လေ့ကျင့်နည်း
၁။ ဒူးခေါင်းကွေး၍ ဆောင့်ကြောင့်ထိုင်ပါ ။ ခြေနှစ်ဖက်ကို ပူးကပ်ထားပါ. . လက်နှစ်ဖက်က ဒူးခေါင်း ၂ ဖက်ကို ပိုက်ထားပါ (ပုံ-၁)
၂။ အသက်ရှုသွင်းပြီး ညာခြေကို ရှေ့သို့ တစ်လှမ်းလှမ်းပါ။ ဘယ်ဘက်ဒူးခေါင်းက အောက်သို့ နှိမ့်ထားရမည်။ အသက်ရှုထုတ်လိုက်ပါ။ (ပုံ-၂)
၃။ တစ်ဖန် အသက်ရှုသွင်းပြီး ဘယ်ခြေကို ရှေ့သို့ တစ်လှမ်းလှမ်းလိုက်ပါ။ ညာဘက် ဒူးခေါင်းကို အောက်သို့ နှိမ့်ထားပါ။ အသက်ရှုထုတ်လိုက်ပါ (ပုံ-၃)
၎။ အသက်ရှုသွင်းပြိး နောက်ဘက်တွင် ကျန်နေသော ညာခြေထောက်ကို ရှေ့ဘက်သို့ ပြန်ယူပြီး စုလိုက်ပါ။ အသက်ရှုထုတ်လိုက်ပါ။
၅။ အဆင့်(၁)မှ အဆင့် (၄) အထိ ကို ၁ ကြိမ်ဟု သတ်မှတ်ပြီး ၃ ကြိမ်အထိ ပြုလုပ်ပါ။
မှတ်ချက်
ရှေ့သို့ ခြေလှမ်းလှမ်းချိန်တွင် မလောပါနှင့်။ တဖြည်းဖြည်းချင်း ပြုလုပ်ပါ။
ခြေလှမ်းကို မကျဲစေပါနှင့်။ ခြေလှမ်းစိတ်ရမည်။
တင်ပါးကို နှိမ့်ထားပါ
ဤလေ့ကျင့်ခန်းကို မှန်မှန်ပြုလုပ်ပေးပါက. . .
- အဆစ်အမြစ်ရောင်ခြင်းကို သက်သာစေပါသည်
- အရိုးအဆစ်ထုံးကပ်ခြင်းကို ကာကွယ်ပေးသည်
- ခြေချောင်း၊ ခြေဖျား၊ ခြေဖနောင့် ခြေချင်းဝတ်နှင့် ဒူးခေါင်းကို သန်မာစေပါသည်
နန်းဆုကေဆွမ် ယောဂသင်တန်း
Health Digest
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
ကျေးဇူးပဲ မေရေ တီတင့်လည်း ညာဖက်ဒူးဆစ်နာနေလို့ အတော်ပဲ ယောဂကျင့်စဉ်လေးတစ်ခု လက်တွေ့အသုံးချမယ်။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ယောက်ျားလေးတွေလဲ အဲဒီကျီးကန်းလမ်းလျှောက်နည်းကို အသုံးပြုလို့ ရလား မသိဘူး။
ReplyDeleteခင်မင်လျှက်
ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတလေးဖတ်လိုက်ပါတယ်ရှင်
ReplyDeleteThank you for this post.
ReplyDelete