ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လောကနီတိ

  • ယောက်မသည် ဟင်း၏ အရသာကို မသိသကဲ့သို့ သူမိုက်သည် ပညာရှိအား အသက်ထက်ဆုံး ဆည်းကပ်သော်လည်း သူတော်ကောင်းတရားကို မသိချေ။
  • လျှာသည် ဟင်း၏ အရသာကို သိသကဲ့သို့ လိမ္မာရေးခြားရှိသူသည် ပညာရှိအား တစ်ခဏမျှ ဆည်းကပ်ရမူ သူတော်ကောင်းတရားကို လျင်မြန်စွာ သိ၏။

  • Just as the ladle know not the taste of the curry, the foolish knows not Dhamma, even though close to the wise for life.
  • Just as the tongue knows the taste of the curry, so also does the clever one know the Dhamma promptly, even by associating shortly with the wise.

  • လက်နက်မပါဘဲ စစ်မြေသို့ မသွားရာ။
  • ကျန်းဂန် အထောက်အထား မရှိဘဲ စကားမဆိုရာ။
  • အဖော်မပါဘဲ ခရီးဝေးမသွားရာ။

  • Go not to the battle field without arms.
  • Speak not without references to treatises.
  • Travel not afar without companion.

  • အရေးအခွင့် ရောက်သည်နှင့် လျော်ကန်သော စကားကို ပြောဆိုရာ၏။
  • ကိုယ်နှင့် လျောက်ပတ်သော ချစ်အပ်သူကို ရှာရာ၏။

  • Speak appropriately when opportune.
  • Fine one who is suited and should be loved.

အားလုံးကိုချစ်ခင်လေးစားလျှက်...





7 comments:

  1. မှတ်သားသွားပါတယ် ကျေးဇူးပါ


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  2. စာကောင်းတွေ အမြဲဝေမျှပေးတာ ကျေးဇူးပါညီမလေး flowerpoem ရေ...

    ReplyDelete
  3. တီတီရေ.....လောကနိတိလေးတွေ များများတင်ပေးပါနော်.....း)

    ReplyDelete
  4. ဖတ်ပြီး မှတ်သွားတယ် အမရေ အသိပညာပေးလေးတွေ များများတင်ပေးပါနော်

    ReplyDelete
  5. ကောင်းလိုက်တဲ့ လောကနီတိ။
    တကယ်မှန်တယ်နော်။ ဘုရားဟောထားသလိုဘဲ။
    ပန်းကဗျာရေ... လွတ်လပ်ရေးနေ့မှာ ဘာတွေလုပ်ခဲ့လဲ။
    စာဘဲထိုင်ရေးနေတာလား။

    အဆင်ပြေအေးချမ်းပါစေ။

    ReplyDelete
  6.့ http://indawshan.mylovecafe.comJanuary 5, 2010 at 2:39 PM

    လောကနှီတိကု English လေးလိုပါဖတ်ရတာ ကောင်းတယ် ဓမ္မပဒ လိုပဲ ကောင်းတယ် ကျေးဇူးတင်တယ်

    ReplyDelete
  7. မှတ်သားဖွယ် လောကနီတိတွေ ဖတ်ရင်း ကူးယူသွာပါတယ် အမရေ.. ကျေးဇူးလည်း တင်ပါတယ်။

    မြန်မာလိုရော အင်္ဂလိပ်လိုပါ ကူးသွားတယ်နော် အမ။

    ခင်မင်လေးစားလျှက်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။