ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အလုပ်သမားနေ့


မေလ (၁) ရက်နေ့သည် ကမ္ဘာ့ အလုပ်သမားနေ့ ဖြစ်သည်. . ၁၈၈၆ ခုနှစ် မေလ (၁) ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု ရှိ စက်ရုံအလုပ်ရုံမှ အလုပ်သမားများသည် တစ်နေ့အလုပ်ချိန် (၈) နာရီ သတ်မှတ်ပေးရေးအတွက် အရင်းရှင်တို့အား ယင်းနေ့တွင် တညီတညွတ်တည်း သပိတ်မှောက်ခဲ့ ကြသည်. .

ဤသို့ သပိတ်မှောက်ရာတွင် အမေရိကန် ပြည်ထောင်စုရှိ ချီကာဂိုမြို့ ဆန္ဒပြပွဲ၎င်း၌ ပုလိပ်များက အကြမ်းဖက် နှိမ်နင်းရာ အလုပ်သမားများနှင့် ပုလိပ်အချို့သေကြေခဲ့ရသည်. . . . အလုပ်သမားခေါင်းဆောင် လေးဦး ကိုလည်း အစိုးရက ဖမ်းဆီးစစ်ဆေးပြီး ကြိုးပေးသတ်လိုက်သည်. . . သို့သော် အလုပ်သမားထုသည် အလျှော့မပေး ဆက်လက်တိုက်ပွဲဝင်ခဲ့သည်. . .နောက်ဆုံးတွင် အစိုးရကလျှော့ပေးပြီး အလုပ်ချိန်ကို တစ်နေ့ ၈ နာရီဟု တရားဝင် သတ်မှတ်လိုက်ရသည်. . .

ဤအရေးတော်ပုံကြီး ဖြစ်ပွားပြီးနောက် ၁၈၈၉ ခုနှစ် တွင် ပြင်သစ်နိုင်ငံ ၊ ပါရီမြို့၌ ကမ္ဘာ့အလုပ်သများ အသင်းချုပ်ကြီး ညီလာခံ ကျင်းပရာ ထိုညီလာခံကြီးမှ အမေရိကန် အလုပ်သများတို့၏ သွေးမြေကျ တိုက်ပွဲဝင်ခဲ့သော မေလ ၁ ရက်နေ့ကို "မေဒေး" ဟု အထိမ်းအမှတ်ပြုကာ ကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်. .

အလုပ်သမားနေ့သည် လုပ်အားတန်ဖိုးမြှင့်တင်ပေးသောနေ့၊ တရားမျှတမှုအတွက် တော်လှန်ရုန်းကန်မှုများ ပေါ်ပေါက်အောင် တပ်လှန့်လိုက်သော နေ့ဖြစ်သည်. . . ထို့ကြောင့် မေဒေးသို့မဟုတ် အလုပ်သမားနေ့ကို အလုပ်လုပ်သော ပြည်သူတိုင်းက ထာဝစဉ်တန်ဖိုးထားအပ်ပေသည်. .

ဒေါ်နုကြည်

အားလုံးကိုချစ်ခင်လေးစားလျှက်...

အသက်ရှည်ကြောင်းနည်းလမ်းများ



၁. ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ရန်.

၂. အရက်ကို အလွန်အကျွံမသောက်ရန်.

၃. ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စားရန်.

၎. ငါးများများစားရန်.

၅. ဆားလျော့စားရန်.

၆. အဆီများသော အစားအစာများကို လျှော့စားရန်.

၇.ကယ်လ်စီယမ် ( ထုံးဓာတ်)ပါသော အစားအစာများများ စားရန်.

၈. အချိုဓာတ် (သကြားဓာတ်) ပါသော အစားအသောက်များကို လျှော့စားရန်.

၉. ကဖိန်းဓာတ်လျှော့စားရန်.

၁၀. ကိုယ်ခန္ဓာ အလေးချိန် သိပ်တိုးမလာရန် ဂရုစိုက်ရန်.

၁၁.ကိုယ်လက်လှုပ်ရှားမှုများများလုပ်ပါ.

၁၂. နှစ်စဉ်ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ပါ.

၁၃. အိပ်ရေး၀၀ အိပ်ပါ.

၁၄. မိမိ၏ အလုပ်ကို မှန်မှန်လုပ်ပါ.

၁၅.မိမိ၏ လက်ရှိဘ၀ကို စိတ်ဝင်စားပျော်ရွှင်နိုင်အောင် ကြိုးစားပါ.

၁၆. အနှိပ်ခံပါ

၁၇. တရားထိုင်ပါ.

၁၈. သီချင်းဆိုပါ

အထက်ပါနည်းလမ်းများကို ကျင့်သုံးပြီးကျန်းမာပျော်ရွှင်နိုင်ပါစေ...

ဒေါက်တာဇော်သန်း

အားလုံးကိုချစ်ခင်လေးစားလျှက်..

ကဆုန်လပြည့် ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့ (ညောင်ရေသွန်းပွဲတော်)

(၂၇.၅.၂၀၁၀)

ကဆုန်လသည် အပူဓာတ်လွန်ကဲသောလဖြစ်သည်. . . မြစ်ချောင်းအင်းအိုင်များ ခန်းခြောက်ချိန် ဖြစ်သည်. . သို့ရာတွင် လကုန်ပိုင်းတွင် မုတ်သုံလေဆော်သွေး၍ မုန်သုံမိုး တစ်ပြိုက်၊ နှစ်ပြိုက် ရွာသွန်းတတ်သည်.. . မိုးရေ စွတ်စိုသော မြေပြင်သည် တစ်မူထူးခြားသော မြေသင်းနံ့ သင်းပျံ့ပျံ့ကို ရှူရှိုက်ရသောလ ဖြစ်သည်.. ရှေးမြန်မာများကိ ကဆုန်အတွင် မြေသင်းပျံ့ပျံ့ မိုးနှံ့နှံ့ဟု ဆိုရိုးပြုခဲ့ကြသည်. .

ကဆုန်လကို မြန်မာမှုအရ ပြိသာရာသီခေါ်၍ ထိုလတွင် စန်းပြည့်နက္ခတ်မှာ ၀ိသာခါနက္ခတ်ဖြစ်သည်.. ယှဉ်သော တာရာမှာ တံငါတာရာဖြစ်သည်. . . ရာသီရုပ်မှာ နွားထီးရုပ်ဖြစ်သည်. . . ရာသီပန်းကား စံကားပန်းဖြစ်၍ ရာသီပွဲ တော်ကား ညောင်ရေသွန်းပွဲတော် ဖြစ်သည်. . . .

ဗုဒ္ဓဘာသာ မြန်မာတို့သည် ကဆုန်လပြည့်နေ့ ထူးမြတ်သောနေ့အဖြစ် သတ်မှတ်ယူစကြသည်. . . . . "ဗျာဒိတ်၊ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန်" ဆိုသည်နှင့် အညီ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓ၀င်ဆိုင်ရာ ထူးခြားသော သမိုင်းမှတ်တိုင်များ ရှိခဲ့သည်. . . .

(၁) ဘုရား အလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်ထံမှာ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်တော် ခံယူရရှိသည့် နေ့သည် ကဆုန်လပြည့်နေ့ဖြစ်သည်။

(၂) မဟာသက္ကရာဇ် ၆၈ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့၊နံနက်၊ တစ်ချက်တီးအချိန်၊ ၀ိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ကပိလ၀တ်ပြည်နှင့် ဒေ၀ဒေဟပြည်အကြား လုဗ္ဗိနီသာမော အင်ကြင်းတောဝယ် . . . သုဒ္ဓေါဓနမင်းကြီး၏ ရှုမငြီးသော ကြင်ယာတော် မယ်တော်မာရာ၏ ၀မ်းကြာတိုက်မှ ဘုရားလောင်းတော်ကို မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်. . .

(၃) ဘုရားလောင်းတော်သည်. . သက္ကရာဇ် ၁၀၃ ခုနှစ၊်ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ရောက်ရှိခဲ့သည်. . .

(၄) ကာဠု၊ ယသော်၊ ညီတော်၊ ဆန္ဒ၊ ကဏ္ဍက၊ သောဏ္က၊ ဗုဒ္ဓဟေဆိုသည်နှင့် အညီ ဖွားဖက်တော်ခုနှစ်ပါးတွင် ပါဝင်သော ညောင်ဗုဒ္ဓဟေ (ဗောဓိပင်) သည်လည်း ကဆုန်လပြည့်နေ့တွင် ပင် ပေါက်ရောက်ခဲ့သည်.

(၅) သက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ၀ါတော် ၄၅၀ါ ၊ သက်တော် ၈၀ ၌ဘုရားရှင်သည် နယ်မာလာတိုင်း ၊ကုသိနာရုံရှိ အင်ကြင်းတောဝယ် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ခြင်းဖြစ်သည်. . .
မြတ်စွာဘုရား ဘုရား အဖြစ်သို့ရောက်တော်မူသည်မှာလည်း ဗောဓိညောင်ပင်ရင်း တွင်ပင်ဖြစ်သည်.

မြတ်ဗုဒ္ဓနှင့်ပတ်သက်နေသော ဗောဓိညောင်ပင်သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအဖို့ အလေးအနက် ကြည်ညိုလေးစားဖွယ်ဖြစ်လာသည်. . . ရာသီဥတုအရလည်း ဆီလျော်သော ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်ကို ကျင်းပသည်ဟု ယူဆရပါသည်. . .

ကဆုန်ညောင်ရေသွန်းပွဲတော်ကို ပဒေသရာဇ်ခေတ်မှသည် ယနေ့ထက်တိုင် ကျင်းပနေဆဲဖြစ်သည်. . . ဤသို့ ဗုဒ္ဓနေ့ကို အကြောင်းပြု၍ မြို့ကြီးပြကြီးမှသည်. . . တောလက်ကျေးရွာဇနပုဒ်အထိ ညောင်ရေသွန်းပွဲတော် ကျင်းပခြင်းသည် ဘာသာယဉ်ကျေးမှုအတွက် ကောင်းမြတ်သော အစဉ်အလာဖြစ်ပါသည်...

ကဆုန်လပြည့် ဗုဒ္ဓနေ့ ပို့စ်ကို ပြန်လည်ဖော်ပြပါသည်.


အားလုံးကိုချစ်ခင်လေးစားလျှက်...

ကြောင်မှန်းသိဖို့ ကြွက်ကသက်သေ



ကြောင်မတစ်ကောင်ဟာ ချောမောလှပတဲ့ လူရွယ်တစ်ယောက်ကို ချစ်မို့ အက်ဖရိုဒိုက် နတ်သမီးဆီမှာ သူ့ကို မိန်းကလေး အဖြစ် ပြောင်းလဲပေးဖို့ ဆုတောင်းပါတယ်. . . နတ်သမီးက သူ့ရဲ့ အချစ်နာ ကျနေပုံကို သနားတာကြောင့် ချောမောလှပတဲ့ မိန်းကလေး အဖြစ် ဖန်ဆင်းပြောင်းလဲလိုက်တယ်. . .

လူရွယ်ဟာ မိန်းကလေးကို မြင်တဲ့အခါ ချစ်ကြိုက်သွားပြီး လက်ထပ်လိုက်တယ်. . .သျှောင်နောက် ဆံထုံးပါ ဆိုသလို သူ့အိမ်မှာ လိုက်နေရတယ်. . . .

အိမ်မှာ သူတို့ နားနေခိုက် အက်ဖရိုဒိုက် နတ်သမီးဟာ လူမိန်းကလေးအဖြစ် ပြောင်းလဲထားတဲ့ကြောင်ကို လူလို အသိညဏ်ရှိမှ ရှိပါလေစလို့ စူးစမ်းချင်လာတယ်. . ဒါနဲ့ ကြွက်တစ်ကောင်ကို သူ့ရှေ့မှာ လွှတ်လိုက်သတဲ့. .

သူဟာ လူနဲ့ ညားနေပြီဆိုတာကို ရုတ်တရက်မေ့ပျောက်သွားတယ်. . . အိပ်ရာက ချက်ချင်းထပြီး ကြွက်ကို လိုက်ဖမ်းတယ်. . ကြွက်ကို တွေ့ပြန်တော့ စားချင်တာကိုး . . . ဒါကြောင့် အက်ဖရိုဒိုက် နတ်သမီး က စိတ်ဆိုးပြီး နဂိုကြောင်ဘ၀ကို ပြန်ဖြစ်စေလိုက်တယ်. . .

(လူဆိုးတစ်ယောက်ဟာ အပြင်ပန်း ဟန်ပန်ပြောင်းလဲပေမယ့် သူ့အမူအကျင့်ကတော့ ရှိနေဦးမှာ ဖြစ်တယ်)

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

သခင်စိတ်ကို မွေးကာ သခင်လိုကျင့်ပါ

သခင်ဖြစ်လိုသလား ကျွန်ဖြစ်လိုသလားလို့မေးရင် သခင်ဖြစ်ချင်သူပဲ များမှာ သေချာပါတယ်. .
တချို့ကတော့ အခုခေတ်မှာ သခင်တွေ ကျွန်တွေမရှိလို့ . ယတိပြတ်ဖြေကြမှာပါ. . . တကယ်တော့ ခေတ်ရဲ့ ပြောင်းလဲတိုးတက်မှုကြောင့် လူတန်းစားခွဲခြားမှုဟာ မပြင်းထန်ပေမယ့် လူတွေရဲ့ အရည်အသွေးဟာ ကွဲပြားဆဲခြားနားဆဲပါ. . . အပြင်ပန်းက ခွဲခြားမှုက ကျော်လွှားဖို့ လွယ်ကူပါတယ်. .

ကျွန်ကျင့်ဝတ်ဆိုတာကတော့ သူတစ်ပါး လက်ညှိုးညွန်မှ စိတ်မပါ့တပါ ထလုပ်တာမျိုးဖြစ်ပါတယ်. .
သခင်ကျင့်ဆိုတာက လုပ်သင့်တာဟူသမျှကို တာဝန်ယူလုပ်ဆောင်တတ်တဲ့ အကျင့်ဖြစ်ပါတယ်. .
ကိုယ့်ဘာကိုယ် လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားတတ်ရပါမယ်. . လုပ်သင့်တာကို ကိုယ့်ရဲ့ ဆုံးဖြတ်ချက် ကိုယ့်ရဲ့စေ့ဆော်မှု ကိုယ့်ရဲ့ တာဝန်ယူလိုမှုနဲ့ ကိုယ်လုပ်ရပါမယ်. . .

သခင်စိတ်က လွပ်လပ်ပါတယ် ၊ တက်ကြွပါတယ်၊ ထက်မြက်ပါတယ်. .ကျွန်စိတ်ကောတ့ ခိုင်းတဲ့အခါကျမှ ထလုပ်တတ်တာဖြစ်လို့ လာဘ်မမြင်ပါဘူး . . ညွှန်ပြတဲ့သူရဲ့ အမူအရာ လေသံဟန်ပန်ကိုသာ ဂရုထားတတ်လို့ တက်ကြွခြင်းမရှိတတ်ပါဘူး. . . ကျွန်ကျင့် ကျင့်သူများဟာ အခွင့်အရေးရလာရင်လည်း မယူဝံ့မယူရဲပါဘူး . . . အခွင့်အရေးကို ယူတဲ့အခါမှာလည်း ကျွန်စိတ်နှင့် သခင်စိတ် ယူပုံယူနည်းကွာခြားပါတယ်. .

ကိုယ့်ဘ၀ ကိုယ့်အလုပ် ကိုယ့်တာဝန်တွေကို ကိုယ်အမှတ်တကယ် တာဝန်ယူတတ်တဲ့သူဟာ သူ့ဘ၀ကို သူပိုင်ဆိုင်တဲ့ သခင်ဖြစ်ပါတ်. . အလုပ်ခွင်တွေမှာ ကိုယ်လုပ်ရမယ်ဆိုတဲ့ အလုပ်ကလေးကို မပြီးနိုင်အောင် အချိန်ဆွဲ လုပ်နေတတ်တဲ့သူနဲ့ ကိုယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစား လုပ်ဆောင်ရုံမက လိုအပ်ချက်ဟူသမျှကို ဖြည့်ဆည်းဆောင်ရွက်ပေးတတ်တဲ့သူများ ရှိတတ်ပါတယ်. . . သူတို့နှစ်ဥိးဟာ ကြာလေ ကွာဟာလေပါပဲ ..

အချိန်ကြာလာတဲ့အခါမှာ အလုပ်ကို တာဝန်ယူပြီး လုပ်တတ်တဲ့စာဟာ မိမိကိုယ်ကို ယုံကြည်စိတ် ပိုမိုမြင့်မားလာပြီး အမှန်တကယ် တာဝန်ကြီးကြီးကို ယူရတဲ့ ယူနိုင်တဲ့သူဖြစ်လာတာကို မလွဲမသွေတွေ့ရတတ်ပါတယ်. . . . အလုပ်တာဝန်များကို သခင်စိတ်ဖြင့် ကိုယ့်တာဝန်ကိုယ် တက်ကြွစွာတာဝန် ယူဆောင်ရွက်တတ်သူများ ဖြစ်နိုင်ပါစေ . . .

ဒေါက်တာမတင်ဝင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...





လေသင်ဓုန်းနှင့် လူမှုစီးပွားရေး


ကမ္ဘာပေါ်မှာ တတိယအသေပျောက်အများဆုံးဖြစ်သော အကြောင်းအရာထဲထွင် လေသင်ဓုန်း(သို့) လေဖြတ်ခြင်းရောဂါ သည်လည်း
အရွယ်ကောင်းခိုက် လေဖြတ်သွားသူများလည်း မနည်းပေ. . . လေဖြတ်ပြီး နဂိုမူလ လူကောင်းတစ်ဦးနှယ် ပြန်ကောင်းသူနည်းသွားပြီး မစွမ်းမသန်ဖြစ်ကြရသူတွေ ၊ အိပ်ရာထဲလဲသွားကြသူတွေများသည်. . . လေဖြတ်သည်နှင့် တစ်ပြိုင်နက်တည်းမှာ ကွယ်လွန်သွားသူပင်ရှိပါသည်. .

ယခင်တုန်းက လေဖြတ်သည် ၊လေသင်ဓုန်း ဖြတ်သည် ဆိုလျှင်ကုမရတော့ဟု ယူဆခဲ့ကြသည်. . . အချို့မှာလည်း ကောင်းနိုးရာရာ မြန်မာဆရာတွေနဲ့ နှိပ်ကြနင်းကြသည်. . . ယနေ့ပြောင်းလဲလာသော ခေတ်ကာလတွင် လေဖြတ်ခြင်းကို ကုသလာနိုင်ခဲ့ပါသည်. . . . အမှန်စင်စစ် လေဖြတ်ခြင်းဆိုသည်မှာ ဦးနှောက်၌ သညာအသိ ကင်းမဲ့သွားခြင်းပင်ဖြစ်သည်. .

လေဖြတ်ခြင်း မှာ.ဦးနှောက်သည် သွေးအလုံအလောက်မရ၍ သညာ သတိမဲ့ရခြင်းဖြစ်သည်. . . အကြောင်းအရင်းမှာ သွေးကြောပိတ်၍သော် လည်းကောင်း ၊ သွေးကြောပေါက်ထွက်၍သော်လည်းကောင်း ဖြစ်သည်. .. သွေးအလုံ အလောက်မရနိုင်သည့် အခြေခံ အကြောင်းတရားများကို သိထားလျှင် ယင်းအခြေအနေကို ရှောင်ကွင်းနိုင်ရန် ဆင်ခြင် နိုင်မည် ဖြစ်သည်. . . သွေးတိုးရောဂါသည်များသည်.သွေးဆောင့်တိုးသော အရှိန်ကြောင့် သွေးကြောပေကါထွက်တတ်သည် ဖြစ်ရာ ၊ သွေးတိုးသမားများသည် သွေးအတက်အကျကို ပုံမှန်ထိန်းထားရန် မလွဲမသွေလိုအပ်ပါသည်. . . ဆီးချိုသများများသည်လည်း သွေးတွင်း သကြားဓာတ်ကို မပိုရန်ဂရုစိုက်ရမည်. . . ဆေးလိပ်၊ အရက်၊ အ၀လွန်ခြင်း ၊ အဆီအဆိမ့်စာများ စားခြင်းများကိုလည်း ရှောင်ကြဉ်ရမည်. . .

ဂရုစိုက်နေသည့်ကြားမှာ လေသင်ဓုန်းဖြတ်လျှင် သွေးကြောင့်ဖြစ်က သွေးရည်ကြည်အဖြစ် ပြန်ပျော်သွားနိုင်သည့် ဆေးများ၊ သွေးကြောပေါက်၍ သွေးခဲနေသည့်နေရာက ဦးခေါင်းခွံအောက်မှာ ဖြစ်လျှင် ဖောက်ထုတ်သောနည်းလမ်းများ ရှိလာသည်. . . CAT SCAN ဟုခေါ်သော Computerized နည်းပညာဖြင့် ဦးနှောက်သားကို ထွင်းဖောက်မြင်နိုင်သော နည်းလမ်းများ ပေါ်ပေါက်နေပြီဖြစ်သဖြင့် ထိခိုက်သော နေရာအတိအကျနှင့် ဖြစ်ရသည့်အကြောင်းရင်းကို သေချာ စွာ ရှာတွေ့နိုင်မည်ဖြစ်ရာကိုထုံးများကို များစွာ အထောက်အကူ ဖြစ်စေနိုင်ပါသည်. .

လေဖြတ်ပြီးနောက် မစွမ်းမသန်ဖြစ်ကြရပြီဆိုလျှင်တော့ ထိုလူနာနှင့် ဆက်စပ်မိသားစု ပတ်ဝန်းကျင်မှာ ၀န်ပိသွားမည်ဖြစ်သည်. . လေဖြတ်ပြီးနောက် ဂရုစိုက်ခြင်းကို သေချာမဆောင်ရွက်နိုင်လျှင် အပရိကရောဂါများ ၀င်ပြီး အသက်အန္တရယက်ကို ပါ ထိခိုက်နိုင်ပါသည်. . . အဓိကမှာ ရောဂါခံကို ကုသမှု အပြည့်အ၀ရှိရမည်. . . . လူနာဖက်ကဆေးဝါး ပမာဏ အတိအကျ သောက်ရန် မိသားစုက အထူး ဂရုစိုက်ရမည်. . . လူနာနေရာထိုင်ခင်း အဆင်ပြေစေရန်လည်း ဂရုစိုက်ရမည်. . . .ထို့ပြင် လုံးဝမထနိုင်ပဲ လဲနေသူများ အတွက် ဖိမိသော နေရာများတွင် သွေးမလျှောက်ဘဲ အနာကြီးတွေဖြစ်သွားကာ ကုမရဖြစ်တတ်တယ်. . . မိသားစုမှ လေ့ကျင့်ခန်းများလည်း လုပ်ပေးရပါသည်. .

တစ်နွယ်ငင်တော့ တစ်စင်ပါဆိုသလို မိသားစုထဲက တစ်ယောက် လေသင်ဓုန်းဖြတ်လျှင် မိသားစု တစ်ခုလုံးမှာ အလုပ်ပျက် အကိုင်ပျက်နှင့် ပြုစု ကြရသည်. . . . ဆေးတန်ဖိုးများလည်း ၀င်ငွေထက်မက ကုန်ကျရသည်. . . လူနာတစ်ဦး ၊ မိသားစု တစ်စုအဆင့်မှ စကာ လူမှုရေး နှင့် စီးပွားရေးကိုပါ ထိခိုက်စေတသာ လေသင်ဓုန်းဖြတ်ခြင်း မဖြစ်စေရန်အတွက် ဆောင်ရွက်သင့်သည်များကို ၊ မပြတ်သတိနှင့် ဆင်ခြင် အသိရှိကြစေချင်ပါသည်. . . .

ဒေါက်တာစံပယ်ဖြူ

အားလုံးကိုချစ်ခင်လေးစားလျှက်...

ပေါင်းသင်းဆက်ဆံရေး၏ သော့ချက်


လူသည် မိမိအကြိုက်ကို လိုက်၍ ပြောဆို ဆက်ဆံခြင်းကို သဘောကျတတ်ကြ၏. . . မိမိအကြိုက်ကို ဆန့်ကျင်ဖီလာ ဆက်ဆံလာသူများကို ရွံမုန်းတတ်ကြ၏. . ထို့ကြောင့် လူတစ်ဖက်သား ကိုယ့်ဘက်ပါစေလိုလျှင် ထိုလူအကြိုက်ကို ဆောင်၍ ပြောဆိုဆက်ဆံခြင်းသည် လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးတွင် အရေးပါလှသော အကြောင်း တစ်ရပ်ဖြစ်၏. . .

တစ်ခါက အရပ်ထဲ၌ မည်သူနှင့်မျှ မတည့်ဘဲ အထီးထီးသော လူကုံတန် လူကန့်လန့် သမားတစ်ယောက်ကို တွေ့ဖူး၏.. . ရပ်ရေးရွာရေးတွင် မပါဝင် ၊ မပက်သက်ဘဲ သူ့မိသားစု၏ . . အရေးလောကိကိုသာ ဂရုစိုက်တတ်သူ ဖြစ်၍ ရွာသားများကလည်း သူနှင့် ကင်းကင်းရှင်းရှင်း နေကြ၏ ရပ်ရေးရွာရေး ကိစ္စအတွက် အလှူငွေများ ထည့်ရန်ပင် တွန့်တိုတတ်သူ ဖြစ်၏. . သူ့ကို တစ်ရွာလုံးက တစ်ကိုယ်တော် လူကန့်လန့်ဟု အမည်ပေးထား၏. .

တစ်နေ့တွင် ထိုလူကန့်လန့်၏ ရာဘာခြံမြေသည်. ရွာစည်းရိုးနှင့် ဆက်စပ်နေသဖြင့် ထိုမြေပေါ်တွင် ကျေးရွာမူလတန်းကျောင်းတစ်ဆောင် ဆောက်လုပ်ရန် အရေးကိစ္စပေါ်လာ၏. . . ထိုလူကန့်လန့်နှင့် ဆက်သွယ်ဆောင်ရွက်ရန် အခြေအနေမပေးသဖြင့် မူလတန်းကျောင်း ဆောက်လုပ်ရန် ကိစ္စသည် မစနိုင်ဘဲ ရှိနေ၏. . . ကျေးရွာလူကြီးများကလည်း မည်သို့ ဆောင်ရွက်ရမည်ကို နည်းလမ်း ရှာနေကြ၏. . . သူတို့အထဲတွင် လူ့သဘော၊ သူ့မနောကို နားလည်သူ လူကြီးတစ်ယောက်ရှိရာ ထိုသူက ထိုရာဘာခြ့ပိုက်ရှင် လူ့ကန့်လန့်ထံသို့ ရောက်သွား၏. .

ထိုလူကြီးသည် မြို့က ၀ယ်လာသော ဆေးတံ အကောင်းစား တစ်လက် ကိုယူသွားပြီး လက်ဆောင်ပေး၏ . . . ထိုလူကန့်လန့်မှာ ဆေးတံကြိုက်သူ ဖြစ်၍ သူ့အိမ်စားပွဲပေါ်တွင် ခေတ်အမျိုးမျိုးက ဆေးတံများကို အလှပြကာ တင်ထားကာ ၀င့်ကြွားဂုဏ်ယူတတ်၏. . . ထို့ကြောင့်ကျေးရွာ လူကြီးက ထိုလူ့ကန့်လန့်အား ဆေးတံလက်ဆောင်ပေးခြင်း ဖြစ်၏. . . . သူသည် လက်ဆောင်ပေးရုံသာမဟုတ် . . . ထိုလူ၏ ဆေးတံများ မည်မျှ တန်ဖိုးကြီးကြောင်း . . . ယခုအခါဤဆေးတံများကို ဘယ်နေရာမှာမ မတွေ့နိုင်ကြောင်း တခမ်းတနား ပြောဆိုရာ ထိုလူကန့်လန့်သည် ကျေးရွာလူကြီး အားခင်မင်ရင်းနှီးသွား၏. . . . . ထို့နောက် မိမိ ရာဘာခြံမြေထဲမှာ ကျေးရွာမူလတန်းကျောင်း ဆောင် တစ်နေရာကို သဒ္ဓါ ထက်သန်စွာဖြင့် ပေးလှူလိုက်သည်. .

ဤ အဖြစ်ရပ်လေးကို ကြည့်လျှင် တစ်ဦးနှင့် တစ်ဦး ပေါင်းသင်းဆက်ဆံရေးတွင် သူ့အကြိုက်ကို ဆောင်ပေးခြင်းသည်. . မည်မျှ အရေးပါအရာရောက်လှကြောင်းနှင့် မိမိလိုရာဘက်ကိုပင် ဆွဲဆောင်ပေးနိုင်ကြောင်း တွေ့ရမည်ဖြစ်ပါသည်. .

ဦးဝမ်ထိန်.


အားလုံးကိုချစ်ခင်လေးစားလျှက်...





ရာသီပန်းနဲ့အပြိုင်



ရာသီပန်းနဲ့အပြိုင်

ပိတောက် ၀ါ ပင်လုံးကျွတ်
ကိုင်းညွတ်တဲ့ ငုရွှေဝါ
မြို့ရွာ နှံ့ပါ.
ရင်ခတ် ကမယှဉ်သာ
ဆင်းရွှေဝါ စုံမြိုင်ထဲ
မြို့တောရွာ ၀င်းဝါကဲ
ပြည်လုံးနှံ့ပဲ

တောတောင်မှာ မြူမလင်း
သားချင်းတို့သည် ချိန်ခါ
မီးရှို့ တောင်ယာ
နွေစပါး မြို့တောရွာ
ကြံနှင့်ဝါ နှမ်း ပါတိုး
ပြည့်ဘဏ္ဍာ ၀မ်းစာကျိုါ်
ပြည်ထောင်ဖွံ့ဖြိုး

မြို့ တော ရွာ စေတီဘုရား
ရုပ်ပွားနဲ့ ပုထိုးတော်
ဘက်စုံ ပူဇော်

ပဗ္ဗ အလှူတော်
စည်ဆော်လို့သာပြော
သာသနာ စည်ပင်ပြော
တို့ပြည်တစ်ကြော။

နှစ်သစ်မှာ ဘယာဝေးဖို့
စိမ့်စိမ့်အေး အတာရေ
လောင်းပက်ကြသလေ
မြို့တောရွာ အညာအကြေ မလပ်စေ ဆင်နွှဲ၊
တိုင်းပြည်ရွာ စဉ်အမြဲ
အေးနိမိတ်ပဲ

ကျော်စောဟန်

အားလုံးကိုချစ်ခင်လေးစားလျှက်...


ကံနှင့် ပတ်သက်သော ဝေါဟာရများ


အကြောင်းရှိရာ၊ အကျိုးလာ၏

ကောင်း ငှာ ဆိုး ငှာ ရှေးကြမ္မာလျှင် ခွင့်သာရောက်ငြား၊ ထိုသူအား

ဘုရားမကယ်နိုင်စွာတည်း။

(မဃဒေ၀-၂၆)


ပုဗ္ဗပုညံ၊ ကောင်းမှုကံလျှင်

အခံရှိထ၊ ရှေးကမ္မထက်

လုံ့လပညာ၊ နှစ်ဖြာ ပင့်ထောက်

သမ္မာလျှောက်၍၊ မီးတောက်လေကူ

တူ၏ပမာ၊ များမကြာခင်

ပညာဥစ္စာ၊ ကြီးပွားရာ၏။

(မဃဒေ၀-၂၆)


မသေမီ အချိန်တွင်

ကုသိုလ်၊ အကုသိုလ်

ကံနှစ်ပါးသာ

ငါ့ဥစ္စာ ဟု အမြဲဆင်ခြင်။

(စံကျောင်း ဆရာတော်)


ကံကောင်းအောင် လုပ်ဖို့အတွက်

ရတနာသုံးပါးအားထားစရာ ရှိနေခြင်းက

ကံ ကောင်းလှပါတယ်..

ပစ္စုပ္ပန်ကြီးပွားဖို့ ညဏ်ဝီရိယ

မွမ်းမံလိုက်ရင်

အတိုင်းထက်အလွန် ဖြစ်ပါတယ်။

( သမ္မာဒိဠိဒီပနီ၊ လယ်တီ)


ယုတ်မြတ်များစွာ

သတ္တ၀ါအား

ကံသာ မယွင်း

တောင်းဆိုခြင်းမှာ

ကြောင်းရင် ကမ္မသကာတည်း။

(မဃဒေ၀ -၂၆၅)


အားလုံးကိုချစ်ခင်လေးစားလျှက်...





သင်္ကြန်ပွဲတော် နွဲကြရွှင်ပျော်ပျော်

myanmarthingyan.jpg image by shweminnthar

တန်ခူးလသည် နှစ်၏အစ နှစ်ဦးလဖြစ်သည်. . . ထုံးစံအားဖြင့် မြန်မာနှစ်သစ်သည် တန်ခူးလမှအစပြုသည်. . . . . တန်ခူးလတွင် သင်္ကြန်ကျရောက်၍ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းလေရာ ထိုလတွင် တစ်နိုင်ငံလုံး၌ သင်္ကြန် ပွဲတော်ကို ကျင်းပကြသည်. . . မြန်မာနိုင်ငံ၏ သင်္ကြန်ပွဲတော်သည် ယင်းပွဲတော်တို့ထက် ကြီးကျယ်၍ ရှေးအင်းဝခေတ်ကပင်လျှင် အင်္ဂလိပ်စသော တိုင်းတစ်ပါးသားတို့က နှစ်သက်ဖွယ် မှတ်တမ်းတင်ခဲ့ကြသည်. .

သင်္ကြန်ဟူသော စကားသည် သင်္ကန္တဟူသော ပါဠိမှ ဆင်းသက်၍ ရွတ်ဆိုသော အခါ သက္ကတ၌ရှိသော ရရစ်သံဖြင့် ရွတ်ဆိုရသော စကားဖြစ်သည်. . . အဓိပ္ပါယ်မှာ ကူးပြောင်းခြင်းဖြစ်သည်. . . . . ဤကမ္ဘာမြေကြီးသည် နေကို ဗဟိုပြု၍ မိဿရာသီမှစ၍ ပြိဿ၊ မေထုန်၊ ကရကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုမ်၊ မိန်ဟူသော ရာသီခွင်တို့သို့ အစဉ်လိုက် ကူးပြောင်းပါသည်…

သင်္ကြန်ပွဲတော်တွင် မြန်မာတိုင်းရင်းသားတို့သည် ပျော်ရွှင်စွာ ရေပက်ကစားကြသည်. . . သင်္ကြန်ရေပက်ဖျန်းခြင်းသည်. . လေးနက်မွန်မြတ်သော အဓိပ္ပါယ်ရှိသည်. . ရေသည် မေတ္တာဓာတ်ကို တင်စားသည် ရေကစားကြသည်မှာ ရေလိုအေး၍ ပန်းလိုလန်းပါစေ ဟူသော မေတ္တာဓာတ်ကို တင်စားခြင်းဖြစ်သည်. . . . ရှေးက ဤအနက်အဓိပ္ပါယ်ကို ၀ိသေသထူးစေခြင်းဌာ "ထုံသင်း နံ့သာ၊ ရေသီတာဝယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်" သော အမွှေးအကြိုင်တို့တွင် ဖလားတွင် ထည့်၍ ဂွမ်းဆွတ်ပြီးလျှင် ရေလောင်းကြသည်. . . ဤသို့ ရေကစားခြင်း၌ ကလေးလူကြီးမရွေးအလွန်ပျော်ရွှင်ကြသည်. . .

လူကြီးများကား သင်္ကြန်နှစ်သစ်ကူး အခါတော်တွင် ကိုယ်နှုတ်နှလုံးသုံးပါးစုံ စင်ကြယ် စေသည်ဟူသော အထိမ်းအမှတ် ဖြင့် ဦးခေါင်းကို ဆေးကြလျှော်ကြသည်. . . . . သင်္ကြန်တွင်းတွင် ဦးခေါင်းဆေးမင်္ဂလာအနေဖြင့် လူငယ်များက လူကြီးတို့၏ ဦးခေါင်းကို သရော်ကင်ပွန်းတို့ဖြင့် ဆေးလျှောပေး၍ ကုသိုလ်ယူကြသည်. . . တရားဓမ္မဦးဆောင်လမ်းပြဖြစ်သော လူကြီးသည် မိမိတို့၏ သားသမီးမြေးမြစ် ငယ်ရွယ်သူတို့ကို ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်၍ ဥပုသ် သီတင်းသီလဆောက်တည်စေသည်. . . . အချို့ကလည်း ကုသိုလ်တရားပွားများအောင် သင်္ကြန်ကာလတွင်း၌ပင် ပဉ္ဖင်းခံရှင်ပြု အလှူအတန်းတို့ကို ဆောင်ရွက်လေ့ရှိပါသည်. .

သို့ရာတွင် ပုထုဇဉ်တို့၏ ဓမ္မတာမှာ ပျော်ရွှင်လိုကြသော ဓမ္မတာဖြစ်၏. . ထို့ကြောင့် သင်္ကြန်ပွဲတော်ကို အတီးအမှုတ် အကအခုန်များဖြင့် ဆင်နွဲကြ၏ . . . အလှကား ၊ အလှယာဉ်တို့ဖြင့် မြို့တွင်းသို့ လှည့်လည်ကြ၍ မြန်မာ့ယဉ်ကျေးမှု အနုပညာတို့ကို ထုတ်ဖော်ပြသကြသည်မှာ အလွန်ကြည်နူးဖွယ်ရာဖြစ်သည်. .

အတာရေဖြင့် အားလုံးအေးချမ်းပျော်ရွှင်ပါစေရှင်...

အားလုံးကိုချစ်ခင်လေးစားလျှက်...


အချိန်ကုန်ငွေကုန်သက်သာစေဖို့



ကြက်ဥပြုတ်တွေမကွဲရအောင်

ကြက်ဥပြုတ်အိုးတည်ထားပြီး မေ့နေရင် ကြက်ဥတွေ အကျက်လွန်တဲ့အခါ အခွံတွေ အက်ကွဲလာပြီး ကြက်ဥ အကာတွေ ထွက်လာတာမျိုးရှိပါတယ်. . ဒီလိုမဖြစ်ရအောင် အိုးထဲကို ရေများများနဲ့ ဆားအနည်းငယ်ထည့်ပြီး ပြုတ်မယ်ဆိုရင် ကြက်ဥတွေ အကျက်လွန်သွားလည်း အခွံတွေ မအက်ကွဲတော့ပါဘူး.

စွပ်ပြုတ်တွေ ငန်သွားရင်

ဆားအထည့်လွန်ပြီး သောက်မရအောင် ငန်သွားတဲ့ စွပ်ပြုတ်ရည်ထဲကို အာလူး အစိမ်းတွေကို ထက်ခြမ်းခြမ်းပြီး စွပ်ပြုတ်ထဲ ထည့်ချက်လိုက်တဲ့အခါမှာ အာလူးတွေက ဆားရဲ့ အငန်ဓာတ်တွေအားလုံးကို စုပ်ယူသွားတာမို့ ငန်နေတဲ့ စွပ်ပြုတ်အိုါ် အဆင်ပြေသွားမှာပါ. . .

အနံ့မွှေးတဲ့ ဟင်းတစ်ခွက်ရဖို့.

တရုတ်နံနံရွက်တွေကို စက္ကူသန့်သန့်တစ်ခုပေါ်တင်ပြီး နေခြောက်လှန်းပါ. . . ပြီးရင် ပုလင်းထဲထည့်ပြီး သိမ်းထားပါ. . . စွပ်ပြုတ်၊ အသုပ်နဲ့ တခြား ဟင်းလျာများ ချက်တဲ့အခါမှာ တရုတ်နံနံပင်ခြောက်ကို မွမွခြေပြီး ထည့်ပေးပါ. . ထူးကဲတဲ့ အနံ့နဲ့ နှစ်သက်စရာကောင်းတဲ့ အရသာကို ပေးပါတယ်.

ချိုးကပ်နေတဲ့ ကိတ်မုန့်တွေ ကို လွယ်လွယ်ခွာရအောင်

မုန့်ဖုတ်တဲ့အိုးမှာ ကိတ်မုန့်လွှာတွေ ကပ်ကျန်နေတဲ့အခါ မီးအရှိန်နည်းနည်းနဲ့ အနွေးဓာတ်ရှိနေတဲ့ မုန့်ဖုတ်ဖိုမှာ အိုးကို ခဏလေးတင်လိုက်ပါ. . .ချိုးကပ်နေတဲ့ ကိတ်မုန့်တွေ အလိုလို ကွာလာပါလိမ့်မယ်. . . ဒါမျာ မဟုတ် မုန့်ဖုတ်ဒယ်အိုးမှာဖယောင်း စက္ကူလေးခံပြီးတော့ မုန့်ဖုတ်ရင်လည်း ချိုးတွေ မကပ်တော့ပါဘူး. ..


အားလုံးကိုချစ်ခင်လေးစားလျှက်...





သဘောင်္သားရဲ့ ကတိ


သေဘာၤပ်က္လာတဲ့ သေဘာၤသား နှစ်ယောက် ပင်လယ်ပြင်ကြီးထဲ ရက်ပေါင်းများစွာ ကြာအောင် သစ်သားဖောင်လေး တစ်လုံးနဲ့ မျောပါနေကြပါတယ်. .

သူတို့နှစ်ယောက်လုံး ကြောက်ရွံ့ပူပန်နေကြတာဆိုတော့ သူတို့ထဲက တစ်ယောက်က ဖောင်ပေါ် ဒူးထောက်ပြီး ဘုရားသခင်ဆီကို တိုင်တည် ဆုတောင်းတော့တာပေါ့ .. .

"အို. . . ဘုရားသခင် . . ကျွန်တောမျိုးစာ ကောင်းသော ဘ၀မျိုးနဲ့ မနေခဲ့ပါဘူး. . . အရက်လည်း အလွန်အကျွံသောက်ခဲ့ပါတယ်. . . လိမ်လည် လှည့်ဖြား မှုလည်း ပြုခဲ့ပါတယ်. . လောင်းကစားမှုလည်း ပြုခဲ့ပါတယ်. . မိန်းမလည်း လိုက်စားခဲ့ပါတယ်. . . ကျွန်တော်မျိုးစာ မကောင်းမှုများစွာ ကျူးလွန်သူဖြစ်ပါတယ်. . . တကယ်လို့ ဘုရားသခင်အနေနဲ့ ကျွန်တောမျိုးကို ဒီပင်လယ်ပြင်ကြီးထဲကနေ ကယ်တင်မယ်ဆိုရင် ကျွန်တော်မျိုး ဘုရားသခင်ကို ကတိပေး. . . . "

ဒီအချိန်မှာ သူ့အဖော် သဘောင်္သားက ပျာပျာသလဲ ကမန်းကတန်း ဒီလို ထအော်ပြောလိုက်ပါရော. . .

"ဟေ့. . .ဟေ့ တော်တော့ ဆက်မရွတ်နဲ့တော့ကွ. . . ရှေ့မှာ ကမ်းမြင်မိသလိုပဲ. . "

Reader's Digest

အားလုံးကိုချစ်ခင်လေးစားလျှက်...

လောကနီတိ

- ရန်သူကိုဖြစ်စေ၊ မိတ်ဆွေကိုဖြစ်စေ အလွန်အမင်း အကျွမ်းမ၀င်ရာ။
- မိတ်ဆွေပင်ဖြစ်လင့်ကစား အမျက်ထွက်သည်ရှိသော် သင့်အပြစ်မှန်သမျှကို
ထုတ်ဖော်ပြတတ်၏။


- One Should not love either enemy or friend too much.
- Even though a friend, when one becomes angry, one may reveal all of
your faults.


- မီးကိုလည်း အကြွင်းမထားရာ။
- ကြွေးမြီကိုလည်း အကြွင်းမထားရာ။
- ရောဂါကိုလည်း အကြွင်းမထားရား
- ထိုသည်တို့ကား အဖန်တလဲလဲတိုးပွားတတ်သည်ဖြစ်ရာ အကြွင်းမရှိအောင် ပြုရာ၏။


- Do not leave remnants of fire.
- Do not leave remnants of debt.
- Do not leave remnants disease.
- As those may increase times no remnants should be left.


- မျက်နှာမူကား ပဒုမ္မာကြာ။
- နှုတ်ထွက်စကားက စန္ဒကူးနံ့သာ။
- စိတ်နှလုံးကား အဆိပ်ပမာ။
- ထိုသို့သဘောရှိသူကို မပေါင်းအပ်ရာ။


- Whose face is like lotus lily.
- Whose words are as cool as sandal-wood.
- Whose heart is full of poison.
- One should not associate with such a person of that nature.


- ရက်စက်ကြမ်းကြုတ်သော ။
- မနာလိုဝန်တိုသော။
- မချီးမြှောက်မထောက်ပံ့တတ်သော။
- ဖိနှိပ်ချုပ်ချယ်သော အရှင်သခင်မျိုးကို လုပ်ကျွေးမှီခိုခြင်း မပြုရာ။


- Who is severe.
- Who is niggardly.
- Who is uncharitable.
- Who is oppressive, One should not serve and rely on such a master.



အားလုံးကိုချစ်ခင်လေးစားလျှက်...





လူ့လောက ကမ္ဘာ နွားနို့ပုံပြင်



တစ်ခါက ပါချောချောနဲက ပေါချာချာ ဘုရင်ကြီးတစ်ပါးရှိသတဲ့. . . အဲ့ဒီဘုရင်ကြီးဟာ သူနေထိုင်တဲ့ နိုင်ငံက နွားမွေးမြူရေးလုပ်ငန်း အဓိက လုပ်ကိုင်တဲ့ နိုင်ငံဖြစ်တာကြောင့် နွားနို့လည်း အလွန်ပေါဆိုပဲ. . . သူ့ရဲ့နိုင်ငံသာလျှင် ကမ္ဘာပေါ်မှာ နွားနို့အထွက်များဆုံး နိုင်ငံဆိုပြီး အမြဲ ဂုဏ်ယူဝင့်ကြွားနေတယ်. . . တစ်နေ့မှာတော့ အင်တာနက်ဖွင့်ကြည့်ရင်း ကမ္ဘာက နွားနို့အထွက်များဆုံးဆိုတဲ့ နိုင်ငံတွေရဲ့ စာရင်းကို သွားတွေ့သတဲ့. . .

အဲဒီမှာ သူ့နိုင်ငံအမည် စာရင်း ပါမလာတာကြောင့် အကြီးအကျယ် စိတ်ဆိုး ဒေါပွသွားပြီး သူပိုင်ဆိုင်တဲ့ နန်းဆောင်ကြီး တစ်ခုလုံးကို နို့ရည်နဲ့ ဆေးကြောပြမယ်. . . နို့ရည် မက်ထရစ်တန်ချိန်ပေါင်း ၁၀၀၀၀၀ ကျော် အသုံးပြုပြမယ်ဆိုပြီး သူပိုင်တဲ့ ၀က်ဘ်ဆိုက်ကနေ အင်တာနက်က တစ်ဆင့် ကမ္ဘာကို ပြန်ကြေငြာလိုက်သတဲ့ . . .

ဘုရင်ကြီးဟာ မြို့သူ မြို့သားတွေ အကုန်လုံးကို တစ်ယောက်ကို နို့တစ်ပုံးကျ ယူဆောင်လာစေပြိး မက်ထရစ်တန်ချိန် ဂါလံပေါင်း သိန်းထောင်ချီဆန့်တဲ့ ဧရာမကန်ကြီး ကို ပြင်ဆင်ပြီး ထည့်ခိုင်းသတဲ့. . . . ကမ္ဘာအရပ်ရပ်က စိတ်ဝင်တစား လာကြည့်တဲ့သူတွေ ၊ ကမ္ဘာ့နိုင်ငံတကာ သတင်းထောက်တွေဟာလည်း သတင်းထူးမို့ ဦးဦးဖျားဖျား သတင်းလာယူကြ၊ ဘုရင်ကြီးကို အင်တာဗျူးကြနဲ့. . .

ဆင်းရဲသား မိသားစုက ငါတို့မိသားစု ရေတစ်ပုံးစီ ရောတာလောက်နဲ့ ဘုရင်ကြီးကန်ထဲက နွားနို့တေါ မသိသာပါဘူး လို့ တွေးတယ် . . ပုဏားကြီးကလည်း သူ့ရေတစ်ပုံးနဲ့ နွားနို့တစ်ကန်လုံး ဘာမှ မဖြစ်ပါဘူး လို့ စဉ်းစားတယ်. . . သူဌေးကြီး လင်မယားကလည်း ငါတို့ရေပဲထည့်မယ်. . . မသိသာပါဘူး ကွာလို့ဆိုတယ်. . . ဖိနပ်ချုပ်တဲ့ကောင်ကလည်း ရေ. . . အရက်ပုန်းရောင်းတဲ့လူကလည်း ရေ. . . မြို့စားကြီးကလည်းရေ. . ရဲမက်တွေကလည်းရေ. . . ဘီယာစတေရှင်ဖွင့်ထားတဲ့လူကလည်း ရေ. . . သီချင်းဆိုတဲ့လူကလည်း ရေ. . . ဗေဒင်ဆရာကလည်းရေ. . . ကျောင်းဆရာကလည်းရေ. . . နွားပွဲစားကလည်းရေ. . . ရွှေကုန်သည်ကလည်း ရေ. . .

ဒီလိုနဲ့ ရေတစ်ပုံးလောက်များမသိသာပါဘူး ဆိုပြီး အတွေးတူ စိတ်ကူးတူတွေနဲ့ နွားနို့အစား ရေတွေတစ်ပုံးပြီး တစ်ပုံး ထည့်သွားကြတာ မိဖုရားခေါင်ကြီးကိုယ်တိုင်ရေတစ်ပုံးထည့်ခဲ့သတဲ့. .

ဘုရင်ကြီးလည်း နိုင်ငံတကာ သတင်းမီဒီယာတွေကြားမှာ ခွက်ခွက်လန်ပါတော့သတဲ့ကွယ်. . . အဲဒီတော့မှ လူ့ လောက ကမ္ဘာက လူတွေအကြောင်းကို ဘုရင်ကြီး ကောင်းကောင်း သိသွားတော်မူသတဲ့ကွယ်. .

ရယ်စရာ မဂ္ဂဇင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...

တွေးကြည့်


နှစ်မျိုး

လူတွေမှာ အားနည်းချက် နှစ်မျိုးရှိပါတယ်. . . ပထမအားနည်းချက်က ကိုယ်တော်ကြောင်း ကိုယ်မသိဘဲ အားငယ်နေတာဖြစ်ပြီး ဒုတိယအားနည်းချက်ကတော့ ကိုယ်ညံ့တာ ကိုယ်မသိဘဲ ဘ၀င်မြင့်နေတာဖြစ်ပါတယ်. .

သာယာတဲ့ ပတ်ဝန်းကျင် ဖန်တီးချင်ရင်

တောင်းပန်စကားပြောတာနဲ့ ဂုဏ်ပြုစကားပြောတာကို ပြောသင့်ပြောထိုက်တဲ့နေရာတိုင်း ၊ အချိန်တိုင်းမှာ အံဝင်ခွင်ကျ ပြောတတ်ဖို့လိုပါတယ်. .

အမြင်ချင်းတူမလား

အသုံးမကျတဲ့ အမူအကျင့်စရိုက်တွေကို မစွန့်ပစ်တဲ့သူဟာ လွှင့်ပစ်ရမယ့် အမှိုက်တွေကို မီးခံသေတ္တာထဲ ထည့်သိမ်းထားတာနဲ့ အတူတူပါပဲ

ဒီနေ့ကိုယ်လုပ်ရမယ့် အလုပ် ကိုယ့်ဘာသာ ကိုယ်သတ်မှတ်မထားရင် သူများတွေခိုင်းတာတွေ လုပ်ရင်း အချိန်တွေကုန်သွားလိမ့်မယ်လို့ မြင်ပါတယ်. . .

ကမ္ဘာကြီးက ရွာဖြစ်လာချိန်မှာ ကိုယ်က ရွာပြင်ထွက် အိပ်မောကျမနေသင့်ပါဘူး . . .

ဆက်တွေးပါ

ကိုယ့်ကိုယ်ကိုယ်မှ မှန်မှန်ကန်ကန် စနစ်တကျ နေထိုင်၊ ပြောဆိုလုပ်ကိုင်တတ်ဖို့ မထိန်းကျောင်းနိုင်ရင် သူများတွေကို ဘယ်လိုဦးဆောင်မှာလဲ. . . သူများတွေကို ဦးမဆောင်ချင်တာကရပါသေးတယ်. . ကိုယ့်ကိုယ်ကိုယ်မှ ကိုယ် ဦးမဆောင်နိုင်ရင်တော့ ကိုယ်ပဲ ဒုက္ခရောက်မှာပါ...

ကံချွန်

အားလုံးကိုချစ်ခင်လေးစားလျှက်...


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။