ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အကျင့်သီလ



လူတွေက သီလကို အကျင့်နဲ့ တွဲခေါ်တယ်. . . အကျင့်သီလလို့ပြောကြတယ်. . . အဲသည်တော့ သီလဆိုတာ အကျင့်ပါပဲ . . ကောင်းမွန် မြင့်မြတ်တဲ့ အကျင့်ကို သီလလို့ခေါ်ပါတယ်. . . ရိုးသားခြင်းဟာ အကျင့်သီလဖြစ်တယ်.. . သီလရဲ့ တန်ခိုး ၊ သီလရဲ့ တန်ဖိုး မည်မျှကြီးကြောင်းကို ဟိန္ဒူ ပုံပြင်ကလေး တစ်ပုဒ် ကို နဲ့ ဖော်ပြပါ့မယ်

ရှေးအခါက ဇမ္ဗူဒီပါ တစ်ကျွန်းလုံးက ရိုသေလေးစားရတဲ့ ပြဟလားဒ် အမည်ရှိတဲ့ မင်းတစ်ပါးရှိတယ်. . . အဲသည်မင်းရဲ့ ဘုန်းတန်ခိုးဟာ တက်နေအလား တဖြည်းဖြည်း နတ်မင်းကြီး အရှင်အိန္ဒရာ သိကြားမင်းကတောင် သူ့ကို လေးစားရတယ်တဲ့ . .ပြဟလားဒ် မင်းဟာ နတ်ဘုံကိုတောင် သိမ်းပိုက်စိုးစံရန် စီစဉ်တဲ့အထိပဲ . . . . သိကြားမင်းက သည်အကြံကိုတားဖို့ ပုဏ္ဏားငယ်ယောက် ဆောင်တယ် . . ပြီးတော့ ပြဟလားဒ်ကို ဖူးမြော်တယ်.

"အသင်ပုဏ္ဏား ဘာအလိုရှိ၍ ရောက်လာသလဲ "

"ကျွန်တော်မျိုးရောက်လာခြင်းက အရှင်မင်းကြီးသည် ဘယ်သို့သော အကျင့်မြတ်ကို ၍ ဤသို့ ဘုန်းတန်ခိုးကြိးသလဲ ဆိုသည်ကို သိလိုသဖြင့် ရောက်လာခဲ့ခြင်းဖြစ်ပါတယ်. . . ထိုအကျင့်ကိုလဲ သင်ကြားတတ်မြောက်လိုပါတယ်. . . . "

"အိုပုဏ္ဏား သင့်ကိုပေးရအောင် ကျွန်ုပ်မှာ မအားပါ. . . . . တိုင်းနိုင်ငံ အုပ်ချုပ်ရေး ကိစ္စက များတယ်. . . "

"အိုအရှင်မင်းကြီး ၊သင့်ကို အာစရိယ ဆရာလို့မှတ်ပါတယ်. . . ကျွန်ုပ်ကို တပည့်အဖြစ်သင်ပေးပါ. . ."

"ကဲ သည်မျှထိ ဖြစ်နေတော့လဲ သင့်ကို ပြောကြားနားလည် စေရတော့မှာပေါ့ . . ငါသင်ကြားတာကို မှတ်လော့ . ."

"ကောင်းပါပြီ အရှင်"

"ငါကား လောကအားလုံးကို အုပ်ချုပ်ရသော မင်းဧကရာဇ် ဖြစ်ပါလျက်နှင့် မင်းဟူသော အမှတ်ဖြင့် မည့်သည့်အခါမှ မာန်မာန မထား ၊ မာနကို ချိုးနှိမ်ပါတယ်. . ဒေါသအမျက်ကိုလဲ နှိမ်န်င်းသိမ်းဆည်းရတယ်. . ကာမဂုဏ်အာရုံကို လဲ ချုပ်ထိန်းရတယ်. . . . ရသေ့၊ရဟန်း ၊ ပညာရှိနဲ့ သက်ကြီး ရွယ်အိုတွေကိ ၀စီကံ၊ ကာယကံ၊ မနောကံနဲ့ စော်ကားခြင်း မပြုဘူး ၊ သူတို့ညွန်ပြတဲ့ ဓမ္မလမ်းကြောင်းအတိုင်း သာ လိုက်နာ ကျင့်ဆောင် တယ် . . ငါ့ရဲ့ ကျင့်ဆောင်ခြင်းက သီလပဲ ပုဏ္ဏားငယ်"

"သြော် သီလရဲ့ တန်ခိုး ၊ သီလရဲ့ တန်ဖိုးပါလား . . အရှင်မင်းကြီးရဲ့ ရိုးသားခြင်း၊ အကျင့်သီလသည် ထိပ်ဆုံးရောက်အောင် ပို့တာပဲ . . "

"ကဲ ပုဏ္ဏားငယ် သင်သိပြီမို့ ပြန်ပေတော့ . . . "

"ကျွန်တော်မျိုး မပြန်လိုသေးပါ. . . အရှင်မင်းကြီးထံက တစ်စုံတစ်ခု တောင်းလိုပါတယ်. . . "

"တောင်းပါ ရွှေလား ၊ ငွေလား သင်ဆင်းရဲသလား . "

"ဆင်းရဲသော်လည်း ရွှေငွေမတောင်းလိုပါ. . . "

"ဟဲ့ ဘာများတုံး ၊ တောင်းစမ်း ငါပေးမယ်. . "

"ကျွန်တော်မျိုးလိုချင်တာ မင်းကြီးရဲ့ သီလပါ. . . "

"အဲဒါတော့ ပေးလို့ဘယ်ဖြစ်မှာလဲ"

"အဲဒီသီလကို သာ လိုချင်ပါတယ် ၊ ရိုးသားခြင်း သီလကိုသာ ကျွန်တော်မျိုးကို ပေးလိုက်ပါ. ."

"အင်း. . ငါပေးမယ်ဆိုတဲ့ ကတိအတိုင်း သင့်ကို ပေးလိုက်မယ်. . ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်တယ် မရှိရဘူးလေ. . ငါ၏ သီလအား ယနေ့ သင့်ကိုပေးပါတယ်. . . "

"ပုဏ္ဏားငယ်ယောင်ဆောင်တဲ့ နတ်မင်းကြီး ဟာ မင်းကြီးသီလကိုလည်းရရော ရတနာတွေရသလို ၀မ်းသာသွားပြီး နန်းတော်က ထွက်ခွာသွားတော့တယ်. . ."

မင်းကြီး ဟာ အဲသည်မှာ စိတ်မချမ်းမြေ့စွာ တစ်ယောက်တည်း ထိုင်မှိုင်နေတယ်. . တိတ်ဆိတ်စွာ ထိုင်နေစဉ်မှာပဲ သူ့ကိုယ်ထဲက သူနဲ့တူတဲ့ ကိုယ်ပွား တစ်ခု ထွက်လာတယ် . .

"အိုသင်ဘယ်သူလဲ. . . ငါ ဟာ သီလပါ . . သင့်ရဲ့ သီလပါ. . သင်က ပုဏ္ဏားငယ်ကို ငါ့အား ပေးလိုက်တဲ့အတွက် ငါသွားရပါတော့မယ်. . သင့်ကို ငါနှုတ်ဆက်တာပါ. .

အဲသည်လိုပြောပြီး ကိုယ်ပွား ပျောက်သွားတယ်. . .

မင်းကြီး ဟာ တွေတွေဝေေ၀ ဖြစ်သွားတယ် . . ရင်ထဲမှာလည်း ၀မ်းနည်းနေတယ်. . . အဲသည်အချိန်မှာ နောက်ထပ် ကိုယ်ပွား ပေါ်လာပြန်တယ်. .

အပိုင်း (၂) ကိုဆက်ပါမည် . .

အားလုံးကိုချစ်ခင်လေးစားလျှက်...

5 comments:

  1. အခု အပိုင်း၁ ကိုဖတ်သွားတယ်
    နောက်မှ ၂ကို ပြန်လာဖတ်မယ်နော်..
    ကျေးဇူး

    ReplyDelete
  2. ဟာ.. ဘာလို့ရပ်ပစ်တာလဲ.. ဒီလောက်ဖတ်လို့ကောင်းနေတာ.. ဟင်းနော်... အရှိန်ပျက်ပါ့... ;D:D...


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  3. မင်းကြီးတွေဝေသွားတော့ နောက်ထပ်ကိုယ်ပွားက ဘာပြောမလဲဆိုတာ သိချင်လိုက်တာ
    စဉ်းစားကြည့်တော့ ဘာမှထွက်မလာဘူး
    အဲ့ဒီတော့ အပိုင်း(၂)ကိုပဲ စောင့်မျှော်ဖတ်ရှုတော့မယ် သူငယ်ချင်းရေ

    ခင်မင်စွာဖြင့်
    ညအလင်္ကာ

    ReplyDelete
  4. အွမ် မမေ ဆန့်တငင်ငင်လုပ်တယ် ကိုရီးယားကား ကြည့်နေရတဲ့အတိုင်းပဲ ကောင်းခန်းရောက်မှး)

    အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် မမေ

    ReplyDelete
  5. နောက်ထပ်လာမဲ့ သီလ ကိုယ်ပွါးလေးကို စောင့်နေပါတယ်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။