ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အသက်ကြီးရင့်လာတာကို ကြောက်ဖို့မလို

အသက်ကြီးလာတဲ့ သူတွေဟာ လူငယ်တွေလို ပျော်ရွှင်နိုင်ကြတာပါပဲ. . . သက်ရွယ်ကြီးရင့်လာသူတွေဟာ အသက်နဲ့ လိုက်လျောညီထွေပြင်ဆင်နေထိုင် ကြမယ်ဆိုရင် သူတို့ဘ၀နဲ့ သူတို့ တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ကျေနပ်မှု ရရှိခံစား နိုင်ကြပါတယ်. .

ဖလော်ရီဒါ တောင်ပိုင်းတစ်ခွင်မှာ မစ္စတာနယ်လဆင်ဆိုရင် လူတော်တော်များများ မြင်နေတွေ့နေကျ သူတစ်ဦးပါပဲ. . . သူ့ကို သူ့ခြံထဲမှာ ဖြစ်ဖြစ် နေ့လယ်နေ့ခင်း စက်ဘီးစီးနေတာပဲ ဖြစ်ဖြစ် တွေ့နေကြရပါတယ်. . . သူက လူတိုင်းနဲ့ ခင်မင်တတ်သလို သူနဲ့သာ တွေ့ပြီဆိုလို့ကတော့ သူ့မှာ ပြောစရာ ဇာတ်လမ်း တစ်ပုဒ်ပုဒ် ရှိနေတတ်ပါတယ်. .

မစ္စနယ်လဆင်ကို မေးကြည့်လိုက်တော့ သူ့မှာ တန်ဖိုးထားလုပ်ရမယ့် အလုပ်တွေ နေ့စဉ်ရှိနေတဲ့ အကြောင်း ပြောပြပါတယ်. . . . မစ္စနယ်လဆင်ရဲ့ အသက်က ကိုးဆယ်ရှိနေပါပြိ. . .

သူက အသက်ကြီးလာလို့ စိတ်ဓာတ်ကျမနေဘဲ အသက်ကြီးတာနဲ့အမျှ ဥာဏ်ပညာ ပိုရင့်သန်လာတယ်လို့ ခံယူထားသူပါ. . . အလုပ်နဲ့ အကိုင်နဲ့ လူငယ်တွေရဲ့ တာဝန်ဖိစီးမှု ခံနေရတာမျိုး သူ့မှာ မရှိပါဘူး. . . သူ့ကို အသက်ဘယ်လောက်ရှိပြီလဲလို့ မေးလိုက်ရင် ကိုယ်ကအသက် ကြီးနေပေမယ့် တစ်မျိုးလှည့်စဉ်းစားလေ့ ရှိတယ်လို့ ဖြေတတ်ပါတယ်..

မကြာသေးခင်က လေ့လာ စူးစမ်းချက် တစ်ခုအရ အသက်ကြီးရင့်လာမှု ဟာ မိမိကိုယ် မိမိ ပျော်ရွှင် နေပါတယ်လို့ ခံစားရမှု အတိုင်းအတာနဲ့ ဆက်စပ်မှု မရှိလှဘူးလို့ သိရှိရပါတယ် . .

ကြည်ရွှန်း

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

2 comments:

  1. အသက်ကြီးလာတဲ့တိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနေဘို့ အရေးကြီးတယ် ပန်းကဗျာရေ။
    မိမိရဲ့ စိတ်ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီး ယူရမှာပေါ့နော်။
    တီတင့်လည်း အသက်ကြီးတာ ကြောက်စရာမဟုတ်ဘူးလို့ ယူဆပါတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. လူတိုင်းနဲ့ ခင်မင်တတ်ပြီး သူ့မှာ ပြောစရာ ဇာတ်လမ်း လေးတွေရှိနေတာကိုက သူအတွက် ပျော်စရာ စိတ်ကျန်းမာရေးဖြစ်မှာပါ....

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။