ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ထူးခြားတဲ့မနက်စာ


"ထူးခြားတဲ့ မနက်စာ "

ဟု ကြော်ငြာစာရေးထားသော စားသောက်ဆိုင် တစ်ခုရှေ့တွင် ရပ်က
လူတစ်ယောက်က . . . . .
စားပွဲထိုးအား
"အဲဒါဘာလဲ". . . . ဟုမေးလေသည်. .

"ကြက်လျှာကို မီးဖုတ်ထားတာ ပါ . . . "

"ရွံစရာကွာ၊ ကြက်ပါးစပ်ထဲ က ထွက်လာတာကို ငါ ဘယ်တော့မှ မစားဘူး . . . "

"ဒါဆို ဆရာ ဘာစားချင်သလဲ . . . "

ဟု စားပွဲထိုးက မေးလိုက်သည်. . .

ထိုအခါ ထိုလူက

"ကြက်ဥမွှေကြော်သာ ယူခဲ့ပါတော့ . . . . " တဲ့


အားလုံးကိုချစ်ခင်လေးစားလျှက်...





12 comments:

  1. အင်း စဉ်းစားကြည့်တယ် နောက် အဟားဟားးးးး လို့ ရီမိတယ် သြော် လူတွေ တယ်ခက်ပါ့လား.... စားရတာပဲ ကျေးဇူးတင်ရမယ်နော့်


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  2. မြစ်ကျိုးအင်းDecember 20, 2009 at 6:06 PM

    စေ့စေ့တွေးလေ ရယ်ရလေပဲး)

    ReplyDelete
  3. ဒီတခါ ကြိုးစားတာ ရသွားတယ်
    post နှိပ်တဲ့ နေရာက အပေါ်ဘက် သေးသေးလေးပဲ ပေါ်နေ တာလေ ။အဲဒီနေရာကို ရအောင် ကပ်သပ်နှိပ်တာ ရသွားတယ်

    ReplyDelete
  4. အင်း သူက ပါးစပ်ကထွက်တာမစားချင်တော့ ...
    ကြက်ဥပဲ စားပါစေလေ ဟီးဟီး

    ReplyDelete
  5. ဟားဟား ရီရတယ်ဗျ...
    တွေးတွေးလေ ရီရလေပဲ...

    ReplyDelete
  6. Ha Ha … Flexibility amusement!

    Funny! Wait for new post!!

    ReplyDelete
  7. လူ့အလို နတ်မလိုက်နိုင်...ဆိုတာမျိုးများဖြစ်နေမလား...
    ကောင်းတယ်ထင်ရင် ပြီးတာပဲလေ...
    ကိုထူးအိမ်သင် ရဲ့ သီချင်းထဲ က
    စိတ်ကျေနပ်ရင်ပြီးတာပဲ ..နေတတ်ရင် အေးအေးလေး ဆိုတာကို
    သတိရမိတယ်ခင်ဗျာ
    ပျော်ပါစေ
    လေးစားစွာ
    *.*.*

    ReplyDelete
  8. ပြုံးသွားတယ် အမရေ . . .

    ReplyDelete
  9. အင်းးး

    :D

    ReplyDelete
  10. ဘိုက်ဆာ ဆာနဲ့ လာလိုက်တာ ကြက်ဥလေးနဲ့ ညားသွားတယ်

    ReplyDelete
  11. အများနည်းတူ ပြုံးသွားပါတယ်။ ကြက်ဥဆို ကျနော်လဲ ကြိုက်လို့။

    ReplyDelete
  12. မောင်ငရ်January 18, 2010 at 8:21 AM

    တားတား သေချာမတွေးသွားဘူးနော်..။

    ဟီးဟီး

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။