ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
Showing posts with label ခရီးသွားမှတ်တမ်း. Show all posts
Showing posts with label ခရီးသွားမှတ်တမ်း. Show all posts

မရှိမဖြစ်. . . . ရေ ( ၂ )

ကျွန်မတို့ ရဲခေါင်ကြီး(တောင်) ကျေးရွာမှာ လူဦးရေနဲ့ အိမ်ထောင်စုတွေ ပိုမိုများပြားတာကြောင့် ရေပေးဝေမှု ကို အချိန်ကြာမြင့်စွာ ပေးဝေခဲ့ပါတယ်. . . ရှေ့မှာ ပေးဝေခဲ့တဲ့ရွာတွေထက်လည်း ရေဝေရတာ ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင်ရှိပါတယ်. . ဒါကြောင့် မြင့်မြတ်အလင်းအဖွဲ့သားများနဲ့ ရွှေစင်ကြယ် (၂) သဘောင်္မှ မိသားစုများ က ညစာကို ည ၁၀နာရီမှ အားလုံး တစ်စုတစ်ဝေး တည်း စားဖြစ်ကြပါတယ်. . .

အဖွဲ့သားတွေလည်း တော်တော် မောသွားပြီး ခဏနားပြီး နောက်နေ့ ရေပေးဝေမှု အစီအစဉ်များ ဆွဲသူက ဆွဲ သဘောင်္ဝင်လို့မရသော နေရာများသို့ စက်လှေဖြင့်ရေဗုံးများဖြင့် ပို့ရန် စီစဉ်သူ က စီစဉ်လျှက်ရှိပါတယ်. . . ကျွန်မတို့ (၂) ယောက်က တော့ ည ၁၂ နာရီခန့်မှာ အိပ်ရာဝင်ဖြစ်ပါတယ်. . .



"ကန့်ဘလာ" ကျေးရွာ
ကန့်ဘလာကျေးရွာသို့ လှေများဖြင့် ရေလာယူနေပုံ

မနက် (၅) နာရီမှာတော့ ရဲခေါင်ကြီး (တောင်) ကျေးရွာကနေပြီး ဆက်လက်ထွက်ခွာလာရာ ဟိုင်းကြီးမြို့နယ်ခွဲ "ကန့်ဘလာ" ကျေးရွာသို့ မနက် ၇ နာရီမှာ ရောက်ရှိခဲ့ပါတယ်. .. အဲဒီရွာလေးမှာလည်း ရွာရှိရေတွင်းများ ခန်းခြောက်သွားတဲ့ အတွက် သောက်ရေ သုံးရေ ရှားပါးခြင်း ဒုက္ခတွေ ခံစားနေရပါတယ်. . . . ရွာနဲ့ ဝေးကွာတဲ့ နေရာမှာ စမ်းချောင်းသေးသေးလေးတွေ မှ လည်းကောင်း တွင်းလေးများတူးပြီးရေကို မျှသုံးနေရပါတယ်. . . . ဒါပေမယ့် ၀ယ်မသုံးနိုင်သောသူများ နှင့် လှောင်စရာ ရေတိုင်ကီမရှိတဲ့ လူတွေ အတွက်ကတော့ သုံးစရာ ရေကို လုံးဝမရှိဘူးလို့ပြောပါတယ်. . .

ကန့်ဘလာကျေးရွာအနားမှာရှိတဲ့ ရေကျော်၊ ဘုရားလှ၊ သုံးခွ နှင့် အနီးရှိရွာများ ကိုတော့ သဘောင်္မ၀င်နိုင်တဲ့ အတွက်. . စက်လှေများငှားပြီး ဖြင့် ရေဗုံးများ တွင် ရေထည့်ပြီး ပို့ဆောင် ရေဝေပေးခဲ့ပါတယ်. . . အချို့ရွာများမှလည်း လှေငယ်လေးများဖြင့် တစ်ပိုင်တစ်နိုင် ရေဗုံးများဖြင့် လာရောက် သယ်ယူခဲ့ပါတယ်. . . မြင့်မြတ်အလင်း သာသနာ့ အကျိုးဆောင် အဖွဲ့မှ ရောက်ရှိရာ ရွာများတွင် ရွာဦးဘုန်းတော်ကြီးကျောင်းအတွက် ကိုလည်း သီးသန့် ရေများ သွားရောက်လှူဒါန်းပေးခဲ့ပါတယ်. . . ကန့်ဘလာကျေးရွာ အနားမှာရွာများ မှာ ရေရှားပါးပြီး ရွာငယ်လေးများ များသဖြင့်. . .. ကန့်ဘလာရွာတွင် ရေပေးဝေမှု အချိန်ပိုကြာခဲ့ပါတယ်. .
.
အနီးရှိရွာများသို့ စက်လှေများဖြင့် ရေဝေငှနေပုံ

မနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ပြင်ခရိုင်မြို့နယ် ချောင်းဝကျေးရွာသို့ဆက်လက် ထွက်ခွာလာပြီး ၁၁ နာရီ ၃၀ မိနစ်တွင် ရောက်ရှိခဲ့ပါတယ်. . . . ကန့်ဘလာနှင့် ချောင်းဝ ကျေးရွာကြားတွင် . . နာဂစ် မုန်တိုင်းတိုက်ခိုက်မှု အခံရဆုံး ဘုန်းတော်ပြည့်ရွာ၊ ကျောက်ကလပ် ၊ဒီဒူးကုန်း၊ စသည့် အလယ်ကျွန်းတစ်လျှောက် ကျေးရွာများကို တွေ့ခဲ့ရပါတယ်. . . . နာဂစ်တိုက်တုန်းက ခုကျွန်မတို့ မြင်ရတဲ့ ရွာတွေက လက်ရှိ ပင်လယ်ရဲ့ ၂၈ ပေ အမြင့်ကို တက်အောင် တိုက်ခိုက်ခဲ့ပါတယ်တဲ့ . . . . . ချောင်းဝရွာမရောက်ခင် သာယာလှတဲ့ ဟိုင်းကြီးကျွန်းကိုလည်း လှမ်းမြင်နိုင်ပါတယ်. . .

ဟိုင်းကြီးကျွန်း

ချောင်းဝကျေးရွာ

ချောင်းဝကျေးရွာရောက်တော့ ရွာသားတွေက ရေအလှူ အဖွဲ့ကို လှိုက်လှဲ ပျူငှာစွာ ကြိုဆိုကြပါတယ်. . . . ချောင်းဝကျေးရွာက ပုဇွန်ခြောက်၊ ဂဏန်း၊ စသည့် ပင်လယ်ရေထွက်ပစ္စည်းများ ပေါများပါတယ်. . . . အိမ်ခြေလည်း များပြီး စီးပွားရေးကောင်းတဲ့ ကျေးရွာထဲမှာ ပါဝင်ပါတယ်. . . ချောင်းဝ ကျေးရွာမှာတော့ မြင့်မြတ်အလင်း အဖွဲ့မှ တစ်ချို့တစ်ဝက်မှာ ရေအလှူပေးရန်ကျန်ခဲ့ပြီး ကျွန်မတို့ (၂) ယောက်ကတော့ ကျန်သော မြင့်မြတ်အလင်း အဖွဲ့သားများနှင့် ပြင်ခရိုင် မြောက်ကျောင်း ဘုန်းကြီးကျောင်းသို့ ဆရာတော် အခေါ်လွှတ်သော ကားနှင့် လိုက်ခဲ့ပါတယ်. . . . . ကားမှာ ချောင်းဝရွာထဲမှ ထွက်ပြီး ပြင်ခရိုင်သို့ အသွားတွင် နာဂစ် အတွက် ပြန်လည် တည်ဆောက်ပေးထားသော အိမ်များ ပြင်ခရိုင်မြို့အ၀င်တွင် Cyclone Shelter ကိုပါ တွေ့ခဲ့ရပါတယ်. . .


Cyclone Shelterr

မိနစ် ၃၀ ခန့် မောင်းပြီး ပြင်ခရိုင်မြို့နယ် မြောက်ကျောင်း ဘုန်းတော်ကြီးကျောင်းတွင် ရေချို ထွက်ရှိပြီး ဆရာတော်မှ ရေမရသော အနီးအနားရွာများသို့ စက်လှေဖြင့် တစ်မျိုး ၊ ကားဖြင့် တစ်သွယ် လိုက်လံဝေ ငှပေးလျှက်ရှိပါတယ်. . . . ပြင်ခရိုင် မြောက်ကျောင်းမှ ကျွန်မတို့ ညနေ ၃ နာရီခန့်တွင် ပြန်လာပြီး ချောင်းဝရွာမှာ ညနေ ၃နာရီ ၂၀မိနစ်တွင် ပုသိမ်သို့ပြန်လည် ထွက်ခွာခဲ့ပါတယ်. . . .




ပြင်ခရိုင်မြို့နယ် မြောက်ကျောင်း


မြောက်ကျောင်းဆရာတော် မှ ရေပေးဝေနေပုံ

လပွတ္တာမြို့နယ် တူးမြောင်းရွာ

ညနေ ၆ နာရီ ၃၀ ခန့်တွင် လပွတ္တာမြို့နယ် တူးမြောင်းရွာသို့ ၀င်ပြီး ရေများကို ပေးဝေခဲ့ပါတယ် ယခုအကြိမ်နှင့် ဆိုလျှင် တူးမြောင်းရွာ ကို ဒုတိယ အကြိမ်ပေးဝေခြင်းဖြစ်တယ် လို့ သိရပါတယ်. . . သဘောင်္ပေါ်မှ ရေဗုံးများဖြင့် ရွာသို့ အကုန်ပေးဝေခဲ့ပါတယ်. . . . ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဆက်လက်ထွက်ခွာလာခဲ့ရာ ပုသိမ်မြို့သို့ . . . ည ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့ပါတယ်. . . .


တူးမြောင်းရွာတွင် ရေဗုံးနှင့်ရေများ ပေးဝေနေပုံ

ပုသိမ်မြို့ မြင့်မြတ်အလင်း အဖွဲ့သားများနှင့် ရွေစင်ကြယ်သဘောင်္ အဖွဲ့သားအားလုံးက ရေအလှူ အတွက်ကို အားလုံး အမျှပေးပြီး သာဓု ခေါ်ဆိုခဲ့ပါတယ်. . . . . . ကျွန်မတို့နှင့် ရေလှူဒါန်းသော သူများ အားလုံးလှူဒါန်းသော ကုသိုလ် အဖို့ဘာဂ ကို စာဖတ်ပရိသတ်များကိုလည်း ကုသိုလ် အမျှ ပေးဝပါတယ် ရှင်. . . အားလုံး အမျှရ ပြီး သာဓု ခေါ်ဆို နိုင်ပါစေရှင်. . .

အားလုံးကိုချစ်ခင်လေးစားလျှက်...



မရှိမဖြစ်. . . ရေ

"ရေအသက်တစ်မနက် ထမင်းအသက် ခုနှစ်ရက် "

ကျွန်မတို့ ဧရာဝတီတိုင်း အပါအ၀င် မြန်မာနိုင်ငံအနှံ့အပြားမှာ ရေဘေးဒုက္ခနဲ့ကြုံတွေ့နေရတဲ့ အခက်ခဲတွေ များစွာဖြစ်နေပါတယ်. . . "ရေအသက်တစ်မနက် ထမင်းအသက် ခုနှစ်ရက် " ဆိုသလိုပဲ ထမင်းမစားပဲ
၇ ရက်နေနိုင်ပေမယ့် ရေမသောက်ပဲ တစ်မနက်တောင် ကျွန်မတို့ မနေနိုင်ပါဘူး . . . ဒီနှစ်နွေရာသီက ခါတိုင်းနှစ်တွေထက် ပိုပူပြင်းပါတယ်. . . ဒါကြောင့် ပုံမှန်ရေရရှိနေတဲ့ နေရာတွေမှာတောင် ရေရှားပါးမှု ပြဿနာများစွာ ပေါ်ပေါက်ခဲ့ပါတယ်. . .။ ရေရှားပါးမှုကြောင့် လူတွေရဲ့အသက်ပေါင်းများစွာကို ထိခိုက်ဆုံးရှုံးနစ်နာစေနိုင်သလို… ရောဂါပေါင်းများစွာကိုလည်း ကူးစက်ပြန့်နှံ့စေနိုင်ပါတယ်။

သင်ရော ရေလှူပြီးပြီလား????

သုမင်္ဂလဖောင်ဒေးရှင်းမှ ရေလှူဒါန်းခြင်းကို ဧရာဝတီတိုင်း၊အလယ်ကျွန်းဒေသသို့ ရှပ်ပြေးသင်္ဘောကြီးဖြင့် ရေဂါလံတစ်သိန်းကျော်တင်ဆောင်ပြီး ပုသိမ်မြို့မှ(၁၄-၅-၂၀၁၀)တွင် စတင်ထွက်ခွာ၍ တူးမြောင်းရွာ ၊ အထက်ပြွန်ရွာ ၊မကျဉ်းပင်ရွာ ၊သုံးခွရွာ ၊အုန်းပင်စုရွာ ၊ တံခွန်တိုင်ရွာ ၊ကျောက်တခါးရွာ ၊ ကြာကန်ရွာ ၊အောက်ပြွန်ဝရွာ၊ ဇီးဖြူဆိပ်ရွာ ၊ အင်္ဂတေရွာတို့ကိုသောက်သုံးရေများဝေငှပေးခဲ့ပြီးဖြစ်ပါတယ်။

(၁၇-၅-၂၀၁၀)နေ့တွင်လည်း ထိုရွာများသို့ ဒုတိယအကြိမ် ထပ်မံသွားရောက်၍ဝေငှခဲ့ကြပြီး (၂၁-၅-၂၀၁၀)နေ့ တတိယအကြိမ် မြောက်တွင်- ကျုံကူးရွာ ၊ ရဲခေါင်ကြီးရွာ ၊ ကန့်ဘလာရွာ ၊ ဘုရားတောင် -တောင်ရွာ ၊ ဘုရားတောင်-မြောက်ရွာ ၊ ရေကျော်ရွာ ၊ တူးမြောင်းရွာ ၊ ကျောက်ငူရွာ ၊ ချောင်းဝရွာ စသည့်ရွာများသို့ ရေဂါလံတစ်သိန်းကျော်ဆန့် ရှပ်ပြေးဖြင့် သွား၍ ရေလှူဒါန်းခြင်းလုပ်ငန်းများ ဆက်၍လှူဒါန်းလျက်ရှိပါသည်။ တတိယအကြိမ် ရေပေးဝေခြင်းကို မေ၁၆ နဲ့ ပန်းကဗျာတို့ လည်း ရေအလှူအတွက် တပ်အားသ၍ လူအား လုပ်အားဖြင့်ကူညီရန်၊ကုသိုလ်ဒါနအတွက် သာဓုခေါ်ဆို ပီတိဲဖြာဖို့ရန် လိုက်ပါလာခဲ့ပါတယ်. . .



ပုသိမ်မြို့တွင်းမှ အကောင်းဆုံးသောက်ရေတွင်းများမှ ရေများကို သန့်စင်ပြီး သင်္ဘော ၀မ်းဗိုက်အတွင်းထည့်၍၄င်း၊ ရေဗုံးများ အပြည့်ဖြည့်ပြီး စုစုပေါင်း ရေဂါလံ ၁ သိန်းဖြင့် ပုသိမ်မြို့မှ ၂၁.၅.၂၀၁၀ မနက် (၁၁) နာရီ တွင် စတင်ထွက်ခွာခဲ့ပါတယ်.. . . လမ်းတစ်လျှောက်တွင် သဘောင်္ပေါ်မှ င၀န်မြစ်ကို ကြည့်ရင်း လိုက်ပါလာခဲ့ရာ တဖြေးဖြေးနဲ့ ငပုတောမြို့နယ်ကို အကျော်မှာ မြစ်ဝပင်လယ်နားကပ်လာ ချိန်မှာ တော့ ကျွန်မတို့ ကမ်းကျယ်လှတဲ့ ပင်လယ်ကြီးကို ကြည့်ပြီး ကြက်သီးတောင် ထမိပါတယ်. . . မိုးလေ၀သ အခြေအနေက လည်း မိုးလေး က တအုံ့အုံ့နဲ့ နေလည်းသိပ်မပူပဲ . . . တော်တော်လေးကို အဆင်ပြေပါတယ်. .. လမ်းတစ်လျှောက် မှာလည်း ဆရာတော် ဦးသုမင်္ဂလ တရားတော်ခွေများ ဖွင့်ပြီး ဆရာတော်ရဲ့ သြ၀ါဒများကို နာယူရင်း ခရီးနှင် လိုက်ပါလာခဲ့ပါတယ်. . .


ဘုရားတောင်ကျေးရွာ

ရွေစင်ကြယ် (၂) သင်္ဘော မိသားစု နဲ့ မြင့်မြတ်အလင်း အဖွဲမှ နေ့လည်စာကို ကြက်သားဟင်း ၊ ကန်ဇွန်းရွက်ကြော်၊ ငါးပိချက်၊ တို့စရာတို့ ဖြင့်ကျွေးမွေးခဲ့ပါတယ်။နေ့ခင်း ၁ နာရီခွဲမှာတော့ ထမင်း စားပြီး ချိန်မှာ မိုးက အနည်းကရွာလာပါတယ် ၁၅ မိနစ်ခန့် ရွာပြီး မိုးကလည်းတိတ်သွားပါတယ်. . .ပထမဆုံး ရေပေးဝေမယ့်မြို့နယ်ကတော့ ငပုတောမြို့နယ် ဘုရားတောင်ကျေးရွာ ကို ညနေ ၃း၁၅ နာရီမှာရောက်ပြီး ရေများ ပေးဝေလှူဒါန်းခဲ့ပါတယ်. . .ဘုရားတောင်ကျေးရွာက အိမ်ခြေ ၂၀၀ ခန့်ရှိပါတယ်. . .

ရေပေးဝေလှူဒါန်းမှုအတွက် တက်ကြွစွာ ၊ စေတနာ ၊ သဒ္ဓါအားကောင်းစွာ ဆောင်ရွက်နေသော မြင့်မြတ်အလင်း သာသနာ့ အကျိုးဆောင် အဖွဲ့နှင့် ရွှေစင်ကြယ်မိသားစုတို့ရဲ့ မှတ်တမ်းဓာတ်ပုံများ...။

ဘုရားတောင်ကျေးရွာ သောက်သုံးရေ ပေးဝေနေပုံ

ကျွန်မနှင့် မပန်းကဗျာကတော့ ကင်မရာလေး တစ်လုံး ကိုင်ပြီး သောက်သုံးရေ ကို အားကိုးတကြီးလာရောက် အလှူခံကြတဲ့ ကျေးရွာနေ လူထုကို အတွေ့အကြုံများမေးမြန်းရင်း....မှတ်တမ်း ဓာတ်ပုံများကို ရိုက်ယူဖြစ်ခဲ့ပါတယ်။ရေမကူးတတ်ပဲ ပင်လယ်ပြင်ခရီးကို လိုက်ပါခဲ့တဲ့ ကျွန်မတို့၂ယောက်ဟာ ရေပေးဝေခြင်းကို ကူညီဖို့နေနေသာသာ အကျိုးဆောင်အဖွဲ့ကတောင် ကျွန်မတို့ နှစ်ယောက်ကို. . . . ပြန်လည်စောင့်ရှောက်နေရပါတယ်. . . . အကျိုးဆောင် အဖွဲ့က အမတို့ရှေ့ရွာတွေ ရောက်ရင် ရေ(၁၀) ဂါလံ တစ်ပုံးဆီသယ်ရမယ်လို့ နောက်ပါတယ်. . . . .ကျွန်မတို့ကလည်း ရပါတယ် ဒီပုံးလောက် ကအေးဆေး ရေတိုင်ကီ အပြည့်နဲ့ သယ်ပေးမယ်လို့ ပြန်နောက်ဖြစ်ခဲ့ပါတယ်. . .ညနေ ၄:၃၀နာရီ မှာတော့ ရှေ့ဆက်ရေဝေပေးရမယ့် မြို့တွေကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။

ရဲခေါင်ကြီးကျေးရွာ နှင့် အနီးအနားကျေးရွာများကို သောက်ရေများ ဝေငှနေပုံ

ညနေ ၅.၄၅ နာရီမှာ လပွတ္တာမြို့နယ် ရဲခေါင်ကြီး အုပ်စု သို့ရောက်ရှိခဲ့ပါတယ် ။ရဲခေါင်ကြီးရွာကတော့ အိမ်ခြေ ၂၃၅ အိမ် ၊ လူဦးရေ နှစ်ထောင်ကျော်ခန့်ရှိပါတယ် . . . . ဒီရွာလေးမှာတော့ ကျွန်မတို့အဖွဲ့ရဲ့ ရေပေး ဝေမှုအပြင် World vision အဖွဲ့ရဲ့ ရေဖြန့်ဝေပေးမှုကိုလည်းရတယ်လို့သိရပါတယ်။ ဘာကြောင့် ရေအခက်အခဲရှိရသလည်း...ဆိုတာ မေးမြန်းကြည့်တဲ့အခါ နှစ်စဉ်ရွာက မိုးရေကန်ကြီးများကို သောက်သုံးရေအတွက်အမှီပြုပြီး နေထိုင်ကြတယ်။အရင်နှစ်တွေမှာလည်း ဒီလိုရေအခက်အခဲမရှိခဲ့ပါဘူး မျှတသုံးခြင်းလောက်သာ ကြုံခဲ့ရပြီး၊ ဒီနှစ်တွင် မတော့ ပူးပြင်တဲ့နေကြောင့် ရေကန်များ ခမ်းခြောက်သွားခြင်းကြောင့်ဖြစ်တယ်လို့သိရပါတယ်။ လပွတ္တာမြို့ နယ်အတွင်းရှိ ကျေးရွာများ၊ ပင် လယ်ကမ်းစပ်နှင့်နီးသော ကျေးရွာ များတွင် သောက်သုံးရေကန်များ၌ ရေမရှိသလောက် နည်းပါးသည့် အတွက် နီးစပ်ရာရွာများတွင် သွား ရောက်ခပ်ယူသုံးစွဲနေကြရသည်ဟု ဒေသခံများကဆိုသည်။

အဲဒီနောက် ည ၇.၁၅ နာရီမှာ ရဲခေါင်ကြီး(တောင်) ကျေးရွာကို ထွက်ခွာခဲ့ရာ ည ၈ နာရီမှာ ရောက်ရှိပါတယ် အဲဒီ က အိမ်ခြေနဲ့ လူဦးရေ ပိုများတဲ့ အတွက် ရေပေးဝေချိန်တော်တော် ကြာပါတယ်. . .သဘောင်္ကိုလည်း လှိုင်းရှိတဲ့ အတွက် ရွာမှာပဲ ညအိပ်ရပ်နားခဲ့ပါတယ်. . . . .

ရဲခေါင်ကြီး(တောင်) ကျေးရွာ

သဘောင်္ရောက်ရှိချိန်မှာ ရေပေးဝေလှူဒါန်း မှာကို မျှော်လင့်စောင့်စားနေကြတဲ့ ကျေးရွာပြည်သူတွေရဲ့ အားကိုးတကြီး စောင့်စားနေပုံတွေဟာ မျက်စိထဲက မထွက်ပါဘူး။ဒုက္ခရောက်နေသူများကို ကယ်တင်ဖို့အတွက် လူသားတိုင်းမှာ ကိုယ်ချင်းစာတရားရှိဖို့လိုပါတယ်။ သံသရာမှာ မတော်စပ်ဘူးသော ဆွေမျိုးမရှိပါဘူး။မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော်များအရ - လူ့ဘ၀ဟာ အလွန်ရခဲသည့် အဖြစ်တစ်ခု ဖြစ်ပြီး၊ သံသရာတွင် အဆွေအမျိုး မတော်စပ်ခဲ့ ဖူးသူ မရှိကြောင်း၊ အားလုံးသည် အဆွေအမျိုးများ ဖြစ်ကြောင်း၊ နာကြားမှတ်သား သိရှိကြပြီး ဖြစ်ကြမှာပါ။ သို့အတွက်ကြောင့် (သံသရာ အစဉ်အဆက်မှ) အဆွေအမျိုးများကို အတတ်နိုင်ဆုံး တတ်စွမ်းသလောက် ကူညီစောင့်ရှောက်ကြပါစို့လို့ တိုက်တွန်းရေးသားအပ်ပါတယ်။

(ဒုတိယပိုင်း ဆက်လက်ရေးသားဖော်ပြပါမည်)


အားလုံးကိုချစ်ခင်လေးစားလျှက်...



ငွေဆောင်ကမ်းခြေ. . . .


ငွေဆောင် (၁၀) နှစ်ပြည့် အ၀င်ဆိုင်းဘုတ်


Silver View Hotle



အုန်းရေသောက်လို့လည်းရတယ်..

ကျောက်ပုဇွန်စားအုံးမလား ?


နိုင်ငံခြားသားတွေနဲ့ အတူ



လှည်းလည်းစီးလို့ရတယ်



သောင်ပြင်မှာရေကူးရင်း အပန်းဖြေနေသူများ

ချစ်သူများကျွန်း


ဧရာဝတီတိုင်းမှာရှိတဲ့ ငွေဆောင်ကမ်းခြေဟာ မြန်မာနိုင်ငံမှာ ငပလီကမ်းခြေပြီးရင် အသာယာဆုံးဖြစ်ပါတယ်။ ရန်ကုန်ကနေ ကားလမ်းနဲ့ မိုင် ၂၂၀ ကွာဝေးပါတယ်။ ရန်ကုန်ကနေ ကားနဲ့ သွားရင် ၇ နာရီလောက် မောင်းရပါတယ်။ ပုသိမ်မြို့မှ ၄၈ကီလိုမီတာ ကွာဝေးပြီး ၂၀၀၀ခုနှစ်တွင် စတင်ဖွင့်လှစ် သော ကမ်းခြေ အပန်းဖြေ စခန်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလှပဆုံးသော ကမ်းခြေများ စာရင်းတွင် ပါဝင်ပြီး ကြယ်ငါးပွင် စံချိန်မှီ ဟိုတယ်ကြီးများ ရှိရာ နေရာ ဖြစ်သည်. . . .ကမ္ဘာလှည့်ခရီးသည်အများစု ကြိုက်နှစ်သက်တဲ့ ကမ်းခြေတစ်ခုလည်း ဖြစ်ပါတယ်. ..

ပုသိမ်မြို့မှ ငွေဆောင်ကမ်းခြေသို့ ကားနဲ့ သွားရင် ၂ နာရီခန့်ကြာမြင့်ပြီး ဆိုင်ကယ်နှင့်သွားပါက ၁ နာရီခွဲခန့်သာ မောင်းရပါသည်. . .အရင်ကလမ်းဆိုးပေမယ့် အခုတော့ လမ်းပြင်ဆင်မှုတွေ ပြီးသွားပြီဖြစ်တဲ့အတွက် ချောချောမောမောနဲ့ အချိန်တိုအတွင်းမှာ သွားနိုင်ပါပြီ။ ပင်ပန်းသမျှကို အနားယူအပန်းဖြေဖို့ အသင့်တော်ဆုံး နေရာလေးတစ်ခုပေါ့ . . . .

မတ် ၂၅ရက်မှ ၂၈ရက် အထိ ကျင်းပခဲ့တဲ့ငွေဆောင် ကမ်းခြေ ၁၀ နှစ် ပြည့် အထိမ်း အမှတ် အခမ်းအနား များကို ပျော်ပွဲ ရွှင်ပွဲများ၊ ဘောလုံး ပြိုင်ပွဲများ၊ ဓာတ်ပုံ ပြိုင်ပွဲ များ၊ စတိတ်ရှိုး အစီအစဉ် များအပြင် Miss Ngwe Saung 2010 ပြိုင် ပွဲကိုလည်း ထည့်သွင်း ကျင်းပခဲ့ပါသည်. . .ပန်းကဗျာ၊မေ16 တို့က ငွေဆောင်မှာ တာဝန်ကျနေတဲ့ဦးလေး မိသားစုတွေနဲ့ အတူ မတ်လ ၂၇ ရက်နေ့ ရုံးပိတ်ရက်မှာ ငွေဆောင်ကို တစ်ညအိပ် ခရီးသွားခဲ့ပါတယ်. .

ပန်းကဗျာတို့လည်း ပင်လယ်ကမ်းခြေမှာ မနက်ရော၊ညနေရော ရေချိုး ၊ အုန်းရေသောက် ၊ ငါးကင်တွေဝယ်စား၊ ပင်လယ်စာတွေ စားပြီး ကောင်းကောင်းကို အပန်းဖြေ အနားယူခဲ့ပါတယ်.. . ငွေဆောင်ကမ်းခြေ (၁၀) နှစ်ပြည့်စတိတ်ရှိုးကိုတော့ လူတွေအများကြီးမို့လို့မသွားဖြစ်ခဲ့ပါဘူး . . . ပင်လယ်ရေကိုရှူရှိုက်ရင်း အပန်းဖြေခဲ့ပါတယ်. . . .ငွေဆောင်ကမ်းခြေ ကနေ ချစ်သူများကျွန်းကို လည်းသွားနိုင်ပါတယ်. . . ဒါပေမယ့် ပန်းကဗျာတို့တော့ မရောက်ခဲ့ပါဘူး ရေတက်နေလို့ အဲဒီကျွန်းကိုသွားလို့မရလို့ အဝေးကပဲ ဓာတ်ပုံရိုက်ခဲ့ပါတယ်. . .

ငွေဆောင်ကမ်းခြေဟာ ချောင်းသာကမ်းခြေထက် ကမ်းပိုကျယ်ပါတယ်. . . လှိုင်းလည်းပိုကြီးပါတယ်. . . ငွေဆောင်ကမ်းခြေမှာ အပန်းဖြေရင်း ၊ ကမ်းခြေအလှဓာတ်ပုံများကို စာဖတ်သူများအတွက် မျှဝေလိုက်ပါတယ်. .စာဖတ်သူများလည်း ဓာတ်ပုံတွေကြည့်ပြီး ငွေဆောင်ကမ်းခြေကို သွားရောက် အပန်းဖြေနိုင်ပါစေလို့. . . .

အားလုံးကိုချစ်ခင်လေးစားလျှက်...





ချောင်းသာကမ်းခြေသို့. . .

ကျွန်တို့ မောင်နှမတွေ တွေရုံးအားရက်တွေ ရပြီဆိုရင် အချိန်တိုတိုနဲ့ ဘယ်ကို အပန်းဖြေ ခရီးထွက်ရင်ကောင်းမလည်းဆိုတာ ခဏခဏ စဉ်းစားပါတယ်. . . ဘယ်ကိုသွားမယ် ဘယ်နှစ်ရက်ကြာမယ် ဆိုပြီးတွက်လိုက်. . . ရက်ရှည်ရင် ရုံးကခွင့်မရတာနဲ့ လက်လျှော့လိုက်ရတာတွေများပါပြီ. . ဒီလိုနဲ့ ပြီးခဲ့တဲ့ ရုံးပိတ်ရက်မှာ အချိန်တိုတောင်းစွာနဲ့ အပန်းဖြေလို့ကောင်းတဲ့ ချောင်းသာခရီးစဉ်လေးတစ်ခုကို ကျွန်မတို့ မောင်နှမတွေ ဆိုင်ကယ်နဲ့ သွားဖြစ်ခဲ့ပါတယ်. . .

ချောင်းသာကမ်းခြေဟာ ဧရာဝတီတိုင်း၊ပုသိမ်ခရိုင် ပုသိမ်မြို့နယ်မှာ တည်ရှိတဲ့ ချောင်းသာရွာနဲ့ ပင်လယ်ကမ်းခြေပဲ ဖြစ်ပါတယ်။ချောင်းသာရွာကို လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်ခန့် က ယခုလို ချောင်းအထက်ပိုင်းတွင် တည်ထောင်ခဲ့ပြီး (မူရင်း)အမည် ချောင်းသာယာ ကနေပြီး ချောင်းသာ လို့ ပြောင်းလဲ ခေါ်ဆိုခဲ့ တာ ဖြစ်ပါတယ်။ ရန်ကုန်က နေ ပုသိမ်ကို ၁၁၅ မိုင် ဝေးပြီး ပုသိမ်မြို့ရဲ့ အနောက်ဘက် ၃၈မိုင် အကွာမှာ ချောင်းသာကမ်းခြေ ရှိပါတယ်။ဒါကြောင့် ရန်ကုန်ကနေ ချောင်းသာကို ၁၅၃မိုင် ဝေးပါတယ်။

"ပုသိမ်ကြိုးတံတား"

"ခရီးတစ်ထောက်နားရာ ရှောပြာကျေးရွာ"

ရန်ကုန်မြို့ မှ ချောင်းသာအထိ အဝေးပြေးကားဖြင့် တိုက်ရိုက်သွားနိုင် သလို ရန်ကုန်မြို့မှ ပုသိမ်၊ ပုသိမ်မှ ချောင်းသာသို့ တစ်ဆင့် လည်းသွားနိုင်ပါတယ်။ရန်ကုန်မြို့မှ ချောင်းသာသို့ သွားရာ လမ်းခရိးတစ်လျှောက်တွင် ယခင်က မြစ်များကိုဇက်ဖြင့် ကူး၍ ခက်ခက်ခဲခဲ သွားခဲ့ရသော်လည်း ယခုအခါ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်မှာ "ဗိုလ်မြတ်ထွန်းတံတား"နဲ့ ပုသိမ်မြို့အနောက်ဘက်မှာရှိတဲ့ "ပုသိမ်ကြိုးတံတား" လို့ခေါ်တဲ့ င၀န်မြစ်ကူးတံတားတွေ ဆောက်ပြီးတဲ့ အတွက် သွားလာရေး လွယ်ကူ နေပြီဖြစ် ပါတယ်။

"ချောင်းသာကမ်းခြေအ၀င်ဆိုင်းဘုတ်"

ချောင်းသာကမ်းခြေမှာ ပင်လယ်ကမ်းခြေကို မျက်နှာပြုပြီး ဟိုတယ်ကြီးတွေ ဘန်ဂလိုတွေ ရှိပါတယ်။ အတွင်းဘက်ကျတဲ့ ရွာထဲမှာလည်း တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေ ရှိပါတယ်။အဝေးပြေးယာဉ် ရပ်နားစခန်း၊ စာတိုက်နဲ့ တယ်လီဖုန်းရုံလည်း ရှိပါတယ်။အဆင့်အတန်းမြင့် ဟိုတယ်တွင် အဆင့်အတန်းမြင့်မြင့် တည်းခိုနိုင်သလို စရိတ်စက နည်းနည်းနဲ့လည်းတည်းနိုင်တဲ့ တည်းခိုခန်းတွေလည်း ရှိပါတယ်။


ပင်လယ်ကမ်းခြေမှာ ပင်လယ်ရနံ့ပါတဲ့ လေကို အားပါးတရ ရှုရှိုက်ရတာ စိတ်ကို လန်းဆန်းစေပါတယ်။ကမ်းခြေကနေ မျှော်ကြည့်လိုက်ရင် သဲဖြူကျွန်းကို မြင်တွေ့နိုင်ပါတယ်။ အဲဒီသဲဖြုကျွန်းကိုလည်း လည်ပတ်နိုင်ဖို့ စက်လှေများနဲ့ ၀န်ဆောင်မှု ပေးပါတယ်။ သဲဖြူကျွန်းအပြင် အောင်မင်္ဂလာကျွန်းခေါ် ဖိုးကုလားကျွန်းကိုလည်းသွားနိုင်ဖို့ စက်လှေနဲ့ ပို့ဆောင်ပေးပါတယ်။ ချောင်းသာကမ်းခြေကနေ ကျောက်မောင်နှမ ဘက် ကို စင်းလုံးငှား မော်တော် ဆိုင်ကယ်နဲ့ သွားနိုင်ပါတယ်။ကမ်းခြေရှိ ကျောက်ပုထိုး စေတီတော်မြတ်ကို လည်း ဖူးမြော်နိုင်ပါတယ်။


"ကျောက်ပုထိုး စေတီတော်မြတ်"

မနက်ဝေလီဝေလင်းကနေပြီး ညနေနေ၀င်ချိန် အထိ ကမ်းခြေတစ်လျှောက်မှာ လမ်းလျှောက်ကြသူတွေ၊ ဘောလုံးကစား ကြသူတွေ စွန်လွှတ်ကြသူတွေ၊ မြင်းစီးကြသူတွေ၊ အလှဓာတ်ပုံရိုက်ကြသူတွေ၊ ပင်လယ်လှိုင်း စီးရင်းဆော့ကစားနေကြသူတွေနဲ့ စည်ကားလို့ နေပါတယ်။



ပင်လယ်စာ ဖြစ်တဲ့ ငါး၊ပုစွန်၊ဂဏန်းတွေကို အစိမ်းလိုက် တစ်မျိုး၊ကင်လို့တဖုံ ချက်လို့တစ်နည်း ရောင်းချနေကြပါတယ်။ဈေးလည်း ပေါပါတယ်။


ကမ်းခြေအမှတ်တရ ပစ္စည်းဆိုင်လေးများမှာလည်း လက်ဆောင်ပစ္စည်းတွေ ၀ယ်ယူနိုင်ပါတယ်။ချောင်းသာ ဈေးထဲမှာတော့ ငါးခြောက်မျိုးစုံ၊ ပုစွန်ခြောက်၊ မျှင်ငါးပိ၊အုန်းဆီ၊ကျောက်ပွင့်ကျောက်မှော်စတဲ့ ပင်လယ်ထွက် ပစ္စည်းတွေ ရနိုင်ပါတယ်။ ပုသိမ်မြိုမှာ ပုသိမ်ဟာလ၀ါ နာမည်ကြီးသလို ချောင်းသာမှာ သရက်တော မုန့်ကို လူသိများလှပါတယ်။
ချောင်းသာဟာ သွားရေးလာရေး လွယ်ကူပြီး ကမ်းခြေပင်လယ်ရေ သန့်ရှင်းကြည်လင်တယ်။ကမ်းခြေအနီး ပတ်ဝန်းကျင်တွင် ကျွန်းနဲ့ သန္တာ ကျောက်တန်းတွေ ရှိလို့ ငါးမန်းစတဲ့ လူကို အန္တရာယ်ဖြစ်စေတဲ့ သတ္တ၀ါတွေ မရှိနိုင်တဲ့ အပြင် အန္တရာယ် ကင်းစွာ ရေကစားတဲ့ သူတွေကို စောင့်ရှောက်ဖို့ကမ်းခြေစောင့် အသက်ကယ် ၀န်ထမ်းတွေ ထားပေးအတွက် လာပြိးအပန်းဖြေတဲ့သူတွေ အန္တရာယ်ကင်းကင်းနဲ့ အပန်းဖြေနိုင်ပါတယ်။

ချောင်းသာကနေပြီး ငွေဆောင်ကမ်းခြေကို ကုန်းလမ်းဒါမှမဟုတ် ရေလမ်းနဲ့ လည်း သွားရောက်နိုင်ပါသေးတယ်။ ချောင်းသာကို အပန်းဖြေခရီးထွက်တဲ့ အတွက် ခန္ဓာကိုယ်ပင်ပန်းမှု စိတ်ပင်ပန်းမှုတွေ ပြေပျောက်ပြီး အားအင်သစ်တွေ ရရှိလာတယ်လို့ ခံစားရပါတယ်။ ချောင်းသာခရီးစဉ်ကတော့ တကယ်ကို နှစ်သက်စရာကောင်းလှပါတယ်။

ယခုလိုခရီးသွားရာသီတွင် အပန်းဖြေသွားဖို့ အတွက် စိတ်အေးချမ်းသာစွာနဲ့ ခရီးလည်းမဝေး သက်တောင့်သက်သာနဲ့သွားရေးလာရေးလွယ်ကူကောင်းမွန် တဲ့ချောင်းသာခရီးစဉ်ကို ရေးသား လိုက်ရခြင်း ဖြစ်ပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်...


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။