ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သမီးလေးဖတ်ဖို့

သမီး....
လူတွေကို ကြီးပွား ချမ်းသာအောင်
လုပ်မပေးနိုင်ပေမယ့်
သူတို့ စိတ်ချမ်းသာအောင်တော့
ဖေဖေတို့လုပ်ပေးနိုင်ပါတယ်..

ဘယ်လို လုပ်ရမလဲ သိလား
သူတို့နဲ့တွေ့ရင်
ရွှင်လန်းကြည်သာ ပြုံးပြပါ

သူတို့ပြောတာ နားထောင်ပါ..
ရိုးသားစွာ ချီးမွမ်းပြောဆိုပါ.
စေတနာနှင့် တိုက်တွန်းအားပေးပါ...
ကူညီနိုင်တာကို ကူညီလိုက်ပါ..

ဒါဆို ဖေဖေတို့နဲ့
တွေ့တဲ့ သူတိုင်းဟာ
စိတ်ချမ်းသာ သွားမှာ သေချာတယ်.

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

2 comments:

  1. သိပ်မှန်ပါတယ် ဦးဦးကောင်းသန့် သမီးလည်း အဲလိုနေထိုင်ပါတယ် ဦးဦး ကောင်းသန့်ရဲ့ စာတွေ ဖတ်ပြီး အားအင်သစ်တွေရရှိခဲ့ရပါတယ် ကျေးဇူးအများကြီးတင်ပါတယ် နောက်လည်း ကျန်းမာပျော်ရွှင်စွာနဲ့ စာတွေ အများကြီးရေးသားနိုင်ပါစေ......

    ReplyDelete
  2. စာတွေဖတ်ပြီးအင်အားတိုးခဲ့ရပါတယ်ရှင်
    ကဗျာတွေလဲအားတဲ့အချိန်တိုင်းလာရောက်ဖတ်နေပါတယ်
    ခင်ခင်မင်မင် jasmine

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။