ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကာဠုဒါယီမထေရ် ပင့်လျှောက်၍ ဘုရားရှင် ကပိလ၀တ်ပြည်သို့ ကြွတော်မူပုံ



ဘုရားရှင်သည် ရာဇဂြိုလ်ပြည်ကြီးရှင် ဗိမ္မိသာရမင်းမြတ် လှူဒါန်းအပ်သော ဝေဠုဝန်ကျောင်းတိုက်၌ သီတင်းသုံးတော်မူကြောင်းကို ခမည်းတော် သုဒ္ဓေါဒနမင်း ကြားသိတော်မူရ၍ လူပေါင်း တစ်ထောင်စီဖြင့် အမတ် ကိုးယောက်ကို ဘုရားပင့်လာဘို့ရန် အတန်တန် စေလွှတ်သော်လည်း စကားပြန်မျှမရဘဲ အားလုံး ရဟန္တာဖြစ်၍ ရဟန်းပြုကြလေသော် ကာဠုဒါယီကို ရဟန်းပြုစေလိုလည်း ပြုပါဟု ခွင့်ပြုကာ စေလွှတ်ရပြန်လေသည်။

ကာဠုဒါဟီအမတ်သည် ရဟန္တာဖြစ်၍ ရဟန်းပြုပြီးနောက် ကပိလ၀တ်နေပြည်တော်သို့ ကြွတော်မူပါရန် လျှောက်သောအခါ နောက်တော်ပါ ရဟန္တာ နှစ်သောင်းနှင့်အတူ ယူဇနာ ခြောက်ဆယ် ဝေးသောခရီးကို တစ်နေ့ တစ်ယူဇနာကျဖြင့် နှစ်လတိတိ ကြွတော်မူလေသည်။ ကာဠုဒါယီသည် ဘုရားကြွလာ၍ ရောက်သောခရီးကို သိနှင့်ဖို့ရန် နေ့စဉ် ဈာန်ဖြင့် ကြွ၍ ခမည်းတော်အားပြောထားသောကြောင့် ဘုရား ရောက်မည့်နေ့တွင် အဆင်သင့်ကြိုဆိုနေကြလေသည်။

THE BUDDHA VISITED KAPILAVATTHU AT THE REQUEST OF KALUDAYI THERA

King Suddhodana heard that the Buddha was dwelling at the Veluvana Monastery offererd by King Bimbisara of Rajagaha. He wanted to see him. Nine courtiers, eash with a large following, were went on nine successive occasions to invite the Buddha to Kapilavatthu. All nine attained Arahantship and no reply was received. The King finally despatched Kaluday. he went on condition that he would be allowed to enter the Order.

Kaludayi also became an Arahant and entered the Order. He then requested the Buddha to visit the city of Kapilavatthu. The Buddha proceeded there with a following of twenty thousand Arahnnts covering a distance of 60 yajanas at the rate of one yojana a day. It took him fully two months to do the journey. Kaludayi Thera traveled by air everyday by superhuman power and kept the Buddha's father. Suddhodana, informed of the progress of the march. And on the day of Buddha's arrival, a great welcome a waited him.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

No comments:

Post a Comment

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။