ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ရေနွေးကြမ်းသောက်ခြင်း၏ အကျိုးကျေးဇူးများ



ရေနွေးကြမ်းသောက်ခြင်း အားဖြင့် လန်းဆန်း တက်ကြွလာပြီး စိတ်ညစ်ခြင်း ၊ စိတ်ဓာတ်ကျခြင်းများကို လည်း ပြေပျောက်စေနိုင်ပါသည်. . . အရွယ်ရောက်သူတိုင်း သည် တစ်နေ့ကို ရေနွေးကြမ်း လေး ငါးခွက်ကို နေ့စဉ် သောက်သင့်ပါသည်။

တစ်နေ့ကို ရေနွေးကြမ်း သုံးလေးခွက် ပုံမှန်သောက်မယ်ဆိုရင် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ -

၁။ Antioxidant Action (အသက်ရှည် နုပျိုခြင်း)

၂။Anti -cancer ( ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း)

၃။ Cholesterol lowering ( အဆီများချပေးခြင်း)

၎။ Protect cardiovascular diseases ( နှလုံး နှင့် သွေးကြောရောဂါများမှ ကာကွယ်ပေးခြင်း)

၅။ Promoter dental health ( သွားနှင့်သွားဖုံး ကျန်းမာရေးကို အထောက်အကူပြုခြင်း)

၆။ Improve from diabetes mellitus ( ဆီးချို သွေးချို ရောဂါကို သက်သာစေခြင်း)

၇။ Anti-inflammatory action ( အရောင်ကျစေခြင်း)

၈။ Hepatoprotection (အသည်းလုပ်ငန်းဆောင်တာ မှန်ကန်ကောင်းမွန်စေခြင်း)

၉။ UV protection ( ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးခြင်း)

တို့ ပဲ ဖြစ်ပါတယ်. . .

ထမင်းစားနေစဉ် သို့ ထမင်း စားအပြီး ၊ အစားအသောက်များ စားအပြီးတိုင်းတွင် ရေအေးအစား ရေနွေးကြမ်းကို သောက်သုံးခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်စေပါသည်..

ဒေါက်တာခင်မောင်လွင် (FAME)

အားလုံးကိုချစ်ခင်လေးစားလျှက်...

12 comments:

  1. ရေနွေး ကြမ်း ကြိုက်တယ်.. အတော်ပဲ..

    ReplyDelete
  2. ကျွန်တော်လည်း ရေနွေးကြမ်း ကြိုက်တယ်ဗျ...
    အရင်ကတော့ ခနခန သောက်ဖြစ်တယ်...
    ခုတော့ တခါတလေမှပဲ သောက်ဖြစ်တာ...
    အကျိုးကျေးဇူးတွေ များတယ်ဆိုတော့ ပြန်သောက်အုန်းမှပဲ...

    ReplyDelete
  3. ရေနွေးကြမ်းကြိုက်တတ်တော့ အကျိုးကျေးဇူးတွေများများရှိနေလို့ သဘောကျတယ်။ ဂျပ်စမင်တီးဆို သိပ်ကြိုက်။ ခု တစ်ခွက်လောက်တိုက်ပါ။ အဟဲ

    ReplyDelete
  4. သောက်မယ်.. သောက်မယ်.. ဟီးဟီး

    ReplyDelete
  5. ထမင်းစားပြီး၊ မုန့်စားပြီးတိုင်း သောက်ပါတယ်ဗျို့၊ အဆီကျတာထက် သွားနဲ့နှလုံးကောင်းတာကတော့ နိပ်တယ်ဗျာ။ ကျေးဇူးပဲ။

    ReplyDelete
  6. ညီမရေ... ရေနွေးကြမ်း စွတ်သောက်ရင်လည်း တစ်ခုဖြစ်တတ်တယ်ဆိုတာ ပြောပြပေးဦး။ အဟီး။ အင်း.. ဒါနဲ့.. အိမ်လွမ်းသူ ဆိုတာကို တဂ်ပါမယ်။ အမာခံတွေကို လိုက်တဂ်နေတာ...

    ReplyDelete
  7. လက်ဖက်ရည်ကြမ်း သောက်လျှင်ဖြင့် ကျက်သရေ အမှန်ရောက်ပေလိမ့် ကြံသလောက် ပြိးတဲ့ အရည် လို့ ဖတ်မှတ်ဖူးပါတယ်။ သဘောကတော့ မြန်မာတွေရဲ့ ဓလေ့ထုံးစံက အိမ်အလည်လာသူ မည်သူကိုမဆို လက်ဖက်ရည်ကြမ်းတည်ပေးကြတာ ထုံးစံတခုပါ၊ ပြီးတော့ တရားတဘောင်ပဲ ဖြစ်ဖြစ်၊ တိုင်းရေးပြည်ရေး ဆွေးနွေးတဲ့အခါပဲ ဖြစ်ဖြစ်၊ ရပ်ရေး ရွာရေး ပဲ ဖြစ်ဖြစ်၊ သာရေးနာရေးပဲ ဖြစ်ဖြစ်၊ တိုင်ပင်နှီးနှောတဲ့ အခါ မပါမဖြစ်တဲ့ အရာလို့ ဖတ်မှတ်ဖူးပါတယ်။ ခုခေတ်တော့ မဟုတ်ပါဘူး ဟိုးအရင်ကပါ။

    ReplyDelete
  8. ရေနွေးကြမ်း...သောက်နေပြီဗျိုးးးးးး
    ကျေးဇူးနော
    ပျော်ပါစေခင်ဗျာ
    လေးစားစွာ
    *.*.*

    ReplyDelete
  9. ကျန်းမာရေးအတွက် ရေနွေးကြမ်းသောက်ခြင်းအကြောင်းလေး ပြန်လည်မျှဝေတာကျေးဇူးပါညီမရေ။ အဆင်ပြေပျော်ရွှင်ပါစေ

    ReplyDelete
  10. ရေနွမ်းကြမ်းဂုဏ်သတ္တိလေးတွေဖတ်ရတာကျေးဇူးအမရေ
    ခုကျွန်တော်လည်းချောင်းဆိုးလို့  ဆရာဝန်ပေးတဲ့ အဆုတ်
    နဲ့ ရင်ဆိုင်တဲ့ ရေနွေးကြမ်းထုတ်လေးတွေသောက်နေရတယ်

    ReplyDelete
  11. ထမင်းစားချိန်မှာ ရေနွေးကြမ်း အမြဲလိုလိုသောက်ဖြစ်တယ်။ ငယ်ငယ်လေးကတည်းကလေ။

    ရေနွေးကြမ်း အကျိုးကျေးဇူးတွေ ဒီလောက်များများရှိနေမှန်း အခုမှပဲသိတော့တယ်။

    ReplyDelete
  12. ရေနွေးကြမ်းတော့ သောက်ဖြစ်တာ များတယ်။ နောင်လည်း အမြဲ သောက်ဖြစ် နေဦးမှာပါ..။ ပြောရင်းတောင် သောက်ချင်လာတယ်ဗျာ။ ပြန်ရင်တော့ အစိတ်သား ထုပ် လောက် ဖြစ်ဖြစ် ၀ယ်သွားဦးမယ်။း)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။