ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အနီးကပ်ရန်သူ


ရှေးတုန်းက ဗာရာဏသီ ပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်တယ်. . . ပြည်သူတွေရဲ့ ဘ၀မှန်ကို သိလိုတဲ့အတွ့် မင်းကြီးဟာ သူဆင်းရဲ အသွင် ရုပ်ဖျက်ပြီး စနည်းနာ ထွက်တော်မူပါတယ်.. . ပထမ နေပြည်တော်တွင်း စနည်းနာ ပြီး ထို့နောက် နေပြည်တော် ပြင်ပ ကျေးရွာများသို့ သွားလေသည်. . . .

ကျေးရွာ အပြင်ဘက် ယာတောတစ်ခုသို့ ရောက်တဲ့အခါ. . . အသက်အရွယ် အိုမင်းပြီဖြစ်သော အဘိုးအို အဘွားအို ဇနီးမောင်နှံကို တွေ့ရပါသည်. . . အလုပ်နှင့်လက် မပြတ်အောင်လုပ်နေသော အဘိုးအိုတို့ ဇနီးမောင်နှံကို ကြည့်ကာ "ဘကြီးတို့က အသက်ကြီးလှပြီ တရားဘာဝနာနဲ့ နေသင့်တဲ့ အရွယ်မှာ ဘာ့ကြောင့် ဒီလောက် အပင်ပန်းခံပြီး လုပ်နေရပါသလဲ. . သားထောက်သမီးခံမရှိလို့လား ဒါမှမဟုတ် လောဘမသတ်နိုင်လို့လား ". . . ဟုမေးလေသည်.. .

ထိုအခါ အဘိုးအိုက "တို့များမှာ ကုန်ကျစရိတ်များလှတာကို မောင်ရင်မှ မသိဘဲကွယ်. . . . . တို့များမှာ
(၁) ခိုမှူးကြီးကို အခွန်ဆက်သရတယ်..
(၂) ဧည့်သည်ကိုလဲ ကြာရှည်ကျွေးရတယ်
(၃) သမုဒ္ဒရာထဲကိုလဲ ပစ်ရတယ်
(၄) အနီးကပ်ရန်သူကိုလဲ ကြည်ဖြူစွာကျွေးရတယ်.. . . " ဟုပြောလေသည်. . .
မင်းကြီးက ဘကြီး စကားလေးခွန်း က ထူးဆန်းလှပါပေတယ် ရှင်းပါဦး . . . . ဟုပြောသောအခါ. .

"ခိုမှူးကြီးကို အခွန်ဆက်သရတယ်ဆိုတာ တိုင်းပြည်ကို စောင့်ရှောက်ကာကွယ်ပေးတဲ့ ဘုရင် မင်းမြတ်ကို အခွန်ဆက်သရတယ် လို့ ဆိုလိုတာပါ. . .

"ဧည့်သည်ကို ကြာရှည်ကျွေးမွေးရတယ်ဆိုတာ က မိမိမွေးထားတဲ့ သားသမီးတွေကို အရွယ်ရောက်ပြီး အိမ်ထောင်ကျတဲ့ အထိ စောင့်ရှောက်ကျွေးမွေးရတာကို ပြောတာပါ. ."

"သမုဒ္ဒရာထဲကို ပစ်ရတယ်ဆိုတာကတော့ မိမိ ခန္ဓာ အာဟာရပြည့်အောင် စားသောက်ရတယ်. . . ဒါပေမယ့် ဒီဝမ်းဗိုက် က ပြည့်နိုင်တယ် မရှိဘူးလေ . . ရေတွေ့ ဘယ်လောက်ပဲ စီးဝင် စီးဝင် မပြည့်နိုင်တဲ့ သမုဒ္ဒရာလိုပါ ပဲ. "

အနီးကပ်ရန်သူကိုလည်း ကြည်ြဖူစွာကျွေးရတယ် ဆိုတာက မိမိရဲ့ မယားကို ဆိုလိုရင်း ဖြစ်ပါတယ်. . " ဟု ပြန်လည် ပြောပါတယ်. . . .

အဘိုးအိုရဲ့ ပုစ္ဆာနှင့် အဖြေကို မင်းကြီးသည် အလွန်သဘောကျသွားသည်. . . နန်းတွင်း ပညာရှိများကိုလည်း မေးမည် ဟုမှတ်သားထားလိုက်သည်. . . အဖြေမပေါက်ကြားအောင်လည်း တားမြစ်ထားမည် ဟု စဉ်းစားပြီး "ဒီမှာ ဘကြီး ကျုပ်ဟာ ဟောဒီ ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီး ဖြစ်တယ်. . . " ခုပြောခဲ့တဲ့ ပုစ္ဆာရဲ့ အဖြေတွေကို မပေါက်ကြားပါစေနဲ့. . . ပေါက်ကြားခဲ့ရင် . . သေဒဏ် စီရင်ရလိမ့်မယ်. . . . " လို့ ပြောပြီး မင်းကြီးလည်း နန်းတော်သို့ ပြန်ပြီး ပုစ္ဆာလေးရပ်ကို နန်းတွင်းပညာရှိများကို မေးလေသည်. . . .

မှူးမတ်တို့မှာ မင်းကြီး၏ ပုစ္ဆာလေးရပ်၏ အဖြေကို မပေးနိုင်၊ မကြံနိုင်ဖြစ်နေကြပါတယ်. . . . ဒါနဲ့ အမတ်ကြီး တစ်ဦးကတော့ ပုစ္ဆာရဲ့ သဲလွန်စကို စဉ်းစားပြီး မင်းကြီးရဲ့ နည်းအတိုင်း ရုပ်ဖျက်ပြီး မင်းကြီးသွားခဲ့တဲ့ လမ်းကြောင်းအတိုင်း ခရီးထွက်ခဲ့လေသည်. . . . တွက်ချက်မိသည့်အတိုင်းပင် အမတ်ကြီး လည်း မင်းကြီးတည်းခဲ့သည့် ယာတဲနေ အဘိုးကြီးဆီသို့ ရောက်ခဲ့လေသည်. . . အမတ်ကြီး က အဘိုးအိုထံ ချည်းကပ်၍ ပုစ္ဆာ၏ အဖြေကို မေးလေသည်. . အဘိုးအိုက မဖြေပေ. . . . မင်းတရားကြီး အမိန့်ကို မလွန်ဆန်ရဲ၍ တံစိုး လက်ဆောင်ပေးသော်လည်း မရပေ. . .

သို့နှင့် အမတ်ကြီး က အဘွားအိုကို ချည်းကပ်၍ အသပြာ တစ်ထောင် ပေးသော အခါ အဘွားအိုက အဖြေကို ပြောပြလိုက်လေသည်. . . . အမတ်ကြီးလည်း ပုစ္ဆာလေးရပ်၏ အဖြေကို သိလျှင် နန်းတော်သို့ ပြန်၍ မင်းကြီးအား လျှောက်တင်လေသည်. . . အဖြေကို ကြားရလျှင် မင်းကြီး က လွန်စွာ အံ့သြ သဖြင့် အဖြေကို ဘယ်က ဘယ်ပုံရလာသနည်း သေသေချာချာ လျှောက်တင်ပေတော့ မလျှောက်တင်နိုင်ရင် အမတ်ကြီးကို ရာထူးက ထုတ်ပယ် ရလိမ့်မည် ဟု မိန့်တော်မူလေသည်. . . .

ထိုအခါ အမတ်ကြီး က အမှန်ကို မကွယ်မလျက် လျှောက်တင်လေသည်. . . . နောက်တစ်နေ့ ညီလာခံတွင် မင်းကြီး က အဘိုးအိုအား စစ်မေးတော်မူလေသည်. . . .ထိုအခါ အဘိုးအိုက "ဒီအဖြေကို ကျွန်တော်မျိုး ပြောရခြင်း မဟုတ်ပါ ဘုရား . . . . ကျွန်တော်မျိုးရဲ့ ပုစ္ဆာ နောက်ဆုံး အဖြေမှာ အနီးကပ်ရန်သူကို လည်း ကြည်ဖြူစွာကျွေးမွေးရတယ် လို့ ပါပါတယ် ဘုရား . . . အနီးကပ်ရန်သူဆိုတာ မိမိရဲ့ မယားပင် ဖြစ်ကြောင်း " လျှောက်တင်လေသည်. . . . . . .


ဗန်းမော်ဆရာတော် ပုံပြင်များ

အားလုံးကိုချစ်ခင်လေးစားလျှက်...


12 comments:

  1. မှတ်သားစရာကောင်းတဲ့ ပုံပြင်လေး လာဖတ်သွားပါတယ်။

    ဆင်ဆင်ပြေ ပျော်ရွှင်ပါစေ

    ReplyDelete
  2. အနီးကပ်ရန်သူ ဖြစ်မဲ့အစား အနီးကပ် ပံ့ပိုးသူသာ ဖြစ်ချင်ပါတယ် အမရယ် (ဒီဇာတ်လမ်းလေး ဖော်ညွှန်းတာ အမျိုးသမီးတိုင်းတော့ မဟုတ်လောက်ပါဘူးနော်)

    ReplyDelete
  3. အော် အနီးကပ်ဆုံးရန်သူ ... ရှာလည်းကျွေးရဦးမယ် .. တင်လည်း တောင်းရဦးမယ် .. ဒါများ ငါ့နှယ် ဘာကြောင့် မိန်းမလိုချင်ပါလိမ့် ။
    မိန်းမယူတာ မကောင်းကြောင်း ပုံပြင်ထဲမှာ ဖတ်ရလို့ ခု ကျနော် ဘယ်ပုံပြင်မှ မဖတ်တော့ဘူး ဟီးဟီး

    ReplyDelete
  4.း)).. အဲဒီ ရန်သူကိုပဲ တသက်လုံး ချစ်ရဦးမှာ.. ဟီး

    ReplyDelete
  5. ပုံပြင်လေးက မှတ်သားစရာလေးပါ။ ခုလိုမျှဝေတာကျေးဇူး ညီမရေ။ အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  6. ပန်ပန်ကတော့ လုပ်ပြီ ..ချစ်ချင်သေးတယ်ပေါ့..အဟားဟား

    ဗန်းမော်ဆရာတော် ပုံပြင်တွေက တကယ်အနှစ်သာရ ရှိပါတယ်..

    ReplyDelete
  7. အနီးကပ် ရန်သူဆိုတာကတော့ ကဗျာ
    မဆန်ဘူးနော် မကြီး :D :P

    ReplyDelete
  8. အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ်
    တစ်ဦးအပေါ်တစ်ဦး
    အဖော်မွန်ကောင်းပီသခဲ့ရင် အနီးကပ် ရန်သူတော့ မဟုတ်လောက်ပါဘူးနော် ;)
    အနီးကပ် တိုင်ပင်ဖော်တိုင်ပင်ဖက်ပဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

    ReplyDelete
  9. အဲဒီလို အနီးကပ် ရန်သူတော့ မလိုချင်ဘူးဗျာ.. အနီးကပ်. တိုင်ပင်ဖော်လေး ပဲ လိုချင်တယ်.
    ဟဲဟဲ.. ကိုယ်လိုချင်တာကိုယ်ပြောကြည့်တာနော်..

    ReplyDelete
  10. အဲလောက်ကြီးတော့ မညွှန်းပါနဲ့အမရယ်....း)
    ခြွင်းချက်တွေတော့ ရှိနိုင်ကောင်းပါတယ်နော်....း)

    ReplyDelete
  11. It's absolutely right,because that's my experience.

    ReplyDelete
  12. မောင်ငရ်January 18, 2010 at 8:16 AM

    Oh.. .God..

    ဗုဒ္ဓမြတ်စွာ ဘုရား...။

    တကယ်လား ဟင်...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။