တန်ဆောင်ဝင်းထိန်
ကထိန်လှူဒါန်း၊ မြတ်သင်္ကန်း။
ခ၀ဲပွင့်ဝါ
ရှင်မာလဲပွဲ၊ ဆင်ယင်နွဲ။
သဒ္ဓါပြင်းပြ
ဗုဒ္ဓရည်မှန်း၊ မသိုးသင်္ကန်း။
လပုဏ ၰမီ
ယွဥ္မွီၾကတၱိကာ၊ က်ီးတာရာ။
အာကာမလပ်
နက္ခစုံလှ၊ တန်ဆောင်မာသ။
ပင်စောင့်နတ်တကာ
ပူဇာသဘင်၊ မဲဇလီပင်။
ဖူးသုပ်မီဇလီ
အိမ်စီဝေမျှ၊ ဆေးပေါင်းခ။
ရာသီဗြိစ္ဆာ
နေ့တာကတို၊ ညဥ့်တာပို။
နတ်ဗိဿနိုး
အိပ်သိုးရာထ၊ နတ်နိုးလ။
အဇဋာဝေဟင်
ကင်းစင်မိုးသား ၊ တိမ်ဇာပါး။
ဝသန်မိုးကြွင်း
ဆီးနှင်းဖွဲဖွဲ၊ မိုးမသဲ
မြောက်လေသုန်သုန်
မြုမှုန်နှင်းဖွေး ၊ ချမ်းမြအေး။
ကောက်သစ်ကောက်ဖူး
ကောက်ဦးထွေးထွေး ၊ မုန့် ဆမ်းလွေး
ရွှေဝါစပါး
နှံကားဝေဖြာ ၊ ၀င်းမှည့်ဝါ။
ရိတ်ခြွေ နယ်လှေ့
လက်တွေ့စက်များ ၊ မရပ်မနား
ဆည်ကန်ချောင်းများ
ဖလ်သားပြင်ကျယ် ၊ နွေပင်လယ် ။
သီးထပ်စပါး
ကြိုးကြားပြင်ဆင်၊ လယ်ယာခွင်။
မြေသားညိုညို
အစိုဓာတ်ကျန်၊ ဆောင်းသီးနှံ။
အစုံပဲမျိုး
စိုက်ပျိုးအားထုတ် တောင်သူအလုပ် ။
စက်မှု "ကြံ" ပင်
တွင်တွင်ရိတ်စိုက်၊ ချိန်ရှိခိုက် ။
ယာရှင်မညည်း
ဆောင်းသီးနှံတွက် ပြင်ဆင်လျက်။
ကျောစောဟန်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
ဒီကဗျာလေးကို အသံထွက်ပြီး ရွတ်ကြည့်တာ ရွတ်လို့ကောင်းလိုက်တာ
ReplyDeleteမုန့်ဆမ်းလွေးဆိုတာလေးဖတ်ပြီး ငယ်ငယ်တုန်းက ဒီချိန်ဆို မုန့်ဆမ်းတွေ စားရတာကို အမှတ်ရမိတယ်
စိတ်ထဲမှာ ဒီမှာလည်း မုန့်ဆမ်းစားလို့ရရင်ကောင်းမှာလို့ တွေးလိုက်မိတယ်။
မယ်ဇလီဖူးသုပ် လုပ်စားရတော့မှာပါလား။
ReplyDeleteရာသီခွင်ကဗျာလေးဖတ်သွားတယ် မေရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်