ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အိမ်လွမ်းသူ….



"မေမေ ဒီနေ့ ဘာချက်လည်း . . . . ဒီနေ့ တော့ ငါ့သမီးကြိုက်တဲ့ ဒန့်ဒလွန်သီးကို ခရမ်းချဉ်သီးနဲ့ သတ်သတ်လွတ်ချက်တယ်. . . . ပြီးတော့ ၀က်သား အချိုချက်တယ်.. . . မုန်ညင်းကြော် . . . တယ် "
"မိုက်တယ် . . . . ဒီနေ့ သမီးကြိုက်တာတွေကြီးပဲ ကောင်းမှကောင်း . . . . ၀ါးမယ်. . ."
"မေမေရော စားပြီးပြီလား . . . စားလို့ကောင်းလား . . "

ဒါကတော့ ကျွန်မ ကျောင်းတက်စဉ်ကနေ အလုပ်ရသည်အထိ အိမ်ရောက်ချိန်မှာ ကျွန်မတို့ သားအမိ ပြောဆိုနေကျပဲ ဖြစ်ပါတယ်. . . . ကျောင်းတက်တုန်းကလည်း ကျွန်မက မူလတန်းကနေ ဘွဲ့တစ်ခုရတဲ့ အထိ အိမ်နဲ့ မကွာတက်ခဲ့ရပါတယ်. . . . ဒါကလည်း ကုသိုလ်တစ်မျိုးပါပဲ သူများတွေလို မိဘအိမ်နဲ့ ခွဲနေရတဲ့ ဒုက္ခရယ် စားရေး ၊သောက်ရေး က အစ မပူပင်ရတော့ပါဘူး. . . . ဒီတော့ အိမ်နဲ့ခွဲရတဲ့ ဒုက္ခကို မသိသေးဘူးပေါ့. . . .

ဒီလိုနဲ့ ကျောင်းပြီးတော့ လုပ်ငန်းခွင် ၀င်ဖို့ ပြင်ဆင်ပါတယ် . . ဒါပေမယ့် မေမေက ကျွန်မကို အိမ်နဲ့ ခွဲပြီး ဘယ်အလုပ်မှ မလုပ်စေချင်ပါဘူး . . . အကြောင်းပြချက်ကတော့ ကျွန်မက ကျန်းမာရေး မကောင်းဘူး ပြီးတော့ စိတ်ပျော့တဲ့ အတွက် နေရာတကာမှာ သူများတွေလို ခံနိုင်ရည်မရှိဘူး လို့ မေမေက ပြောပါတယ်. . . ဒါနဲ့ ပဲ အလုပ်လုပ်ဖို့ အခွင့်မရခဲ့ပါဘူး . .

တစ်နေ့တော့ အိမ်နဲ့ ခွဲနေရဖို့ အကြောင်းကဖန်လာပါတယ် . . ရန်ကုန်မှာ ကျောင်းတက်ဖို့ ကျွန်မ ၀င်ခွင့်စာမေးပွဲဖြေထားတာ ၀င်ခွင့်အောင်ပါတယ် . . . မေမေက သိပ်သဘောမကျဘူး . . ကျွန်မ အကိုနဲ့ ကျွန်မနဲ့ အတိုက် အခံ ပြောတော့မှ ပဲ ကျောင်းသွားတက်ဖို့ ခွင့်ပြုပါတယ်. . အဲဒီတော့ မှ ကျွန်မ အိမ်နဲ့ စခွဲဘူးတာပါ. . . အဲဒီအချိန်မှာ ကျွန်မပျော်တယ် အိမ်နဲ့ မတူတဲ့ ပတ်ဝန်းကျင် အသစ်မှာ နေရမှာ ဒါပထမဆုံးပါ. . . . ဒီတော့ အတွေးတွေနဲ့ ပျော်မဆုံးပေါ့.. . .ကျောင်းတက်တာ.ရန်ကုန်မှာ ၃ နှစ်ကြာပါတယ် .. အဲဒါ က အိမ်နဲ့ ခွဲဘူးတဲ့ သက်တမ်းက အကြာဆုံးပါ ပဲ. . .

ကျောင်းတက်တော့ ရန်ကုန်က အဒေါ်အိမ်မှာ အားလုံး အဆင်ပြေပါတယ်. . . ကိုယ့်အိမ်လိုတော့ ဘယ်ဟုတ်ပါ့မလည်း. . . . . . . ဒါပေမယ့် မရဘူးလေ သူများအိမ်မှာတော့ ဂျေးများလို့မရတော့ဘူး . . . အဲဒီအချိန်မှာ အိမ်ကို အရမ်းသတိရတယ်. . . အိမ်ဆိုတာထက် နွေးထွေးတဲ့ မေမေရဲ့ မေတ္တာအပြည့်ရှိတဲ့ အမေ့အိမ်ကို လွမ်းတာပါ..

အဲလိုနဲ့ ပထမ ၁ နှစ်ပြီးသွားပါတယ်. . . . ဒုတိယနှစ်ကျတော့ ကျောင်းနဲ့ နီးတဲ့သူငယ်ချင်း အိမ်မှာပြောင်းနေပါတယ်. . . . အဲဒီမှာ သူငယ်ချင်းနဲ့ ၃ ယောက်နေတော့ ကိုယ့်ဘာကိုယ် ချက်စားရတယ် . . . . အားလုံး အစစကိုယ့်ဘာကို စီစဉ်ရတယ် . . . ကိုယ်တိုင်ဦးဆောင်ရတယ် အဲဒီတော့ မှ ခေါင်း စားတာပဲ ဈေးသွားရင် ဘာဝယ်ရမှန်းမသိ ဘူး သူငယ်ချင်း ၂ ယောက် ခေါင်းချင်းရိုက်နေတာပါပဲ. . . .ဒီတော့မိဘဦးဆောင်မှုရှိတဲ့ မိဘအိမ်က ဘယ်လောက်နွေးထွေးလည်းဆိုတာ ပိုသိလာခဲ့ပါတယ်. . .

ဒီတော့ မေမေ့ကို ကိုယ်ချင်းစာပါတယ် . . . သနားလည်းသနားတယ် ပြီးတော့ မိဘကျေးဇူးကို ပိုနားလည်လာပါတယ်. . . .တစ်ခါတစ်လေ. ဟင်းဂျီးများ တဲ့ ကျွန်မကို မေမေက "နင်ကိုယ်တိုင် ဈေးသွား ဆို ပြီး.. . . " အမြဲပြောတယ် ဈေးသွားလည်း ကျွန်က အန်မတန်ပျင်း ဆိုတော့ မေမေ စိတ်တို တာ မဆန်းပါဘူး . . . . . ဘာလေးဖြစ်ဖြစ် ကျွန်မကို ဦးစားပေးတတ်တဲ့ မေမေ့ကို ကျေးဇူးတင်မဆုံးပါ . . .

ကျောင်းလည်း ပြီးလို့ အလုပ်ပြန်ရတော့ လည်း ကိုယ့်မြို့မှာပဲ ဆိုတော့ ဘာပြောကောင်း မလဲ အိမ်နဲ့ မခွဲရတော့ဘူး ပေါ့. . . .နေ့တိုင်း မေမေထည့်ပေးတဲ့ ထမင်းဘူးကို ယူ ရုံးသွား ရုံးပြန်ရင် မေမေ အဆင်သင့်ပြင်ပေးတဲ့ ထမင်းဝိုင်းကို စား ပြီး ဇိမ်ကျခဲ့တာပေါ့. . . .

ခုတော့ အဲဒီဇိမ်တွေ မကျတော့ပါဘူး ကျွန်မထမင်းဘူးကို ကျွန်မကြိုက်တတ်တဲ့ ဟင်းတွေ နဲ့ ထည့်ပေးပြီး ရုံးပြန်အလာ ကို ထမင်းဝိုင်း အဆင်သင့် စောင့်ကြိုနေတဲ့ ကျွန်မ အမေ က ကျွန်မကို ခွဲခွာသွားပါပြီ. . .

အိမ်နဲ့ ခွဲနေရခဲ့ရတဲ့ အချိန် က ကျွန်မရဲ့ လက်ရှိ အသက်အရွယ် နဲ့ ဆို တော်တော်ကို နည်းပါတယ်. . . . ခွဲနေတဲ့ အချိန်ကလည်း နည်းတော့ အိမ်ကိုလွမ်းတာ ထက် ကျွန်မ အမေရှိတဲ့နေရာကို ပိုသတိရတယ်ဆိုတာက ပိုမှန်ပါတယ်. . . . ခုလည်း အိမ်နဲ့ ခွဲပြီး ဘယ်မှာ မှ ရက် အကြာကြီး မနေဘူးပါဘူး . . .

ကျွန်မအတွက်တော့ အိမ်မှာ ရုပ်ဝတ္တုပစ္စည်းတွေ ဘယ်လောက်ပဲ ပြည့်စုံပြည့်စုံ အိမ်ကြီးဘယ်လောက်ပဲ ကောင်းကောင်း ကျွန်မအတွက် မပြည့်စုံပါဘူး . . . ခု အိမ်မှာ နေပေမယ့် လည်း ကျွန်မအတွက်တော့ အိမ်လွမ်းသူ ဖြစ်မှန်းမသိ ဖြစ်နေသလိုပဲ အမြဲ ခံစားနေရပါတယ်. . . . အိမ်မှာ တစ်ခုခု လိုနေသလိုဖြစ်ပြီး ရင်ထဲမှာ ဟာတာတာနဲ့ . . . . အဲဒီတော့ အိမ်မှာနေပြီး အိမ်လွမ်းသူ ဖြစ်လာရင် ခရီးထွက်တယ်. . သူငယ်ချင်းတွေနဲ့ လျှောက်လည်တယ် . . အလုပ်တွေဆက်တိုက် လုပ်ဖြစ်ပါတယ်. . .

ဘယ်လောက်ကောင်းတဲ့ ပစ္စည်းတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်ဖြစ်ပါစေ. . . . အိမ်ထဲက အဖိုးတန်ပစ္စည်းတွေ ဘယ်လောက်များပါစေ . . . မေတ္တာ၊ စေတနာတွေ မရှိရင် ဒီအိမ်ဘယ်လောက်ကောင်းကောင်း အလကားပါပဲ. . . . . ဒီလိုပါပဲ ကျွန်မအတွက်တော့ မေမေနဲ့ အတူရှိနေခဲ့တဲ့ ကျွန်မတို့ မိသားစုရဲ့ မေတ္တာအိမ်လေးကို အမြဲလွမ်းနေလျှက်ပါ. . . . .

လောကရဲ့လမ်းများပေါ် လျှောက်သွားရင်းနဲ့ မောပန်းနွမ်းနယ်
နှလုံးသားက လွမ်းဆွတ်လို့ တမ်းတမိခဲ့ အမေ့ရဲ့အိမ်ကို
အေးမြတဲ့ အမေ့ရဲ့ မေတ္တာရိပ်နဲ့ ဝေးခဲ့သူမို့
တစ်ခါတစ်လေ ပြန်လည်တွေးရင်
ရင်မှာကိုယ်ကြေကွဲ

ခြောက်သွေ့တဲ့ အိမ်မက်ရှည်တွေကြားထဲမှာ အရိပ်တစ်ခုလွင့်ပြယ်
ရက်စက်တဲ့နေ့ရက်များ တိုက်ခိုက်ကြလို့ အားနည်းနေပြီဆို
တင်းထားတဲ့ စိတ်ဓါတ်များ ပြိုကွဲသွားမလား စိုးရိမ်လို့
ရင်မှာ ဒါဏ်ရာများနဲ့ နာကြင်နေပြီပဲ

အိမ်ပြန်ချင်တယ် … ဟူး … အငြိမ်းချမ်းဆုံးအမေ့အိမ်
အိမ်ပြန်ချင်တယ် … ဟူး … အနွေးထွေးဆုံးအမေ့အိမ်
အိပ်မရတဲ့ညများစွာထဲ .. အိုး…
ရထားဥသြသံလေးများကြားရင်
အိမ်ပြန်ချင်တဲ့စိတ်ကလေး တားမရဘူး

မွန်းကြပ်တဲ့ မြို့ပြလူနေမှုစနစ်မှာ စီးမြောရင်းလေ
မပြီးသေးတဲ့ခရီးတစ်ခု အဆုံးထိရောက်ဖို့ ကြိုးစားနေသူမှာ
ရိုးသားတဲ့ ကျေးလက်က အမေ့အိမ်ကလေးအကြောင်း တွေးမိနေလို့
မြင်ယောင်ကာ အိပ်မက်ရင်
အလိုလိုငိုချင်တယ်

အားလုံးထက် နွေးထွေးလုံခြုံတဲ့နေရာဟာ အမေ့အိမ်ပဲလို့ သိလိုက်ရတဲ့အချိန်ကြတော့ . . . . . . .

ကို ZOX တဂ်တဲ့ အိမ်လွမ်းသူဆို တဲ့ ခေါင်းစဉ် နဲ့ တတ်နိုင်သလောက် ကြိုးစားရေးလိုက် ပါတယ်. . ရေးခွင့်ရအောင် တဂ်တဲ့ ကို ZOX ကိုလည်း ကျေးဇူးတင်ပါတယ်..

အားလုံးကိုချစ်ခင်လေးစားလျှက်...





17 comments:

  1. ကိုယ်တိုင်လည်း အိမ်လွမ်းသူမို့လို့ ခံစားသွားပါတယ်။

    ReplyDelete
  2. ညခင်းကတော့ အိမ်လွမ်းသူ မဟုတ်ဘူး အိမ်ပေါ်က မဆင်းသူ....ကုတ်နဲ့ကော်ချတောင် မဆင်းဘူး လို့ ရီစရာ ပြောခဲ့ဘူးတယ်...မိဘအရိပ်က အအေးချမ်းဆုံးပဲ...
    ပန်းကဗျာရေ... ပုဂံညောင်ဦးပုပ္ပား ဘုရားဖူးသွားမယ်...မလိုက်ဘူးပေါ့နော်.. :D :P

    ReplyDelete
  3. အင်း ဒါလည်းအိမ်လွမ်းနည်းတစ်မျိုးပဲနော် မမ

    ReplyDelete
  4. အိမ်လွမ်းသူ..တဲ့။ လှိုက်ခနဲပဲဗျာ ရင်ထဲ.မကောင်းဘူး။ လွမ်းစရာ အိမ်ရှိတယ်။ ဒါပေမယ့် အပြန်ခရီးက ခက်တယ်။ ထူးအိမ်သင်သီချင်းထဲကလို နေညိုညိုလမ်းလေးထက်က စောင့်နေတယ် ..။ မျှော်လင့်ခြင်းများရယ်..အိမ်ပြန်ချိန်များရယ်.။

    ReplyDelete
  5. အားလုံးထက် နွေးထွေးလုံခြုံတဲ့နေရာဟာ အမေ့အိမ်ပဲလို့ သိလိုက်ရတဲ့အချိန်ကြတော့ .
    ကျွန်တော်လည်း ဟို.. အဝေးမှာ ရောက်နေခဲ့တယ် အစ်မရေ.. ခံစားဖတ်ရှုသွားပါတယ်..။

    ReplyDelete
  6. ဖတ်ရင်းနဲ့ လွမ်းလာပြီ။ အမိနိုင်ငံ။ မွေးရပ်မြေ။ အမေ။ အားလုံး လွမ်းစရာတွေချည်းပါဘဲ။

    ပန်းကဗျာလဲ အမေကို သတိရနေမယ်ဆိုတာ ယုံကြည်နေပါတယ်။
    ဘ၀ဆိုတာ ဒီလိုပါဘဲလေ။

    ပျော်ရွှင်စရာခရစ်စမတ်ဖြစ်ပါစေ။

    ReplyDelete
  7. သနားတယ် ညီမလေးရယ် တချိန်မှာတော့ ပြန်နိုင်မှာပါ

    ReplyDelete
  8. Merry Christmas & a Happy New Year ...

    ReplyDelete
  9. မမရေ ..... ဘယ်တော့မှ မေ့မရတဲ့ မိဘမေတ္တာနဲ့ နားခိုခဲ့တဲ့ အိမ်လေးဟာ တစ်ဘ၀စာအတွက် တသက်လုံး လွမ်မပြေတဲ့ နေရာလေးပါ။ မမရဲ့ အိမ်အလွမ်းလေးကို ရင်နဲ့ခံစားပြီး ဖတ်သွားပါတယ်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  10. ကျနော်လည်း အိမ်လွမ်းတယ်
    ပြန်ဆုံတွေ့နိင်အောင် အားလုံးကျန်းမာပါစေပဲ ဆုတောင်းနေဖြစ် တယ်။

    ReplyDelete
  11. မpoemflowerရေ့ လာလည်သွားတယ်ခင်ဗျာ့၊
    လာလည်တာ၊ အညှာလွယ်တာတော့မဟုတ်ပါ
    သို့ သော် အိမ်လွမ်းသူ ကတော့ ကျွန်တော့ရင်ကိုဘလောင်ဆူ
    စေတာတော့အမှန်ပဲအတိတ်ရထားနောက်ပြန်အမြန်ပြေးသွား
    တော့တယ်၊အမိမြန်ပြည်ဆိုတဲ့အိမ်ရယ်၊ကိုးလလွယ် ဆယ်လမွေး
    လောကကြီးနဲ့ တွေ့ ခွင့်ပေးတဲ့ အန္တကျေးဇူးရှင်ကြီးကိုရောပေါ့၊
    သုခ ဒုက္ခတွေက ဝေဒနာ ဆိုတဲ့ ခံစားမှုမျဉ်းကြောင်းပေါ်ကဆို
    ပေမဲ့ ကျွန်တော်ဖြည့်ကျင့်ထားတာကအရမ်းနုနယ်သေးတယ်။

    ReplyDelete
  12. အိမ်ပြန်ချင်နေပြန်ပြီ အမေမျက်နှာကိုလည်း မြင်ယောင်မိတယ်ဗျာ...

    ReplyDelete
  13. me too. i leave from home about 1 month . but i always remember my home, my family!!!!!!!!!!!!!!!!

    ReplyDelete
  14. အေးဗျာ။ လွမ်းပုံလွမ်းနည်းလေးတွေက တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ ဘာပဲဖြစ်ဖြစ် အားလုံးရဲ့ ကိုယ့်အိမ်အပေါ် လွမ်းကြတဲ့ အလွမ်းလေးတွေကို တစ်မျိုးစီ သိခွင့်ရတော့ အလွမ်းမှာလည်း အမျိုးမျိုးရှိတယ် ဆိုတာ သိလိုက်ရတယ် မပန်းကဗျာရေ။ အင်း... အားလုံး အိမ်လွမ်းသူ ဘ၀တွေကနေ မြန်မြန်ကျွတ်ကြပါစေ။

    ReplyDelete
  15. ထူးအိမ်သင် သီချင်းလေးပါ တင်ပေးရင် ပိုကောင်းမယ်နော်...း) .. လာလွမ်းသွားတယ် မမရေ

    ReplyDelete
  16. သီချင်းကိုလေ အမတို့ဆိုက်ကနေ ကော်ပီကူးသွားပြီး ပြန်တင်ထားတာ အမ...
    ဒါပေမယ့်လေ တင်ပြီးမှ ခွင့်လာတောင်းရတာ စိတ်ထဲ မသန့်လို့ ပြန်ဖြုတ်လိုက်တယ်.... ဟီး .... ခွင့်လွှတ်နော်

    ReplyDelete
  17. မောင်ငရ်January 18, 2010 at 8:23 AM

    I`m also miss my home..

    wanna fly to my mom..


    now , wanna cry..

    where`s my way..

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။