ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

စိတ်ထားပြုပြင်နည်း ခုနှစ်သွယ်



(၁) ငြိမ်းချမ်းစိတ်၊ ကျန်းမာရေးစိတ်၊ မျှော်လင့်သည့်စိတ်၊ သတ္တိရှိသောစိတ်တို့ဖြင့် ပြည့်လျှမ်းနေပါစေ.. . အဘယ့်ကြောင့်ဆိုသော် လူတို့၏ ဘ၀သည် မိမိတို့စိတ်က ပြုပြင်သမျှ ဖြစ်ရပါသည်.

(၂) ရန်သူကို ဂရုမပြုပါနှင့်၊ ဂရုပြုလျှင် ရန်သူကို ထိခိုက်သည်ထက် ကိုယ့်ကိုယ်ကို ပိုထိခိုက်စေပါသည်. .

(၃) သူတစ်ပါးက ကျေးဇူးမဲ့မှုနှင့် ပတ်သက်၍ သောက ဖြစ်နေမည့်အစား ကျေးဇူးမဲ့မည်ကို ကြိုတင်၍ မျှော်လင့်သင့်သည်. . ကျေးဇူးအတင်ခံဖို့ မမျှော်လင့်မှ စိတ်ချမ်းမြေ့ဖွယ် ရမည် ဖြစ်ပါသည်. . . . . မိမိသားသမီးတို့ကို ကျေးဇူးသိတတ်သည့် အလေ့ရှိစေလိုလျှင် ကျေးဇူးသိတတ်မှုကို အားပေးကာ သင်ကြားပေးရပါသည်. .

(၄)ကိုယ့်မှာ ခံစားရသည့် အကျိုးကျေးဇူးတို့ကိုသာပွားများပါ. . . ချို့တဲ့မှုကို နှလုံး မသွင်းပါနှင့်. . .

(၅) သူတစ်ပါးကို မတုပါနှင့်. . . နဂိုအနေအတိုင်း ပြုပါ. . .သူတစ်ပါးကို မနာလိုခြင်းသည် အလွန်ဆိုးရွားခြင်းပင်ဖြစ်သည်. . တုပခြင်းသည်. . မိမိ၏ နဂို အရည်အချင်းများကို ချိုးနှိမ်လိုက်ခြင်း ဖြစ်သည်. . ကိုယ့်ကိုယ် ကိုသတ်ခြင်းနှင့် တူသည်. .

(၆) ကံဆိုးတည်းဟူသော သံပရာကို ရရှိလျှင် ကံကောင်းတည်း ဟူသော သံပရာဖျော်ရည် ဖြစ်အောင် ကြိုးပမ်းပါ. . .

(၇) သူတစ်ပါး အကျိုးဆောင်နိုင်သလောက် ဆောင်ခြင်းဖြင့် ကိုယ့်သောကကို ဖျောက်ပစ်ပါ. . . "သူတပါး အကျိုးဆောင် ကိုယ့်အကျိုးအောင်သည် "

နှစ်သစ်သစ်မှာ စာဖတ်သူ ညီအကိုမောင်နှမများ အားလုံးအထက်ပါ နည်းလမ်း (၇) သွယ်ဖြင့် စိတ်ငြိမ်းချမ်း သာယာမှုရပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်. .

တက်တိုး (သောကကင်းဝေးနေနိုင်ရေး)

အားလုံးကိုချစ်ခင်လေးစားလျှက်...


10 comments:

  1. My compliment for your blog and pictures included,I encourage you to photoblog

    CLICK PHOTOSPHERA

    Even week another photo album

    Greetings from Italy,happy new year

    Marlow

    ReplyDelete
  2. ကျေးဇူးပါ
    တန်ဖိုးရှိတဲ့ နည်းတွေ ယူသွားပါတယ်

    အဖွဲ့သားများနှစ်သစ်မှာ
    စိတ်၏ချမ်းသာခြင်း
    ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ...

    ရင်းနှီးခင်မင်စွာဖြင့်

    ReplyDelete
  3. နှစ်သစ်နဲ့အတူ တန်ဖိုးရှိတဲ့ပညာတွေ ဖြန့်ဝေပေးတာ ကျေးဇူးပါ

    ပျော်ရွှင်ပါစေ

    ReplyDelete
  4. လိုက်နာကျင့်သုံးနိုင်ရင် တကယ်ကို ကောင်းတဲ့
    အချက်ကလေးတွေပါပဲခင်ဗျာ...
    နှစ်သစ်နဲ့အတူပျော်ပါစေ

    ReplyDelete
  5. နှစ်သစ်မှာပျော်ရွှင်ပါစေ

    ReplyDelete
  6. မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား ဆိုတာလေးနဲ့ နှစ်သစ်မှာ နှလုံးသွင်း ဆင်ခြင်နိုင်ပါစေအစ်မရေ..။ အစ်မရဲ့ နှလုံးသွင်းစရာ(၇)ချက်ကိုလည်း မှတ်သားသွားပါတယ်.။

    ReplyDelete
  7. တကယ့်ကို မှတ်သားသင့်တဲ့ အချက်တွေပါပဲ။ ကိုယ်တိုင်းလည်း ကျင့်ကြံဖို့သေချာ မှတ်ရှုလိုက်ရပါကြောင်း။

    ခင်မင်လျှက်...

    ReplyDelete
  8. ပြန်ဝေမျှပေးတာ ကျေးဇူးတင်ပါတယ် ညီမလေး may16 ရေ...

    ReplyDelete
  9. တီတီမေ16ရေ.....မှတ်သားသွားပါတယ်...

    ကျေးဇူးအထူးတင်ပါတယ်။ အခုလို မှတ်သားခွင့်ရတဲ့အတွက်ပါ....

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။