ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လောကနီတိ

  • သူတော်ကောင်းတို့၏ ဥစ္စာသည် နည်းပင်နည်းငြားသော်လည်း တွင်းမှရသော ရေချိုကဲ့သို့ သူတစ်ပါးတို့ သောက်သုံးမှီခိုရ၏ ။
  • မသူတော်တို့ ဥစ္စာသည်ကား များပင်များငြားသော်လည်း သမုဒ္ဒရာ ရေကဲ့သို့ သောက်၊ သုံး မှီခိုရာမရနိုင်.။

  • Little as the wealth of the virtuous may be, it can be used as good water from a well.
  • But much as the wealth of the nonvirtuous can be not useful as water from the ocean.

  • မြစ်တို့သည် ရေကို မသောက်ကုန်။
  • သစ်ပင်တို့သည် အသီးကို မစားကုန်။
  • သူတော်ကောင်းတို့၏ ဥစ္စာသည်လည်း သူတစ်ပါးတို့၏ အကျိုးအတွက် ဖြစ်၏။

  • Rivers do not drink water.
  • Trees do not eat fruit.
  • The wealth of the virtuous is for the benefit of others.

  • မတောင့်တအပ်သည်ကို မတောင့်တရာ။
  • မကြံစည်အပ်သည်ကို မကြံစည်ရာ။
  • တရားသဖြင့်သာလျှင် ကောင်းစွာ ကြံစည်ရာ၏။
  • အချိန်ကို အချည်းနှီးအလဟသာ မကုန်ဆုံးစေရာ။

  • Crave not for what should not.
  • Think not for what should not.
  • Think well in just way.
  • Do not pass away the time in futility.

အားလုံးကိုချစ်ခင်လေးစားလျှက်...

4 comments:

  1. လောကနီတိဆိုတာဘာလဲဆိုတာ မျို့းဆက်သစ်တွေ မသိနိုင်တော့လောက်အောင်ကို တိမ်မြုပ်နေပြီဗျာ.... ဒီလို တင်တာ အားလုံးအတွက် အကျိုးရှိစေတယ်...

    ReplyDelete
  2. မှတ်သားစရာ အဖြစ် ထင်ကျန်စေဘို့ မျှဝေပေးလို့ ကျေးဇူးပါ အမရေ

    ReplyDelete
  3. လောကနီတိလေးတွေကိုခုလို အင်္ဂလိပ်လိုလေးပါ ယှဉ်တွဲဖော်ပြပေးတာ
    တော်တော်သဘောကျမိပါတယ် အမရေ . . . လောကနီတိဆိုတဲ့ အတိုင်း
    လိုက်နာစရာလေးနက်မှု အပြည့်ပါဘဲဗျာ :)

    ReplyDelete
  4. လေကနီတိ ဆိုတာကို ခုလို မျှဝေပေးလို့ ကျေးဇူး..
    ကြားပဲ ကြားဖူးတာ မလိုက်နာဖူးဘူး...အဟီးး)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။