ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကံကိုယုံ၍ဆူးပုံမနင်းရာ



ဘက္ကဒက်မြို့နေ ကုန်သည်ကြီးတစ်ဦးက သူ၏ အစေခံကို ဈေးသို့ ဈေးဝယ်လွှတ်လိုက်သည်. . မကြာခင်ပင် အစေခံက မျက်နှာဖြူပတ်ဖြူလျော်ဖြင့် ပြန်ရောက်လာသည်.

ကြောက်ရွံ့ထိတ်လန့်နေသော အစေခံက ကုန်သည်ကြီးကို "သခင် . . ကျွန်တော် ဈေးထဲရောက်တော့ လူအုပ်ထဲမှာ အမျိုးသမီး တစ်ဦးကို ၀င်တိုက်မိတယ် . . . လှည့်ကြည့်လိုက်တော့ သေမင်းဖြစ်နေတာကို တွေ့ရပါတယ်. . . သူနဲ့ ရင်ဆိုင်တွေ့ရမှာကို ကြောက်လှပါတယ် သူနဲ့ ဝေးရာကို ပြေးသွား ပုန်းအောင်းနေချင်ပါတယ်. . ကျွန်တော့ ကို သခင်ရဲ့ အပြေးကောင်းတဲ့ မြင်းတစ်ကောင်ကို ငှားပါခင်ဗျာ၊ ကျွန်တော် အသက်ဆက်ရှင်ဖို့ သေမင်းရှာမတွေ့နိုင်တဲ့ ဟိုး . . . . အဝေးကြီးမှာ ရှိတဲ့ ဆမ်မာရာကို ပြေးပါ့မယ်. . . . " ဟုပြောသည်.

ကုန်သည်ကြီးက အပြေးအမြန်ဆုံးမြင်းကို သူ့ အစေခံကို ပေးလိုက်လေသည်. . မြင်းရလျှင် ရချင်း အစေခံသည် မြင်းပေါ်သို့တက်၍ အပြင်းစိုင်းသွားလေသည်. . .

ကုန်သည်ကြီးသည် သူကိုယ်တိုင်ပင် ဈေးထဲသို့ ထွက်လာခဲ့သည်. . ဈေးသို့ရောက်သော အခါ လူအုပ်ထဲ၌ ရပ်နေသော သေမင်းကို တွေ့ရ၍ အနားသို့ရောက်အောင် လျှောက်သွားပြီးနောက်. . . . . "မနက်တုန်းက ကျုပ်အစေခံကို ခင်ဗျားက စူးစူးဝါးဝါးကြည့်ပြီး ဘာကြောင့် ခြိမ်းခြောက်လိုက်တာလဲ. . . " ဟုမေးသည်. .

ထိုအခါ သေမင်းက ကုန်သည်ကြီးကို " ခြိမ်းခြောက်လိုက်တာမဟုတ်ပါဘူး စူးစူးဝါးဝါးကြည့်တာလည်း သိပ်ကို အံ့သြလွန်းလို့ကြည့်တာပါ. . . ကျွန်ုပ်က သူ့ကို ဘက္ကဒက်မှာ တွေ့လိုက်ရတော့ အတော့်ကို ကျေနပ်သွားပါတယ်. . . . ဘာလို့လည်း ဆိုတော့ ဒီနေ့ည ဆမ်မာရာ မှာ သူနဲ့ ကျွန်ုပ် စာရင်းရှင်းဖို့ ချိန်းဆိုထားလို့ပါပဲ . . . "ဟု ပြန်ပြောလေသည်. . .

ဒီဝတ္တုလေး ဆုံးသွားတဲ့ အခါမှာ အစေခံက မသေချင်လို့ အဝေးကြီးကို သွားပုန်းပါတယ်. . . သူပုန်းတဲ့နေရာက သူ့အတွက် သေစာရင်းရှင်းမည့်နေရာကြီး ဖြစ်နေတာကို တွေ့ရပါတယ်. . . . ဒီတော့ သေနေ့စေ့ရင် သေမှာဘဲ၊ အစေခံ က သေခြင်းတရားနဲ့မတွေ့အောင် ဘယ်လိုပဲ ရှောင်ပြေးပြေး ဘယ်လိုပဲ ပုန်းပုန်း သေချိန်တန်ရင်တော့ သေမင်းကို ဘယ်သူမှ လွန်ဆန်လို့မရပါဘူး . . .

လူတစ်ဦး ဟာ သေနေ့စေ့ရင် သေဖို့၊ သေချိန်ကျရင် သေဖို့ ကြိုတင်ပြဌာန်းပြီး သားဖြစ်ပါတယ်. . . ဒါတင်မကသေးပါဘူး . . ဘယ်အချိန်မှာ အောင်မြင်မယ် ဘယ်အချိန်မှာ ကျရှုံးမယ် ဘယ်အချိန်မှာ ချမ်းသာမယ် ဘယ်အချိန်မှာ ဆင်းရဲမယ်ဆိုတဲ့ ဘ၀ဖြစ်ရပ်တွေကို လည်း လူတစ်ဦး အတွက် ကြိုတင်ပြဌာန်းပြီးသား ဖြစ်ပါတယ်. . .

မလုပ်သင့်တာလုပ်မိ၊ မစားသင့်တာ စားလို့ ၊ ပြီးတော့ ရာသီဥတု နဲ့ ဆီလျော်အောင် မနေတတ်လို့ သေနေ့မစေ့ခင် သေတာမျိုးတွေလည်း ရှိနိုင်၊ ဖြစ်နိုင်ပါတယ်. . .

အတိတ်ကံရဲ့ ပြဌာန်းမှုအလျောက်တိုးတက်မှု ၊ အောင်မြင်မှုဖြစ်မယ်ဆိုရင်လည်း ဘာမှ မလုပ်ပဲ အောင်မြင်တိုးတက်မှုကို ထိုင်စောင့် နေသလို ဖြစ်နေပါလိမ့်မယ်. . . ဥပမာ တအိပ်တည်း အိပ်နေတဲ့ ခြင်္သေ့ကြီးရဲ့ ခံတွင်းထဲကို ဘယ်သားကောင်မှ အလကားဝင်မလာပါဘူး . . သားကောင်ရချင်ရင် ခြင်္သေ့ဟာ အိပ်ရာကထတော့ ထရမှာပါပဲ. . . . .

မြန်မာစကားပုံ ထဲက လို "ကံကိုယုံ၍ ဆူးပုံမနင်းရာတဲ့ " ကံကိုယုံပြီး ဆူးပုံပေါ်ကို တက်နင်းလို့ကတော့ ဆူးစူးရုံပဲရှိမှာပါ . . . ကံကိုယုံပြီး ဆူးပုံကို တော့ ပုံပြီး မနင်းမိစေလိုပါဘူး . . . .

နန္ဒသိန်းဇံ (တွေးချိန်ချင့်စရာ)

အားလုံးကိုချစ်ခင်လေးစားလျှက်...





6 comments:

  1. ရှောင်လွဲမရနိုင်တဲ့ သတ်မှတ်ပြီးသား ကံကြမ္မာပေါ့နော်

    ပြန်ရှယ်ပေးလို့ ကျေးဇူးပါ။

    ပျော်ရွှင်ပါစေ ..

    ReplyDelete
  2. လာရောက်လေ့လာ မှတ်ယူသွားပါတယ်ဗျာ...

    ReplyDelete
  3. သေခြင်းတရာဆိုတာ ဘယ်သူလွန်ဆန်နိုင်ပါလိမ့်......... တနေ့မဟုတ် တနေ့သေရမှာပဲ... တယ်ကြောက်စရာကောင်းတဲ့ တဏှာနော်.. ဒီဘ၀လည်း ဒီဘ၀ကိုတွယ်.. နောက်ဘ၀ရောက်တော့လည်း နောက်ဘ၀ကိုတွယ်.. သံသရာ..သံသရာ..

    ReplyDelete
  4. ဖတ်သွားပါသည်

    အော် အချိန် အချိန်
    သေချင်း(ဆိုး)လေးမျိုးကတော့ လာမှာပဲ ဘယ်နေ့များပါလိမ့်။


    ဧရာဝတီမိသားစု ကျန်းမာပါစေ။ စည်။

    ReplyDelete
  5. မပန်းကဗျာ
    ဟုတ်တယ်နော်
    အချိန်တန်ရင် သေရမှာပါပဲ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။