ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သမီးလေးဖတ်ဖို့. . . .



သမီးငယ်

ရေခဲဆိုတာ ချက်ခြင်း အေးခဲတတ်တာမျိုးမဟုတ်ဘူး
တစ်စတစ်စနဲက အေးခဲလာပြီးမှ
ရေခဲ ဘ၀ရောက်ရတာ
ရေခဲ ဘ၀ရောက်ပြီဆိုရင်လည်း
ရေ ဘ၀ကို ချက်ခြင်း ပြန်မရောက်နိုင်ဘူး
အချိန်စောင့်ရတယ်. . .

ဒီလိုပဲ . . . နာကြည်းမှု တစ်ခုဟာ ချက်ခြင်း ဖြစ်လာတာမျိုး မဟုတ်ဘူး။

နာစရာတွေ တစ်ခုပြီး တစ်ခု
စု လာပြီးတော့မှ
နာကြည်းမှုကို ဖြစ်စေတာ။
နာကြည်းမှု တစ်ခုဖြစ်ပြီ ဆိုရင်လည်း
ချက်ခြင်း ပြေပျောက် သွားနိုင်ဖို့ မလွယ်ဘူး ။

အချိန်ယူပြီး ကြိုးစား ဖြေဖျောက်ရတယ်. .

ဒါကြောင့်. . .
နာကြည်းမှု ရေခဲတုံး မဖြစ်ရလေအောင် သမီးရင်ထဲမှာ နာစရာတေါ စုစုမထားနဲ့နော်။

နာကြည်းစရာတွေရှိနေတဲ့ သူဟာ
ဖြူစင်သန့်ရှင်းတဲ့ စိတ်မျိုးထားလို့ မရဘူးဆိုတာ
သမီးလေး သိစေချင်တယ်ကွယ်. . .

ဖေဖေ

ကောင်းသန့်
အားလုံးကိုချစ်ခင်လေးစားလျှက်...

7 comments:

  1. သိပ်သဘောကျဖို့ကောင်းပါတယ်..။ ဟိုးအရင်က ကျွန်တော်ဟာ နာကျည်းမှုတွေကို တိတ်တိတ်ကလေး စုထားတတ်တဲ့ ကလေးဆိုးလေးတစ်ယောက်ပေါ့...။ တကယ်ပါပဲ... အဲဒီနာကျည်းမှုတွေကို ပြန်ဖျောက်တော့လည်း အချိန်တခုကြာပြန်ေ၇ာ....။း)))


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  2. နာကျင်မှုတွေက စုစရာမလိုဘဲ စုနေတတ်တယ်။ ဒါပေမဲ့လဲ အရည်ပျော်ချိန်က ပျော်သွားမှာပါလေ။

    ReplyDelete
  3. သားလေးလည်း လာဖတ်သွားပါတယ် .. ရတယ်ဟုတ်း))

    ReplyDelete
  4. နာစရာတွေ တစ်ခုပြီး တစ်ခု
    စု လာပြီးတော့မှ
    နာကြည်းမှုကို ဖြစ်စေတာ။
    နာကြည်းမှု တစ်ခုဖြစ်ပြီ ဆိုရင်လည်း
    ချက်ခြင်း ပြေပျောက် သွားနိုင်ဖို့ မလွယ်ဘူး ။

    အချိန်ယူပြီး ကြိုးစား ဖြေဖျောက်ရတယ်. .ဆိုတာ သိပ်မှန်တာဘဲ
    ဒီလိုဖြေဖျောက်ဖို့ခက်လို့လဲ နာကြည်းမှုတွေကို စုမထားချင်ပါဘူး..
    ဒါပေမဲ့ နာကြည်းစရာတွေက မဖိတ်ခေါ်ဘဲ ရောက်ရောက်လာတတ်သေးတယ်နော်..

    ReplyDelete
  5. လူသေပေမယ့် နာမည်မသေဘူး အာဇာနည်နေ့ဆိုတာ အဲ့ဒီလို ပုဂ္ဂိုလ်တွေတွက်သတ်မှတ်ခဲ့တဲ့နေ့ထူးနေ့မြတ်။
    လူမသေသေးပေမယ့် နာမည်သေနေတဲ့သူတွေရှိတယ်
    အဲ့ဒီကောင်တွေက လူမဟုတ်ဘူး ။ http://myalaynaing.blogspot.com/

    ReplyDelete
  6. တကယ်ကောင်းတဲ့ ပို့ စ်လေးတစ်ပုဒ်ပါ။ခေါင်းမော့လာတဲ့ မြန်မာနိုင်ငံကို ကျဆုံးစေခဲ့တဲ့ အချိန်ပေါ့။ ဘူးသီးနုနု အမွှေးသပ်ခံလိုက်ရသလို အရှိန်အဟုန် ကောင်းကောင်းနဲ့  ချီတက်တော့မဲ့ ကျွန်တော်တို့ နိုင်ငံ ဦးကျိုးခဲ့ ရတယ်။ ပြန်တွေးမိတိုင်း ရင်နာရတဲ့ အဖြစ်အပျက်လေးပေါ့။

    ReplyDelete
  7. အောက်ဆုံးအပိုဒ်ကိုတော့ သဘောမတူဘူးဗျ။ နာကျည်းစရာတွေ စုထားတဲ့သူတိုင်းက ဖြူစင်တဲ့စိတ် ထားဖို့ မလွယ်ဘူးဆိုတာ။ ဒါကို သဘောမတူပါဘူး။ လွတ်လပ်စွာ ကွဲလွဲခွင့်ပြုပါ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။