ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သတိ



"သတိ"

သတိလွတ်၍
ရေရွတ်ဆိုဆဲ၊ သူ့ကိုမဲစဉ်
မီးစွဲသို့လျှင်၊ သူ၏ရင်မှ
နာကျင်စီးကျ၊ မျက်ရည်စကို
နှိုင်းဆစိတ်တွင် မမြင်မိ။

သတိလစ်၍
အပြစ်ဖော်ပြ ၊ ဆိုဆုံးမ၏
ဆုံးမသည်ထား၊ နှုတ်စကားလျှင်
တုတ်ဓားနှယ်ပင်၊ သူ၏ရင်ဝယ်
နာကျင်ဖိုလှိုက်၊ အသည်းခိုက်မည်
ငါ၏စိတ်တွင် မမြင်မိ။

သြော်. . . စိတ်လိုက်မာန်ပါ၊ အခါခါတည့်
ကာလဒေသ၊ ပယောဂနှင့်
နှိုင်းဆအပ်သည့် ၊ ထိုသတိလျှင်
မရှိလွတ်လစ်၊ ကင်းသည်ဖြစ်၍
ချစ်ခြင်းအမှန်၊ အရင်းခံလည်း
မုန်းမာန် စူးရှ၊ ဆူးတို့ခသည့်
ဘ၀ဒဏ်ရာ၊ ရှည်ကြာခဲ့ကြောင်း
ကျောင်းကျိုး ဆိုးပြစ်၊ ပြန်ဆန်းစစ်မှ
မြူညစ်မထင်၊ အပြစ်စင်သည့်
သစ်လွင်သောကိုယ်၊ ငါဖြစ်လိုသည်
စိတ်ကို အနိုင်ရစေသော်။ ။

မြင်းမူမောင်နိုင်မိုး
အားလုံးကိုချစ်ခင်လေးစားလျှက်...





6 comments:

  1. စိတ်ကိုအနိုင်ရရင် ပြီးပြီ၊ ကျန်တာအေးဆေးပဲ...

    ReplyDelete
  2. ကဗျာလေး ဖတ်သွားတယ်

    လှပတဲ့ နှစ်သစ်နေ့တွေ ပိုင်ဆိုင်နိုင်ပါစေ

    ReplyDelete
  3. စိတ်ကိုထိန်းချုပ်နိုင်ရင် ကိစ္စပြီးပြီပေါ့။
    အဲဒါ အရေးအကြီးဆုံးဘဲလေ။

    ReplyDelete
  4. မှန်တယ်အမရေ 'သတိ' ဆိုတဲ့အတိုင်း အသိနဲ့ယှဉ်နေရင် အမှားဆိုတာ ဖြစ်လာဖို့ အခွင့်အရေး နည်းပြီပေါ့နော်

    ReplyDelete
  5. ကဗျာဆရာရဲ့ အတွေးလေးနဲ့ ကဗျာလေးက အတော်ကောင်း၏...

    ReplyDelete
  6. ကဗျာလေးက ကောင်းလိုက်တာ...
    အဲ့သလိုကဗျာမျိုးတွေရေးတပ်စပ်တတ်တဲ့သူတွေကို
    လေးစားမိပါ၏...
    ပျော်ပါစေ
    *.*.*

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။