ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဆန့်ကျင်ဘက်



တစ်ခါတုန်း က တရုတ်ပြည်မှာ ဂျုံစိုက်တဲ့ လယ်သမားတစ်ယောက်ဟာ တန်ခိုးရှင်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ အမှတ်မထင် တွေ့ဆုံပြီး မိတ်ဆွေဖြစ်သွားတယ်. . . အဲဒီအခါမှာ လယ်သမားက တန်ခိုးရှင်ကို အပြစ်တင်တယ် "ခင်ဗျားတို့ တန်ခိုးရှင်ဟာ တန်ခိုးတော့ရှိချင်ရှိမယ်. . . ဂျုံတော့ မစိုက်တတ်ဘူးထင်တယ်. . . တကယ်လို့များ ခင်ဗျားရဲ့ တန်ခိုးနဲ့ ကျုပ်ရဲ့ ဂျုံစိုက်တဲ့ အလုပ်ကို ကူညီမယ်ဆိုရင် အများကြီး အကျိုးရှိမယ် . . " လို့ပြောလိုက်တယ် . .

အဲဒီအခါမှာ တန်ခိုးရှငိက "ကူညီပါ့မယ်. . . . ဘာတွေကူညီရမလဲ လို့. . . " ပြောတယ်... အဲဒီတော့ လယ်သမားက တန်ခိုးရှငိကို သူ့ဘေးက ဂျုံကွင်းဘေးက တဲကလေးထဲမှာ တစ်နှစ်လုံးခေါ်ထားတယ်. . . . ကဲတန်ခိုးရှင် မိုးရွာရင် ဂျုံခင်းတွေပျက်ကုန်မယ်. . . မရွာအောင် လုပ်လိုက်. . . လို့ခိုင်းတယ်. . တန်ခိုးရှင်က လုပ်ပေးတယ် . . "လေတွေတိုက်လာရင်လည်း ဂျုံပင်တွေ တအားလှုပ်ယမ်းကုန်မယ်. . . လေမတိုက်အောင် လုပ်ပေးပါ. . . " လို့ပြောပြန်တယ်. . . တန်ခိုးရှင်ကလည်း သူပြောတဲ့အတိုင်း လေကို တားပေးတယ်. . . . မိုးကြိုးတွေ ပစ်ရင်လည်း အသီးကို ဆုတ်ယုတ်စေတယ် ဆိုပြီး တားခိုင်းတယ်. . . . နေသိပ်ပူလာရင်လည်း ဂျုံပင်တွေ ညှိုးကုန်မယ်ဆိုပြီး မိုးအုံ့ခိုင်းတယ်. . . ရေလိုတဲ့အခါမှာ ရေရအောင် လုပ်ခိုင်းတယ်. . . စာကလေးတွေ လာတဲ့ အခါမှာလည်း မလာအောင် လုပ်ခိုင်းတယ်. . . တန်ခိုးရှင်ကလည်း လယ်သမား ဖြစ်ချင်တာတွေ အကုန်လုပ်ပေးတယ်. . .

ဒီတော့ ဂျုံပင်တွေဟာ အတော့်ကို ဖြစ်ထွန်းတယ် . . . အပင်တွေလည်း အမြင့်ကြီးတက်တယ်. . . . ဒီအခါမှာ လယ်သမားက တန်ခိုးရှင်ကို "ကဲ . . . . မြင်ပြီမို့လား. . . ကျုပ်ရဲ့ ဂျုံခင်းကြီးကို ခင်ဗျားရဲ့ တန်ခိုးနဲ့ ရာသီဥတု အနှောင့်အယှက် ကင်းအောင် လုပ်လိုက်တဲ့ အခါမှာ အပင်တွေက ဘယ်လောက် ဖွံ့ဖြိုးသလဲ ဆိုပြီး အားရ ၀မ်းသာ ပြောရှာတယ်. . . " ဒါပေမယ့် တကယ်တမ်းရိတ်သိမ်းတဲ့ အခါမှာ ဂျုံသီးတွေထဲမှာ အဆံမပါဘူး . . ဟောင်းလောင်းကြီး ဖြစ်နေတယ် ဂျုံဆိုလို့ လုံးဝကို မရတော့ ဘူး .

အဲဒီတော့ လယ်သမားက တန်ခိုးရှင်ကို အထိတ်တလန့်နဲ့ ဘယ်လိုဖြစ်တာလည်းလို့ မေးတော့ တန်ခိုးရှင်က "ဒီလိုငါ့လူရဲ့ . . .နေပူတာ ၊မိုးကြိုးပစ်တာ၊ စာကလေး လာစားတာတို့ဟာ ဗြုန်းခနဲ့ ကြည့်လိုက်ရင် ဂျုံခင်းကို အနှောင့်အယှက်ပေးတယ် လို့ထင်ရမှာပါပဲ. . . . ဒါပေမယ့် အဲဒါက တကယ်နှောင့်ယှက်တာ မဟုတ်ဘူး. . . ချဲလင့်(Challenge) လုပ်တာ ၊ စိန်ခေါ်တာ၊ အဲဒီစိန်ခေါ်မှု၊ ခြိမ်းခြောက်မှုတွေကို ရုန်းကန်ရင်းနဲ့ အနှံတွေ ပြည့်ဝစေရတာ . . . အဲဒီ ချဲလင့် (Challenge) ကို အံတုရတာကိုက ဂျုံပင်ရဲ့ အလုပ်ပေါ့. . . . . အဲဒီအံတုမှုတွေ မရှိဘဲ ငြိမ်ငြိမ်လေး နေတဲ့အခါမှာ သူဟာ လေဖြတ်တဲ့ လူတစ်ယောက်လိုဖြစ်သွားတာ . . အားကုန်ပြီး ခွန်အားတွေ ယုတ်လျော့သွားတာ ဒါကြောင့် ဂျုံစေ့မှာ အဆံတွေ မပါတော့တာ. . . လို့" ရှင်းပြသတဲ့. .

ဒါကြောင့် လောကကြီးမှာ မပြည့်စုံဘူးဆိုတာ ကိုယ့်ကို ချဲလင့် လုပ်နေတာပါ. . . ဆန့်ကျင်ဘက်သဘောနဲ့ အကျိုးပြုနေတာပါ. . . . ဆန့်ကျင်ဘက်ဆိုတာ ပြီးပြည့်စုံခြင်းကို ကူညီတဲ့ တန်ခိုးရှင်တစ်မျိုးဖြစ်ပါတယ်. . .ဆန့်ကျင်ဘက်တွေ့တိုင်း ငါ့ကိုကူညီဖို့ ရောက်လာပြီ ဆိုပြီး . . . လေ့ကျင့်ထားပါ. . . အဲလိုမလုပ်ဘဲ ဆန့်ကျင်ဘက်တွေ့တိုင်း စိတ်အနှောင့်အယှက်ဖြစ်နေမယ်ဆိုရင်. . . . . ဂျုံစေ့တွေလိုပဲ အဆံမပါတော့ဘဲ ခွန်အားတွေ ဆုတ်ယုတ်လာမှာဖြစ်ပါတယ်. . . .

အားလုံးကိုချစ်ခင်လေးစားလျှက်...

6 comments:

  1. သိပ်ကောင်းတာဘဲ
    အထူးမှတ်သားစရာပါဘဲ..
    ချဲလင့်တွေရှိမှ ဘ၀ဟာ အောင်မြင်နိုင်တယ်ဆိုတဲ့ အတွေးလေးကို သဘောကျနှစ်သက်မိတယ်..

    ReplyDelete
  2. အထုအထောင်းများများခံရမှ အောင်မြင်မယ်ဆိုတဲ့ သင်ခန်းစာလေး ယူသွားပါတယ်။

    ReplyDelete
  3. အခုလိုလေးတွေ ဖတ်ရတာ အရမ်းကျေးဇူးတင်ပါတယ်ဗျာ

    ReplyDelete
  4. မှန်ပါတယ်..။ တကယ့်လောကမှာလည်း ပြီးပြည့်စုံတဲ့ဘ၀က လာတဲ့လူတွေဟာ လောကဓံရဲ့ထုထောင်းမှုဒဏ်က နည်းပါးတော့ မရင့်ကျက်တတ်ကြဘူး...။ ဆင်းရဲဒုက္ခအမျိုးမျိုးကို ဖြတ်သန်းခဲ့ကြတဲ့လူတွေကြတော့လည်း အသက်ပင်ငယ်ပင်လင့်ကစား ရင့်ကျက်နေတတ်တယ်..။ တကယ်ကောင်းတဲ့ သင်ခန်းစာပါပဲ...။

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  5. ကြယ်ပြာJuly 8, 2010 at 3:58 PM

    ပိုစ့်လေးဖတ်ပြီး အားတွေပိုရှိလာစေတဲ့အတွက် ကျေးဇူးပဲ သူငယ်ချင်းရေ ....

    ReplyDelete
  6. မှန်၏။ဒါမှလဲ လောကကြီးနဲ့ သဟဇာတမျှတတော့မှာပေါ့။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။