ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ချစ်ခြင်းရဲ့လျှို့ဝှက်ချက်

ချစ်ခြင်းရဲ့လျှို့ဝှက်ချက်ဆိုတာ ဒါမျိုး
များများစားစား လက်ခံရယူဖို့
ပြန်လည်တုံ့ပြန်မှုအတွက်
အတွေးဆန္ဒတွေ လုံးဝမရှိတဲ့
(ပေးဆပ်မှုတွေကို)
အရင်ဆုံးအများအပြားပေးအပ်ရမယ်။

ချစ်ခြင်းရဲ့ လျှို့ဝှက်ချက်ဆိုတာ
ကိုယ့်အတွက် ရလိုမှုမဟုတ်ပါ။
များများ ရချင် များများပေး
တုံ့ပြန်ရယူလိုတဲ့ အတွေးဆန္ဒနဲ့
ဝေးနိုင်သမျှ ဝေးပါစေ။

ချစ်ခြင်းလျှို့ဝှက်ချက်ကတော့ . .
ပထမ- ညှိနှိုင်းယူတတ်မှု
နောက် - ကျေနပ်ရောင့်ရဲမှု
နောက်ဆုံးမှာတော့- ပျော်ရွှင်မှုတို့ပါပဲ။

ချစ်ခြင်းလျှို့ဝှက်ချက်
သိပ်မခက်ဘူးနော်.
ညှိနှိုင်းကျေနပ်
ပျော်ရွှင်တတ်မယ်ဆိုရင်
ရလဒ်ကောင်းတွေ ရမှာပေါ့
ဟုတ်တယ်နော်... ဟုတ်။

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

4 comments:

  1. ဟုတ်မှဟုတ်ပါပဲရှင်း)
    လေးစားလျှက်

    ReplyDelete
  2. သမီးမသိဘူး...သေချာသင်ယူလိုက်အုန်းမယ်..:P

    ReplyDelete
  3. မေရေ... ရလာဒ်ကောင်းတွေ ရမှာပါ။ ညှိနှိုင်းကျေနပ် ပျော်ရွင်တတ်မယ်ဆိုရင်ပေါ့။ ကောင့်သန့်စကားအတိုင်းပြောကြည့်တာပါ။

    ချမ်းမြေ့ပါစေဟု
    ချယ်ရီမြေ

    ReplyDelete
  4. ဟုတ်မယ် ပထမ ညှိနှိုင်းယူတတ်မှု တဲ့ သူသိရင်ကောင်းမှာပဲ ဦးဦးကောင်းသန့်ရေ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။