ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လမြတ်ဝါဆို ပြည်တစ်ခို



မြတ်ဗုဒ္ဓလည်း
ဓမ္မစင်္ကြာ ၊ ဟောမြွက်ခါ၊
ထေရ်သံဃာလည်း
မြတ်စွာခွန်းဆင့်၊ ၀ါဆိုကျင့်၊
ပျိုရွယ်သစ်လည်း
တေးဟစ်ဆိုကြူး ၊ ပန်းလည်းခူး၊
နယ်ထိုထိုလည်း
ဝါဆိုသင်္ကန်း၊ ကပ်လှူဒါန်း၊

ပုန်းညက်ပန်းလည်း
လန်းလန်းစွင့်စွင့် ၊ပင်ယံမြင့်၊
သပြေသီးရင်း
ငံ့လင့်ကြွေချိန်၊ လေမငြိမ်
ထန်းသီးညိုလည်း
ညှာအိုရင့်ရင်၊ ကြွေရန်သင့်၊
မိုးကြို "၀ါ" များ
စီးပွားတိုးမြှင့်၊ လှိုင်လှိုင်ပွင့်၊

ကိုးမျက်နှာစုံ
မှိုင်းမှုန်ဝေဟင်၊ မိုးသက်ဆင်၊
ဆည်ကန်ချောင်းစု
ပြည့်လုတာပေါင်၊ ရေဖောင်ဖောင်
မိုးစပါးလယ်
ထွန်ထယ်အားစိုက်၊ ချွေးပြိုက်ပြိုက်၊
ပျိုးခင်းပင်ပျို
စိမ်းစိုဖွံ့ထွား ၊ပျိုးတက်ပွား၊
ရွှေဝါကောက်နှံ
နိုင်ငံစီးပွား၊ လွန်အားထား

သစ်လုပ်သားမောင်
ဖွဲ့ဖောင်ငံ့လင့်၊ မျှောရန်သင့်
ကျွန်းရွှေဝါလှ
ပြည်ပပို့ရ၊ နိုင်ငံ့ဓန
တိုင်း၊ ပြည်နယ်ဝှမ်း
အေးချမ်းခေတ်မီ၊၀ပြောစည်။

ကျောစောဟန်

အားလုံးကိုချစ်ခင်လေးစားလျှက်...

5 comments:

  1. အင်း.... ဘာလိုလိုနဲ့ ၀ါတွင်းကိုတောင် ရောက်ပြန်တော့မှာပါလား။

    ReplyDelete
  2. အင်း.. ၀ါဝင်တော့မယ်နော်...မြန်မာပြည်ကိုလွမ်းလိုက်တာ....


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  3. ၀ါဆိုလပြည့်ရောက်ခါနီးတော့.. ၀ါဆိုနဲ့ ပတ်သတ်တဲ့ ကဗျာလေး ဖတ်ခွင့်ရတဲ့အတွက်ကျေးဇူး ပဲနော်..

    ReplyDelete
  4. ၀ါဆိုကဗျာလေး စိတ်နှလုံးရွှင်ပြုံးလို့ အေး
    ကျေးဇူးပါပန်းကဗျာ..

    ReplyDelete
  5. ကျနော့် အဖွားတို့ နေတဲ့ ရွာဘက်မှာဆို ဝါဆိုပန်းခူးထွက်ကြတာ တအားပျော်ဖို့ ကောင်းတယ်။ ပန်းတွေခူးပြီး ဘုန်းကြီးကျောင်း တွေကို လိုက်ကပ်တာလေ..။
    ချောင်းထဲမှာလည်း စက်လှေတွေက အနီးကပ် မောင်းပြီး ရေတွေနဲ့ ပက်ကြတာ..။
    ဘုန်းကြီးကျောင်းတွေက မုန့်တွေ ပြန်ကျွေးတာ တွေလိုက်စားဖြစ်ကြတယ်။
    ခုထိ ထင်ထင်ရှားရှား သတိရနေသေးတယ်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။