တစ်ခါက ရွာလေးတစ်ရွာမှာ လင်မယားနှစ်ယောက်ဟာ အသက်ကြီးလာမှ သမီးလေးတစ်ယောက်ရတယ်. . . . သမီးလေးတစ်ယောက်ရတယ်. . . . သမီးလေးဟာ ငယ်ငယ်လေးကတည်းက ချူချာလှတယ်. . . . မိခင်ဖခင်တို့ ဟာ သမီးလေးကို အရိပ်တကြည့်ကြည့်နဲ့ ပေါ့. . . သမီးလေးအတွက် ကြိုးစားလုပ်ကိုင်ရင်း သူတို့ဟာ စီးပွားတက်လာသတဲ့ . . . ဒါကြောင့် သမီးလေးကို ဖူးဖူး မှုတ်ထားကြတာပေါ့. . .
ပိုသမျှ ငွေတွေကိုလည်း ရွှေတွေ ၀ယ်ပြီး သူ့ အတွက် လက်ဝတ်ရတနာ လုပ်ထားပေးတာ တစ်ဆင်စာတောင် ပြည့်သွားတာပေါ့. . . တောရွာမှာ ဒီလောက်ဟာ အတော်ချမ်းသာတဲ့ သူတွေ တတ်နိုင်ကြတာကိုး . . . ဒါပေမယ့် သူတို့ အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတဲ့ သမီးလေးဟာ အပျိုဖြစ်ခါမှ ဆုံးပါးသွားသတဲ့. . . အဖေကြီးဟာ လည်း ၀မ်းနည်းသလို၊ အမေကြီးဟာလည်း ဖြေမဆည်နိုင်ဘူးတဲ့. . .
"သြော်သမီးလေး ၊ လက်ဝတ်ရတနာတွေကိုသော်မှ မ၀တ်သွားရပါကကော "ဆိုပြီးငိုတာပေါ့. . . .
ရက်တွေ အတော်ကြာလာပေမဲ့ အမေကြီးဟာ သမီးကို မမေ့နိုင်ဘူး ၊ နေ့စဉ် ငိုကြွေးနေတာပဲတဲ့. . . ဒါကို ကြားသိတဲ့ အကြံသမားတစ်ယောက်ဟာ အခြေအနေကို အကဲခတ်နေတာပေါ့. . . .
တစ်ရက်မှာ အကြံသမားဟာ အဘိုးကြီးအပြင်သွားနေတုန်း အမယ်ကြီးထံကိုလာသတဲ့ . . သူဟာရိုးရိုးမလာဘူး . . . ဇာတ်ထဲက နတ်ဝတ်တန်ဆာတွေ ငှားဝတ်ခဲ့ပြီး ခပ်တည်တည်နဲ့ အိမ်ထဲဝင်ခဲ့ပါသတဲ့. . . . . အိမ်ထဲရောက်တော့ ငိုကြွေးနေတဲ့ အမယ်ကြီးကို "ဟယ် သင်လူသား ၊ သင်၏ သမီး အမှာစကားရှိခဲ့တာကြောင့် ငါရောက်လာရတယ်. . . ." လို့ ဇာတ်သံနဲ့ပြောတာပေါ့. . .
ဒီတော့ အမယ်ကြီးက "ဘာများမှာလိုက်လဲ အရှင်နတ်မင်း . . ". . . "တခြားတော့မဟုတ်ပါဘူး . . သင်၏ချစ်မငြီး ထိုသမီးလေးဟာ နတ်ပြညနတ်ရွာခြောက်ထပ်မှာ ကောင်းမွန်စွာနေထိုင်နေကြောင်းပါ." . . "သို့သော် သူ့မှာ လက်ဝတ်ရတနာရွှေငွေတွေ မပါခဲ့တာကြောင့် ကျွန်ုပ်အား လူကြုံပါး၊ အဲလေ နတ်ကြုံပါးပြီး ယူခိုင်းလိုက်ပါတယ်. "
ဒီတော့ အမယ်ကြီးဟာ အဟုတ်မှတ်ပြီး သမီးလေးအတွက် ရည်ရွယ်လုပ်ကိုင်ထားတဲ့ လက်ဝတ်လက်စား အစုံလိုက်ကို ပေးလိုက်လေသတဲ့. . . အကြံသမားဟာ ပစ္စည်းရရခြင်း ရွာတောင်ဘက်ကို ထွက်ပြေးသွား လေသတဲ့. . . အတော်လေးကြာတော့ အဘိုးကြီးပြန်ရောက်လာတယ်. . . . ဒီအခါ အမယ်ကြီးက "သတင်းကောင်းပြောရဦးမယ်တော်ရေ ၊ ကျုပ်တို့သမီးလေးက နတ်ပြည်ရောက်နေတယ်. ". . . "ဟင်ဘယ်လိုလုပ်သိလဲ ရှင်မရယ်. ". . "စောစောကပဲ နတ်သားတစ်ပါးလာပြောသွားတယ် . . ကျုပ်တောင်မှ သမီးမှာလိုက်တဲ့ လက်ဝတ်လက်စားတွေ ထည့်ပေးလိုက်သေးတယ်. . . "
ဒါကိုကြားတော့ အဘိုးကြီးက အလိမ်မိပြီဆိုတာကို ချက်ခြင်း ရိပ်မိတာပေါ့. . ဒါပေမယ့် အမယ်ကြီးစိတ်မကောင်း ဖြစ်မှာစိုးလို့ ဘာမှာ မပြောဘဲ "ဘယ်ဘက်ကိုသွားသလဲလို့ သာ "မေးတယ် . . တောင်ဘက်ကို လို့ အဘွားကြီး က ဖြေတော့ အဘိုးကြီးက တောင်ဘက်ကို မြင်းဒုန်းစိုင်းစီးကာ လိုက်သွားလေတယ်. . . ဒီလိုနဲ့ ခပ်လှမ်းလှမ်းမှာ သုတ်ခြေတင်နေတဲ့ နတ်ဝတ်နတ်စားနဲ့ လူတစ်ယောက်ကို လှမ်းတွေ့တာပေါ့
အဲဒီလူက နောက်ကမြင်းနဲ့လိုက်လာတဲ့ အဘိုးကြီးကိုလည်းတွေ့ရော ပြေးတော့တာပဲ တဲ့ . . အဘိုးကြီးကလိုက် . . . သူက ပြေးပေါ့လေ. . . ဒါပေမယ့် မြင်းကလူထက်မြန်တော့ မလွတ်နိုင်မှန်း သိပြီ ချုံတောထဲဝင်ပြေးပြီး ပုန်းနေလိုက်သတဲ့. . အဘိုးကြီး ဟာ အဲဒီလူ ဒီနားမှာတင် ပျောက်သွားတာ သိတော့ မြင်းပေါ်က ဆင်းပြီး ဘေးနားက ချုံထဲကို ဖြဲရှာတာပေါ့. .
ဒီအခါ ပုန်းနေသူက ချုံတစ်ဖက်ကထွက်လာပြိး အဖိုးအို ရဲ့ မြင်းကိုစီးကာ ထွက်ပြေးသွားလေသတဲ့. . . မြင်းနဲ့ပြေးသွားတဲ့ လူလိမ်ကို မမှီနိုင်တော့တဲ့အတွက် အဖိုးအိုဟာ စိတ်ပျက်လက်ပျက်နဲ့ လှမ်းအော်လိုက်သတဲ့
"သမီးကို ပြောလိုက်ပါ. . သမီးအတွက် အဘလည်း မြင်းတစ်ကောင် ပေးလိုက်ပါတယ်လို့ "
"မိမိရဲ့ အားနည်းချက်ကို တစ်ဖက်သားသိအောင် မလုပ်ပါနဲ့ "
"ဒါကို အခွင့်အရေး ယူပြီး မိမိကို နင်းတတ်တယ်"
"သဘာဝကို မလွန်စေနဲ့ "
"သဘာဝလွန်ဆိုတာ တကယ်တော့ မရှိဘူး အလိမ်ခံရတတ်တယ်"
"ဒါကို အခွင့်အရေး ယူပြီး မိမိကို နင်းတတ်တယ်"
"သဘာဝကို မလွန်စေနဲ့ "
"သဘာဝလွန်ဆိုတာ တကယ်တော့ မရှိဘူး အလိမ်ခံရတတ်တယ်"
မြန်မာ့ရိုးရာ ပုံပြင်များ
အားလုံးကိုချစ်ခင်လေးစားလျှက်...
သင်ခန်းစာယူစရာပေါ့။
ReplyDeleteး).. ပုံလေးကိုဖတ်ပြီးတော့ ပြုံးမိတယ်... သင်ခန်းစာလည်းရပါတယ်...
ReplyDeleteပုံပြင်လေးလည်းကောင်းတယ်
ReplyDeleteပညာလည်းရတယ်
ထူး၂ခြား၂ ရှယ်ပေးတတ်လို့ ကျေးဇူး
ပုံပြင်လေးက ဖတ်လို့ကောင်းတယ်။ ငယ်ငယ်ကကြားဖူးတယ်။ ပုံပြင်ဆိုတာ ဆုံးသွားရင် ဘာသင်ခန်းစာယူဆိုပြီး ထည့်မပေးမှ ပိုထိရောက်တာတဲ့။
ReplyDeleteအခုမှ ဖတ်ဖူးတယ် စိတ်တောင် မကောင်းဘူး။ တော်တော်ဆိုးတဲ့သူပဲဗျာ။ သဘာလွန်ဆိုတာ မရှိဘူး ဆိုတဲ့အချက်ကိုတော့ ငြင်းချင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ မဟုတ်ပါဘူး။
ReplyDeleteအလွန်းတဲ့သူတွေရှိလို့ လိမ်တဲ့သူတွေ ပေါများနေတာလားဘဲ.....
ReplyDeleteကျေးဇူးတင်ပါတယ် ဧရာဝတီ
ဒီ