ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ရေနွေးကြမ်းနှင့် ကျန်းမာရေး

လက်ဖက်သည် တရုတ်ပြည်တွင် လွန်ခဲ့သော နှစ်ပေါင်းလေးထောင်ကျော်ကတည်းက သုံးစွဲခဲ့တဲ့ ရိုးရာ အစားအစာ တစ်ခုပါ. . . . အနီးအနားမှ မြန်မာ၊ ဂျပန်၊ ကိုရီးယားမှသည် တကမ္ဘာလုံးသို့ ပျံ့နှံ့သွားပြီး လက်ဖက်၏ ကောင်းကျိုးများကို ယနေ့ထိတိုင် တစ်ခုပြီး တစ်ခု ဖော်ထုတ်ဆဲ ဖြစ်ပါသည်. . . . ယေဘုယျအားဖြင့် လက်ဖက်စိမ်း (Green Tea) နှင့် လက်ဖက်ညို (Brown Tea) ဟု နှစ်မျိုးခွဲထားသော်လည်း ပင်ရင်းမှာ လက်ဖက်တစ်မျိုးတည်း သာဖြစ်ပါသည်.

လက်ဖက် တစ်မျိုးတည်းအား ပြန်ပြင်ထုတ်လုပ်သည့် အပေါ်မူတည်၍ အမျိုးမျိုးကွဲပြားသွားသလို အာနိသင်လည်း ကွဲပြားသွားပါသည်. ယခု ကျွန်မတို့သောက်တဲ့ ရေနွေးကြမ်းသည် လက်ဖက်စိမ်းဖြစ်ပါတယ်. . . . အစိမ်းရောင် မဖြစ်ပဲ ၀ါဖန့်ဖန့် ဖြစ်နေခြင်းက တာရှည် အထားခံအောင် ပြုပြင်ပြောင်းလဲမှုကြောင့်ပါ. . . . . လက်ဖက်ညို ကတော့ ကျွန်မတို့ အခုသောက်နေတဲ့ လက်ဖက်ရည်အချိုပါ တကယ်တော့ လက်ဖက်ညိုကို သကြား၊ နို့ဆီများနှင့်ရောနှောတဲ့ အချိုးပေါ် မူတည်ပြီး ချိုဆိမ့်၊ ပေါ့ကျ ၊ ချိုပျစ် ၊ ပုံမှတ် တို့ ဖြစ်လာပြီး ပြောင်းလဲခေါ်ဝေါ်ခြင်းဖြစ်ပါတယ်. . .

တကယ်တော့ ရေနွေးကြမ်းမှာ သာ ကာတီချင် (Catechins)ဆိုတဲ့ အင်တီအောက်ဆီးဒင့်များတာပါ. . လက်ဖက်ရည် အချိုမှာတော့ အဲဒီကာတီချင်ဓာတ် အရမ်းနည်းပါတယ်. . . . ဒါပေမယ့် ကဖင်း Caffeine ဓာတ်ကတော့ လက်ဖက်ရည် အချိုမှာ များများပါပြီး ရေနွေးကြမ်းမှာ နည်းနည်းပဲ ပါပါတယ်. . . ဒါကြောင့် လက်ဖက်ရည် အချိုက သောက်ချင်စိတ်စွဲစေပြီး ရေနွေးကြမ်းက သိပ်မစွဲတာပါ. . . . .

အထွေထွေကျန်းမာရေးအတွက် ရေနွေးကြမ်းရဲ့ ကောင်းကျိုးပြုမူများသည် စာဖွဲ့လျှင် ကုန်နိုင်စရာမရှိပါ. ကောင်းကျိုးတွေ တစ်ခုပြီး တစ်ခု တွေ့ရှိလေ့လာနေဆဲပါ. . . အဓိကအကြောင်းကတော့ အင်တီ အောက်ဆီးဒင့် အကောင်းစားဖြစ်တဲ့ ကာတီချင် (Catechins) ကြောင့်ပါ။

ကင်ဆာဖြစ်ပွားနှုန်းကိုလျော့ပါးစေပါတယ်။အဆစ်အမျက်ကိုက်ခဲရောင်ရမ်းမှုကို သက်သာ စေတယ်။ သွေးထဲက ကိုလက်စထရော အဆီတွေကျစေတယ်။ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်တယ်။ ကိုယ်ခံအား ကို ကောင်းစေတယ်။ ဘော်ဒီဝိတ်လည်း ကျစေတယ်။ သွားပိုးစားတာလည်းကာကွယ်တယ်။ အသက်ကြီးသူ တွေမှာကြုံတတ်တဲ့ အယ်လ်ဇိုင်းမားဆိုတဲ့ စိတ်ကစဥ့်ကလျား ရောဂါကိုလည်း လျော့ကျစေတယ်။

မကောင်းတာလေးတစ်ခုကတော့ ရေနွေးကြမ်းမှာ ကဖင်းဓာတ်အနည်းငယ်ပါတော့ အိပ်မပျော်တာမျိုး ကြုံရတတ်တာလေးပါ။ ထို့ကြောင့် ညအိပ်ခါနီး ရေနွေးကြမ်းသိပ် မသောက်သင့်ပါ. . .

ဒေါက်တာကျော်ကျော် ( အထူးအရေပြားအထူးကု)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

4 comments:

  1. ဒီကလည်း အိပ်မပျော်တတ်တဲ့သူဆိုတော့ ညနေစောင်းဆို ကော်ဖီ ရေနွေးကြမ်း ရှောင်ထားရတယ်
    ၂ခုလုံးကိုသိပ်ကြိုက်တာ
    ရေနွေးဆိုစပယ်နံ့လေးမွှေးနေတဲ့ ရေနွေးကြမ်းကိုပိုတောင်ကြိုက်သေး
    ရေနွေးကြမ်းရဲ့ အကျိုးကျေးဇူးတွေကတော့ များတယ်နော်

    ReplyDelete
  2. လက်ဖက်ရဲ့အကျိုးအာနိသင် နဲ့ လဘက်စိမ်းလဘက်ညိုအကြောင်း ဗဟုသုတရသွားတယ် ပန်းကဗျာရေ။ ကျေးဇူးပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. လက်ဖက်ကိုအရမ်းကြိုက်တယ်..စားသာစားနေတာဘာမှမသိဘူး
    ခုမှပဲ လက်ဖက်ရဲ့ အကျိုးအာနိသင်တွေအကြောင်းသိရတော့တယ်။
    ချမ်းမြေ့ပါစေရှင်

    ReplyDelete
  4. မြန်မာပြည်မှာတုန်းက ရေနွေးကြမ်း သိပ်မသောက်ဖြစ်ခဲ့ပေမယ့် ဒီမှာတော့ ရေနွေးကြမ်း အဓိကသောက်တဲ့ နိင်ငံမို့လို့ ကိုယ်ပါ အမြဲသောက်ဖြစ်လာတယ်။ ကျန်းမာရေး အထောက်အကူ ပေးတယ်ဆိုတော့ ရှေ့လျှောက် သောက်ဖြစ်သွားမှာပါ။
    မျှဝေသည့် သုတလေးအတွက် ကျေးဇူးပါ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။