တစ်နေ့မှာ လေကြီးမိုးကြီး ပြင်းထန်စွာကျလာပါတယ်. . အစာရှာထွက်လာကြတဲ့ လင်းတတွေဟာ လေဒဏ် မိုးဒဏ်ကို မခံနိုင်တော့ ခိုက်ခိုက်တုန်အောင် ချမ်းအေးနေတာကြောင့် ကျုံးနဘေးမိုးခိုနေကြတယ်. . .
အဲဒီအချိန်မှာ ဗာရာဏသီ သူဌေးဟာ မြို့ပြင်ကို ထွက်လာတဲ့ အခါ မြို့တံခါးအနီးက ကျုံးနဘေးမှာ အအေးဒဏ်ခံနေရတဲ့ လင်းတတွေကို မိုးလုံလေလုံနေရာကို ရွှေးပြောင်းပေးလိုက်တယ် . . သူတို့ အနီးမှာ မီးလည်းဖိုထားပေးလိုက်တယ်. . နောက်ပြီး အမဲသားတွေ ကို ယူလာပြီး ကျွေးမွေးတယ် . . သူဌေးရဲ့ ကျေးဇူးကြောင့် လင်းတတွေဟာ အအေးမိကာ သေရမဲ့ဘေးက လွတ်ခဲ့ပါတယ်. . . အစာလည်း ၀လင်စွာ စားခဲ့ရပါတယ်. . . . အားအင်လည်း ပြည့်ဖြိုးပြီး ဂိဇ္ဈကုဋ်တောင်ကို ပြန်လာနိုင်ခဲ့ကြတယ်. . .
သူတစ်ထူးရဲ့ ကျေးဇူးကို သိတတ်တဲ့ လင်းတမင်းကြီး က " ငါတို့ တစ်တွေဟာ ဗာရာဏသီ သူဌေးကို ကျေးဇူးတင်ကြရမယ်. . သူသာမကယ်ရင် တို့တစ်တွေ အအေးမိပြီး သေကြမှာ သူ့အပေါ်ကို ကျေးဇူးပြန်ဆပ်သင့်တယ် . . ဒါကြောင့်မင်းတို့ဟာ အ၀တ်ဖြစ်ဖြစ် ၊ ပစ္စည်းတစ်ခု ဖြစ်ဖြစ် ရလျှင် ချီလာပြီး ကောင်းကင်ကနေ သူဌေးအိမ်ဝင်းထဲ ချပေးသင့်တယ် . . . . " လို့ လင်းတအပေါင်းနဲ့ တိုင်ပင်ပါတယ်. . .
လင်းတအပေါင်းကက သဘောတူညီကြတယ် . . အဲဒီအချိန် စပြီးတော့ လင်းတတွေဟာ လူတွေ အပြင်ထုတ် နေပူလှမ်းထားတဲ့ အ၀တ်တန်ဆာများ ကို လူအလစ်မှာ ၀င်ရောက် ကိုက်ချီကာ သူဌေးအိမ်ဝင်းထဲ ကို ချပေးပါတယ်. . . သူဌေးကလည်း လင်းတတွေ ချပေးခဲ့တဲ့ အ၀တ်တန်ဆာတွေကို သီးသန့် သိမ်းဆည်းထားတယ်. . . ကြာလာတော့ လင်းတတွေရဲ့ ဒဏ်ကို မခံနိုင်တဲ့ ပြည်သူပြည်သားတွေက မင်းကြီးထံ တိုင်ကြားလိုက်တယ်. .
မင်းကြီးက လင်းတ တစ်ကောင်ကို မိအောင် ဖမ်းခိုင်းပြီး ပျောက်ဆုံးသွားတဲ့ ပစ္စည်းတွေကို ပြန်ယူခိုင်းမယ်လို့ စိတ်ကူးလိုက်တယ် မင်းချင်းတွေကို ခေါ်ပြီး ကျော့ကွင်းပိုက်ကွန်ထောင် ကာ လင်းတဖမ်းစေတယ် . မိဘ လုပ်ကျွေးနေတဲ့ လိမ္မာတဲ့ လင်းတမင်းကြီး ကို ဖမ်းမိခဲ့တယ်. . . . လင်းတမင်းကြီး ကို စစ်မေးတဲ့ အခါမှာ . . .
ပြည်သူ ပြည်သားတွေရဲ့ အ၀တ်အထည် နဲ့ တန်ဆာပလာတွေကို ချီယူခဲ့တာ မှန်ကန်ကြောင်း အဲဒီပစ္စည်းများ ကို ဗာရာဏသီ သူဌေးကြီး အိမ်ဝင်းထဲ ချပေးခဲ့ကြောင်း၊ ဗာရာဏသီ သူဌေးဟာ လင်းတတွေရဲ့ အသက်ကို ကယ်တင်ဖူးတဲ့ ကျေးဇူးရှင် ဖြစ်တာကြောင့် တုန့်ပြန်ကျေးဇူး ဆပ်နေကြတာ ဖြစ်ကြောင်း လင်းတမင်းကြီး က လျှောက်ထားပါတယ်. . .
"အို. . . လင်းတ ၊ လင်းတဆိုတာ ကောင်းကင်ထက် ယူဇနာ တစ်ရာ အမြင့်ကနေ သားကောင် ပုပ်ကိုတောင် မြင်နိုင်ပါတလျှက် ကျော့ကွင်းကို ဘာလို့မမြင်တာလဲ. . . "ဟု မင်းကြီး ကမေးပါတယ်. .
"မင်းကြီး သတ္တ၀ါဆိုတာ ပျက်စီးချိန်တန်လာရင် မိမိရဲ့ဘေးကို မမြင်နိုင်တော့ပါဘူး.. . ." ဟု လင်းတမင်း က ပြန်ဖြေပါတယ်.
အကြောင်းစုံကို သိရှိလိုက်ရတဲ့ မင်းကြီးဟာ ဗာရာဏသီ သူဌေးကို ခေါ်ယူပြီး သူသိမ်းဆည်းထားခဲ့တဲ့ ပစ္စည်းတွေ ကို ပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်စေတယ်. . . သတ္တ၀ါဖြစ်နေပေမယ့် လင်းတဆိုပေမယ့် လူသားတွေထက် လိမ္မာယဉ်ကျေး၊ ကျေးဇူး သိတတ်တဲ့ လင်းတမင်းကို ပြန်လည် လွှတ်ပေးလိုက်ပါတယ်. . . . သူတစ်ထူးရဲ့ ကျေးဇူးကို သိတတ်တဲ့ လင်းတမင်းဟာ သေဘေးမှာ လွတ်ကင်းလာခဲ့ရပါတော့တယ်. .
(ဂိဇ္ဈဇာတ်)
အားလုံးကိုချစ်ခင်လေးစားလျှက်...
မှတ်သားစရာပုံပြင်လေး တစ်ပုဒ်ဖြစ်ပါတယ်။
ReplyDeleteသူတစ်ပါးရဲ့ ကျေးဇူးကို အထူးသိတတ်သူအတွက် သေဘေးတောင် လွတ်နိုင်တဲ့ သာဓက တွေကြောင့် ကျေးဇူးရှိသူကို ကျေးဇူးတင်ထိုက်ပါတယ်။ ကျေးဇူးတော့ မစွပ်သင့် ဘူးပေါ့နော်။
ပြန်ရှယ်ပေးလို့ ကျေးဇူးတင်တယ်
ခင်မင်လေးစားလျက်နဲ့
တလုပ်စားဖူး သူ့ကျေးဇူးတဲ့... အင်း.. ဒီအသက်အရွယ်အထိ ကျေးဇူးတွေ ပြန်ဆပ်မယ်ဆိုရင်တော့ အများကြီးပါပဲဗျာ... ကူညီခဲ့တဲ့သူတွေက အများကြီးကို...... မိဘ ၂ ပါးကတော့ အနှိုင်းမဲ့ပေါ့ဗျာ.....
ReplyDeleteကျေးဇူးတရားကို ဖော်ကျူးထားတဲ့ ပုံပြင်လေးမို့ ကြိုက်ပါတယ်ဗျာ
ReplyDeleteအင်းတိရစ္ဆာန်ပေမယ့်လည်း ကျေးဇူးသိတတ်လှပါတယ်ဗျာ....
ReplyDeleteပုံပြင်လေးက အတုယူစရာပါ...
"မင်းကြီး သတ္တ၀ါဆိုတာ ပျက်စီးချိန်တန်လာရင် မိမိရဲ့ဘေးကို မမြင်နိုင်တော့ပါဘူး.. . ."
ReplyDeleteမှန်တယ်နော်.........
လွတ်ချိန်တန်တော့လည်း လွတ်သွားပြန်ရော။
ကိုယ်ပြုတဲ့ကံ(အလုပ်)က အကျိုးပေးတာကို အချိန်တန်တယ်လို့ ပြောတာနဲ့တူတယ်။
မျှဝေပေးတာ ကျေးဇူးပါ။။ ဒီ
ဒါလေးလည်း ငယ်ငယ်ကဖတ်ဘူးတယ် ဒါပေမဲ့ မရိုးဘူး
ReplyDeleteဌက်တွေထဲမှာတောင် ရုတ်ညံ့ တဲ့ ဌက်လို့ သတ်မှတ်ထား
တဲ့ လင်းတ ဌက်တွေတောင် ကျေးဇူးသိတတ်ကြရင်
လူတွေဆိုရင် ဒီထက်ပိုသိသင့်တာပေါ့ . . . ကျေးဇူး
မသိရင် နေပါ ကျေးဇူးတော့မကန်းသင့်ဘူးပေါ့နော် . . .
တိရစ္ဆာန်တောင် ကျေးဇူးသိတတ်တာ၊ လူတွေကအသိဥာဏ်ပိုရှိတော့ ကျေးဇူးတရားကိုပိုပြီးမမေ့သင့်ဘူးပေါ့ညီမရယ်။ ဗဟုသုတရစေတဲ့ပိုစ့်ကောင်း တစ်ပုဒ်ပါပဲ။ အဆင်ပြေပျော်ရွှင်ပါစေ။
ReplyDeleteမှတ်သားစရာပါပဲဗျာ
ReplyDeleteကျေးဇူးတင်လို့ လှမ်းထားတဲ့အဝတ်တွေ လိုက်ရှာလိုက်ပါအုံးမယ် သူဌေးသမီး သူဌေးသားတို့ခင်ဗျား ...
ReplyDeleteးဝ)