်ချင်စရာကြီး။းဝ)

    ReplyDelete
  5. သိုင်းကျူး

    တစ်ခါမှမချုပ်ဖူးတော့ ချုပ်ကြည့်အုန်းမှ ...

    ReplyDelete
  6. ဒီဆောင်းပါးကတော့ အကျိုးရှိပဗျာ။။ ကိုယ့်ဝန်းကျင်က လူတွေကို လက်တို့လိုက်ဦးမယ်။

    ReplyDelete
  7. ကောင်းတယ်ဗျာ ကျွန်တော်က ရာဂ ကိုဝါသနာပါတယ်ဗျ
    ကျေးဇူးပါ
    နောက်လည်း ဆက်လက်ပြီး ပညာလေးပေးပါအုံးဗျာ

    ReplyDelete
  8. ရာ ဂ မဟုတ်ပါဘူးဗျာ ယောဂ (yoga) ပါ ဒွတ်ခပဲ တလွဲတေဖြစ်ကုန်ပီ

    ReplyDelete
  9. Thanks. hope it works. let me try it.
    current recipe for me is either eat papaya or smoke haha

    ReplyDelete
  10. ၀မ်းချူပ်တတ်တဲ့ သူတွေအတွက်ကတော့ ဟုတ်ပါပြီ...၀မ်းလွယ်တတ်တဲ့ သူတွေအတွက်လည်းတင်ပေးပါအုံး..ကျေးဇူးပါ

    ReplyDelete
  11. ကျေးဇူးပါဘဲ။နောက်လဲအခြားလေ.ကျင်.ခန်းလေးတွေကိုလဲတင်ပေးပါအုန်းနော်။
    ဘယ်နှစ်မိနစ်လောက်လုပ်သင်.လဲဆိုတာလေးပါအကြံပေးပါအုန်းနော်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။