




ဧရာဝတီတိုင်း ဒေသကြီးရဲ့ ပထမအကြိမ် ရှင်ဥပဂတ္တမထေရ်မြတ်ကြီးအား ပူဇော်ပွဲနှင့် ဆီမီးတစ်သိန်း မီးမျှောပူဇော်ပွဲ (၁၁.၁၁.၂၀၁၁) ကို ဒီနေ့ ပုသိမ်မြို့ကမ်းနားလမ်း မှာ ညနေ ၆) နာရီ မှ စတင်ကျင်းပခဲ့ပါတယ်.. ပထမဆုံးအကြိမ် မီးမျှောပွဲမှာ ကမ်းနားလမ်းတစ်လျှောက်မှာ နိဗ္ဗာန်ဈေးလို့ခေါ်တဲ့ စတုဒီသာများဖြင့် လည်း ကျွေးမွေး ဧည့်ခံပါတယ် . . စားစရာတွေက တော့ အတော်ကို စုံပါတယ်... ကောက်ညှင်းပေါင်း ၊ ရွှေရင်အေး၊ ကော်ရည်၊ အချိုရည်၊ပေါင်မုန့်ပူတင်း၊ မုန့်ဆမ်း အစရှိတဲ့ ဆိုင်ပေါင်း(၁၄)ဆိုင်ခွဲ၍ တပြိုင်နက်ကျင်းပခဲ့ပါတယ်။
ပထမဦးစွာ ရပ်ကွက်အသီးသီးမှ ဦးလူတံတားအနီး လှေအစီးပေါင်း(၁၅၀)ကျော်ဖြင့် ဆီမီးခွက် နှစ်သောင်းကို စတင် မျှောချခဲ့ပါတယ်။ အဲဒီဆီမီးခွက်များဟာ င၀န်မြစ်အတွင်း သို့ မျောပါလာတဲ့အခါ တန်ဆောင်တိုင်ညအလှဟာ ဆီမီးများဖြင့် ဝေေ၀ဆာဆာ လှပလွန်းပါတယ်. . . .
ဆီမီးများဖြင့် င၀န်မြစ်အတွင်း မျောနေစဉ်အတွင်း မှာပင် ရှင်ဥပဂုတ္တရဟန္တာအရှင်မြတ်ကို ဖောင်တော် ဖြင့် ပင့်ဆောင်လာရာ ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့သို့ရောက်ရှိချိန်မှာ မေတ္တာဦး တံတားပေါ်နှင့် ရေဆင်း တန်ဆောင်း များမှ မီးရှူးမီးပန်းများကို ပစ်ဖေါက်ပူဇော်ခဲ့ကြပါတယ် ...
ရှင်ဥပဂုတ္တရဟန္တာအရှင်မြတ် ကိုပင့်ဆောင်ရာ ဖောင်တော်နောက်တွင် မော်တော်များဖြင့် ဓမ္မစကြာအဖွဲ့များမှ ရွတ်ဆိုခြင်း ယိမ်းအကအဖွဲ့များမှ ယိမ်းအကဖြင့်ပူဇော်ခြင်းတို့ဖြင့် လိုက်ပါခဲ့ကြပါတယ်။ မြို့တော်ခန်းမ ရှေ့တွင်လည်း ဆင်ဖြူတော်ယိမ်းအဖွဲ့မှ ကပြဦးခိုက်ကာ မြို့တော်ခန်းမပေါ်မှ မြန်မာသံတေးဂီတအဖွဲ့ကလည်း ဓမ္မပူဇာတေးများကို သီကျူးပူဇော်သကဲ့သို့ ရေဆင်းတန်ဆောင်းရှိ သံဃာတော်(၁၁)ပါးကလည်း ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်။
ကမ်းနားရင်ပြင် တံတားမှ တာဝန်ရှိသူများက ဆီမီးခွက်(၂၀၀၀)ကို ထပ်မံမျှောချပေးခဲ့ပြီး ကျန်ဆီမီးခွက်များကို လည်း ထပ်မံမျှောချခဲ့ကြတဲ့အတွက် ဆီမီးခွက်တစ်သိန်းသည် င၀န်မြစ်ကြောအတွင်း စုန်ဆင်းမျှောပါနေပုံကို ပုသိမ် မြို့သူမြို့သားအပေါင်းမှ ဂုဏ်ယူစွာ လက်ခုပ်သြဘာများတီး၍ ကြည့်ရှုအားပေးခဲ့ကြပါတယ်။
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ရွှေကျင်မြို့မှာလည်း ဒီလိုပွဲမျိုးတွေ ကျင်းပကြတယ်လေ၊ သိပ်ပျော်ဖို့ကောင်းတာပဲ...
ReplyDelete