"သတိ"
သတိလွတ်၍
ရေရွတ်ဆိုဆဲ၊ သူ့ကိုမဲစဉ်
မီးစွဲသို့လျှင်၊ သူ၏ရင်မှ
နာကျင်စီးကျ၊ မျက်ရည်စကို
နှိုင်းဆစိတ်တွင် မမြင်မိ။
သတိလစ်၍
အပြစ်ဖော်ပြ ၊ ဆိုဆုံးမ၏
ဆုံးမသည်ထား၊ နှုတ်စကားလျှင်
တုတ်ဓားနှယ်ပင်၊ သူ၏ရင်ဝယ်
နာကျင်ဖိုလှိုက်၊ အသည်းခိုက်မည်
ငါ၏စိတ်တွင် မမြင်မိ။
သြော်. . . စိတ်လိုက်မာန်ပါ၊ အခါခါတည့်
ကာလဒေသ၊ ပယောဂနှင့်
နှိုင်းဆအပ်သည့် ၊ ထိုသတိလျှင်
မရှိလွတ်လစ်၊ ကင်းသည်ဖြစ်၍
ချစ်ခြင်းအမှန်၊ အရင်းခံလည်း
မုန်းမာန် စူးရှ၊ ဆူးတို့ခသည့်
ဘ၀ဒဏ်ရာ၊ ရှည်ကြာခဲ့ကြောင်း
ကျောင်းကျိုး ဆိုးပြစ်၊ ပြန်ဆန်းစစ်မှ
မြူညစ်မထင်၊ အပြစ်စင်သည့်
သစ်လွင်သောကိုယ်၊ ငါဖြစ်လိုသည်
စိတ်ကို အနိုင်ရစေသော်။ ။
မြင်းမူမောင်နိုင်မိုး
အားလုံးကိုချစ်ခင်လေးစားလျှက်...
စိတ်ကိုအနိုင်ရရင် ပြီးပြီ၊ ကျန်တာအေးဆေးပဲ...
ReplyDeleteကဗျာလေး ဖတ်သွားတယ်
ReplyDeleteလှပတဲ့ နှစ်သစ်နေ့တွေ ပိုင်ဆိုင်နိုင်ပါစေ
စိတ်ကိုထိန်းချုပ်နိုင်ရင် ကိစ္စပြီးပြီပေါ့။
ReplyDeleteအဲဒါ အရေးအကြီးဆုံးဘဲလေ။
မှန်တယ်အမရေ 'သတိ' ဆိုတဲ့အတိုင်း အသိနဲ့ယှဉ်နေရင် အမှားဆိုတာ ဖြစ်လာဖို့ အခွင့်အရေး နည်းပြီပေါ့နော်
ReplyDeleteကဗျာဆရာရဲ့ အတွေးလေးနဲ့ ကဗျာလေးက အတော်ကောင်း၏...
ReplyDeleteကဗျာလေးက ကောင်းလိုက်တာ...
ReplyDeleteအဲ့သလိုကဗျာမျိုးတွေရေးတပ်စပ်တတ်တဲ့သူတွေကို
လေးစားမိပါ၏...
ပျော်ပါစေ
*.*.*