ငယ်ဘ၀အမှတ်တရ... ကိုအိမ် ရဲ့ တက်ဂ်ပို့စ်လေးပါ... မပန်ကဗျာကို ရေးခိုင်းတာပါ...ဒါပေမဲ့ တက်ဂ်ကြွေးက ၂ခုဆိုတော့ တစ်ခုကူရေးရတော့ တာပေါ့..။ကိုအိမ်ရေ...ကျေနပ်လားမသိဘူး....မကျေနပ်ရင် မုန့်ဝယ်ကျွေး.. .အဟတ်..:P ငယ်စဉ်ဘ၀ဆိုတော့ လွတ်လပ်ပေါ့ပါးစွာ ပျော်ရွှင်မှုတွေနဲ့ပေါ့...ငယ်ဘ၀အမှတ်တရဆိုတာ ဘယ်သူမဆို အမှတ်ရစွာ လွမ်းနေတတ်တာမျိုးပါ။ ကိုအိမ်ရဲ့စိတ်ကူးလေးကောင်းပါတယ်။
မမေ ငယ်ဘ၀ ကဒီလို...
မမေတို့က မောင်နှမနှစ်ယောက်ပဲရှိပါတယ်။ ၁လသမီးကတည်းက အဘိုးအဘွားတွေ ခေါ်ယူမွေးစား ထားလို့ အလိုလိုက်ခြင်းခံရ တဲ့ ကလေးဆိုးလေးတစ်ယောက်ပါ။ (ကိုယ်ဂုဏ်ကိုဖော်တာ) မောင်လေးနဲ့လည်း အတူမနေရတော့ အပေါင်းအသင်းသူငယ်ချင်းဆို အရမ်းခင်တွယ် မက်မောပါတယ်။ သူငယ်ချင်းက ဒါဆို မမေက လည်း ရှေ့ဆုံးက ပါဝင်ဖို့ခေါင်းညိမ့်ပြီးသားပါ။ စည်းကမ်းကြီးတဲ့ ဘိုးရဲ့ စည်းစနစ်တွေလည်း မမေ နဲ့ကြမှ လျော့ရဲ ကုန်တာပေါ့။ ဘိုးသားသမီးတွေ တုန်းကဆို...မဟာစည်းကမ်းတွေ နဲ့ပေါ့။ အဲဒီအကြောင်းကို မြင်တွေ့နေရတဲ့ အိမ်ဘေးက အဖွားမြ ကဆို ဘိုးကိုအမြဲ သရော်လေ့ရှိပါတယ် စိန်အောင်မင်းကို သတ်မဲ့ လူဆိုးတော့ပေါ်ပြီတဲ့။သရော်တာပါ...အဲလောက်လည်းမဆိုးသေးပါဘူးနော့်(တော်ကြာခပ်အရုပ်ဆိုးဆိုးလူဆိုးမ
ထင်နေဦးမယ်):P
ကဲဆက်ပြောမယ်နော်...သီတင်းကျွတ် ၊ ဒီဇင်ဘာ နဲ့ နွေရာသီကျောင်းပိတ်ရက် တွေရောက်ဖို့ အမြဲရေတွက်ရင်း ကစားနည်းမျိုးစုံ နဲ့ကစားဖို့စဉ်းစားနေခဲ့သူပေါ့။ စွန် လွတ်မလားပါတာပဲ၊ ထုတ်စီးတိုးမယ် လာထား၊ ကြိုးခုန်မယ်၊ ဇယ်တောက်မယ်၊ ညကြီးမိုးချုပ် တူပုန်း...မြွေမကြောက်ကင်းမကြောက် ကိုဆော့ခဲ့တာ...အိမ်မှ ပြန်လာပါတော့ ထမင်းစားမယ်...မိုးချုပ်ပြီ စသည်ဖြင့် အသံကြားမှ မဖြစ်နိုင်တဲ့အဆုံး အိမ်ပြန်ပြေးခဲ့သူပါ။
မမေတို့ငယ်ငယ်က ကျူရှင် ဆိုတာတွေ လည်း သိပ်ခေတ်မစားတော့ကျောင်းပိတ်ရက်တွေမှာ အေးအေးဆေးဆေး မြန်မာရိုးရာကစားနည်းတွေ နဲ့ ဆော့ကစားဖို့အချိန်ရခဲ့ပါတယ်။ အခုခတ်ကလေးတွေများ ကျောင်းပြီး ကျူရှင်၊ ကျူရှင်ပြီး ၀ိုင်း၊ ၀ိုင်းပြီး ဂိုက်...အစုံပါပဲ အားရ တယ်လို့ကို မရှိရှာပါဘူး၊ ဆော့ကစားဖို့လည်း အချိန်မရှိရှာဘူး...အခုခေတ်က Eentertainment အမျိုးစုံ နဲ့ အတုခိုးစရာအဖုံဖုံနဲ့ ကလေးဘ၀က တိုးတက်တဲ့ပညာတွေ နောက်လိုက်ကို ပိုလိုက်နေကြ တယ်လို့ထင်မိတယ်။ ခေတ်ကာလ ကလည်း ကွာခြားလာတာကိုး...။
ဒို့တွေ ကတော့ကျောင်းပိတ်ရက်ဆို အိမ်ကပ်တယ်လို့ကို မရှိပါဘူး၊ စီ ကနဲ့ ဆိုထိပ်ဆုံးက...နောက် ခိုးကြောင့်ခိုးဝှက်လုပ်ခဲ့တာ လည်းပြောပြဦးမယ်။ မမေ တို့အိမ်နားက သူငယ်ချင်းညီအစ်မ ၂ယောက်က TB ရောဂါဖြစ်နေ့လို့ ပိန်ညှောင်ညှောင်လေးပေါ့...ရောဂါကူးမှာ ဆိုးလို့ မမေအဘိုးက အဲဒီအိမ် သွားဆော့လို့ကတော့ အသေပဲ၊ အတီးခံရမယ် (ကန်သန့်နယ်မြေ)အဖြစ် အမိန့်ထုတ်ထားတယ်။ နောက်...ရပ်ကွက်ထဲမှာ ရေလှောင်တဲ့ ရေစင်ကြီးရှိတယ်... အမြင့်ကြီးပါ... ဘယ်လောက်မြင့်လည်းဆို ပုသိမ်မြို့ကို ရေစင်ပေါ်ကနေ မြင်ရလောက်အောင်မြင့်ပါတယ်။ အဲဒီနေရာလည်း (ကန့်သတ်နယ်မြေ)ပါပဲ သွားဆော့လို့ မိလို့ကတော့ အဟဲ...လွယ်ဘူးနော်...ဒါပေမဲ့ အလစ်မှာတော့ ခိုးပြီး တက်ကြည့်ခဲ့ သေးတယ်...အသဲတစ်အေးအေး၊ ဒူးတတုန်တုန်နဲ့ပေါ့...။
နောက်ပြီး ဆိုင်းသံဗုံသံကြားလို့ကတော့ မကြည့်ရမနေနိုင် ထွက်ကြည့်တဲ့ အကျင့်လည်းရှိသေးတယ်။ နတ်ကန္နားပွဲလည်းပါ၊ အလှူခံလာလည်းကြည့်၊ ကုလားမီးနင်းပွဲလည်းမကျန် ရွာရိုးကိုးပေါက်လျောက်ခဲ့တာပေါ့။ အမှတ်တရနေ့လေးပြောပြရအုန်းမယ်။ သီတင်းကျွတ်ကျောင်းပိတ်ရက် ရန်ကုန်က မောင်နှမ၀မ်းကွဲ တွေလည်းရောက်တော့ ပွဲရှိတဲ့နေရာကိုသွားပါတယ် ပွဲဈေးတန်းလျောက် မုန့်စားပြီး အပြန် ဆိုင်းသံဗုံသံတွေကလည်း ကြားနေရတော့ မောင်နှမတွေ အကလေးတွေ နဲ့ ပြန်လာတာပေါ့... သိပ်မကြာပါဘူးချော်လဲ ပါလေရော...လူက ဒူးသာပြဲသွားတယ်...၀ယ်လာတဲ့ မုန်လေပွေ လေးတွေကတော့ ကြေမသွားပါဘူး...အပေါ်မှာ မြှောက်ရက်သားလေးပါ။ အဲလိုအကတော်တာ...အဟိ...အခုထက်ထိ ဒီအကြောင်းလေး ကို မောင်နှမတွေ ဆုံတိုင်း ပြန်ပြောရင် ပျော်ရွှင်ရတုန်းပါ။
ပြောရရင်တော့ ကိုယ်ဘ၀နဲ့ကိုယ်ပျော်နေတာမျိုးပါ၊ မိဘအရိပ်အောက်မှာ အေးချမ်းစွာနေနေရတော့ ဘ၀ဆိုတာ ရှေ့ရေးဆိုတာ ဘာလဲ မစဉ်းစားတတ်ခဲ့ဘူး..လွတ်လပ်ပျော်ရွှင်မှုကိုပဲလိုလားခဲ့တယ်။ မိဘက မကောင်းတာကို တားမြစ်လည်း ချုပ်ချယ်တယ်ထင်တယ်။ အလိုလိုက်အကြိုက်ပေးတော့ ပျော်ရွှင်တယ်...သွန်သင်ဆုံးမတော့ ကဂျီဂဂျောင်ထင်တယ်။ အခု အသက်လေးရလာတော့ အကြောင်းအကျိုး အကောင်းအဆိုး ဆင်ခြင်ရင်း လူကြီးမိဘတွေရဲ့စေတနာကို နားလည်လာခဲ့ရတယ်။
ငယ်ဘ၀ရဲ့ပျော်ရွှင်မှု အမှတ်တရတွေကတော့ အများကြီးပါ.. အလျဉ်းသင့်တာလေးကိုပဲ ရွေးထုတ်ပြောပြတာပါ၊ အခုဆိုသူငယ်ချင်းတွေ လမ်းမှာ ဆုံတွေ့လို့ ပြုံးပြဖြစ်ရင်တောင် အပြုံးလေးတွေ မှာ အဓိပ္ပါယ် အများကြီးပါတယ်လို့ ထင်မိတယ်။ ဘ၀ကို အတွေ့အကြုံမျိုးစုံ၊ လူမှုဒုက္ခအ၀၀တွေနဲ့ အပူအပင်တွေနဲ့ ဖြတ်သန်းခဲ့ရတော့ ငယ်စဉ်ကလေးဘ၀က လွတ်လပ်ပေါ့ပါးပျော်ရွှင်ခဲ့ဘူးတာတွေကို အမှတ်ရရင်း ခေါင်းညိမ့်ပြုံးပြဖြစ်ခဲ့တယ်။ ငယ်ဘ၀ ကိုလွမ်းမော တဲ့ အပြုံးမျိုးပေါ့...။
~~~~~~~~~~~~~ဒို့ငယ်ငယ်တုန်း အရွယ် ယောင်ပေစူးလေးတွေ နဲ့ရယ် ပုဆိုးကို စလွယ်သိုင်း ရွာဝိုင်းပတ်လည် ပြေးလွားဆော့ကစားတယ် ~~~~~~~~~~~
အားလုံးကိုချစ်ခင်လေးစားလျှက်...
မေ16 ငယ်ငယ်က အဆော့မက်ပုံကတော့ သူတို့ အိမ်ကိုသွားတိုင်း အဖွားနဲ့ အဖေအမေတွေက ပြောမဆုံးပါ (ခုချိန်ထိလည်း မကြီးမငယ်နဲ့ ဆော့တုန်းပါ)မယုံမရှိနဲ့ ကိုယ်တွေ့ဗျို့
ReplyDeleteမပန်ကဗျာကရော...စလွယ်သိုင်း တာပဲလား..အဟိ...
ReplyDelete:D :D :P
လာဖွသွားပါတယ်/
ဟဟဟ...ဖွ ကုန်ပြီ...လစ်မှ
ReplyDeleteအဟီး ကလေးဘ၀ သောင်းကျန်းတာတွေ ဖတ်သွားတယ် ပျော်ရွှင်စရာပါပဲ
ReplyDeleteလေးစားလျက်
တောင်ပေါ်သား
သမိုင်းကို လှန်ရင် ပျော်စရာနဲ့ အမှတ်ရစရာတွေ အများသားပါ။
ReplyDeleteပျော်ရွှင်စွာနဲ့ ဖတ်သွားပါတယ် ...
ခင်မင်စွာနဲ့
း)).. မမေရဲ့ ငယ်ဘ၀လေးက ပျော်စရာပဲ... ယောင်ပေစူးတကယ်ထားခဲ့လား...း))
ReplyDeleteဘယ်သူအကြောင်းပဲဖြစ်ဖြစ် ငယ်ငယ်ကအကြောင်းတွေ ဖတ်ရရင် ကြည်နူးစရာနော်
ReplyDeleteငယ်စဉ်ဘ၀ကို ပြန်ငဲ့ကြည့်တော့ အဖြူရောင်သက်သက် ပျော်စရာတွေနဲ့ ...
ReplyDeleteငယ်ဘ၀ဆိုတာလွတ်လပ်ပါတယ်။ အပူအပင်မရှိငယ်ငယ်ကဘ၀လေးတွေကို လူတိုင်းတမ်းတမိတာပဲနော်။ ဖတ်ရင်းပျော်ရွှင်ကြည်နူးမိပါတယ်။
ReplyDeleteအဆင်ပြေပျော်ရွှင်ပါစေ
အာ မမေလည်း ငယ်ငယ်က တော်တော် ကစားမက်တာဘဲ
ReplyDeleteမိုးစက်အိမ်နဲ့ တွေ့ ရမှာ . . . ဒါမှ လောင်းကျော်ကုန်မှာ ဟီးးးးးးး
ဟုတ်တော့ ဟုတ်တယ် ဗျ . . . ဒီခေတ်ကလေးတွေက ကျွန်တော်
တို့ ကလို အလေလိုက်ဆော့နေတာမျိုးမရှိကြတော့ဘူး IT ခေတ်
မို့ လားတော့သိပါဘူးဗျာ . . . အင်း ငယ်ငယ်က အကြောင်းလေး
တွေ ပြန်တွေး ပြန်ရေးတော့လည်း ပြုံးရ သတိရ ကြည်နူးရတယ်ဗျာ
သူငယ်ချင်းအပေါင်းအဖော်များရယ် ကောက်ရိုးပုံတွေကြား တူတူပုန်း ကစားကြတယ်...
ReplyDelete(အပြုံးတွေမှာ ကြည်နူးရိပ်တွေ မြင်ရတယ်...)
းဝ)
မမရေ ပျော်စရာလေးတွေနဲ့ ငယ်ဘ၀ကို လာအားပေးသွားပါတယ်။ ဖတ်ရင်းနဲ့ ပြန်ငယ်သွားတယ်။း)
ReplyDeleteခင်မင်လေးစားလျှက်
ဟ ဟ.. မမမေလည်း ဒီသီချင်းလေး ကြိုက်တယ်လား.... :)
ReplyDeleteငယ်ဘဝတွေပြန်တွေးတိုင်း ကြည်နူးရတယ် ။ ကြည်နူးနေရင်းနဲ့ ပြန်မရနိင်တော့မှန်း သတိရသွားရင် ၀မ်းနည်းသွားမိတယ်။
ReplyDeleteအရာရာက ကျန်ခဲ့ပါပြီ ။