ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ပြာသိုလဖွဲ့



ပြာသိုလဖွဲ့

ရွှေသော်တာ စန္ဒီနှင့် ဖုသျှတဲ့လမ်းဆုံ၊
တိမ်လွှာမှာ ရောင်ဝါကျင်းလို့၊
နှစ်မင်း တူပြိုင်ပ၊ မြန်းကြွခိုက်ကြုံ။

သရဂုဏ် မြိုင်စုံမြနန်း။
နုစိမ်းစိုစိုနှင့်၊ ပန်းခွာညိုငုံတံထူးတယ်။
ဖူးပွင့်ချက်ဆန်း။

ပြာသိုလ

ပြာသိုလသည် မြန်မာလများတွင် ဆယ်လမြောက်ဖြစ်ပြီး ဆောင်းဥတု၏ အလယ်ဗဟိုကျသောကြောင့် အလွန်ချမ်းအေးကာ ဒီဇင်ဘာလနှင့် ဇန်န၀ါရီလတွင်ကျရောက်သည်. .

ရှေးမြန်မာမင်းများသည် ငွေနှင်းစိုစို လပြာသိုတွင် မြင်းခင်းသဘင်ပွဲတော်ကို ရာသီပွဲအဖြစ် ကျင်းပလေ့ရှိသည်. . မြင်းခင်းသဘင်ပွဲတော်ကို အခြားရာသီပွဲတော်များကဲ့သို့ ရက်ပိုင်းမျှ ကျင်းပသောပွဲတော်မျိုး မဟုတ်ဘဲ ပြာသိုလ တစ်လလုံး ကျင်းပသော ပွဲတော်ဖြစ်သည်. . . မြင်းခင်းသဘင်ပွဲဟု ဆိုသော်လည်း ဆင်စမ်း၊ မြင်းစမ်း၊လေးစမ်း၊ ဓားခုတ်လှံထိုး၊စက်ထိုး၊ ဗလီခတ် (ပိုလိုရိုက် ကစားနည်းမျိုး) သေနတ်ပစ်နှင့် သိုင်းအမျိုးမျိုးတို့ကို တစ်ပွဲပြီး တစ်ပွဲ ကျင်းပသွားခြင်းဖြစ်သည်. .

မြင်းခင်းသဘင်ကျင်းပရာကွင်းအတွင်း စက်ကွင်းလှံထိုးနေရာ၊ မြင်းရေး (၃၇) ရေးစီးသည့်နေရာ၊ မြင်းရည်တက်တို့ ဓားခုတ်လှံထိုးနေရာ ဗလီကစားသည့်နေရာ စသည်ြဖင့် သတ်မှတ်ထားသည်. . မြင်းခင်းသဘင် အပြီးတွင် လေးသည်တော်များ၏ လေးပစ်စွမ်းရည်ပြပွဲများ၊ သိုင်းဗန်တို ဗန်ရှည် စသည့် ကာကွယ်မှုအတတ်များ ၊ ဆင်စစ်သည်များ၏ စွမ်းရည်ပြပွဲများ၊ သေနတ်စစ်သည်များ၏ သေနတ်ပစ် စွမ်းရည်ပြပွဲများဖြင့် တစ်လလုံး ပွဲဆက်မပြတ် ကျင်းပသွားသည်. . ထို့ကြောင့် မြင်းခင်းသဘင်ပွဲသည် သူရသတ္တိနှင့် တကွ လက်ရုံးရည် ထူးချွန်သူတို့၏ အရည်အချင်း ပြပွဲကြီး ၊ တစ်နည်း အားဖြင့် သူရဲကောင်းရွေးချယ်ပွဲကြီး တစ်ခုဖြစ်သည်. .

မြင်းခင်းသဘင်ပွဲသည် သက္ကရာဇ် ၆၇၄ ခုနှစ်ခန့် ပင်းယ တစီးရှင် သီဟသူ လက်ထက်က စတင်ပေါ်ပေါက်ခဲ့သည်ဟု ယူဆသည်. . ဘိုးတော် ဘုရားလက်ထက် ပညာရှင်များကမူ မြင်းခင်းသဘင် သည် ဒုတိယ အင်းဝခေတ် အစ ညောင်ရမ်းမင်းလက်ထက်တွင် စတင်ပေါ်ပေါက်လာသည်ဟု ယူဆကြသည်. ..

Pyatho

It is the 10th Myanmar month in the middle of the cool season (December-January). In ancient times it was the month of the equestrian festival held for virtually the whole month, as it involved competitions in horsemanship, bowmanship, lancing and sward fighting, shooting and martial arts.

It was in effect an occasion to select heroes. It was found to have begun in 674 ME under the reign of Pyinya Thihathu but researchers in Bodaw Paya's reign held that it began in the reign of King Nyaungyan in Inn-wa period.

အားလုံးကိုချစ်ခင်လေးစားလျှက်...

4 comments:

  1. ဘိုးတော်ဘုရား လက်ထက် ပညာရှင်များ ယူဆချက်က နှစ်ကြောင်းထပ် နေတယ်ခင်ဗျ ...
    ဗဟုသုတ ရလို့ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. ပြာသိုလဖွဲ့ကဗျာလေး တင်ပေးလို့ ကျေးဇူးဗျ...
    ဖိုးသူတော်ဦးမင်းရေးဖွဲ့ခဲ့တဲ့ ဆယ်နှစ်လရာသီလဖွဲ့ ကဗျာတွေက
    ငယ်ငယ်လေးထဲက ကြိုက်တာ...

    ReplyDelete
  3. လဖွဲ့လေးတွေ တင်ပြပေးတာ အကျိုးများပါတယ်။ ဗဟုသုတရတာပေါ့။

    ReplyDelete
  4. ကျေးဇူးအထူးပါ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။